HomeCharacterသင်မသိလောက်သေးတဲ့ Spider-Man အကြောင်း စိတ်ဝင်စားစရာများ

သင်မသိလောက်သေးတဲ့ Spider-Man အကြောင်း စိတ်ဝင်စားစရာများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Spider-Man ဟာ Marvel ရဲ့စူပါဟီးရိုးဇာတ်ကောင်တွေထဲမှာ ဟိုးအရင်တည်းက အောင်မြင်ကျော်ကြားခဲ့တဲ့ ဇာတ်ကောင်တစ်ယောက်ဖြစ်ပြီးတော့ အအောင်မြင်ဆုံးဇာတ်ကောင်တွေထဲကတစ်ယောက်လို့တောင် ပြောလို့ရပါတယ်။ ၁၉၆၂ ခုနှစ်မှာထွက်ခဲ့တဲ့ Amazing Fantasy #15 ဆိုတဲ့ကောမစ်မှာ ပထမဆုံး ပါဝင်ခဲ့တာဖြစ်ပြီးတော့ နောက်ပိုင်းမှာ တော်တော်လေးနာမည်ကြီးလာပြီးတော့ သူ့ရဲ့ပရိသတ်တွေဟာလည်း အများအပြားရှိလာခဲ့ပါတယ်။ အဲ့ဒါကြောင့် သူ့ရဲ့စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းတွေကို ဖော်ပြပေးချင်ပါတယ်။

Stan Lee ဟာ ယင်ကောင်တစ်ကောင်ကိုကြည့်ပြီးတော့ Spider-Man ကို ဖန်တီးဖို့အတွက် အကြံရခဲ့တာပါ။
photo via screenrant

လူကြိုက်များတဲ့ spidey ဟာ နံရံပေါ်မှာနားနေတဲ့ ယင်ကောင်တစ်ကောင်ကြောင့် ဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်။ Stan Lee ဟာ ၁၉၆၁ ခုနှစ်မှာဖန်တီးခဲ့တဲ့ Fantastic Four ဟာအောင်မြင်သွားပြီးတဲ့နောက်ပိုင်းမှာတော့ နောက်ထပ်တစ်နှစ်လုံးလုံး ဇာတ်ကောင်အသစ်ဖန်တီးဖို့ကို ဘာအကြံမှမရှိခဲ့ပါဘူး။ အဲ့လိုနဲ့တစ်ရက်မှာတော့ သူ့ရဲ့ရုံးခန်းထဲကို ယင်ကောင်တစ်ကောင်ဟာ ဝင်လာခဲ့ပြီးတော့ နံရံပေါ်မှာနားနေခဲ့ပါတယ်။ အဲ့ဒါကို သူဟာတွေ့သွားခဲ့ပြီးတော့ အဲ့လိုမျိုးနံရံတွေမှာကပ်ပြီး သွားလာနိုင်တဲ့ စူပါဟီးရိုးတစ်ယောက်ကို ဖန်တီးဖို့အတွက် အကြံရခဲ့ပါတယ်။

အဲ့လိုအကြံရသွားတဲ့အချိန်မှာတော့ ဇာတ်ကောင်အတွက် နာမည်ကိုတော်တော်စဉ်းစားခဲ့ရပြီး Spider-Man ဆိုတဲ့ နာမည်ကိုမစဉ်းစားမိခင်အထိ သူဟာ Stick-to-Wall Man ၊ Insect-Man ၊ Fly-Man နဲ့ Mosquito-Man တို့လိုနာမည်ပေးဖို့အတွက် စဉ်းစားခဲ့ပြီးတော့ နောက်ဆုံးမှာတော့ Spider-Man ဆိုတဲ့နာမည်ကို ကြိုက်နှစ်သက်သွားတာကြောင့် အဲ့ဒီနာမည်ကိုပဲ အသုံးပြုခဲ့ပါတယ်။ အဲ့ဒါတွေပြီးတဲ့နောက်မှာတော့ သူဟာ ဒီဇိုင်းဆွဲဆရာဆီကို သူလိုချင်တဲ့ပုံစံကိုပြောပြီးတော့ ရေးဆွဲခိုင်းခဲ့ပါတယ်။ ဒါပေမဲ့ ဒီဇာတ်ကောင်ကို ဖန်တီးဖို့အတွက် အစီအစဉ်ကိုတော့ တစ်ခြားသူတွေက သဘောမတူခဲ့ဘဲ ဒီလိုဇာတ်ကောင်မျိုးဟာ ဘယ်လိုမှမအောင်မြင်နိုင်ဘူးလို့တောင် ပြောခဲ့ကြပါသေးတယ်။

Peter Parker ဟာပထမဆုံး Spider-Man မဟုတ်ပါဘူး။
photo via screenrant

အပေါ်မှာ ဖော်ပြခဲ့သလို တစ်ခြားသူတွေဟာ Spider-Man ကိုဖန်တီးဖို့အတွက် သဘောမတူခဲ့ပါဘူး။ အကြောင်းကတော့ လူတွေတော်တော်များများဟာ ပင့်ကူတွေကိုမုန်းကြတဲ့အပြင် ဆယ်ကျော်သက်အရွယ်ကောင်လေးတွေဟာ အဲ့ဒီခေတ်တုန်းက တစ်ခြားဟီးရိုးတွေရဲ့ Sidekick အဖြစ်သာ ဖန်တီးခဲ့တာကြောင့်လည်း ပါပါတယ်။ ဒါပေမဲ့လည်း Stan Lee ဟာ အဲ့ဒါတွေကို ဂရုမစိုက်ဘဲနဲ့ ဒီဇာတ်ကောင်ကိုသာ ဖန်တီးဖို့အတွက်သာ ကြိုးစားနေခဲ့ပါတယ်။ အဲ့လိုနဲ့နောက်ပိုင်းမှာတော့ Spider-Man ဟာ ၁၉၆၃ ခုနှစ်မှာ သူ့ရဲ့ပထမဦးဆုံး တစ်ကိုယ်တော် ကောမစ်စီးရီးကို ထုတ်ဝေနိုင်ခဲ့ပါတယ်။

ဒါပေမဲ့လည်း အဲ့လိုတွေဖြစ်မလာခင်အချိန်တုန်းက Spider-Man ဆိုတာ ကျွန်တော်တို့အခုသိနေတဲ့ Spider-Man မဟုတ်ပါဘူး။ အဲ့ဒီအချိန်တုန်းက မကောင်းဆိုးဝါးလိုအကောင်ကြီးတွေရဲ့ဇာတ်ကားတွေဟာ ခေတ်စားနေတာကြောင့် စတင်ဖန်တီးခဲ့တဲ့အချိန်တုန်းက Spier-Man ဟာ တကယ့်ပင့်ကူအကောင်ကြီး ဖြစ်ပါတယ်။ Journey Into Mystery #73 ဆိုတဲ့ကောမစ်မှာတော့ အိမ်ထဲမှာ သူ့ဘာသာနေနေတဲ့ ပင့်ကူတစ်ကောင်ဟာ ရေဒီယိုသတ္တိကြွနေတဲ့ ရောင်ခြည်တွေနဲ့ ထိသွားပြီး လူတစ်ယောက်လိုစကားပြောတတ်တဲ့ ပင့်ကူအကြီးကြီး ဖြစ်သွားခဲ့ပါတယ်။ ဒါပေမဲ့လည်း ဝမ်းနည်းစရာကောင်းတာကတော့ အဲ့ဒီပင့်ကူကြီးဟာ ကောမစ်ရဲ့အဆုံးမှာတော့ အသတ်ခံလိုက်ရပါတယ်။ အဲ့လိုမျိုး အခြေအနေတွေအများကြီးကို ကျော်ဖြတ်ပြီးမှ ကျွန်တော်တို့သိတဲ့ Spider-Man ဆိုတာဖြစ်လာခဲ့တာပါ။ အဲ့ဒါကြောင့် Peter Parker ဟာပထမဦးဆုံး Spider-Man မဟုတ်တဲ့အပြင် Gwen Stacy နဲ့ Deadpool တို့လိုမျိုး တစ်ခြား Spider-Man ဖြစ်ခဲ့ဖူးတဲ့လူတွေ (၁၃) ယောက်လောက် ရှိပါသေးတယ်။

သူ့ရဲ့မိဘတွေဟာ S.H.I.E.L.D. အေးဂျင့်တွေ ဖြစ်ပါတယ်။
photo via screenrant

Peter Parker ရဲ့ မိဘတွေဟာ သူငယ်ငယ်တည်းက အသက်ဆုံးရှုံးသွားခဲ့တာဖြစ်ပြီး သူဟာ သူ့ရဲ့အဒေါ်ဖြစ်သူနဲ့အတူ နေထိုင်ခဲ့ရပါတယ်။ The Amazing Spider-Man ထဲမှာတော့ သူ့ရဲ့မိဘတွေကို သိပ္ပံပညာရှင်အဖြစ်နဲ့ ဖော်ပြထားခဲ့ပါတယ်။ ဒါပေမဲ့လည်း ကောမစ်ထဲမှာတော့ အဲ့လိုမျိုးမဟုတ်ခဲ့ဘဲနဲ့ သူ့ရဲ့မိဘတွေဟာ လျှို့ဝှက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ S.H.I.E.L.D. ရဲ့ အေးဂျင့်တွေ ဖြစ်ခဲ့ပါတယ်။

Peter Parker ကိုမွေးပြီးသိပ်မကြာခင်မှာဘဲ သူတို့နှစ်ယောက်လုံးဟာ အရေးကြီးတဲ့မစ်ရှင်တစ်ခုကြောင့် နှစ်ယောက်လုံးက ခရီးထွက်ခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ သူတို့စီးလာတဲ့လေယာဉ်ဟာ ပျက်ကျသွားပြီး အဲ့ဒီဖြစ်ရပ်နောက်ကွယ်မှာတော့ Red Skull ဟာပါဝင်ပတ်သက်နေခဲ့ပါတယ်။

သူ့ရဲ့ခန္ဓာကိုယ်ထဲမှာ ရှိသမျှအရည်တွေအကုန်လုံးဟာ ရေဒီယိုသတ္တိကြွနေပါတယ်။
photo via screenrant

Spider-Man ဟာရေဒီယိုသတ္တိကြွပင့်ကူကို ကိုက်ခံလိုက်ရတာကြောင့် သူ့ခန္ဓာကိုယ်ထဲက အရည်တွေအားလုံးဟာလည်း ရေဒီယိုသတ္တိကြွနေခဲ့ပါတယ်။ Reign လို့ခေါ်တဲ့ကောမစ်ထဲတစ်ခုထဲမှာဆိုရင် အဲ့ဒီအကြောင်းကို သေချာပြသွားပြီးတော့ အဲ့ဒီအဖြစ်အပျက်ဟာ alternate universe မှာဖြစ်ခဲ့တာပါ။ အဲ့ဒီအချိန်မှာတော့ သူဟာ Spider-Man အဖြစ်ကနေအနားယူပြီးတော့ ပန်းရောင်းပြီး အသက်မွေးကြောင်းပြုနေခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ နယူးယော့ခ်မြို့ကြီးဟာ အန္တရာယ်ကျရောက်လာတာကြောင့် သူဟာ Spider-Man အဖြစ်နဲ့ ထပ်ပြီးတော့ ကာကွယ်ခဲ့ရပါသေးတယ်။

အဲ့ဒီအချိန်မှာတော့ Mary Jane ကတော့ ကင်ဆာဖြစ်ပြီး အသက်ဆုံးရှုံးသွားခဲ့ပါတယ်။ သူမကင်ဆာရောဂါဖြစ်သွားရတဲ့အကြောင်းအရင်းကတော့ Spider-Man ကြောင့်ဖြစ်ပြီး သူ့ခန္ဓာကိုယ်ထဲက အရည်တွေဟာ ရေဒီယိုသတ္တိကြွနေတာကြောင့် ဖြစ်ပါတယ်။ အရည်တွေထဲမှာ သုတ်ရည်ဟာလည်း အပါအဝင်ဖြစ်ပြီး သူ့ရဲ့ရေဒီယိုသတ္တိကြွနေတဲ့ သုတ်ရည်ကြောင့်ပဲ MJ ဟာ ကင်ဆာရောဂါဖြစ်ပြီး အသက်ဆုံးရှုံးသွားခဲ့ရတာ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ သူကြောင့် MJ သေဆုံးသွားရတာကို သိလိုက်ရတဲ့အချိန်မှာတော့ MJ အလောင်းကို မြေကြီးထဲကပြန်တူးပြီး ရှိုက်ကြီးတငင်ငိုကြွေးပါတော့တယ်။

Leonardo DiCaprio ၊ Jake Gyllenhaal နဲ့  Robert Pattinson တို့ကလည်း Spider-Man ဖြစ်ဖို့အတွက် နီးစပ်ခဲ့ပါသေးတယ်။
photo via screenrant

Spider-Man ဇာတ်ကားကို စတင်ရိုက်ကူးဖို့အတွက် စီစဉ်ကြတဲ့အချိန်တုန်းက ဒါရိုက်တာ James Cameron နဲ့ Sony တို့က Spider-Man နေရာမှာသရုပ်ဆောင်ဖို့အတွက် Leonardo DiCaprio ကိုကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမဲ့လည်း သူဟာ အဲ့ဒီကမ်းလှမ်းမှုကို ငြင်းပယ်လိုက်တာကြောင့် သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းဖြစ်သူ Tobey Maguire ဟာ Spider-Man ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် Tobey ဟာ Spider-Man ဇာတ်လမ်းကို ဒုတိယမြောက်ကားအထိ သရုပ်ဆောင်ပြီးသွားတဲ့အချိန်မှာ သူ့ရဲ့ကျောဟာ ဒဏ်ရာရသွားတာကြောင့် သူ့နေရာမှာအစားထိုးဖို့အတွက် Jake Gyllenhaal ကိုရွေးချယ်ခဲ့ပါတယ်။

Jake ဟာ အဲ့ဒီဇာတ်ကောင်အတွက် လေ့ကျင့်ရေးတွေတောင်ဆင်းခဲ့ရပြီးတော့ ရုပ်ရှင်ကို ရိုက်ခံနီးအချိန်ရောက်မှ Tobey ဟာ ပြန်ပြီးကျန်းမာလာခဲ့တာကြောင့် Jake ဟာလည်း Spider-Man ဖြစ်ခွင့်မရခဲ့ပါဘူး။ အဲ့ဒီနောက်မှာတော့ The Amazing Spider-Man ကိုရိုက်ဖို့အတွက် သရုပ်ဆောင်ရွေးခဲ့တဲ့အချိန်မှာတော့ Robert Pattinson ဟာအတော်လေးကို နီးစပ်ခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အစီအစဉ်ပျက်သွားပြီး Andrew Garfield ဟာ Spider-Man ဖြစ်လာခဲ့ပါတယ်။ အဲ့ဒါတွေအပြင် Tobey သရုပ်ဆောင်ခဲ့တဲ့ Spider-Man ဇာတ်ကားတွေထဲမှာ Professor Octopus အဖြစ်နဲ့ Arnold Schwarzenegger ကိုထည့်သွင်းဖို့ စီစဉ်ခဲ့ကြပါသေးတယ်။

Michael Jackson ဟာ Spider-Man ဇာတ်ကောင်ကို ကြိုက်လွန်းတာကြောင့် Marvel ကိုဝယ်ဖို့တောင် ကြိုးစားခဲ့ဖူးပါသေးတယ်။
photo via screenrant

Michael Jackson ဟာ Spider-Man ရဲ့အမာခံပရိသတ်တစ်ယောက်ဖြစ်ပြီးတော့ Marvel ကိုဝယ်ဖို့အတွက်တောင် ကြိုးစားခဲ့ပါသေးတယ်။ အဲ့လိုလုပ်ချင်ရတဲ့အကြောင်းကတော့ Spider-Man ဇာတ်ကောင်နေရာမှာ သူကိုယ်တိုင်ဝင်ပြီးတော့ သရုပ်ဆောင်ချင်ခဲ့တာကြောင့် ဖြစ်ပါတယ်။ သူဟာ အစကတော့ ဒီအတိုင်း သရုပ်ဆောင်ဖို့အတွက် တောင်းဆိုခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ အဲ့ဒါကြောင့်ပဲ သူဟာ Spider-Man ဇာတ်ကောင်ရဲ့ မူပိုင်ခွင့်ကိုလည်း ဝယ်ဖို့အတွက် အကြိမ်ကြိမ်ကြိုးစားခဲ့ပါသေးတယ်။

ဒါပေမဲ့လည်း အဆင်မပြေခဲ့တာကြောင့် နောက်ဆုံးမှာတော့ သူဟာ Marvel ကုမ္ပဏီကြီးတစ်ခုလုံးကိုပါ ဝယ်ဖို့အတွက် ကြိုးစားခဲ့ပါတယ်။ သူဟာ တကယ်ဝယ်လိုက်နိုင်ခဲ့ရင် Spider-Man နေရာမှာဝင်ပြီး သရုပ်ဆောင်ဖို့ကို ဘယ်သူကမှ တားဆီးနိုင်တော့မှာ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း ကံမကောင်းစွာနဲ့ပဲ Marvel က သူ့ရဲ့ကုမ္ပဏီတစ်ခုလုံးအတွက် ဒေါ်လာ (၁) ဘီလျံကို တောင်းဆိုခဲ့ပါတယ်။ အဲ့ဒီငွေပမာဏဟာ တော်တော်လေးကို များပြီးတော့ သူ့အနေနဲ့မဝယ်နိုင်တဲ့အတွက်ကြောင့် နောက်ဆုံးမှာတော့ လက်လျှော့ခဲ့ရပါတော့တယ်။

Lego Les

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Spider-Man ဟာ Marvel ရဲ႕စူပါဟီး႐ိုးဇာတ္ေကာင္ေတြထဲမွာ ဟိုးအရင္တည္းက ေအာင္ျမင္ေက်ာ္ၾကားခဲ့တဲ့ ဇာတ္ေကာင္တစ္ေယာက္ျဖစ္ၿပီးေတာ့ အေအာင္ျမင္ဆုံးဇာတ္ေကာင္ေတြထဲကတစ္ေယာက္လို႔ေတာင္ ေျပာလို႔ရပါတယ္။ ၁၉၆၂ ခုႏွစ္မွာထြက္ခဲ့တဲ့ Amazing Fantasy #15 ဆိုတဲ့ေကာမစ္မွာ ပထမဆုံး ပါဝင္ခဲ့တာျဖစ္ၿပီးေတာ့ ေနာက္ပိုင္းမွာ ေတာ္ေတာ္ေလးနာမည္ႀကီးလာၿပီးေတာ့ သူ႔ရဲ႕ပရိသတ္ေတြဟာလည္း အမ်ားအျပားရွိလာခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ သူ႔ရဲ႕စိတ္ဝင္စားဖို႔ေကာင္းတဲ့ အေၾကာင္းေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

Stan Lee ဟာ ယင္ေကာင္တစ္ေကာင္ကိုၾကည့္ၿပီးေတာ့ Spider-Man ကို ဖန္တီးဖို႔အတြက္ အႀကံရခဲ့တာပါ။
photo via screenrant

လူႀကိဳက္မ်ားတဲ့ spidey ဟာ နံရံေပၚမွာနားေနတဲ့ ယင္ေကာင္တစ္ေကာင္ေၾကာင့္ ျဖစ္ေပၚလာခဲ့တာျဖစ္ပါတယ္။ Stan Lee ဟာ ၁၉၆၁ ခုႏွစ္မွာဖန္တီးခဲ့တဲ့ Fantastic Four ဟာေအာင္ျမင္သြားၿပီးတဲ့ေနာက္ပိုင္းမွာေတာ့ ေနာက္ထပ္တစ္ႏွစ္လုံးလုံး ဇာတ္ေကာင္အသစ္ဖန္တီးဖို႔ကို ဘာအႀကံမွမရွိခဲ့ပါဘူး။ အဲ့လိုနဲ႔တစ္ရက္မွာေတာ့ သူ႔ရဲ႕႐ုံးခန္းထဲကို ယင္ေကာင္တစ္ေကာင္ဟာ ဝင္လာခဲ့ၿပီးေတာ့ နံရံေပၚမွာနားေနခဲ့ပါတယ္။ အဲ့ဒါကို သူဟာေတြ႕သြားခဲ့ၿပီးေတာ့ အဲ့လိုမ်ိဳးနံရံေတြမွာကပ္ၿပီး သြားလာႏိုင္တဲ့ စူပါဟီး႐ိုးတစ္ေယာက္ကို ဖန္တီးဖို႔အတြက္ အႀကံရခဲ့ပါတယ္။

အဲ့လိုအႀကံရသြားတဲ့အခ်ိန္မွာေတာ့ ဇာတ္ေကာင္အတြက္ နာမည္ကိုေတာ္ေတာ္စဥ္းစားခဲ့ရၿပီး Spider-Man ဆိုတဲ့ နာမည္ကိုမစဥ္းစားမိခင္အထိ သူဟာ Stick-to-Wall Man ၊ Insect-Man ၊ Fly-Man နဲ႔ Mosquito-Man တို႔လိုနာမည္ေပးဖို႔အတြက္ စဥ္းစားခဲ့ၿပီးေတာ့ ေနာက္ဆုံးမွာေတာ့ Spider-Man ဆိုတဲ့နာမည္ကို ႀကိဳက္ႏွစ္သက္သြားတာေၾကာင့္ အဲ့ဒီနာမည္ကိုပဲ အသုံးျပဳခဲ့ပါတယ္။ အဲ့ဒါေတြၿပီးတဲ့ေနာက္မွာေတာ့ သူဟာ ဒီဇိုင္းဆြဲဆရာဆီကို သူလိုခ်င္တဲ့ပုံစံကိုေျပာၿပီးေတာ့ ေရးဆြဲခိုင္းခဲ့ပါတယ္။ ဒါေပမဲ့ ဒီဇာတ္ေကာင္ကို ဖန္တီးဖို႔အတြက္ အစီအစဥ္ကိုေတာ့ တစ္ျခားသူေတြက သေဘာမတူခဲ့ဘဲ ဒီလိုဇာတ္ေကာင္မ်ိဳးဟာ ဘယ္လိုမွမေအာင္ျမင္ႏိုင္ဘူးလို႔ေတာင္ ေျပာခဲ့ၾကပါေသးတယ္။

Peter Parker ဟာပထမဆုံး Spider-Man မဟုတ္ပါဘူး။
photo via screenrant

ေပၚမွာ ေဖာ္ျပခဲ့သလို တစ္ျခားသူေတြဟာ Spider-Man ကိုဖန္တီးဖို႔အတြက္ သေဘာမတူခဲ့ပါဘူး။ အေၾကာင္းကေတာ့ လူေတြေတာ္ေတာ္မ်ားမ်ားဟာ ပင့္ကူေတြကိုမုန္းၾကတဲ့အျပင္ ဆယ္ေက်ာ္သက္အ႐ြယ္ေကာင္ေလးေတြဟာ အဲ့ဒီေခတ္တုန္းက တစ္ျခားဟီး႐ိုးေတြရဲ႕ Sidekick အျဖစ္သာ ဖန္တီးခဲ့တာေၾကာင့္လည္း ပါပါတယ္။ ဒါေပမဲ့လည္း Stan Lee ဟာ အဲ့ဒါေတြကို ဂ႐ုမစိုက္ဘဲနဲ႔ ဒီဇာတ္ေကာင္ကိုသာ ဖန္တီးဖို႔အတြက္သာ ႀကိဳးစားေနခဲ့ပါတယ္။ အဲ့လိုနဲ႔ေနာက္ပိုင္းမွာေတာ့ Spider-Man ဟာ ၁၉၆၃ ခုႏွစ္မွာ သူ႔ရဲ႕ပထမဦးဆုံး တစ္ကိုယ္ေတာ္ ေကာမစ္စီးရီးကို ထုတ္ေဝႏိုင္ခဲ့ပါတယ္။

ဒါေပမဲ့လည္း အဲ့လိုေတြျဖစ္မလာခင္အခ်ိန္တုန္းက Spider-Man ဆိုတာ ကြၽန္ေတာ္တို႔အခုသိေနတဲ့ Spider-Man မဟုတ္ပါဘူး။ အဲ့ဒီအခ်ိန္တုန္းက မေကာင္းဆိုးဝါးလိုအေကာင္ႀကီးေတြရဲ႕ဇာတ္ကားေတြဟာ ေခတ္စားေနတာေၾကာင့္ စတင္ဖန္တီးခဲ့တဲ့အခ်ိန္တုန္းက Spier-Man ဟာ တကယ့္ပင့္ကူအေကာင္ႀကီး ျဖစ္ပါတယ္။ Journey Into Mystery #73 ဆိုတဲ့ေကာမစ္မွာေတာ့ အိမ္ထဲမွာ သူ႔ဘာသာေနေနတဲ့ ပင့္ကူတစ္ေကာင္ဟာ ေရဒီယိုသတၱိႂကြေနတဲ့ ေရာင္ျခည္ေတြနဲ႔ ထိသြားၿပီး လူတစ္ေယာက္လိုစကားေျပာတတ္တဲ့ ပင့္ကူအႀကီးႀကီး ျဖစ္သြားခဲ့ပါတယ္။ ဒါေပမဲ့လည္း ဝမ္းနည္းစရာေကာင္းတာကေတာ့ အဲ့ဒီပင့္ကူႀကီးဟာ ေကာမစ္ရဲ႕အဆုံးမွာေတာ့ အသတ္ခံလိုက္ရပါတယ္။ အဲ့လိုမ်ိဳး အေျခအေနေတြအမ်ားႀကီးကို ေက်ာ္ျဖတ္ၿပီးမွ ကြၽန္ေတာ္တို႔သိတဲ့ Spider-Man ဆိုတာျဖစ္လာခဲ့တာပါ။ အဲ့ဒါေၾကာင့္ Peter Parker ဟာပထမဦးဆုံး Spider-Man မဟုတ္တဲ့အျပင္ Gwen Stacy နဲ႔ Deadpool တို႔လိုမ်ိဳး တစ္ျခား Spider-Man ျဖစ္ခဲ့ဖူးတဲ့လူေတြ (၁၃) ေယာက္ေလာက္ ရွိပါေသးတယ္။

သူ႔ရဲ႕မိဘေတြဟာ S.H.I.E.L.D. ေအးဂ်င့္ေတြ ျဖစ္ပါတယ္။
photo via screenrant

Peter Parker ရဲ႕ မိဘေတြဟာ သူငယ္ငယ္တည္းက အသက္ဆုံးရႈံးသြားခဲ့တာျဖစ္ၿပီး သူဟာ သူ႔ရဲ႕အေဒၚျဖစ္သူနဲ႔အတူ ေနထိုင္ခဲ့ရပါတယ္။ The Amazing Spider-Man ထဲမွာေတာ့ သူ႔ရဲ႕မိဘေတြကို သိပၸံပညာရွင္အျဖစ္နဲ႔ ေဖာ္ျပထားခဲ့ပါတယ္။ ဒါေပမဲ့လည္း ေကာမစ္ထဲမွာေတာ့ အဲ့လိုမ်ိဳးမဟုတ္ခဲ့ဘဲနဲ႔ သူ႔ရဲ႕မိဘေတြဟာ လွ်ိဳ႕ဝွက္အဖြဲ႕အစည္းတစ္ခုျဖစ္တဲ့ S.H.I.E.L.D. ရဲ႕ ေအးဂ်င့္ေတြ ျဖစ္ခဲ့ပါတယ္။

Peter Parker ကိုေမြးၿပီးသိပ္မၾကာခင္မွာဘဲ သူတို႔ႏွစ္ေယာက္လုံးဟာ အေရးႀကီးတဲ့မစ္ရွင္တစ္ခုေၾကာင့္ ႏွစ္ေယာက္လုံးက ခရီးထြက္ခဲ့ရပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူတို႔စီးလာတဲ့ေလယာဥ္ဟာ ပ်က္က်သြားၿပီး အဲ့ဒီျဖစ္ရပ္ေနာက္ကြယ္မွာေတာ့ Red Skull ဟာပါဝင္ပတ္သက္ေနခဲ့ပါတယ္။

သူ႔ရဲ႕ခႏၶာကိုယ္ထဲမွာ ရွိသမွ်အရည္ေတြအကုန္လုံးဟာ ေရဒီယိုသတၱိႂကြေနပါတယ္။
photo via screenrant

Spider-Man ဟာေရဒီယိုသတၱိႂကြပင့္ကူကို ကိုက္ခံလိုက္ရတာေၾကာင့္ သူ႔ခႏၶာကိုယ္ထဲက အရည္ေတြအားလုံးဟာလည္း ေရဒီယိုသတၱိႂကြေနခဲ့ပါတယ္။ Reign လို႔ေခၚတဲ့ေကာမစ္ထဲတစ္ခုထဲမွာဆိုရင္ အဲ့ဒီအေၾကာင္းကို ေသခ်ာျပသြားၿပီးေတာ့ အဲ့ဒီအျဖစ္အပ်က္ဟာ alternate universe မွာျဖစ္ခဲ့တာပါ။ အဲ့ဒီအခ်ိန္မွာေတာ့ သူဟာ Spider-Man အျဖစ္ကေနအနားယူၿပီးေတာ့ ပန္းေရာင္းၿပီး အသက္ေမြးေၾကာင္းျပဳေနခဲ့ပါတယ္။ အဲ့ဒီေနာက္ပိုင္းမွာေတာ့ နယူးေယာ့ခ္ၿမိဳ႕ႀကီးဟာ အႏၲရာယ္က်ေရာက္လာတာေၾကာင့္ သူဟာ Spider-Man အျဖစ္နဲ႔ ထပ္ၿပီးေတာ့ ကာကြယ္ခဲ့ရပါေသးတယ္။

အဲ့ဒီအခ်ိန္မွာေတာ့ Mary Jane ကေတာ့ ကင္ဆာျဖစ္ၿပီး အသက္ဆုံးရႈံးသြားခဲ့ပါတယ္။ သူမကင္ဆာေရာဂါျဖစ္သြားရတဲ့အေၾကာင္းအရင္းကေတာ့ Spider-Man ေၾကာင့္ျဖစ္ၿပီး သူ႔ခႏၶာကိုယ္ထဲက အရည္ေတြဟာ ေရဒီယိုသတၱိႂကြေနတာေၾကာင့္ ျဖစ္ပါတယ္။ အရည္ေတြထဲမွာ သုတ္ရည္ဟာလည္း အပါအဝင္ျဖစ္ၿပီး သူ႔ရဲ႕ေရဒီယိုသတၱိႂကြေနတဲ့ သုတ္ရည္ေၾကာင့္ပဲ MJ ဟာ ကင္ဆာေရာဂါျဖစ္ၿပီး အသက္ဆုံးရႈံးသြားခဲ့ရတာ ျဖစ္ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူေၾကာင့္ MJ ေသဆုံးသြားရတာကို သိလိုက္ရတဲ့အခ်ိန္မွာေတာ့ MJ အေလာင္းကို ေျမႀကီးထဲကျပန္တူးၿပီး ရႈိက္ႀကီးတငင္ငိုေႂကြးပါေတာ့တယ္။

Leonardo DiCaprio ၊ Jake Gyllenhaal နဲ႔  Robert Pattinson တို႔ကလည္း Spider-Man ျဖစ္ဖို႔အတြက္ နီးစပ္ခဲ့ပါေသးတယ္။
photo via screenrant

Spider-Man ဇာတ္ကားကို စတင္႐ိုက္ကူးဖို႔အတြက္ စီစဥ္ၾကတဲ့အခ်ိန္တုန္းက ဒါ႐ိုက္တာ James Cameron နဲ႔ Sony တို႔က Spider-Man ေနရာမွာသ႐ုပ္ေဆာင္ဖို႔အတြက္ Leonardo DiCaprio ကိုကမ္းလွမ္းခဲ့ပါတယ္။ ဒါေပမဲ့လည္း သူဟာ အဲ့ဒီကမ္းလွမ္းမႈကို ျငင္းပယ္လိုက္တာေၾကာင့္ သူ႔ရဲ႕အခ်စ္ဆုံးသူငယ္ခ်င္းျဖစ္သူ Tobey Maguire ဟာ Spider-Man ျဖစ္လာခဲ့ပါတယ္။ ဒါ့အျပင္ Tobey ဟာ Spider-Man ဇာတ္လမ္းကို ဒုတိယေျမာက္ကားအထိ သ႐ုပ္ေဆာင္ၿပီးသြားတဲ့အခ်ိန္မွာ သူ႔ရဲ႕ေက်ာဟာ ဒဏ္ရာရသြားတာေၾကာင့္ သူ႔ရဲ႕အစားထိုးဖို႔အတြက္ Jake Gyllenhaal ကိုေ႐ြးခ်ယ္ခဲ့ပါတယ္။

Jake ဟာ အဲ့ဒီဇာတ္ေကာင္အတြက္ ေလ့က်င့္ေရးေတြေတာင္ဆင္းခဲ့ရၿပီးေတာ့ ႐ုပ္ရွင္ကို ႐ိုက္ခံနီးအခ်ိန္ေရာက္မွ Tobey ဟာ ျပန္ၿပီးက်န္းမာလာခဲ့တာေၾကာင့္ Jake ဟာလည္း Spider-Man ျဖစ္ခြင့္မရခဲ့ပါဘူး။ အဲ့ဒီေနာက္မွာေတာ့ The Amazing Spider-Man ကို႐ိုက္ဖို႔အတြက္ သ႐ုပ္ေဆာင္ေ႐ြးခဲ့တဲ့အခ်ိန္မွာေတာ့ Robert Pattinson ဟာအေတာ္ေလးကို နီးစပ္ခဲ့ေပမယ့္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အစီအစဥ္ပ်က္သြားၿပီး Andrew Garfield ဟာ Spider-Man ျဖစ္လာခဲ့ပါတယ္။ အဲ့ဒါေတြအျပင္ Tobey သ႐ုပ္ေဆာင္ခဲ့တဲ့ Spider-Man ဇာတ္ကားေတြထဲမွာ Professor Octopus အျဖစ္နဲ႔ Arnold Schwarzenegger ကိုထည့္သြင္းဖို႔ စီစဥ္ခဲ့ၾကပါေသးတယ္။

Michael Jackson ဟာ Spider-Man ဇာတ္ေကာင္ကို ႀကိဳက္လြန္းတာေၾကာင့္ Marvel ကိုဝယ္ဖို႔ေတာင္ ႀကိဳးစားခဲ့ဖူးပါေသးတယ္။
photo via screenrant

Michael Jackson ဟာ Spider-Man ရဲ႕အမာခံပရိသတ္တစ္ေယာက္ျဖစ္ၿပီးေတာ့ Marvel ကိုဝယ္ဖို႔အတြက္ေတာင္ ႀကိဳးစားခဲ့ပါေသးတယ္။ အဲ့လိုလုပ္ခ်င္ရတဲ့အေၾကာင္းကေတာ့ Spider-Man ဇာတ္ေကာင္ေနရာမွာ သူကိုယ္တိုင္ဝင္ၿပီးေတာ့ သ႐ုပ္ေဆာင္ခ်င္ခဲ့တာေၾကာင့္ ျဖစ္ပါတယ္။ သူဟာ အစကေတာ့ ဒီအတိုင္း သ႐ုပ္ေဆာင္ဖို႔အတြက္ ေတာင္းဆိုခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ပါဘူး။ အဲ့ဒါေၾကာင့္ပဲ သူဟာ Spider-Man ဇာတ္ေကာင္ရဲ႕ မူပိုင္ခြင့္ကိုလည္း ဝယ္ဖို႔အတြက္ အႀကိမ္ႀကိမ္ႀကိဳးစားခဲ့ပါေသးတယ္။

ဒါေပမဲ့လည္း အဆင္မေျပခဲ့တာေၾကာင့္ ေနာက္ဆုံးမွာေတာ့ သူဟာ Marvel ကုမၸဏီႀကီးတစ္ခုလုံးကိုပါ ဝယ္ဖို႔အတြက္ ႀကိဳးစားခဲ့ပါတယ္။ သူဟာ တကယ္ဝယ္လိုက္ႏိုင္ခဲ့ရင္ Spider-Man ေနရာမွာဝင္ၿပီး သ႐ုပ္ေဆာင္ဖို႔ကို ဘယ္သူကမွ တားဆီးႏိုင္ေတာ့မွာ မဟုတ္ပါဘူး။ ဒါေပမဲ့လည္း ကံမေကာင္းစြာနဲ႔ပဲ Marvel က သူ႔ရဲ႕ကုမၸဏီတစ္ခုလုံးအတြက္ ေဒၚလာ (၁) ဘီလ်ံကို ေတာင္းဆိုခဲ့ပါတယ္။ အဲ့ဒီေငြပမာဏဟာ ေတာ္ေတာ္ေလးကို မ်ားၿပီးေတာ့ သူ႔အေနနဲ႔မဝယ္ႏိုင္တဲ့အတြက္ေၾကာင့္ ေနာက္ဆုံးမွာေတာ့ လက္ေလွ်ာ့ခဲ့ရပါေတာ့တယ္။

Lego Les

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular