HomeAnimeGhibli ဇာတ်ကားတွေမှာ တွေ့ရလေ့ရှိတဲ့ ကြပ်ခိုးကောင်လေးတွေရဲ့ စိတ်ဝင်စားစရာအချက်များ 

Ghibli ဇာတ်ကားတွေမှာ တွေ့ရလေ့ရှိတဲ့ ကြပ်ခိုးကောင်လေးတွေရဲ့ စိတ်ဝင်စားစရာအချက်များ 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Susuwatari လို့ခေါ်တဲ့ ကြပ်ခိုးကောင်လေးတွေကိုတော့ Ghibli ဇာတ်ကားတွေဖြစ်တဲ့ My Neighbor Totoro နဲ့ Spirited Away တို့မှာ တွေ့ခဲ့ရပါတယ်။ တကယ်တော့ ဒီကြပ်ခိုးကောင်လေးတွေဟာ အိုမင်းဟောင်းနွမ်းပြီး လူမနေဘဲ စွန့်ပစ်ခံထားရတဲ့ အိမ်တွေမှာ ကပ်ငြိတွယ်နေတဲ့ ကြပ်ခိုးတွေကနေ ဖြစ်ပေါ်လာတဲ့ မည်းမည်း လုံးလုံးနဲ့ အကောင်လေးတွေ ဖြစ်ပါတယ်။ သူတို့ နိုးထလာတိုင်းမှာ မည်းညစ်တဲ့ အညစ်အကြေးတွေ ကျန်ရစ်ခဲ့လေ့ ရှိပါတယ်။

တကယ်လို့ သူတို့နေထိုင်ရာ အိမ်မှာ လူလာနေပြီဆိုရင်တော့ အိမ်ရှင်တွေဟာ လူကောင်းတွေ၊ လူဆိုးတွေလားဆိုတာ သူတို့က အကဲဖြတ်လေ့ရှိကြပါတယ်။ တကယ်လို့ အိမ်ရှင်တွေက လူကောင်းတွေဆိုရင်တော့ အဲဒီအိမ်မှာ ဆက်မနေကြတော့ဘဲ တခြားကို ပြောင်းရွှေ့ပေးလေ့ ရှိကြပါတယ်။

Photo via ghibli.fandom
ကြပ်ခိုးကောင်လေးတွေရဲ့ သွင်ပြင်လက္ခဏာ

ကြပ်ခိုးတွေကနေတဆင့် ဖြစ်ပေါ်လာတဲ့ ကြပ်ခိုးကောင်လေးတွေကတော့ သေးငယ်ပြီး လုံးဝန်းတဲ့ အမည်းရောင် မွှေးပွခန္ဓာကိုယ်နဲ့ အဖြူရောင်မျက်လုံးတွေမှာ မျက်ဆံအနက်တို့ ပါရှိပါတယ်။ သူတို့ရဲ့ ပုံမှန်သွားလာတဲ့ ပုံစံကတော့ လေပေါ်မှာ ရစ်ဝဲပြီး သွားလာလေ့ ရှိပေမယ့် သူတို့ရဲ့ တချို့သော အလုပ်တာဝန်တွေကို ထမ်းဆောင်ဖို့ ခန္ဓာကိုယ်ထဲကနေ အမည်းရောင် ခြေချောင်း၊ လက်ချောင်းတွေကို ဆန့်ထုတ်လို့ ရပါတယ်။

Spirited Away ထဲမှာဆိုရင် မီးသွေးခဲလေးတွေကို သယ်ယူဖို့အတွက် ခြေချောင်း၊ လက်ချောင်းတွေ ထွက်လာတာ မြင်တွေ့ခဲ့ရပါတယ်။ ဒ့ါအပြင် သူတို့ခန္ဓာကိုယ်ထက် များစွာလေးလံတဲ့အရာတွေကိုလည်း သယ်ယူနိုင်ကြပါသေးတယ်။ သူတို့ဟာ တကယ်လို့ နင်းချေခံလိုက်ရရင်တော့ ကြပ်ခိုးတွေနဲ့ ရောနှောသွားလေ့ ရှိကြပါတယ်။ သို့ပေမယ့်လည်း အချိန်တိုအတွင်းမှာပဲ သူတို့ရဲ့ နဂိုပုံစံအဖြစ်ကို ပြန်လည်ရရှိနိုင်ကြပါသေးတယ်။

Photo via ghibli.fandom
ထူးခြားတဲ့ စရိုက်လက္ခဏာများ

ကြပ်ခိုးကောင်လေးတွေဟာ လူတွေရဲ့ ဘာသာစကားကို ပြောကြားနိုင်စွမ်း မရှိပါဘူး။ သို့ပေမယ့်လည်း သူတို့အနေနဲ့ ဒေါသထွက်တာ၊ စိတ်ဆိုးတာ၊ စိတ်လှုပ်ရှား၊ ပျော်တာ စတဲ့ ခံစားချက်တွေ ဖြစ်လာရင်တော့ ကျွိကျွိမြည်သံလို အသံတိုးတိုးလေးတွေ ထွက်လာလေ့ ရှိပါတယ်။ ရုပ်ရှင်ထဲမှာတော့ သူတို့ဟာ မှော်ဆန်စွာ ဖြစ်တည်လာကြပြီး သူတို့မှာ လုပ်စရာအလုပ် မရှိတော့တဲ့အခါမှာတော့ ကြပ်ခိုးတွေအဖြစ်ပဲ ပြန်လည် ပြောင်းလဲသွားကြတယ်လို့ ဖော်ပြထားပါတယ်။

သူတို့ဟာ လူတွေရဲ့ ဘာသာစကားကို မပြောဆိုတတ်ဘူးဆိုပေမယ့် လူတွေက ပြောဆိုတဲ့ ဘာသာစကားကိုတော့ နားလည်နိုင်စွမ်း ရှိကြပါတယ်။ ဒါကိုတော့ Kamaji က ပေးလိုက်တဲ့ အမိန့်၊ တာဝန်တိုင်းကို ပြန်လည် တုံ့ပြန်တဲ့ သူတို့ရဲ့ အပြုအမူကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။ ဒါတင်မက သူတို့တွေဟာ လူတွေလိုပဲ ပျော်ရွှင်မှု၊ ဝမ်းနည်းမှုစတဲ့ စိတ်ခံစားချက်တွေကို ပြသနိုင်စွမ်း ရှိပါတယ်။

Photo via ghibli.fandom

တစ်ဦးတစ်ယောက်အပေါ် ချစ်ခင်တွယ်တာမှု ရှိကြောင်းလည်း ပြသတတ်ကြပါသေးတယ်။ ဒါကိုတော့ Spirited Away ထဲမှာ မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ Chihiro ဟာ ရေချိုးရုံက အလုပ်သမားတွေရဲ့ လက်ခံမှုကို ရရှိပြီးနောက်မှာ ကြပ်ခိုးကောင်လေးတွေဟာ သူတို့တတ်နိုင်တဲ့ နည်းလမ်းလေးတွေနဲ့ သူမကို လေးစားကြောင်း ပြသကြပြီး အားပေးထောက်ပံ့ကြတာကို မြင်တွေ့ရပါတယ်။

Chihiro တစ်ယောက် သူမရဲ့ ခြေအိတ်နဲ့ ဖိနပ်တွေကို ရှာမတွေ့ချိန်မှာ ကြပ်ခိုးကောင်လေးတွေဟာ ခြေအိတ်နဲ့ ဖိနပ်တွေကို သယ်လာပေးပြီး သူမအပေါ်ထားရှိတဲ့ သူတို့ရဲ့ ဂရုစိုက်မှုကို ပြသခဲ့ကြပါသေးတယ်။

Photo via ghibli.fandom
အစားအစာ

ကြပ်ခိုးကောင်လေးတွေကိုတော့ လယ်သမားတစ်ယောက်က ကြက်ပေါက်ကလေးတွေကို အစာကျွေးသလိုပဲ အလားတူနည်းလမ်းနဲ့ ကျွေးနိုင်ပါတယ်။ Kompeito လို့ခေါ်တဲ့ ဂျပန်သကြားလုံးတစ်မျိုးကို မြေပြင်ပေါ်မှာ ဖြန့်ကြဲပေးပြီး သူတို့ကိုယ်တိုင် လာစားအောင် ကျွေးနိုင်ပါတယ်။ Ghibli ရုပ်ရှင်တွေမှာ ပြသထားချက်အရ ကြပ်ခိုးကောင်လေးတွေဟာ ဒီဂျပန်သကြားလုံးတွေကလွဲလို့ တခြားဘယ်အစားအစာကိုမှ စားသုံးတာ မတွေ့ရပါဘူး။

My Neighbor Totoro ထဲက ကြပ်ခိုးကောင်လေးများ

Me Neighbor Totoro ထဲမှာတော့ ဇာတ်လမ်းအစ Satsuki ၊ Mei နဲ့ Tatsuo Kusakabe တို့ သားအဖသုံးယောက် အိမ်ပြောင်းလာတဲ့ အချိန်မှာပဲ ကြပ်ခိုးကောင်လေးတွေကို မြင်တွေ့ခဲ့ရပါတယ်။ သူတို့ရှိနေမှန်းကိုတော့ Mei ရဲ့ လက်တွေနဲ့ Satsuki နဲ့ Tatsuo တို့ရဲ့ ခြေထောက်တွေမှာ ကြပ်ခိုးတွေ ပေကျံနေတာကို ကြည့်ရင်း သိခဲ့ရတာ ဖြစ်ပါတယ်။

Photo via ghibli.fandom

သူတို့ဟာ အိမ်ရဲ့ နေရာအနှံ့မှာ ရှိနေပြီး အလင်းရောင် ရှိတဲ့နေရာကနေ သူတို့နှစ်သက်တဲ့ အမှောင်ထဲကို တိုးဝင်ပြေးသွားနေကြတာ တွေ့ခဲ့ရပါတယ်။ အဆော့သန်တဲ့ Mei ကတော့ ကြပ်ခိုးကောင်အချို့ကို လိုက်ဖမ်းဖို့ ကြိုးစားခဲ့သေးပေမယ့် Kusakabe မိသားစုဟာ လူကောင်းတွေလို့ ကြပ်ခိုးကောင်တွေက သတ်မှတ်လိုက်ကြတဲ့အတွက် အခြားတစ်နေရာကို ပြောင်းရွှေ့သွားကြပါတယ်။

Spirited Away ထဲက ကြပ်ခိုးကောင်လေးများ

Spirited Away ထဲမှာတော့ ကြပ်ခိုးကောင်လေးတွေဟာ သူတို့နှစ်သက်တဲ့ ကြယ်ပုံစံ Kompeito သကြားလုံးလေးတွေ စားသုံးရဖို့ အပြန်အလှန်အနေနဲ့ ရေချိုးရုံမှာ အလုပ်လုပ်ပေးနေကြပါတယ်။ Kamaji ရဲ့ ဘွိုင်လာအခန်းအတွက် မီးအားပေးနိုင်ဖို့ သူတို့ဟာ မီးသွေးတုံးလေးတွေကို သယ်ယူပေးကြရတာ ဖြစ်ပါတယ်။

ကြပ်ခိုးကောင်လေးတွေဟာ Chihiro အပေါ် ခင်မင်ရင်းနှီးကြပါတယ်။ Chihiro ဟာ ပထမအကြိမ် Kamaji နဲ့ တွေ့ဆုံပြီး အလုပ်မရဘဲ အငြင်းခံခဲ့ရတုန်းက သူမဟာ ကြပ်ခိုးကောင်လေးတွေကို မီးသွေးတုံးလေးတွေ ကူညီသယ်ပေးခဲ့ပါတယ်။ ဒါကြောင့်လည်း မကြာခင်မှာပဲ ကြပ်ခိုးကောင်လေးတွေဟာ Chihiro ရဲ့ ခြေထောက်ပတ်လည်နားမှာ ဝန်းရံပြီး မီးသွေးတုံးတွေ လာချကြပါတော့တယ်။

Photo via ghibli.fandom

Kamaji ဟာ Chihiro ကို ဒေါသထွက်တဲ့အခါမှာလည်း သူတို့ဟာ Chihiro ရဲ့အနားမှာ ဝန်းရံပြီး ကာကွယ်ပေးကြပါသေးတယ်။ Kamaji ကတော့ ကြပ်ခိုးကောင်တွေကို အလုပ်ဆက်လုပ်ဖို့ ပြောခဲ့ပြီး တကယ်လို့ အလုပ်ဆက်မလုပ်ရင်တော့ အခုလို ကြပ်ခိုးကောင်ဖြစ်နေမယ့် spell က ပျက်ပြယ်ပြီး အသက်မဲ့တဲ့ ကြပ်ခိုးတွေပဲ ဖြစ်သွားလိမ့်မယ်လို့ ခြိမ်းခြောက်ခဲ့ပါသေးတယ်။

ဒါကတော့ စတူဒီယို Ghibli က ဇာတ်ကားတွေမှာ တွေ့ရတဲ့ ကြပ်ခိုးကောင်လေးတွေရဲ့ စိတ်ဝင်စားစရာ အကြောင်းအရာအချို့ပဲ ဖြစ်ပါတယ်။ ဒီလိုဆောင်းပါးတွေ ဖတ်ရတာ နှစ်သက်ရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ထားပါဦး။

Glasgow

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Susuwatari လို႔ေခၚတဲ့ ၾကပ္ခိုးေကာင္ေလးေတြကိုေတာ့ Ghibli ဇာတ္ကားေတြျဖစ္တဲ့ My Neighbor Totoro နဲ႔ Spirited Away တို႔မွာ ေတြ႕ခဲ့ရပါတယ္။ တကယ္ေတာ့ ဒီၾကပ္ခိုးေကာင္ေလးေတြဟာ အိုမင္းေဟာင္းႏြမ္းၿပီး လူမေနဘဲ စြန႔္ပစ္ခံထားရတဲ့ အိမ္ေတြမွာ ကပ္ၿငိတြယ္ေနတဲ့ ၾကပ္ခိုးေတြကေန ျဖစ္ေပၚလာတဲ့ မည္းမည္း လုံးလုံးနဲ႔ အေကာင္ေလးေတြ ျဖစ္ပါတယ္။ သူတို႔ ႏိုးထလာတိုင္းမွာ မည္းညစ္တဲ့ အညစ္အေၾကးေတြ က်န္ရစ္ခဲ့ေလ့ ရွိပါတယ္။

တကယ္လို႔ သူတို႔ေနထိုင္ရာ အိမ္မွာ လူလာေနၿပီဆိုရင္ေတာ့ အိမ္ရွင္ေတြဟာ လူေကာင္းေတြ၊ လူဆိုးေတြလားဆိုတာ သူတို႔က အကဲျဖတ္ေလ့ရွိၾကပါတယ္။ တကယ္လို႔ အိမ္ရွင္ေတြက လူေကာင္းေတြဆိုရင္ေတာ့ အဲဒီအိမ္မွာ ဆက္မေနၾကေတာ့ဘဲ တျခားကို ေျပာင္းေ႐ႊ႕ေပးေလ့ ရွိၾကပါတယ္။

Photo via ghibli.fandom
ၾကပ္ခိုးေကာင္ေလးေတြရဲ႕ သြင္ျပင္လကၡဏာ

ၾကပ္ခိုးေတြကေနတဆင့္ ျဖစ္ေပၚလာတဲ့ ၾကပ္ခိုးေကာင္ေလးေတြကေတာ့ ေသးငယ္ၿပီး လုံးဝန္းတဲ့ အမည္းေရာင္ ေမႊးပြခႏၶာကိုယ္နဲ႔ အျဖဴေရာင္မ်က္လုံးေတြမွာ မ်က္ဆံအနက္တို႔ ပါရွိပါတယ္။ သူတို႔ရဲ႕ ပုံမွန္သြားလာတဲ့ ပုံစံကေတာ့ ေလေပၚမွာ ရစ္ဝဲၿပီး သြားလာေလ့ ရွိေပမယ့္ သူတို႔ရဲ႕ တခ်ိဳ႕ေသာ အလုပ္တာဝန္ေတြကို ထမ္းေဆာင္ဖို႔ ခႏၶာကိုယ္ထဲကေန အမည္းေရာင္ ေျခေခ်ာင္း၊ လက္ေခ်ာင္းေတြကို ဆန႔္ထုတ္လို႔ ရပါတယ္။

Spirited Away ထဲမွာဆိုရင္ မီးေသြးခဲေလးေတြကို သယ္ယူဖို႔အတြက္ ေျခေခ်ာင္း၊ လက္ေခ်ာင္းေတြ ထြက္လာတာ ျမင္ေတြ႕ခဲ့ရပါတယ္။ ဒ့ါအျပင္ သူတို႔ခႏၶာကိုယ္ထက္ မ်ားစြာေလးလံတဲ့အရာေတြကိုလည္း သယ္ယူႏိုင္ၾကပါေသးတယ္။ သူတို႔ဟာ တကယ္လို႔ နင္းေခ်ခံလိုက္ရရင္ေတာ့ ၾကပ္ခိုးေတြနဲ႔ ေရာေႏွာသြားေလ့ ရွိၾကပါတယ္။ သို႔ေပမယ့္လည္း အခ်ိန္တိုအတြင္းမွာပဲ သူတို႔ရဲ႕ နဂိုပုံစံအျဖစ္ကို ျပန္လည္ရရွိႏိုင္ၾကပါေသးတယ္။

Photo via ghibli.fandom
ထူးျခားတဲ့ စ႐ိုက္လကၡဏာမ်ား

ၾကပ္ခိုးေကာင္ေလးေတြဟာ လူေတြရဲ႕ ဘာသာစကားကို ေျပာၾကားႏိုင္စြမ္း မရွိပါဘူး။ သို႔ေပမယ့္လည္း သူတို႔အေနနဲ႔ ေဒါသထြက္တာ၊ စိတ္ဆိုးတာ၊ စိတ္လႈပ္ရွား၊ ေပ်ာ္တာ စတဲ့ ခံစားခ်က္ေတြ ျဖစ္လာရင္ေတာ့ ကြၽိကြၽိျမည္သံလို အသံတိုးတိုးေလးေတြ ထြက္လာေလ့ ရွိပါတယ္။ ႐ုပ္ရွင္ထဲမွာေတာ့ သူတို႔ဟာ ေမွာ္ဆန္စြာ ျဖစ္တည္လာၾကၿပီး သူတို႔မွာ လုပ္စရာအလုပ္ မရွိေတာ့တဲ့အခါမွာေတာ့ ၾကပ္ခိုးေတြအျဖစ္ပဲ ျပန္လည္ ေျပာင္းလဲသြားၾကတယ္လို႔ ေဖာ္ျပထားပါတယ္။

သူတို႔ဟာ လူေတြရဲ႕ ဘာသာစကားကို မေျပာဆိုတတ္ဘူးဆိုေပမယ့္ လူေတြက ေျပာဆိုတဲ့ ဘာသာစကားကိုေတာ့ နားလည္ႏိုင္စြမ္း ရွိၾကပါတယ္။ ဒါကိုေတာ့ Kamaji က ေပးလိုက္တဲ့ အမိန႔္၊ တာဝန္တိုင္းကို ျပန္လည္ တုံ႔ျပန္တဲ့ သူတို႔ရဲ႕ အျပဳအမူကို ၾကည့္ျခင္းအားျဖင့္ သိႏိုင္ပါတယ္။ ဒါတင္မက သူတို႔ေတြဟာ လူေတြလိုပဲ ေပ်ာ္႐ႊင္မႈ၊ ဝမ္းနည္းမႈစတဲ့ စိတ္ခံစားခ်က္ေတြကို ျပသႏိုင္စြမ္း ရွိပါတယ္။

Photo via ghibli.fandom

တစ္ဦးတစ္ေယာက္အေပၚ ခ်စ္ခင္တြယ္တာမႈ ရွိေၾကာင္းလည္း ျပသတတ္ၾကပါေသးတယ္။ ဒါကိုေတာ့ Spirited Away ထဲမွာ ျမင္ေတြ႕ခဲ့ရတာ ျဖစ္ပါတယ္။ Chihiro ဟာ ေရခ်ိဳး႐ုံက အလုပ္သမားေတြရဲ႕ လက္ခံမႈကို ရရွိၿပီးေနာက္မွာ ၾကပ္ခိုးေကာင္ေလးေတြဟာ သူတို႔တတ္ႏိုင္တဲ့ နည္းလမ္းေလးေတြနဲ႔ သူမကို ေလးစားေၾကာင္း ျပသၾကၿပီး အားေပးေထာက္ပံ့ၾကတာကို ျမင္ေတြ႕ရပါတယ္။

Chihiro တစ္ေယာက္ သူမရဲ႕ ေျခအိတ္နဲ႔ ဖိနပ္ေတြကို ရွာမေတြ႕ခ်ိန္မွာ ၾကပ္ခိုးေကာင္ေလးေတြဟာ ေျခအိတ္နဲ႔ ဖိနပ္ေတြကို သယ္လာေပးၿပီး သူမအေပၚထားရွိတဲ့ သူတို႔ရဲ႕ ဂ႐ုစိုက္မႈကို ျပသခဲ့ၾကပါေသးတယ္။

Photo via ghibli.fandom
အစားအစာ

ၾကပ္ခိုးေကာင္ေလးေတြကိုေတာ့ လယ္သမားတစ္ေယာက္က ၾကက္ေပါက္ကေလးေတြကို အစာေကြၽးသလိုပဲ အလားတူနည္းလမ္းနဲ႔ ေကြၽးႏိုင္ပါတယ္။ Kompeito လို႔ေခၚတဲ့ ဂ်ပန္သၾကားလုံးတစ္မ်ိဳးကို ေျမျပင္ေပၚမွာ ျဖန႔္ႀကဲေပးၿပီး သူတို႔ကိုယ္တိုင္ လာစားေအာင္ ေကြၽးႏိုင္ပါတယ္။ Ghibli ႐ုပ္ရွင္ေတြမွာ ျပသထားခ်က္အရ ၾကပ္ခိုးေကာင္ေလးေတြဟာ ဒီဂ်ပန္သၾကားလုံးေတြကလြဲလို႔ တျခားဘယ္အစားအစာကိုမွ စားသုံးတာ မေတြ႕ရပါဘူး။

My Neighbor Totoro ထဲက ၾကပ္ခိုးေကာင္ေလးမ်ား

Me Neighbor Totoro ထဲမွာေတာ့ ဇာတ္လမ္းအစ Satsuki ၊ Mei နဲ႔ Tatsuo Kusakabe တို႔ သားအဖသုံးေယာက္ အိမ္ေျပာင္းလာတဲ့ အခ်ိန္မွာပဲ ၾကပ္ခိုးေကာင္ေလးေတြကို ျမင္ေတြ႕ခဲ့ရပါတယ္။ သူတို႔ရွိေနမွန္းကိုေတာ့ Mei ရဲ႕ လက္ေတြနဲ႔ Satsuki နဲ႔ Tatsuo တို႔ရဲ႕ ေျခေထာက္ေတြမွာ ၾကပ္ခိုးေတြ ေပက်ံေနတာကို ၾကည့္ရင္း သိခဲ့ရတာ ျဖစ္ပါတယ္။

Photo via ghibli.fandom

သူတို႔ဟာ အိမ္ရဲ႕ ေနရာအႏွံ႔မွာ ရွိေနၿပီး အလင္းေရာင္ ရွိတဲ့ေနရာကေန သူတို႔ႏွစ္သက္တဲ့ အေမွာင္ထဲကို တိုးဝင္ေျပးသြားေနၾကတာ ေတြ႕ခဲ့ရပါတယ္။ အေဆာ့သန္တဲ့ Mei ကေတာ့ ၾကပ္ခိုးေကာင္အခ်ိဳ႕ကို လိုက္ဖမ္းဖို႔ ႀကိဳးစားခဲ့ေသးေပမယ့္ Kusakabe မိသားစုဟာ လူေကာင္းေတြလို႔ ၾကပ္ခိုးေကာင္ေတြက သတ္မွတ္လိုက္ၾကတဲ့အတြက္ အျခားတစ္ေနရာကို ေျပာင္းေ႐ႊ႕သြားၾကပါတယ္။

Spirited Away ထဲက ၾကပ္ခိုးေကာင္ေလးမ်ား

Spirited Away ထဲမွာေတာ့ ၾကပ္ခိုးေကာင္ေလးေတြဟာ သူတို႔ႏွစ္သက္တဲ့ ၾကယ္ပုံစံ Kompeito သၾကားလုံးေလးေတြ စားသုံးရဖို႔ အျပန္အလွန္အေနနဲ႔ ေရခ်ိဳး႐ုံမွာ အလုပ္လုပ္ေပးေနၾကပါတယ္။ Kamaji ရဲ႕ ဘြိဳင္လာအခန္းအတြက္ မီးအားေပးႏိုင္ဖို႔ သူတို႔ဟာ မီးေသြးတုံးေလးေတြကို သယ္ယူေပးၾကရတာ ျဖစ္ပါတယ္။

ၾကပ္ခိုးေကာင္ေလးေတြဟာ Chihiro အေပၚ ခင္မင္ရင္းႏွီးၾကပါတယ္။ Chihiro ဟာ ပထမအႀကိမ္ Kamaji နဲ႔ ေတြ႕ဆုံၿပီး အလုပ္မရဘဲ အျငင္းခံခဲ့ရတုန္းက သူမဟာ ၾကပ္ခိုးေကာင္ေလးေတြကို မီးေသြးတုံးေလးေတြ ကူညီသယ္ေပးခဲ့ပါတယ္။ ဒါေၾကာင့္လည္း မၾကာခင္မွာပဲ ၾကပ္ခိုးေကာင္ေလးေတြဟာ Chihiro ရဲ႕ ေျခေထာက္ပတ္လည္နားမွာ ဝန္းရံၿပီး မီးေသြးတုံးေတြ လာခ်ၾကပါေတာ့တယ္။

Photo via ghibli.fandom

Kamaji ဟာ Chihiro ကို ေဒါသထြက္တဲ့အခါမွာလည္း သူတို႔ဟာ Chihiro ရဲ႕အနားမွာ ဝန္းရံၿပီး ကာကြယ္ေပးၾကပါေသးတယ္။ Kamaji ကေတာ့ ၾကပ္ခိုးေကာင္ေတြကို အလုပ္ဆက္လုပ္ဖို႔ ေျပာခဲ့ၿပီး တကယ္လို႔ အလုပ္ဆက္မလုပ္ရင္ေတာ့ အခုလို ၾကပ္ခိုးေကာင္ျဖစ္ေနမယ့္ spell က ပ်က္ျပယ္ၿပီး အသက္မဲ့တဲ့ ၾကပ္ခိုးေတြပဲ ျဖစ္သြားလိမ့္မယ္လို႔ ၿခိမ္းေျခာက္ခဲ့ပါေသးတယ္။

ဒါကေတာ့ စတူဒီယို Ghibli က ဇာတ္ကားေတြမွာ ေတြ႕ရတဲ့ ၾကပ္ခိုးေကာင္ေလးေတြရဲ႕ စိတ္ဝင္စားစရာ အေၾကာင္းအရာအခ်ိဳ႕ပဲ ျဖစ္ပါတယ္။ ဒီလိုေဆာင္းပါးေတြ ဖတ္ရတာ ႏွစ္သက္ရင္ေတာ့ ဆံရစ္ဝိုင္းေပ့ခ်္ကို Like & Follow လုပ္ထားပါဦး။

Glasgow

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular