HomeEntertainmentFilmပရိသတ်တွေ အံ့အားသင့်စေမယ့် Cameo တွေ ပါဝင်လာဦးမယ့် She-Hulk ဇာတ်လမ်းတွဲ

ပရိသတ်တွေ အံ့အားသင့်စေမယ့် Cameo တွေ ပါဝင်လာဦးမယ့် She-Hulk ဇာတ်လမ်းတွဲ

She-Hulk: Attorney at Law ဇာတ်လမ်းတွဲထဲက Nikki Ramos ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ထားတဲ့ Ginger Gonzaga ကတော့ ထွေလာထဲမှာ မပြသခဲ့တဲ့ ဧည့်သည်သရုပ်ဆောင်တွေနဲ့ Cameo တွေ ပါဝင်လာဦးမယ်လို့ ပြောလိုက်ပါတယ်။ She-Hulk ဇာတ်လမ်းတွဲထဲမှာတော့ Jennifer Walters ဟာ သူမရဲ့ ရှေ့နေဘဝနဲ့ She-Hulk ဘဝနှစ်ခုမှာ မျှတအောင် နေထိုင်ဖို့ ကြိုးစားနေတာကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။

MCU ဇာတ်လမ်းတွေရဲ့ ထုံးစံအတိုင်းပဲ She-Hulk ဇာတ်လမ်းတွဲဟာ ဇာတ်ကောင်အသစ်တွေများစွာ ပါဝင်သလို Cameo တွေလည်း ပါဝင်ထားပါတယ်။ Phase 4 ရဲ့ ပရောဂျက်အများစုမှာ ပါဝင်နေတဲ့ Wong ဟာလည်း ဒီဇာတ်လမ်းတွဲထဲမှာ ပါဝင်နေသလို Charlie Cox ရဲ့ Daredevil လည်း ပါဝင်လာဦးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် The Incredible Hulk ထဲက Emil Blonsky တဖြစ်လည်း Abomination ကိုလည်း မြင်တွေ့ခဲ့ရပြီးပြီ ဖြစ်ပါတယ်။

photo via screenrant

TVLine နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးထဲမှာတော့ Ginger Gonzaga ဟာ ပရိသတ်တွေ အံ့ဩသွားစေမယ့် ဧည့်သည်သရုပ်ဆောင်တွေ ပါဝင်လာဦးမယ်လို့ ပြောသွားပါတယ်။

“Superhuman Law Division မှာ အလုပ်လုပ်တယ် ဆိုကတည်းက ကျွန်မတို့ ဘယ်သူ့ကိုမဆို ကိုယ်စားပြုပေးနိုင်ပါတယ်။ ဒါကြောင့် Marvel universe ထဲကို ရောက်မလာသေးတဲ့ ဇာတ်ကောင်တွေလည်း ပါဝင်လာမှာပါ။ ထွေလာထဲမှာ မပြထားတဲ့ ဇာတ်ကောင်တွေပေါ့။ ပြီးတော့ တရားရင်ဆိုင်နေရတဲ့ စူပါဟီးရိုးတွေရဲ့ ကြောင်တောင်တောင်ပုံစံကိုလည်း တွေ့ရမှာပါ …”

photo via screenrant

She-Hulk ဟာ စွမ်းအားရှိတဲ့လူတွေကို ကိုယ်စားပြုပေးတဲ့ရှေ့နေ ဖြစ်နေတာကြောင့် ဘယ်လိုဇာတ်ကောင်ကိုမဆို ကိုယ်စားပြုပေးသွားနိုင်ပါတယ်။ Charlie Cox ရဲ့ Daredevil ကို မြင်တွေ့ရမယ့် အချက်ကိုတော့ ထွေလာထဲမှာ ပြသသွားပြီး Ginger ရဲ့ ပြောစကားအရ ဆိုရင်တော့ Daredevil အပြင် တခြားဇာတ်ကောင်တွေကိုပါ မြင်တွေ့ရဦးမှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် She-Hulk ဇာတ်လမ်းတွဲကလည်း လေးပိုင်းပဲ ထွက်ရှိသေးပြီး နောက်ထပ်ငါးပိုင်း ထွက်ရှိလာဦးမှာ ဖြစ်တာကြောင့် ဘယ်လိုစိတ်ဝင်စားစရာတွေ မြင်တွေ့ရမလည်းဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular