HomeAnimeစိတ်ကူးယဉ်သိပ္ပံဇာတ်လမ်းတွေကို ကြိုက်နှစ်သူတွေ ကြည့်သင့်တဲ့ anime စီးရီးများ

စိတ်ကူးယဉ်သိပ္ပံဇာတ်လမ်းတွေကို ကြိုက်နှစ်သူတွေ ကြည့်သင့်တဲ့ anime စီးရီးများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Anime တွေဟာ ကွဲထွက်နေတဲ့ ကိုယ်ပိုင်ဟန်နဲ့ တစ်ကမ္ဘာလုံးက ပရိသတ်တွေကို ဆွဲဆောင်ထားနိုင်ပါတယ်။ anime လို့ ပြောလိုက်ရင် အက်ရှင် ၊ ဟာသ ၊ slice of life ၊ horror စသဖြင့် အမျိုးအစား အများကြီး ရှိတာကို သိထားကြမှာပါ။ အဲ့လိုအမျိူးအစားအများကြီးထဲကမှ ဒီတစ်ခါမှာတော့ စိတ်ကူးယဉ်သိပ္ပံဇာတ်လမ်းတွေကို ကြိုက်နှစ်သက်သူတွေအတွက် sci-fi anime ဇာတ်လမ်းတွဲတွေကို ဖော်ပြပေးချင်ပါတယ်။

(7) Doctor Stone
photo via cbr

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၉ ခုနှစ်မှာ ထွက်ခဲ့ပြီးတော့ IMDb (8.2) ရခဲ့ပါတယ်။ တစ်ရက်မှာတော့ ကမ္ဘာပေါ်မှာ ထူးဆန်းတဲ့အဖြစ်အပျက်တစ်ခု ဖြစ်သွားပြီးတော့ လူသားတွေအားလုံးဟာလည်း ကျောက်ရုပ်တွေအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။ အဲ့လိုနဲ့နောက်ထပ် နှစ်ပေါင်းများစွာကြာသွားတဲ့အခါမှာတော့ သိပ္ပံပညာရပ်မှာ ထူးချွန်တဲ့သူတစ်ယောက်နဲ့ သန်မာတဲ့သူတစ်ယောက်တို့ဟာ ကျောက်ရုပ်အဖြစ်ကနေ လွတ်မြောက်သွားပါတယ်။ အဲ့ဒါကြောင့်ပဲ သူတို့နှစ်ယောက် ပူးပေါင်းပြီးတော့ လူသားတွေကို ကယ်တင်ဖို့အတွက် အဖြေကို ရှာရပါတော့တယ်။

(6) Psycho-Pass
photo via cbr

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၂ ခုနှစ်မှာ ထွက်ရှိခဲ့ပြီးတော့ IMDb (8.2) ရထားပါတယ်။ ဇာတ်လမ်းကတော့ Akane Tsunemori လို့ခေါ်တဲ့ စုံထောက်တစ်ယောက်ရဲ့ အကြောင်းကို ဖန်တီးထားတာ ဖြစ်ပါတယ်။ သူမကတော့ ဒီဇာတ်လမ်းရဲ့ ဇာတ်ဆောင်ဖြစ်ပြီး တစ်ရက်မှာတော့ သူမဟာ မှုခင်းတွေကို ကျူးလွန်တဲ့နေရာမှာ အရမ်းကိုဉာဏ်ကောင်းတဲ့ သူတစ်ယောက်နဲ့ ရင်ဆိုင်ရတဲ့အခါမှာတော့……။

(5) Made in Abyss
photo via cbr

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၇ ခုနှစ်မှာ ထွက်ခဲ့ပြီးတော့ IMDb (8.4) ရခဲ့ပါတယ်။ ကလေးမလေး တစ်ယောက်ဟာ တစ်ရက်မှာတော့ အသိစိတ်ရှိတဲ့ စက်ရုပ်တစ်ရုပ်နဲ့ တွေိ့မိပြီး သူငယ်ချင်းတွေ ဖြစ်သွားကြပါတယ်။ သူမရဲ့ ရည်ရွယ်ချက်ကတော့ သူ့ရဲ့အမေကို ရှာဖွေဖို့ ဖြစ်ပြီးတော့ အဲ့ဒီစက်ရုပ်လေးကလည်း သူမနဲ့အတူတူ လိုက်လံရှာဖွေပါတော့တယ်။

(4) Neon Genesis Evangelion
photo via cbr

ဒီဇာတ်လမ်းတွဲကတော့ ၁၉၉၅ ခုနှစ်မှာ ထွက်ခဲ့တာ ဖြစ်ပြီး IMDb (8.5) ရရှိခဲ့ပါတယ်။ အကြမ်းဖက်တတ်တဲ့ မွန်းစတားတွေဟာ လူသားမျိူးနွယ်ကို ဖျက်စီးဖို့အတွက် ကမ္ဘာပေါ်ကို ရောက်လာခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ လူငယ်လေးတစ်ယောက်က သူ့အဖေရဲ့လက်အောက်မှာ ရှိတဲ့အဖွဲ့အစည်းတစ်ခုထဲကို ဝင်ရောက်ခဲ့ပါတယ်။ အဲ့ဒီအဖွဲ့အစည်းကတော့ အရမ်းကိုကြီးမားတဲ့ စက်ပစ္စည်းတွေကို အသုံးပြုပြီးတော့ အဲ့ဒီမွန်းစတားတွေကို တိုက်ခိုက်ကြတာပဲ ဖြစ်ပါတယ်။

(3) Ghost in the Shell: Stand Alone Complex
photo via cbr

ဒီဇာတ်လမ်းတွဲကတော့ ၂၀၀၂ ခုနှစ်မှာ ထွက်ခဲ့ပြီးတော့ IMDb (8.5) ရခဲ့ပါတယ်။ ဇာတ်လမ်းကတော့ နည်းပညာတွေ အရမ်းကိုအဆင့်မြင့်နေတဲ့ အနာဂတ်ကာလတစ်ခုမှာ အခြေခံပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။ ဗိုလ်မှုး Motoko Kusanagi နဲ့ Section 9 တို့ဟာ ရဲတွေအတွက် ခက်ခဲတဲ့အမှုတွေကို လိုက်လံစုံစမ်းကြပြီးတော့ စိတ်ကူးယဉ်သိပ္ပံနဲ့ မှုခင်းကို ရောထားတာဆိုတော့ လုံးဝကို စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းတစ်ခု ဖြစ်မှာ သေချာပါတယ်။

(2) Stein;Gate
photo via cbr

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၁ ခုနှစ်တုန်းက ထွက်ခဲ့တာဖြစ်ပြီး IMDb (8.8) ရရှိထားပါတယ်။ သူငယ်ချင်းတစ်စုဟာ အချိန်တွေကို ဖြတ်ကျော်ပြီးတော့ message ပို့လို့ရတဲ့ စက်ပစ္စည်းတစ်ခုကို တီထွင်နိုင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူတို့ဟာ အဲ့ဒီစက်အကူအညီကို အသုံးပြုပြီးတော့ မကောင်းတဲ့အဖွဲ့အစည်းနဲ့ သူတို့ရဲ့အစီအစဉ်တွေကိုပါ တားဆီးဖို့ ကြိုးစားကြပါတော့တယ်။

(1) Cowboy Bebop
photo via cbr

ဒီဇာတ်လမ်းတွဲကတော့ ၁၉၉၈ ခုနှစ်မှာ ထွက်ခဲ့တာ ဖြစ်ပြီးတော့ IMDb (8.9) ရထားပါတယ်။ ဇာတ်လမ်းကတော့ ကြေးစားတစ်ယောက်နဲ့ သူ့ရဲ့ပါတနာတွေ ကြုံတွေ့ရတဲ့ စိတ်မကောင်းစရာ ဖြစ်ရပ်တွေကို ပုံဖော်ဖန်တီးထားတာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းဟာ ထွက်ထားတာ ကြာပြီ ဖြစ်နေပေမယ့်လည်း rating တွေလည်း ကောင်းသလို ခုချိန်ထိလည်း နာမည်ကြီးနေဆဲ ဖြစ်တာကြောင့် မကြည့်ရသေးရင်တော့ ကြည့်သင့်တဲ့ Anime ထဲမှာ ပါဝင်တယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Anime ေတြဟာ ကြဲထြက္ေနတဲ့ ကိုယ္ပိုင္ဟန္နဲ႔ တစ္ကမာၻလုံးက ပရိသတ္ေတြကို ဆြဲေဆာင္ထားႏိုင္ပါတယ္။ anime လို႔ ေျပာလိုက္ရင္ အက္ရွင္ ၊ ဟာသ ၊ slice of life ၊ horror စသျဖင့္ အမ်ိဳးအစား အမ်ားႀကီး ရွိတာကို သိထားၾကမွာပါ။ အဲ့လိုအမ်ိဴးအစားအမ်ားႀကီးထဲကမွ ဒီတစ္ခါမွာေတာ့ စိတ္ကူးယဥ္သိပၸံဇာတ္လမ္းေတြကို ႀကိဳက္ႏွစ္သက္သူေတြအတြက္ sci-fi anime ဇာတ္လမ္းတြဲေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(7) Doctor Stone
photo via cbr

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၁၉ ခုႏွစ္မွာ ထြက္ခဲ့ၿပီးေတာ့ IMDb (8.2) ရခဲ့ပါတယ္။ တစ္ရက္မွာေတာ့ ကမာၻေပၚမွာ ထူးဆန္းတဲ့အျဖစ္အပ်က္တစ္ခု ျဖစ္သြားၿပီးေတာ့ လူသားေတြအားလုံးဟာလည္း ေက်ာက္႐ုပ္ေတြအျဖစ္ ေျပာင္းလဲသြားခဲ့ပါတယ္။ အဲ့လိုနဲ႔ေနာက္ထပ္ ႏွစ္ေပါင္းမ်ားစြာၾကာသြားတဲ့အခါမွာေတာ့ သိပၸံပညာရပ္မွာ ထူးခြၽန္တဲ့သူတစ္ေယာက္နဲ႔ သန္မာတဲ့သူတစ္ေယာက္တို႔ဟာ ေက်ာက္႐ုပ္အျဖစ္ကေန လြတ္ေျမာက္သြားပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူတို႔ႏွစ္ေယာက္ ပူးေပါင္းၿပီးေတာ့ လူသားေတြကို ကယ္တင္ဖို႔အတြက္ အေျဖကို ရွာရပါေတာ့တယ္။

(6) Psycho-Pass
photo via cbr

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၁၂ ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီးေတာ့ IMDb (8.2) ရထားပါတယ္။ ဇာတ္လမ္းကေတာ့ Akane Tsunemori လို႔ေခၚတဲ့ စုံေထာက္တစ္ေယာက္ရဲ႕ အေၾကာင္းကို ဖန္တီးထားတာ ျဖစ္ပါတယ္။ သူမကေတာ့ ဒီဇာတ္လမ္းရဲ႕ ဇာတ္ေဆာင္ျဖစ္ၿပီး တစ္ရက္မွာေတာ့ သူမဟာ မႈခင္းေတြကို က်ဴးလြန္တဲ့ေနရာမွာ အရမ္းကိုဉာဏ္ေကာင္းတဲ့ သူတစ္ေယာက္နဲ႔ ရင္ဆိုင္ရတဲ့အခါမွာေတာ့……။

(5) Made in Abyss
photo via cbr

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၁၇ ခုႏွစ္မွာ ထြက္ခဲ့ၿပီးေတာ့ IMDb (8.4) ရခဲ့ပါတယ္။ ကေလးမေလး တစ္ေယာက္ဟာ တစ္ရက္မွာေတာ့ အသိစိတ္ရွိတဲ့ စက္႐ုပ္တစ္႐ုပ္နဲ႔ ေတြိ႕မိၿပီး သူငယ္ခ်င္းေတြ ျဖစ္သြားၾကပါတယ္။ သူမရဲ႕ ရည္႐ြယ္ခ်က္ကေတာ့ သူ႔ရဲ႕အေမကို ရွာေဖြဖို႔ ျဖစ္ၿပီးေတာ့ အဲ့ဒီစက္႐ုပ္ေလးကလည္း သူမနဲ႔အတူတူ လိုက္လံရွာေဖြပါေတာ့တယ္။

(4) Neon Genesis Evangelion
photo via cbr

ဒီဇာတ္လမ္းတြဲကေတာ့ ၁၉၉၅ ခုႏွစ္မွာ ထြက္ခဲ့တာ ျဖစ္ၿပီး IMDb (8.5) ရရွိခဲ့ပါတယ္။ အၾကမ္းဖက္တတ္တဲ့ မြန္းစတားေတြဟာ လူသားမ်ိဴးႏြယ္ကို ဖ်က္စီးဖို႔အတြက္ ကမာၻေပၚကို ေရာက္လာခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ လူငယ္ေလးတစ္ေယာက္က သူ႔အေဖရဲ႕လက္ေအာက္မွာ ရွိတဲ့အဖြဲ႕အစည္းတစ္ခုထဲကို ဝင္ေရာက္ခဲ့ပါတယ္။ အဲ့ဒီအဖြဲ႕အစည္းကေတာ့ အရမ္းကိုႀကီးမားတဲ့ စက္ပစၥည္းေတြကို အသုံးျပဳၿပီးေတာ့ အဲ့ဒီမြန္းစတားေတြကို တိုက္ခိုက္ၾကတာပဲ ျဖစ္ပါတယ္။

(3) Ghost in the Shell: Stand Alone Complex
photo via cbr

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၀၂ ခုႏွစ္မွာ ထြက္ခဲ့ၿပီးေတာ့ IMDb (8.5) ရခဲ့ပါတယ္။ ဇာတ္လမ္းကေတာ့ နည္းပညာေတြ အရမ္းကိုအဆင့္ျမင့္ေနတဲ့ အနာဂတ္ကာလတစ္ခုမွာ အေျခခံၿပီး ဖန္တီးထားတာ ျဖစ္ပါတယ္။ ဗိုလ္မႈး Motoko Kusanagi နဲ႔ Section 9 တို႔ဟာ ရဲေတြအတြက္ ခက္ခဲတဲ့အမႈေတြကို လိုက္လံစုံစမ္းၾကၿပီးေတာ့ စိတ္ကူးယဥ္သိပၸံနဲ႔ မႈခင္းကို ေရာထားတာဆိုေတာ့ လုံးဝကို စိတ္ဝင္စားဖို႔ေကာင္းတဲ့ ဇာတ္လမ္းတစ္ခု ျဖစ္မွာ ေသခ်ာပါတယ္။

(2) Stein;Gate
photo via cbr

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၁၁ ခုႏွစ္တုန္းက ထြက္ခဲ့တာျဖစ္ၿပီး IMDb (8.8) ရရွိထားပါတယ္။ သူငယ္ခ်င္းတစ္စုဟာ အခ်ိန္ေတြကို ျဖတ္ေက်ာ္ၿပီးေတာ့ message ပို႔လို႔ရတဲ့ စက္ပစၥည္းတစ္ခုကို တီထြင္ႏိုင္ခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူတို႔ဟာ အဲ့ဒီစက္အကူအညီကို အသုံးျပဳၿပီးေတာ့ မေကာင္းတဲ့အဖြဲ႕အစည္းနဲ႔ သူတို႔ရဲ႕အစီအစဥ္ေတြကိုပါ တားဆီးဖို႔ ႀကိဳးစားၾကပါေတာ့တယ္။

(1) Cowboy Bebop
photo via cbr

ဒီဇာတ္လမ္းတြဲကေတာ့ ၁၉၉၈ ခုႏွစ္မွာ ထြက္ခဲ့တာ ျဖစ္ၿပီးေတာ့ IMDb (8.9) ရထားပါတယ္။ ဇာတ္လမ္းကေတာ့ ေၾကးစားတစ္ေယာက္နဲ႔ သူ႔ရဲ႕ပါတနာေတြ ႀကဳံေတြ႕ရတဲ့ စိတ္မေကာင္းစရာ ျဖစ္ရပ္ေတြကို ပုံေဖာ္ဖန္တီးထားတာ ျဖစ္ပါတယ္။ ဒီဇာတ္လမ္းဟာ ထြက္ထားတာ ၾကာၿပီ ျဖစ္ေနေပမယ့္လည္း rating ေတြလည္း ေကာင္းသလို ခုခ်ိန္ထိလည္း နာမည္ႀကီးေနဆဲ ျဖစ္တာေၾကာင့္ မၾကည့္ရေသးရင္ေတာ့ ၾကည့္သင့္တာပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular