HomeEntertainmentFilmShe-Hulk: Attorney at Law ရဲ့ အပိုင်း(၁)ထဲက စိတ်ဝင်စားစရာအချက်များ

She-Hulk: Attorney at Law ရဲ့ အပိုင်း(၁)ထဲက စိတ်ဝင်စားစရာအချက်များ

*** Spoiler Alert ***

She-Hulk: Attorney at Law ဇာတ်လမ်းတွဲကတော့ မကြာသေးခင်ကပဲ Disney+ က စတင်ပြသနေပြီ ဖြစ်ပါတယ်။ အပိုင်း(၁)ရဲ့အစမှာတော့ Jennifer Walters ဟာ အမှုတစ်ခုအတွက် ပြောရမယ့်စကားကို ပြင်ဆင်နေတာ တွေ့ရပါတယ်။ အဲဒီနောက်မှာတော့ သူမဟာ Fourth Wall ကို ချိူးဖောက်ပြီး သူမ ဘယ်လို She-Hulk ဖြစ်လာတဲ့အကြောင်း ပရိသတ်တွေကို ပြောပြသွားပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ She-Hulk ဇာတ်လမ်းတွဲ အပိုင်း(၁)ထဲက စိတ်ဝင်စားစရာအချက်တွေကို ဖော်ပြပေးချင်ပါတယ်။

(1) The Savage Jen Walters

photo via screenrant

ဒီအပိုင်းရဲ့ အစမှာတော့ Jennifer Walters ဟာ အမှုတစ်ခုအတွက် ပြောရမယ့် စကားကို လေ့ကျင့်နေပြီး သူမရဲ့ သူငယ်ချင်းကလည်း အလွန်ကောင်းတယ်လို့ ထောက်ခံခဲ့ပါတယ်။ သို့ပေမယ့် အဲဒီစကားတွေကို ပြောနေတဲ့အချိန်မှာ Savage Jen Walters ရဲ့မျက်နှာထားနဲ့ ပြောရင် ပိုကောင်းမယ်လို့ ပြောလိုက်ပါတယ်။ ဒီအချက်ကတော့ She-Hulk ဇာတ်ကောင်ရဲ့ ပထမဆုံးကောမစ်ကို Reference ပြုလုပ်ခဲ့တာ ဖြစ်ပြီး အဲဒီကောမစ်ကတော့ The Savage She-Hulk လို့ ခေါ်ပါတယ်။

(2) Marvel ရဲ့ ပထမဆုံး Fourth Wall ချိုးဖောက်ခဲ့တဲ့ ဇာတ်ကောင်

photo via screenrant

Fourth Wall ချိုးဖောက်တဲ့ ဇာတ်ကောင်လို့ ပြောလိုက်ရင် ပရိသတ်အများစုဟာ Deadpool ကို ပြေးမြင်လေ့ ရှိကြပေမယ့်လည်း တကယ်တော့ Marvel ကောမစ်ထဲမှာ ပထမဆုံး Fourth Wall ချိူးဖောက်ခဲ့တဲ့ ဇာတ်ကောင်ဟာ She-Hulk ပဲ ဖြစ်ပါတယ်။ အပိုင်း(၁)ထဲမှာလည်း Jennifer Walters ဟာ Fourth Wall ချိူးဖောက်တာကို အကြိမ်ကြိမ် မြင်တွေ့ခဲ့ရပါတယ်။ ဒါကြောင့်ပဲ သူမဟာ Marvel ကောမစ်ရဲ့ ပထမဆုံး Fourth Wall ချိူးဖောက်တဲ့ ဇာတ်ကောင်တင် မဟုတ်ဘဲ MCU ရဲ့ ပထမဆုံး Fourth Wall ချိူးဖောက်တဲ့ ဇာတ်ကောင်လည်း ဖြစ်သွားပါတယ်။

(3) Shang-Chi Credit Scene ကို ရှင်းပြသွားတဲ့ အပိုင်း(၁)

photo via screenrant

Bruce Banner ဟာ Phase 4 ရဲ့ Shang-Chi and the Legend of Ten Rings ရုပ်ရှင်ထဲမှာလည်း Cameo အနေနဲ့ ပါဝင်ခဲ့ပါတယ်။ သူဟာ အဲဒီဇာတ်ဝင်ခန်းထဲမှာတော့ Smart Hulk မဟုတ်တော့ဘဲ လူပုံစံပြန်ဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။ Endgame ထဲမှာတော့ Bruce ဟာ Hulk ရဲ့ ခန္ဓာကိုယ်နဲ့ Bruce ရဲ့စိတ်ကို ပေါင်းစပ်ပြီး Smart Hulk အဖြစ် ထာဝရ ဖြစ်သွားတော့မယ်လို့ ပြောခဲ့ပါတယ်။

ဒါကြောင့်ပဲ ပရိသတ်တွေဟာ Shang-Chi ထဲမှာတော့ ဘာကြောင့် လူပုံစံပြန်ဖြစ်နေတယ် ဆိုတာကို သိချင်ခဲ့ကြပါတယ်။ She-Hulk ရဲ့ အပိုင်း(၁)ထဲမှာတော့ အဲဒီအချက်တွေကို ရှင်းပြသွားပြီး Bruce ဟာ သူ့ကို လူသားပုံစံအဖြစ် ပြန်လည်ပြောင်းလဲပေးနိုင်တဲ့ ကိရိယာတစ်ခုကို တီထွင်ခဲ့တဲ့အကြောင်း ပြောပြသွားပါတယ်။ အဲဒီကိရိယာ ပျက်စီးသွားတဲ့ အချိန်မှာတော့ Bruce ဟာ Smart Hulk အဖြစ် ပြန်လည်ပြောင်းလဲသွားပါတယ်။ ဒါ့အပြင် Shang-Chi ရဲ့ Credit Scene ထဲမှာလည်း Bruce ဟာ သူ့ရဲ့လက်မှာ အဲဒီကိရိယာလေးကို ဝတ်ဆင်ထားတာ တွေ့ခဲ့ရပါတယ်။

(4) Sakaarian ယာဉ်ပျံ

photo via screenrant

MCU ကတော့ She-Hulk ရဲ့ Origin ကို အနည်းငယ် ပြောင်းလဲထားပါတယ်။ အဲဒါကတော့ သူတို့နှစ်ယောက်ဟာ ကားမတော်တဆမှု ဖြစ်ကာ Bruce ရဲ့သွေးတွေက Jennifer ရဲ့ ခန္ဓာကိုယ်ထဲကို ဝင်ရောက်သွားရာက She-Hulk ဖြစ်လာတယ်လို့ ဖန်တီးထားတာပါပဲ။ ကားမတော်တဆမှုကို ဖြစ်ပျက်စေခဲ့တဲ့ ယာဉ်ပျံကြီးကတော့ Sakaarian ယာဉ်ပျံပဲ ဖြစ်ပြီး Sakaar ဂြိုဟ်က ဂြိုဟ်သားတွေဟာ သူတို့ရဲ့ချန်ပီယံဖြစ်တဲ့ Hulk ကို လိုက်ရှာနေကြပုံ ပေါ်ပါတယ်။ Sakaar ဂြိုဟ်ကတော့ Thor: Ragnarok ထဲမှာ Thor နဲ့ Hulk တို့ ရောက်ရှိနေတဲ့ ဂြိုဟ်ကို ပြောတာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီအချက်ဟာ ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ Hulk ရဲ့သားကို Setup လုပ်သွားတာလည်း ဖြစ်နိုင်ပါတယ်။ ပရိသတ်တွေကတော့ Hulk ဟာ Sakaar ဂြိုဟ်ပေါ်ရောက်နေတုန်း သားတစ်ယောက် ရရှိခဲ့တယ်လို့ ယူဆနေကြပြီး Hulk ရဲ့ သားဖြစ်သူကလည်း MCU ထဲမှာ မကြာခင် ပါဝင်လာမယ်လို့ သတင်းထွက်နေပါတယ်။ ကမ္ဘာပေါ်က အချိန်တွေ ကုန်ဆုံးပုံနဲ့ Sakaar ဂြိုဟ်ပေါ်က အချိန်ကုန်ဆုံးပုံကလည်း မတူညီတာကြောင့် Hulk ရဲ့ သားကိုလည်း ဆယ်ကျော်သက်အရွယ်၊ ဒါမှမဟုတ် အရွယ်ရောက်ပြီးပုံစံနဲ့ မြင်တွေ့ရနိုင်ပါတယ်။

(5) Gamma Lab

photo via screenrant

အပိုင်း(၁)ထဲမှာတော့ မက္ကစီကိုမှာရှိတဲ့ Hulk ရဲ့ Gamma Lab ကိုလည်း မြင်တွေ့ခဲ့ရပြီး ဒီ Lab ကိုတော့ Endgame ထဲမှာ ပြောသွားဖူးပါတယ်။ Endgame ထဲမှာတော့ Bruce ဟာ Hulk ခန္ဓာကိုယ်နဲ့ Bruce ရဲ့စိတ်ကို ပေါင်းစပ်ဖို့အတွက် Gamma Lab မှာ (၁၈)လကြာ အဖြေရှာခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။ ဒီ Lab ကိုတော့ Tony Stark က တည်ဆောက်ပေးခဲ့တာလို့လည်း ဒီအပိုင်းထဲမှာ ပြောပြသွားပါတယ်။

(6) Iron Legion Helmet

photo via screenrant

Bruce Banner ဟာ Tony Stark နဲ့ ပတ်သက်တဲ့ ပစ္စည်းတွေကို Gamma Lab ထဲမှာ သေချာတန်ဖိုးထားပြီး သိမ်းဆည်းထားတာကို တွေ့ရပါတယ်။ ဒီဇာတ်ဝင်ခန်းထဲမှာတော့ Age of Ultron ထဲက Iron Legion Helmet တစ်ခုကို မြင်တွေ့ခဲ့ရပါတယ်။ ဒီအချက်ကတော့ အတိတ်က သူတို့ရဲ့အမှားတွေကို မေ့မသွားစေဖို့အတွက် ထားထားတာလည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုရည်ရွယ်ချက်နဲ့ပဲဖြစ်ဖြစ် Bruce ကတော့ Tony နဲ့ ပတ်သက်သမျှ အရာအားလုံးကို သေချာသိမ်းဆည်းထားတာ တွေ့ရပါတယ်။

(7) Bruce နဲ့ Jennifer တို့ဟာ Mutant တွေလား?

photo via screenrant

Hulk ကတော့ သူနဲ့ Jennifer ဟာ ရှားပါးတဲ့ မျိူးရိုးဗီဇတွေ ပါလာတယ်လို့ ဆိုပါတယ်။ ဒါကြောင့်ပဲ သူတို့ရဲ့ ခန္ဓာကိုယ်ဟာ Gamma Radiation နဲ့ ပေါင်းစပ်သွားနိုင်တာ ဖြစ်တယ်လို့ Jennifer ကို ရှင်းပြထားပါတယ်။ အကယ်၍ Bruce တို့မှာသာ အဲဒီရှားပါးတဲ့ မျိူးရိုးဗီဇ မရှိခဲ့ဘူး ဆိုရင်တော့ Gamma Radiation နဲ့ ထိတွေ့မိတဲ့အချိန်မှာ Hulk မဖြစ်ဘဲ သေဆုံးသွားမှာ ဖြစ်ပါတယ်။

ဒါကြောင့်ပဲ Bruce နဲ့ Jennifer တို့ကို Hulk ဖြစ်လာစေတာကတော့ Gamma Radiation ဆိုတာထက် မျိူးရိုးဗီဇကြောင့်လို့ ပြောနိုင်ပါတယ်။ ဒါကြောင့်ပဲ Bruce နဲ့ Jennifer တို့ဟာ Mutant တွေလားလို့ တွေးစရာ ရှိလာပါတယ်။ Ms. Marvel ကတော့ MCU ရဲ့ပထမဆုံး Official Mutant ပဲ ဖြစ်ပြီး MCU ကလည်း X-Men တွေနဲ့ Mutant တွေကို ထည့်သွင်းဖို့ စီစဉ်နေတာကြောင့် ဘယ်လိုအံ့ဩစရာတွေ မြင်တွေ့ရဦးမလည်းဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

(8) Bruce ရဲ့ Official နာမည်ဖြစ်သွားတဲ့ Smart Hulk

photo via screenrant

ကောမစ်ထဲမှာတော့ Bruce နဲ့ Hulk တို့ ပေါင်းစပ်သွားတဲ့ ပုံစံကို Professor Hulk လို့ ခေါ်ဆိုပေမယ့်လည်း MCU ထဲမှာတော့ Smart Hulk လို့ပဲ ခေါ်ဆိုပါတယ်။ ဒီအမည်ကိုတော့ ပရိသတ်တွေက စတင်ပြီး ခေါ်ဆိုကြရာကနေ ယခုအချိန်မှာတော့ MCU ထဲမှာ Hulk အတွက် Official နာမည် ဖြစ်သွားပါပြီ။

(9) Thunderclap

photo via screenrant

အပိုင်း(၁)ထဲမှာတော့ Hulk ဟာ She-Hulk ကို စူပါဟီးရိုး ဖြစ်လာစေဖို့ လေ့ကျင့်ပေးမယ်လို့ပဲ တောက်လျှောက် နားချခဲ့ပြီး ဇာတ်ဝင်ခန်းတစ်ခုမှာတော့ သူတို့နှစ်ယောက် စကားများကြရင်းက ရန်ထဖြစ်ကြပါတယ်။ အဲဒီမှာတော့ Hulk ဟာ Thunder Clap ကို အသုံးပြုသွားပါတယ်။ Thunderclap ကိုတော့ Incredible Hulk ရုပ်ရှင်ထဲမှာ စတင်မြင်တွေ့ခဲ့ရပြီး Hulk ရဲ့ အထင်ကရ တိုက်ခိုက်နည်းတစ်မျိူးလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Thunderclap ဟာ Incredible Hulk အပြီးကတည်းက MCU ထဲမှာ မမြင်ခဲ့ရတော့ဘဲ ယခုအချိန်မှသာ ပြန်လည်မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

အလားတူပဲ She-Hulk ဟာလည်း အနည်းငယ် ကြိုးစားအပြီးမှာတော့ Thunderclap နဲ့ အနည်းငယ်ဆင်တူတဲ့ တိုက်ခိုက်နည်းကို ပြုလုပ်တတ်သွားပါတယ်။ ကွာခြားသွားတာကတော့ Hulk ရဲ့ Thunderclap ဟာ တစ်ချက်တည်းနဲ့ ရန်သူကို Damage ထိသွားစေပြီး She-Hulk ရဲ့ Thunderclap ကတော့ လက်ခုပ်တီးသလို အချက်ပေါင်းများစွာ ဆက်တိုက် ပြုလုပ်နိုင်တာပါပဲ။ ဒါ့အပြင် သူမရဲ့ Thunderclap ဟာ Sonic Wave လိုပုံစံမျိူးတွေ ထွက်သွားတာကို တွေ့ရပါတယ်။

(10) Titania

photo via screenrant

အပိုင်း(၁)ရဲ့ အဆုံးသတ်မှာတော့ Jennifer ဟာ တရားခွင်မှာ သူမ လေ့ကျင့်ထားတဲ့ စကားတွေကို ပြောဖို့အတွက် ထသွားတဲ့အချိန်မှာပဲ တရားခွင်ထဲကို အမျိူးသမီးတစ်ယောက်က ဝုန်းဒိုင်းကြဲပြီး ဝင်ရောက်လာပါတယ်။ အဲဒီအမျိူးသမီးကတော့ Titania ပဲ ဖြစ်ပြီး ကောမစ်ထဲက She-Hulk ရဲ့ အကြီးမားဆုံးပြိုင်ဘက်လည်း ဖြစ်ပါတယ်။

ကောမစ်ထဲမှာတော့ Doctor Doom ကိုယ်တိုင်က Titania ကို ဖန်တီးခဲ့တာ ဖြစ်ပြီး ဒီဇာတ်လမ်းတွဲထဲမှာတော့ Doctor Doom ကို မိတ်ဆက်နိုင်ချေ မရှိသေးတာကြောင့် Titania ရဲ့ Origin ဟာလည်း ပြောင်းလဲသွားဦးမှာ ဖြစ်ပါတယ်။ Titania ရဲ့ ယခုလိုမျိူး တရားခွင်ကို ဝင်ရောက်လာမှုကြောင့် Jennifer ဟာ She-Hulk အဖြစ် ပြောင်းလဲ တိုက်ခိုက်ခဲ့ပြီး ဒီအတိုင်းဆိုရင်တော့ လူတိုင်းက Jennifer ကို She-Hulk မှန်း သိသွားပါလိမ့်မယ်။

(11) Captain America Easter Egg

photo via screenrant

အပိုင်း(၁) တလျှောက်လုံးမှာတော့ Jennifer Walters ဟာ Captain America က လူပျိုရည် မပျက်သေးဘူးဆိုတဲ့ အကြောင်းကိုပဲ ထပ်ခါထပ်ခါ ပြောခဲ့ပါတယ်။ ဒီအပိုင်းရဲ့ Credit Scene ထဲမှာတော့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး Hulk က ရှင်းပြခဲ့ပါတယ်။

အဲဒါကတော့ Captain America ဟာ လူပျိုရည် မပျက်သေးတာ မဟုတ်ဘဲ ၁၉၄၃ ခုနှစ် USO Tour မှာ မိန်းကလေးတစ်ယောက်နဲ့ အိပ်ခဲ့တယ်လို့ ပြောပြသွားပါတယ်။ ဖြစ်နိုင်ချေ ရှိတာကတော့ Tony Stark ဟာ Cap ကို အမြဲတမ်း လှောင်ပြောင်နေတတ်တာကြောင့် Cap ဟာ ဒီအကြောင်းအရာကို ပြောပြခဲ့တယ်လို့ ယူဆနိုင်ပါတယ်။ ဒါ့အပြင် ပရိသတ်တွေကြားမှာ ခေတ်စားနေတဲ့ America’s Ass ဆိုတဲ့ ဟာသကိုလည်း ထပ်မံထည့်သွင်းထားပါသေးတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular