HomeEntertainmentFilmသေခြင်းတရားအပေါ် သင့်ရဲ့အမြင်ကို ပြောင်းလဲသွားစေမယ့် ဇာတ်လမ်းတွဲများ

သေခြင်းတရားအပေါ် သင့်ရဲ့အမြင်ကို ပြောင်းလဲသွားစေမယ့် ဇာတ်လမ်းတွဲများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

သေခြင်းတရားဆိုတာဟာ ဘယ်သူမှ ရှောင်လွှဲလို့ မရတဲ့အရာ ဖြစ်ပါတယ်။ လူတွေအကုန်လုံးဟာ တစ်နေ့နေ့ တစ်ချိန်ချိန်မှာတော့ သေကြရမှာပါ။ ဒါပေမဲ့လည်း သေပြီးသွားရင် အရာရာအားလုံး ပြီးဆုံးသွားပြီလို့ ထင်နေကြတဲ့ လူတွေရှိပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ စာဖတ်သူတို့ရဲ့ သေခြင်းတရားအပေါ် ရှုမြင်တဲ့အမြင်ကို ပြောင်းလဲသွားစေမယ့် စီးရီးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(1) After Life
photo via imdb

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၉ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (8.5) ရရှိထားပါတယ်။ Tony ဟာ ပျော်ဖို့ကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပေမယ့် တစ်ရက်မှာတော့ မထင်မှတ်ဘဲ သူ့ရဲ့အမျိုးသမီးဖြစ်သူ Lisa ဟာ သေဆုံးသွားခဲ့ပါတယ်။ သူဟာ အစကတော့ သဘောကောင်းတဲ့ လူတစ်ယောက်ဖြစ်ပြီး အဲ့ဒီအဖြစ်အပျက် ဖြစ်သွားပြီးတဲ့နောက်မှာ ဘာကိုမှ ဂရုမစိုက်တော့ဘဲ နေချင်သလို နေပါတော့တယ်။ သူ့ကိုယ်သူရော တစ်ခြားဘယ်သူ့ကိုမှလည်း ဂရုမစိုက်တော့ဘဲ နေချင်သလို နေနေတာကြောင့် သူ့ရဲ့သူငယ်ချင်းနဲ့ မိသားစုတွေက သူ့ကိုအရင်တုန်းကလိုလူမျိုး ပြန်ပြီးဖြစ်လာအောင် ကြိုးစားရပါတော့တယ်။

(2) Dead To Me
photo via imdb

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၉ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (8.0) ရရှိထားပါတယ်။ Jen ရဲ့ ခင်ပွန်းဖြစ်သူဟာ ကားတိုက်ခံရပြီး သေဆုံးသွားခဲ့ပါတယ်။ ဒါ့အပြင် ကားနဲ့တိုက်သွားတဲ့ တရားခံဟာလည်း ထွက်ပြေးသွားတာကြောင့် သူမဟာ ဝမ်းနည်းပက်လက်နဲ့ အဲ့ဒီအမှုကို ဖြေရှင်းဖို့ကြိုးစားပါတော့တယ်။ အဲ့ဒီနောက်မှာတော့ ကြုံခဲ့ဖူးတဲ့ ဝမ်းနည်းစရာအဖြစ်အပျက်တွေကို အချင်းချင်း ပြန်လည်ဝေမျှတဲ့ နေရာတစ်ခုမှာ Judy ဆိုတဲ့သူနဲ့ တွေ့ခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ ရင်းနှီးလာကြပေမယ့်လည်း Judy ကတော့ သူ့ရဲ့လျှို့ဝှက်ချက်တစ်ခုကို Jen မသိအောင် ဖုံးကွယ်ထားခဲ့ပါတယ်။

(3) Russian Doll
photo via imdb

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၉ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး IMDb (7.9) ရရှိထားပါတယ်။ အမျိုးသမီးတစ်ယောက်ဟာ နယူးယော့ခ်မြို့မှာ ပြုလုပ်တဲ့ ပါတီပွဲတစ်ခုကို တက်ရောက်ခဲ့ပြီး အဲ့ဒီပါတီပွဲအဆုံးမှာတော့ သေဆုံးသွားခဲ့ပါတယ်။ ဒါပေမယ့်လည်း ထူးဆန်းစွာနဲ့ သူမဟာ အဲ့ဒီအချိန်တစ်ခုထဲမှာပဲ ပိတ်မိနေပြီးတော့ ပါတီပွဲကို သွားလိုက်၊ သေဆုံးသွားလိုက် ဖြစ်နေခဲ့ပါတယ်။ ဒါကြောင့် သူမဟာ အဲ့ဒီထူးဆန်းတဲ့ အဖြစ်အပျက်ကနေ လွတ်မြောက်ဖို့အတွက် ကြိုးစားရပါတော့တယ်။

(4) The Good Place
photo via imdb

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၆ခုနှစ်က ထွက်ရှိထားတာဖြစ်ပြီးတော့ IMDb (8.2) ရရှိထားပါတယ်။ Eleanor ဆိုတဲ့အမျိုးသမီးတစ်ယောက်ဟာ သူမရဲ့ဘဝမှာ အကျင့်စာရိတ္တတွေ ပျက်ယွင်းပြီး နေချင်သလို နေထိုင်ခဲ့တဲ့ လူတစ်ယောက် ဖြစ်ပါတယ်။ ဒါပေမဲ့လည်း သူမ သေဆုံးပြီးသွားချိန်မှာတော့ နတ်ပြည်လိုနေရာတစ်ခုကို လူမှားပြီးတော့ ရောက်ရှိသွားပါတယ်။ ဒီမှာတင် သူမဟာ အဲ့ဒီနေရာကနေ မသွားချင်တော့တာကြောင့် အတိတ်ကို ဖုံးကွယ်ပြီး အဲ့ဒီနေရာမှာပဲ ဆက်ပြီးနေထိုင်ဖို့အတွက် ကြိုးစားပါတော့တယ်။

(5) Sorry For Your Loss
photo via imdb

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၈ခုနှစ်က ထွက်ရှိထားတာဖြစ်ပြီး IMDb (7.4) ရရှိထားပါတယ်။ Leigh Shaw ဆိုတဲ့ကောင်မလေးဟာ တစ်နေ့မှာ မမျှော်လင့်ဘဲနဲ့ ခင်ပွန်းဖြစ်သူကို ဆုံးရှုံးလိုက်ရပါတယ်။ သူမ မသိသေးတဲ့ သူမခင်ပွန်းရဲ့အကြောင်းတွေဟာ အဲ့ဒီအချိန်ကျမှ ပေါ်လာပြီးတော့ သူမရဲ့ဘဝကိုပါ ထိခိုက်လာခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ သူမရဲ့ဘဝဟာလည်း လုံးဝကို ပြောင်းလဲသွားခဲ့ပါတယ်။

ဒါကတော့ သေခြင်းတရားအပေါ် အမြင်ပြောင်းသွားစေမယ့် ဇာတ်လမ်းတွဲအချို့ပဲ ဖြစ်ပါတယ်။ စာဖတ်သူတို့ နှစ်သက်တဲ့ အခြားဇာတ်လမ်းတွဲတွေ ရှိရင်လည်း ပြန်လည်ဝေမျှခဲ့ပါဦး။

Lego Les

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

ေသျခင္းတရားဆိုတာဟာ ဘယ္သူမွ ေရွာင္လႊဲလို႔ မရတဲ့အရာ ျဖစ္ပါတယ္။ လူေတြအကုန္လုံးဟာ တစ္ေန႔ေန႔ တစ္ခ်ိန္ခ်ိန္မွာေတာ့ ေသၾကရမွာပါ။ ဒါေပမဲ့လည္း ေသၿပီးသြားရင္ အရာရာအားလုံး ၿပီးဆုံးသြားၿပီလို႔ ထင္ေနၾကတဲ့ လူေတြရွိပါတယ္။ ဒါေၾကာင့္ ဒီတစ္ခါမွာေတာ့ စာဖတ္သူတို႔ရဲ႕ ေသျခင္းတရားအေပၚ ရႈျမင္တဲ့အျမင္ကို ေျပာင္းလဲသြားေစမယ့္ စီးရီးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

(1) After Life
photo via imdb

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၁၉ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb (8.5) ရရွိထားပါတယ္။ Tony ဟာ ေပ်ာ္ဖို႔ေကာင္းတဲ့ မိသားစုဘဝေလးကို ပိုင္ဆိုင္ထားေပမယ့္ တစ္ရက္မွာေတာ့ မထင္မွတ္ဘဲ သူ႔ရဲ႕အမ်ိဳးသမီးျဖစ္သူ Lisa ဟာ ေသဆုံးသြားခဲ့ပါတယ္။ သူဟာ အစကေတာ့ သေဘာေကာင္းတဲ့ လူတစ္ေယာက္ျဖစ္ၿပီး အဲ့ဒီအျဖစ္အပ်က္ ျဖစ္သြားၿပီးတဲ့ေနာက္မွာ ဘာကိုမွ ဂ႐ုမစိုက္ေတာ့ဘဲ ေနခ်င္သလို ေနပါေတာ့တယ္။ သူ႔ကိုယ္သူေရာ တစ္ျခားဘယ္သူ႔ကိုမွလည္း ဂ႐ုမစိုက္ေတာ့ဘဲ ေနခ်င္သလို ေနေနတာေၾကာင့္ သူ႔ရဲ႕သူငယ္ခ်င္းနဲ႔ မိသားစုေတြက သူ႔ကိုအရင္တုန္းကလိုလူမ်ိဳး ျပန္ၿပီးျဖစ္လာေအာင္ ႀကိဳးစားရပါေတာ့တယ္။

(2) Dead to Me
photo via imdb

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၁၉ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb (8.0) ရရွိထားပါတယ္။ Jen ရဲ႕ ခင္ပြန္းျဖစ္သူဟာ ကားတိုက္ခံရၿပီး ေသဆုံးသြားခဲ့ပါတယ္။ ဒါ့အျပင္ ကားနဲ႔တိုက္သြားတဲ့ တရားခံဟာလည္း ထြက္ေျပးသြားတာေၾကာင့္ သူမဟာ ဝမ္းနည္းပက္လက္နဲ႔ အဲ့ဒီအမႈကို ေျဖရွင္းဖို႔ႀကိဳးစားပါေတာ့တယ္။ အဲ့ဒီေနာက္မွာေတာ့ ႀကဳံခဲ့ဖူးတဲ့ ဝမ္းနည္းစရာအျဖစ္အပ်က္ေတြကို အခ်င္းခ်င္း ျပန္လည္ေဝမွ်တဲ့ ေနရာတစ္ခုမွာ Judy ဆိုတဲ့သူနဲ႔ ေတြ႕ခဲ့ပါတယ္။ သူတို႔ႏွစ္ေယာက္ဟာ ရင္းႏွီးလာၾကေပမယ့္လည္း Judy ကေတာ့ သူ႔ရဲ႕လွ်ိဳ႕ဝွက္ခ်က္တစ္ခုကို Jen မသိေအာင္ ဖုံးကြယ္ထားခဲ့ပါတယ္။

(3) Russian Doll
photo via imdb

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၁၉ခုႏွစ္မွာ ထြက္ရွိခဲ့တာျဖစ္ၿပီး IMDb (7.9) ရရွိထားပါတယ္။ အမ်ိဳးသမီးတစ္ေယာက္ဟာ နယူးေယာ့ခ္ၿမိဳ႕မွာ ျပဳလုပ္တဲ့ ပါတီပြဲတစ္ခုကို တက္ေရာက္ခဲ့ၿပီး အဲ့ဒီပါတီပြဲအဆုံးမွာေတာ့ ေသဆုံးသြားခဲ့ပါတယ္။ ဒါေပမယ့္လည္း ထူးဆန္းစြာနဲ႔ သူမဟာ အဲ့ဒီအခ်ိန္တစ္ခုထဲမွာပဲ ပိတ္မိေနၿပီးေတာ့ ပါတီပြဲကို သြားလိုက္၊ ေသဆုံးသြားလိုက္ ျဖစ္ေနခဲ့ပါတယ္။ ဒါေၾကာင့္ သူမဟာ အဲ့ဒီထူးဆန္းတဲ့ အျဖစ္အပ်က္ကေန လြတ္ေျမာက္ဖို႔အတြက္ ႀကိဳးစားရပါေတာ့တယ္။

(4) The Good Place
photo via imdb

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၁၆ခုႏွစ္က ထြက္ရွိထားတာျဖစ္ၿပီးေတာ့ IMDb (8.2) ရရွိထားပါတယ္။ Eleanor ဆိုတဲ့အမ်ိဳးသမီးတစ္ေယာက္ဟာ သူမရဲ႕ဘဝမွာ အက်င့္စာရိတၱေတြ ပ်က္ယြင္းၿပီး ေနခ်င္သလို ေနထိုင္ခဲ့တဲ့ လူတစ္ေယာက္ ျဖစ္ပါတယ္။ ဒါေပမဲ့လည္း သူမ ေသဆုံးၿပီးသြားခ်ိန္မွာေတာ့ နတ္ျပည္လိုေနရာတစ္ခုကို လူမွားၿပီးေတာ့ ေရာက္ရွိသြားပါတယ္။ ဒီမွာတင္ သူမဟာ အဲ့ဒီေနရာကေန မသြားခ်င္ေတာ့တာေၾကာင့္ အတိတ္ကို ဖုံးကြယ္ၿပီး အဲ့ဒီေနရာမွာပဲ ဆက္ၿပီးေနထိုင္ဖို႔အတြက္ ႀကိဳးစားပါေတာ့တယ္။

(5) Sorry for Your Loss
photo via imdb

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၁၈ခုႏွစ္က ထြက္ရွိထားတာျဖစ္ၿပီး IMDb (7.4) ရရွိထားပါတယ္။ Leigh Shaw ဆိုတဲ့ေကာင္မေလးဟာ တစ္ေန႔မွာ မေမွ်ာ္လင့္ဘဲနဲ႔ ခင္ပြန္းျဖစ္သူကို ဆုံးရႈံးလိုက္ရပါတယ္။ သူမ မသိေသးတဲ့ သူမခင္ပြန္းရဲ႕အေၾကာင္းေတြဟာ အဲ့ဒီအခ်ိန္က်မွ ေပၚလာၿပီးေတာ့ သူမရဲ႕ဘဝကိုပါ ထိခိုက္လာခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူမရဲ႕ဘဝဟာလည္း လုံးဝကို ေျပာင္းလဲသြားခဲ့ပါတယ္။

ဒါကေတာ့ ေသျခင္းတရားအေပၚ အျမင္ေျပာင္းသြားေစမယ့္ ဇာတ္လမ္းတြဲအခ်ိဳ႕ပဲ ျဖစ္ပါတယ္။ စာဖတ္သူတို႔ ႏွစ္သက္တဲ့ အျခားဇာတ္လမ္းတြဲေတြ ရွိရင္လည္း ျပန္လည္ေဝမွ်ခဲ့ပါဦး။

Lego Les

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular