HomeCharacterSpider-Man ရဲ့ ပထမဆုံးဗားရှင်းဟာ အမျိူးသမီးတစ်ယောက်ပါ။

Spider-Man ရဲ့ ပထမဆုံးဗားရှင်းဟာ အမျိူးသမီးတစ်ယောက်ပါ။

Spider-Man ဟာ Marvel ကောမစ်ရဲ့ အအောင်မြင်ဆုံး ဇာတ်ကောင်တွေထဲက တစ်ယောက် ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Marvel ကောမစ်ရဲ့ ပထမဆုံး Spider-Man ဗားရှင်းကတော့ Peter Parker မဟုတ်ပါဘူး။ ပထမဆုံး ထွက်ရှိလာတဲ့ ဗားရှင်းကတော့ Spider Queen ဆိုတဲ့ဇာတ်ကောင်ပဲ ဖြစ်ပြီး သူမဟာ Peter Parker ဖြစ်မလာခင် နှစ်(၂၀)လောက်တည်းက Marvel ကောမစ်ထဲမှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။။

ကောမစ်ထဲမှာ‌တော့ Spider နဲ့ ပတ်သက်တဲ့ ဇာတ်ကောင်တေွ များစွာ ရှိပါတယ်။ ဒါကြောင့် Sony စတူဒီယိုကလည်း အဲဒီဇာတ်ကောင်တွေကို စုပေါင်းပြီး Into the Spider-Verse Franchise ကို ဖန်တီးနေပါတယ်။ နာမည်အကြီးဆုံး Spider-Man ဖြစ်တဲ့ Peter Parker ကိုတော့ ၁၉၆၂ ခုနှစ်မှာ Stan Lee နဲ့ Steve Ditko တို့က ဖန်တီးခဲ့ပါတယ်။ Spider Queen ကတော့ ၁၉၄၁ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Eagle #2 ကောမစ်ထဲမှာ စတင်ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။

photo via screenrant

Spider Queen ရဲ့ နာမည်အရင်းကတော့ Shannon Kane ပဲ ဖြစ်ပြီး သူမဟာ အမေရိကန်အစိုးရအတွက် အလုပ်လုပ်ပေးနေတဲ့ သိပ္ပံပညာရှင် တစ်ယောက်ပဲ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံရဲ့ ရန်သူတွေကတော့ Shannon ရဲ့ ခင်ပွန်းဖြစ်သူ Harry ကို သတ်ပစ်ခဲ့ပြီး သူ့ရဲ့စမ်းသပ်ချက်တွေ အားလုံးကို ခိုးယူသွားကြပါတယ်။ အဲဒီနောက်မှာတော့ Shannon ဟာ သူမရဲ့ခင်ပွန်း ဖန်တီးနေတဲ့ Spider-Web ဖော်မြူလာကို ရှာတွေ့ခဲ့ပါတယ်။

အဲဒီဖော်မြူလာကတော့ နံရံတွေမှာ ကပ်နေနိုင်တဲ့ ပင့်ကူမျှင်လိုအရာတွေ ထုတ်ပေးနိုင်ပြီး Shannon ကတော့ လက်ကောက်ဝတ်မှာ ဝတ်ရတဲ့ စက်ပစ္စည်းတစ်ခုကို တီထွင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အဲဒီဖော်မြူလာကို အသုံးပြုကာ Spider Queen ဆိုတဲ့ဟီးရိုး ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း အချိန်ခဏအတွင်းမှာပဲ သူမဟာ အမေ့လျော့ခံ ဇာတ်ကောင်တစ်ယောက် ဖြစ်သွားခဲ့ပါတယ်။ ဒီလိုနဲ့ နောက်ထပ် နှစ်ပေါင်း(၅၀)လောက် ကြာတဲ့အချိန်မှသာ Marvel ဟာ သူမကို ဝတ်စုံအသစ်နဲ့ ပုံစံအသစ်တွေ ပြုပြင်ခဲ့ပြီး ပြန်လည်အသုံးပြုခဲ့ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular