HomeCelebs Update NewsInternationalထြက္ၿပီးသမွ် အယ္လ္ဘမ္ေတြရဲ႕ မူပိုင္ခြင့္ကို ဆုံးရႈံးလိုက္ရတဲ့ Taylor Swift

ထြက္ၿပီးသမွ် အယ္လ္ဘမ္ေတြရဲ႕ မူပိုင္ခြင့္ကို ဆုံးရႈံးလိုက္ရတဲ့ Taylor Swift

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

Taylor Swift ရဲ႕ ထြက္ခဲ့ၿပီးသား သီခ်င္းအယ္လ္ဘမ္ ေျခာက္ခ်ပ္စလုံးရဲ႕ မူရင္းမာစတာေခြေတြဟာေတာ့ သူမရဲ႕ မဟာရန္သူေတာ္တစ္ေယာက္ျဖစ္တဲ့ Scooter Braun ရဲ႕ ၀ယ္ယူျခင္းကို ခံလိုက္ရပါၿပီ။ ဒီအျဖစ္အပ်က္ဟာ သူမဘ၀ရဲ႕ အဆိုး၀ါးဆုံးကိစၥရပ္တစ္ခုပါလို႔ Taylor က Tumblr မွာ စာအရွည္ႀကီးေရးၿပီး ရွင္းျပလိုက္ပါတယ္။

ျဖစ္ပုံကေတာ့ Taylor Swift ရဲ႕ Label အေဟာင္း Big Machine Records ကို Kanye West ခဲ့တဲ့ Scooter Braun က ၀ယ္ယူသြားခဲ့တဲ့အတြက္ Taylor အေနနဲ႔ သူမဘ၀ရဲ႕အစပိုင္းမွာ ဖန္တီးထားခဲ့တဲ့ မာစတာေခြေတြကို လက္လႊတ္ဆုံးရႈံးလိုက္ရတာ ျဖစ္ပါတယ္။ Taylor Swift ရဲ႕ ဟုန္းဟုန္းေတာက္တဲ့ ေအာင္ျမင္မႈဟာ Scott Borchetta ရဲ႕ Big Machine Records နဲ႔ စာခ်ဳပ္ ခ်ဳပ္ဆိုအၿပီးမွာ စတင္ခဲ့ပါတယ္။ သို႔ေပမယ့္ သူမ ဆယ္ေက်ာ္သက္အရြယ္က ခ်ဳပ္ဆိုခဲ့တဲ့ စာခ်ဳပ္ေၾကာင့္ပဲ ယေန႔အခ်ိန္မွာေတာ့ နာက်င္စရာျဖစ္ရပ္ေတြ ျဖစ္လာခဲ့ပါၿပီ။

The Wall Street သတင္းစာရဲ႕ ေဖာ္ျပခ်က္အရ Scooter Braun ဟာ Big Machine Records ကို ေဒၚလာ သန္း(၃၀၀)နဲ႔ ၀ယ္ယူသြားခဲ့တယ္လို႔ သိရပါတယ္။ အဓိပၸာယ္ကေတာ့ Scooter ဟာ Taylor ရဲ႕ ၂၀၁၇ထြက္ အယ္လ္ဘမ္ Reputation အထိ မာစတာေခြအားလုံးကို ပိုင္ဆိုင္သြားတဲ့သေဘာပါပဲ။ မူရင္းမာစတာေခြကို ပိုင္ဆိုင္သြားတာနဲ႔ ေကာ္ပီေပါင္းမ်ားစြာ တရား၀င္ ထုတ္လုပ္ျဖန္႔ခ်ိၿပီး ေရာင္းခ်ခြင့္ရရိွသြားတာ ျဖစ္ပါတယ္။

Wikimedia Commons (Photo by Glenn Francis/Pacific Pro Digital Photography)

ဒီအေျခအေနနဲ႔ ပတ္သက္လို႔ အ့ံအားသင့္မိသလို ၀မ္းနည္းၿပီး ရြံရွာမိသလိုလည္း ခံစားရတယ္လို႔ Taylor က သူမရဲ႕ Tumblr က ပို႔စ္မွာ ေရးသားထားပါတယ္။ “ကၽြန္မရဲ႕အယ္လ္ဘမ္ေတြကို ပိုင္ခြင့္ရဖို႔ ႏွစ္ေပါင္းမ်ားစြာ ၀ယ္ခြင့္ေတာင္းခဲ့ပါတယ္။ ဒါေပမယ့္ Big Machine Records နဲ႔ စာခ်ဳပ္ျပန္ခ်ဳပ္ၿပီး အရင္က အယ္လ္ဘမ္တစ္ခ်ပ္ ၀ယ္ခြင့္ရဖို႔ ေနာက္ထပ္ အယ္လ္ဘမ္အသစ္တစ္ခ်ပ္ ထုတ္ေပးၿပီး မူပိုင္ခြင့္ကိုပါ လႊဲေျပာင္းေပးမွျဖစ္မယ္ဆိုတဲ့ ကမ္းလွမ္းမႈမ်ိဳးကိုပဲ ရခဲ့ပါတယ္။ Scott Borchetta က သူ႔ရဲ႕ label ကို ေရာင္းလိုက္မယ္ဆိုရင္ ကၽြန္မကိုယ္တိုင္ေရာ ကၽြန္မရဲ႕အနာဂတ္ကိုေရာပါ တစ္ခါတည္း ထိုးေရာင္းလိုက္သလို ျဖစ္မယ္ဆိုတာသိလို႔ အဲ့ဒီ့ကမ္းလွမ္းမႈကို လက္မခံဘဲ Label ကေန ထြက္လာခဲ့လိုက္တာပါ”လို႔ Taylor က ေရးသားထားပါတယ္။

ဆက္လက္ၿပီး “ကၽြန္မရဲ႕အတိတ္ကို ထားခဲ့လိုက္ဖို႔ ရင္နာနာနဲ႔ပဲ ေရြးခ်ယ္ခဲ့ရပါတယ္။ အိပ္ခန္းထဲက ၾကမ္းျပင္ေလးေပၚမွာ ခ်ေရးခဲ့တဲ့သီခ်င္းေတြ၊ ကိုယ္တိုင္စိတ္ကူးၿပီး ဘားေတြ၊ ကလပ္ေတြကေန ေဘာလုံးကြင္းေတြအထိ သီခ်င္းလိုက္ဆိုၿပီးရတဲ့ ပိုက္ဆံေလးေတြနဲ႔ ရိုက္ခဲ့ရတဲ့ ဗီြဒီယိုေတြကို ထားခဲ့ရပါတယ္”လို႔ ေၾကကြဲဖြယ္ ေျပာထားပါတယ္။

Taylor ဟာ အဆိုေတာ္ေပါက္စဘ၀ကေန ကမာၻေက်ာ္တဲ့အထိ Big Machine Records နဲ႔ စာခ်ဳပ္ခဲ့ၿပီး ၂၀၁၈ခုႏွစ္ ႏို၀င္ဘာလမွာေတာ့ Big Machine Records ကို ေက်ာခိုင္းကာ Universal Music Group နဲ႔ စာခ်ဳပ္အသစ္ ခ်ဳပ္ဆိုလိုက္ပါတယ္။ မၾကာခင္ကာလမွာ ထြက္ရိွလာေတာ့မယ့္ “Lover” အယ္လ္ဘမ္ဟာ Universal နဲ႔ စတင္ထုတ္လုပ္မယ့္ အယ္လ္ဘမ္လည္း ျဖစ္ပါတယ္။

Taylor ေရးထားတဲ့ Tumblr ကစာကေတာ့ ေအာက္ပါအတိုင္းပဲ ျဖစ္ပါတယ္။

“Scooter Braun က ကၽြန္မရဲ႕မာစတာေခြေတြကို ၀ယ္သြားတဲ့သတင္းကို ဒီေန႔ တစ္ကမာၻလုံးကို သတင္းေတြတက္လာမွ ကၽြန္မ သိလိုက္ရပါတယ္။ ဒီကိစၥနဲ႔ပတ္သက္လို႔ ကၽြန္မ ေတြးမိသမွ်ကေတာ့ သူ႔ရဲ႕လက္ခ်က္နဲ႔ ႏွစ္ေပါင္းမ်ားစြာ အႏိုင္က်င့္ခံခဲ့ရတာနဲ႔ စိတ္ထဲ တႏုံ႔ႏုံ႔နဲ႔ စိတ္မေကာင္းျဖစ္ရတဲ့ ခံစားခ်က္ပါပဲ။”

“တရားမ၀င္ အသံသြင္းထားတဲ့ ဖုန္းရက္ေကာ့ တစ္ပိုင္းတစ္စေလးကို အျပင္ကို ေပါက္ၾကားသြားေအာင္ အကြက္ခ်စီစဥ္ခဲ့တဲ့ Kim Kardashian ရဲ႕လုပ္ရပ္လိုမ်ိဳး၊ Scooter က သူ႔ရဲ႕ Client ႏွစ္ေယာက္ကို ပူးေပါင္းၿပီး ကၽြန္မကို အြန္လိုင္းမွာ အႏိုင္က်င့္ေစတာမ်ိဳးတို႔လိုေပါ့။ သူ႔ရဲ႕ Client Kanye West က ကလဲ့စားေခ်တဲ့အေနနဲ႔ ထုတ္လိုက္တဲ့ porn music video မွာ ကၽြန္မမ်က္ႏွာနဲ႔ ကိုယ္လုံးတီးပုံစံထည့္တာမ်ိဳးေတြ လုပ္ခဲ့ၿပီးေတာ့ အခု ကၽြန္မ၀ယ္ခြင့္မရတဲ့ ကၽြန္မရဲ႕တစ္ဘ၀စာ သီခ်င္းေတြကို ကၽြန္မလက္ထဲကေန ယူသြားခဲ့ျပန္ပါၿပီ။ ကၽြန္မရဲ႕ဂီတဖန္တီးမႈေတြ၊ အက်ိဳးအျမတ္ခံစားခြင့္ေတြက ဖ်က္လိုဖ်က္ဆီးလုပ္မယ့္လူရဲ႕ လက္ထဲမွာ ေရာက္ေနပါၿပီ။”

Photo: flickr

“ဒါဟာ ကၽြန္မႀကံဳဖူးသမွ်ထဲမွာ အဆိုး၀ါးဆုံးကိစၥပါ။ ဆယ့္ငါးႏွစ္အရြယ္ မိန္းကေလးတစ္ေယာက္က “သစၥာေစာင့္သိမႈ”ဆိုတာ စာခ်ဳပ္စာတမ္းေပၚက ကိစၥရပ္ပဲလို႔ ခံယူထားတဲ့လူနဲ႔ သေဘာတူညီမႈေတြ ျပဳလုပ္မိတဲ့အခါ ဒီလိုေတြ ႀကံဳေတြ႕ရတတ္တယ္ဆိုတာ ျပလိုက္သလိုပါပဲ။ ေနာက္ၿပီး “ဂီတက တန္ဖိုးရိွတယ္”လို႔ ေျပာတဲ့ အဲ့ဒီ့လူရဲ႕စကားက အဲ့ဒီ့ဂီတကို ဖန္တီးတုန္းက တစ္ျပားသားမွ မပါ၀င္ခဲ့တဲ့လူေတြရဲ႕အေပၚမွာ တန္ဖိုးသြားရိွေနတာမ်ိဳးပါ။”

“ကၽြန္မရဲ႕ မာစတာအယ္လ္ဘမ္ေတြကို Scott ရဲ႕လက္ထဲမွာ ထားခဲ့တုန္းက တစ္ခ်ိန္မွာ သူ ဒါေတြကို ေရာင္းမယ္ဆိုတာကို ကၽြန္မနဲ႔ေအးေအးခ်မ္းခ်မ္း သေဘာတူခဲ့ပါတယ္။ ဒါေပမယ့္ ကၽြန္မရဲ႕အဆိုးဆုံးအိပ္မက္ထဲမွာေတာင္ ၀ယ္မယ့္လူက Scooter ျဖစ္ေနလိမ့္မယ္လို႔ မေတြးခဲ့မိတာ အမွန္ပါ။ Scooter Braun ဆိုတဲ့ နာမည္ကို ကၽြန္မႏႈတ္ဖ်ားက ထြက္တဲ့အခါတိုင္း မ်က္ရည္က်ရတဲ့အခ်ိန္နဲ႔ မငိုမိေအာင္ ႀကိဳးစားေနရတဲ့အခ်ိန္ေတြခ်ည္းပဲဆိုတာ Scott Borchetta အသိပါပဲ။ သူတို႔ႏွစ္ေယာက္စလုံး ဘာေတြလုပ္လိုက္တယ္ဆိုတာ သိၾကမွာပါ။ သူတို႔နဲ႔ မပတ္သက္ခ်င္တဲ့ မိန္းမတစ္ေယာက္ကို ထိန္းခ်ဳပ္ေနၾကတာပါ။”

“အခုေတာ့ ေက်းဇူးတင္စရာေကာင္းစြာနဲ႔ပဲ ကၽြန္မ ဖန္တီးသမွ် ကၽြန္မပိုင္သင့္တယ္လို႔ ယုံၾကည္တဲ့ Label နဲ႔ လက္မွတ္ထိုးလိုက္ပါၿပီ။ ကၽြန္မအတိတ္ကို Scott လက္ထဲမွာ ထားခဲ့ေပမယ့္ အနာဂတ္ကိုေတာ့ လြတ္ၿငိမ္းခြင့္ေပးလိုက္ပါၿပီ။ ငယ္ငယ္ရြယ္ရြယ္ အႏုပညာရွင္ေလးေတြေရာ၊ ဂီတနဲ႔ အိပ္မက္ေတြရိွၾကတဲ့ ကေလးေတြေရာ ဒါကိုဖတ္မိၿပီး ညိွႏိႈင္းမႈေတြမွာ ကိုယ့္ကိုယ္ကို ဘယ္လိုကာကြယ္ရမယ္ဆိုတာ သင္ယူႏိုင္ၾကမယ္လို႔ ေမွ်ာ္လင့္ပါတယ္။ ကိုယ္ဖန္တီးတဲ့ အႏုပညာကို ကိုယ္ပိုင္ဆိုင္ခြင့္ ရိွပါတယ္။”

“ကၽြန္မ အတိတ္က ဖန္တီးခဲ့သမွ်အားလုံးအတြက္ ဂုဏ္ယူပါတယ္။ ပိုေကာင္းတဲ့ ေရြးခ်ယ္မႈအေနနဲ႔ကေတာ့ Lover အယ္လ္ဘမ္က ၾသဂုတ္လ ၂၃ရက္ေန႔မွာ ထြက္လာပါေတာ့မယ္” ဆိုၿပီး ေရးသားထားတာ ျဖစ္ပါတယ္။ အခုဆိုရင္ အႏုပညာရွင္ အေျမာက္အမ်ားနဲ႔ သူမရဲ႕ ပရိသတ္ေတြကေတာ့ သူမဘက္ကေန အျပည့္အ၀ ရပ္တည္ေပးေနၾကတာကို ေတြ႕ရပါတယ္။

Xei

Source: hollywoodlife

(Unicode Version)

Taylor Swift ရဲ့ ထွက်ခဲ့ပြီးသား သီချင်းအယ်လ်ဘမ် ခြောက်ချပ်စလုံးရဲ့ မူရင်းမာစတာခွေတွေဟာတော့ သူမရဲ့ မဟာရန်သူတော်တစ်ယောက်ဖြစ်တဲ့ Scooter Braun ရဲ့ ဝယ်ယူခြင်းကို ခံလိုက်ရပါပြီ။ ဒီအဖြစ်အပျက်ဟာ သူမဘဝရဲ့ အဆိုးဝါးဆုံးကိစ္စရပ်တစ်ခုပါလို့ Taylor က Tumblr မှာ စာအရှည်ကြီးရေးပြီး ရှင်းပြလိုက်ပါတယ်။

ဖြစ်ပုံကတော့ Taylor Swift ရဲ့ Label အဟောင်း Big Machine Records ကို Kanye West ခဲ့တဲ့ Scooter Braun က ဝယ်ယူသွားခဲ့တဲ့အတွက် Taylor အနေနဲ့ သူမဘဝရဲ့အစပိုင်းမှာ ဖန်တီးထားခဲ့တဲ့ မာစတာခွေတွေကို လက်လွှတ်ဆုံးရှုံးလိုက်ရတာ ဖြစ်ပါတယ်။ Taylor Swift ရဲ့ ဟုန်းဟုန်းတောက်တဲ့ အောင်မြင်မှုဟာ Scott Borchetta ရဲ့ Big Machine Records နဲ့ စာချုပ် ချုပ်ဆိုအပြီးမှာ စတင်ခဲ့ပါတယ်။ သို့ပေမယ့် သူမ ဆယ်ကျော်သက်အရွယ်က ချုပ်ဆိုခဲ့တဲ့ စာချုပ်ကြောင့်ပဲ ယနေ့အချိန်မှာတော့ နာကျင်စရာဖြစ်ရပ်တွေ ဖြစ်လာခဲ့ပါပြီ။

The Wall Street သတင်းစာရဲ့ ဖော်ပြချက်အရ Scooter Braun ဟာ Big Machine Records ကို ဒေါ်လာ သန်း(၃၀၀)နဲ့ ဝယ်ယူသွားခဲ့တယ်လို့ သိရပါတယ်။ အဓိပ္ပာယ်ကတော့ Scooter ဟာ Taylor ရဲ့ ၂၀၁၇ထွက် အယ်လ်ဘမ် Reputation အထိ မာစတာခွေအားလုံးကို ပိုင်ဆိုင်သွားတဲ့သဘောပါပဲ။ မူရင်းမာစတာခွေကို ပိုင်ဆိုင်သွားတာနဲ့ ကော်ပီပေါင်းများစွာ တရားဝင် ထုတ်လုပ်ဖြန့်ချိပြီး ရောင်းချခွင့်ရရှိသွားတာ ဖြစ်ပါတယ်။

Wikimedia Commons (Photo by Glenn Francis/Pacific Pro Digital Photography)

ဒီအခြေအနေနဲ့ ပတ်သက်လို့ အံ့အားသင့်မိသလို ဝမ်းနည်းပြီး ရွံရှာမိသလိုလည်း ခံစားရတယ်လို့ Taylor က သူမရဲ့ Tumblr က ပို့စ်မှာ ရေးသားထားပါတယ်။ “ကျွန်မရဲ့အယ်လ်ဘမ်တွေကို ပိုင်ခွင့်ရဖို့ နှစ်ပေါင်းများစွာ ဝယ်ခွင့်တောင်းခဲ့ပါတယ်။ ဒါပေမယ့် Big Machine Records နဲ့ စာချုပ်ပြန်ချုပ်ပြီး အရင်က အယ်လ်ဘမ်တစ်ချပ် ဝယ်ခွင့်ရဖို့ နောက်ထပ် အယ်လ်ဘမ်အသစ်တစ်ချပ် ထုတ်ပေးပြီး မူပိုင်ခွင့်ကိုပါ လွှဲပြောင်းပေးမှဖြစ်မယ်ဆိုတဲ့ ကမ်းလှမ်းမှုမျိုးကိုပဲ ရခဲ့ပါတယ်။ Scott Borchetta က သူ့ရဲ့ label ကို ရောင်းလိုက်မယ်ဆိုရင် ကျွန်မကိုယ်တိုင်ရော ကျွန်မရဲ့အနာဂတ်ကိုရောပါ တစ်ခါတည်း ထိုးရောင်းလိုက်သလို ဖြစ်မယ်ဆိုတာသိလို့ အဲ့ဒီ့ကမ်းလှမ်းမှုကို လက်မခံဘဲ Label ကနေ ထွက်လာခဲ့လိုက်တာပါ”လို့ Taylor က ရေးသားထားပါတယ်။

ဆက်လက်ပြီး “ကျွန်မရဲ့အတိတ်ကို ထားခဲ့လိုက်ဖို့ ရင်နာနာနဲ့ပဲ ရွေးချယ်ခဲ့ရပါတယ်။ အိပ်ခန်းထဲက ကြမ်းပြင်လေးပေါ်မှာ ချရေးခဲ့တဲ့သီချင်းတွေ၊ ကိုယ်တိုင်စိတ်ကူးပြီး ဘားတွေ၊ ကလပ်တွေကနေ ဘောလုံးကွင်းတွေအထိ သီချင်းလိုက်ဆိုပြီးရတဲ့ ပိုက်ဆံလေးတွေနဲ့ ရိုက်ခဲ့ရတဲ့ ဗွီဒီယိုတွေကို ထားခဲ့ရပါတယ်”လို့ ကြေကွဲဖွယ် ပြောထားပါတယ်။
Taylor ဟာ အဆိုတော်ပေါက်စဘဝကနေ ကမ္ဘာကျော်တဲ့အထိ Big Machine Records နဲ့ စာချုပ်ခဲ့ပြီး ၂၀၁၈ခုနှစ် နိုဝင်ဘာလမှာတော့ Big Machine Records ကို ကျောခိုင်းကာ Universal Music Group နဲ့ စာချုပ်အသစ် ချုပ်ဆိုလိုက်ပါတယ်။ မကြာခင်ကာလမှာ ထွက်ရှိလာတော့မယ့် “Lover” အယ်လ်ဘမ်ဟာ Universal နဲ့ စတင်ထုတ်လုပ်မယ့် အယ်လ်ဘမ်လည်း ဖြစ်ပါတယ်။

Taylor ရေးထားတဲ့ Tumblr ကစာကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
“Scooter Braun က ကျွန်မရဲ့မာစတာခွေတွေကို ဝယ်သွားတဲ့သတင်းကို ဒီနေ့ တစ်ကမ္ဘာလုံးကို သတင်းတွေတက်လာမှ ကျွန်မ သိလိုက်ရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ကျွန်မ တွေးမိသမျှကတော့ သူ့ရဲ့လက်ချက်နဲ့ နှစ်ပေါင်းများစွာ အနိုင်ကျင့်ခံခဲ့ရတာနဲ့ စိတ်ထဲ တနုံ့နုံ့နဲ့ စိတ်မကောင်းဖြစ်ရတဲ့ ခံစားချက်ပါပဲ။”

“တရားမဝင် အသံသွင်းထားတဲ့ ဖုန်းရက်ကော့ တစ်ပိုင်းတစ်စလေးကို အပြင်ကို ပေါက်ကြားသွားအောင် အကွက်ချစီစဉ်ခဲ့တဲ့ Kim Kardashian ရဲ့လုပ်ရပ်လိုမျိုး၊ Scooter က သူ့ရဲ့ Client နှစ်ယောက်ကို ပူးပေါင်းပြီး ကျွန်မကို အွန်လိုင်းမှာ အနိုင်ကျင့်စေတာမျိုးတို့လိုပေါ့။ သူ့ရဲ့ Client Kanye West က ကလဲ့စားချေတဲ့အနေနဲ့ ထုတ်လိုက်တဲ့ porn music video မှာ ကျွန်မမျက်နှာနဲ့ ကိုယ်လုံးတီးပုံစံထည့်တာမျိုးတွေ လုပ်ခဲ့ပြီးတော့ အခု ကျွန်မဝယ်ခွင့်မရတဲ့ ကျွန်မရဲ့တစ်ဘဝစာ သီချင်းတွေကို ကျွန်မလက်ထဲကနေ ယူသွားခဲ့ပြန်ပါပြီ။ ကျွန်မရဲ့ဂီတဖန်တီးမှုတွေ၊ အကျိုးအမြတ်ခံစားခွင့်တွေက ဖျက်လိုဖျက်ဆီးလုပ်မယ့်လူရဲ့ လက်ထဲမှာ ရောက်နေပါပြီ။”

Photo: flickr

“ဒါဟာ ကျွန်မကြုံဖူးသမျှထဲမှာ အဆိုးဝါးဆုံးကိစ္စပါ။ ဆယ့်ငါးနှစ်အရွယ် မိန်းကလေးတစ်ယောက်က “သစ္စာစောင့်သိမှု”ဆိုတာ စာချုပ်စာတမ်းပေါ်က ကိစ္စရပ်ပဲလို့ ခံယူထားတဲ့လူနဲ့ သဘောတူညီမှုတွေ ပြုလုပ်မိတဲ့အခါ ဒီလိုတွေ ကြုံတွေ့ရတတ်တယ်ဆိုတာ ပြလိုက်သလိုပါပဲ။ နောက်ပြီး “ဂီတက တန်ဖိုးရှိတယ်”လို့ ပြောတဲ့ အဲ့ဒီ့လူရဲ့စကားက အဲ့ဒီ့ဂီတကို ဖန်တီးတုန်းက တစ်ပြားသားမှ မပါဝင်ခဲ့တဲ့လူတွေရဲ့အပေါ်မှာ တန်ဖိုးသွားရှိနေတာမျိုးပါ။”

“ကျွန်မရဲ့ မာစတာအယ်လ်ဘမ်တွေကို Scott ရဲ့လက်ထဲမှာ ထားခဲ့တုန်းက တစ်ချိန်မှာ သူ ဒါတွေကို ရောင်းမယ်ဆိုတာကို ကျွန်မနဲ့အေးအေးချမ်းချမ်း သဘောတူခဲ့ပါတယ်။ ဒါပေမယ့် ကျွန်မရဲ့အဆိုးဆုံးအိပ်မက်ထဲမှာတောင် ဝယ်မယ့်လူက Scooter ဖြစ်နေလိမ့်မယ်လို့ မတွေးခဲ့မိတာ အမှန်ပါ။ Scooter Braun ဆိုတဲ့ နာမည်ကို ကျွန်မနှုတ်ဖျားက ထွက်တဲ့အခါတိုင်း မျက်ရည်ကျရတဲ့အချိန်နဲ့ မငိုမိအောင် ကြိုးစားနေရတဲ့အချိန်တွေချည်းပဲဆိုတာ Scott Borchetta အသိပါပဲ။ သူတို့နှစ်ယောက်စလုံး ဘာတွေလုပ်လိုက်တယ်ဆိုတာ သိကြမှာပါ။ သူတို့နဲ့ မပတ်သက်ချင်တဲ့ မိန်းမတစ်ယောက်ကို ထိန်းချုပ်နေကြတာပါ။”

“အခုတော့ ကျေးဇူးတင်စရာကောင်းစွာနဲ့ပဲ ကျွန်မ ဖန်တီးသမျှ ကျွန်မပိုင်သင့်တယ်လို့ ယုံကြည်တဲ့ Label နဲ့ လက်မှတ်ထိုးလိုက်ပါပြီ။ ကျွန်မအတိတ်ကို Scott လက်ထဲမှာ ထားခဲ့ပေမယ့် အနာဂတ်ကိုတော့ လွတ်ငြိမ်းခွင့်ပေးလိုက်ပါပြီ။ ငယ်ငယ်ရွယ်ရွယ် အနုပညာရှင်လေးတွေရော၊ ဂီတနဲ့ အိပ်မက်တွေရှိကြတဲ့ ကလေးတွေရော ဒါကိုဖတ်မိပြီး ညှိနှိုင်းမှုတွေမှာ ကိုယ့်ကိုယ်ကို ဘယ်လိုကာကွယ်ရမယ်ဆိုတာ သင်ယူနိုင်ကြမယ်လို့ မျှော်လင့်ပါတယ်။ ကိုယ်ဖန်တီးတဲ့ အနုပညာကို ကိုယ်ပိုင်ဆိုင်ခွင့် ရှိပါတယ်။”

“ကျွန်မ အတိတ်က ဖန်တီးခဲ့သမျှအားလုံးအတွက် ဂုဏ်ယူပါတယ်။ ပိုကောင်းတဲ့ ရွေးချယ်မှုအနေနဲ့ကတော့ Lover အယ်လ်ဘမ်က သြဂုတ်လ ၂၃ရက်နေ့မှာ ထွက်လာပါတော့မယ်” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ အခုဆိုရင် အနုပညာရှင် အမြောက်အများနဲ့ သူမရဲ့ ပရိသတ်တွေကတော့ သူမဘက်ကနေ အပြည့်အ၀ ရပ်တည်ပေးနေကြတာကို တွေ့ရပါတယ်။

Xei
Source: hollywoodlife

 

 

RELATED ARTICLES

Most Popular