HomeCelebs Update NewsInternationalLupus ရောဂါရဲ့ဆေးတွေကြောင့် လက်တွေတုန်ယင်နေရှာတဲ့ Selena Gomez

Lupus ရောဂါရဲ့ဆေးတွေကြောင့် လက်တွေတုန်ယင်နေရှာတဲ့ Selena Gomez

Selena Gomez ကတော့ ပြီးခဲ့တဲ့ ဗွီဒီယိုတစ်ခုမှာ သူမလက်တွေ ဘာကြောင့် တုန်ရီနေရတယ်ဆိုတာကို ရှင်းပြလာပါတယ်။ အကြောင်းကတော့ အချို့သောသူတွေဟာ အဆိုပါဗွီဒီယိုထဲမှာ သူမရဲ့လက်တွေ တုန်နေတာကို ဝိုင်းဝန်းလှောင်ပြောင်နေကြတာကြောင့်ပါပဲ။

Selena ဟာ လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်က TikTok မှာ skincare ဗွီဒီယိုတစ်ခု တင်ခဲ့ပါတယ်။ အဆိုပါဗွီဒီယိုမှာတော့ သူမဟာ “pro တစ်ယောက်မဟုတ်ပါဘူး”လို့ စကားခံပြီး မိတ်ကပ်ဖျက်တာ၊ skincare လိမ်းတာတွေကို သူမရဲ့ကိုယ်ပိုင်နည်းလမ်းတွေနဲ့ ပြသသွားပါတယ်။ ထူးခြားတာကတော့ အဆိုပါဗွီဒီယိုထဲမှာ သူမရဲ့လက်တွေဟာ အနည်းငယ် တုန်ရီနေပြီး အရာဝတ္ထုတွေကို အားစိုက်ကာ ကိုင်တွယ်နေရတဲ့ပုံစံ ဖြစ်ပါတယ်။

Photo: selenagomez/ Instagram

ဒါကိုပဲ တချို့သူတွေကတော့ ကောမန့်မှာ လှောင်ပြောင်ခဲ့ကြပါတယ်။ ဒါနဲ့ပတ်သက်ပြီး Selena ကတော့ မကြာသေးခင်ကပဲ အဲဒီလူတွေကို တုံ့ပြန်ပြီး ရှင်းပြအသိပေးခဲ့ပါတယ်။ သူမရဲ့လက်တွေ တုန်ရီနေရတာဟာ Lupus ရောဂါကြောင့် သောက်သုံးနေရတဲ့ ဆေးတွေကြောင့်သာ ဖြစ်တယ်လို့ Selena က ပြောပါတယ်။

“lupus အတွက် သောက်ရတဲ့ဆေးတွေကြောင့် ကျွန်မလက်တွေ တုန်နေတာပါ …”လို့ Selena က ပြန်ပြောထားပါတယ်။ တချို့လူတွေက ထရိုးလ်လုပ်နေတာကြောင့်သာ Selena က ဖြေရှင်းခဲ့တာ ဖြစ်ပေမယ့် အများစုကတော့ သူမရဲ့အသားအရေ ကောင်းမွန်မှုကို နှစ်သက်ကြောင်း ပြောနေကြတာ ဖြစ်ပါတယ်။

@selenagomezPSA I got most of these products free. I ain’t just rolling like that everywhere. Use any serum to take off make up before washing. It breaks it up nicely. Also use a sponge to wipe eyes to treat eyes delicately when removing make up. K I’m done pretending I know what I’m taking about.♬ Never Be Me – Miley Cyrus

Selena ဟာ lupus ရောဂါကို ခံစားနေရတာ ကြာမြင့်ပြီဖြစ်ပြီး ယခင်ကလည်း ဒီရောဂါကြောင့် ကိုယ်အလေးချိန်တွေ တက်လာခဲ့ပါသေးတယ်။ အဲဒီတုန်းကလည်း တချို့လူတွေရဲ့ လှောင်ပြောင်မှုကို ခံခဲ့ရတာမျိုး ရှိပေမယ့် ပရိသတ်အများစုကတော့ သူမကို ယခင်ကထက် ချစ်ခင်ပေးခဲ့ကြပါတယ်။

Vancouver

Source: hollywoodlife

RELATED ARTICLES

Most Popular