HomeEntertainmentFilmSpider-Man: Home Coming ထဲက MJ နေရာမှာ သရုပ်ဆောင်ရမယ်လို့ မသိခဲ့တဲ့ Zendaya

Spider-Man: Home Coming ထဲက MJ နေရာမှာ သရုပ်ဆောင်ရမယ်လို့ မသိခဲ့တဲ့ Zendaya

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Zendaya ဟာ Spider-Man: Home Coming အတွက် လူရွေးပွဲ ဝင်ပြိုင်ခဲ့တဲ့ အချိန်တုန်းက အရံဇာတ်ကောင်အနေနဲ့သာ ပါဝင်ရမယ်လို့ ထင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း တကယ်သရုပ်ဆောင်ရတဲ့အချိန်မှာတော့ Zendaya ဟာ အဓိက အမျိူးသမီး ဇာတ်ကောင်ဖြစ်တဲ့ MJ နေရာမှာ ပါဝင်ခဲ့ရပါတယ်။ Zendaya ကတော့ HBO ရဲ့ Euphoria ဇာတ်လမ်းတွဲထဲမှာလည်း အဓိကသရုပ်ဆောင်အနေနဲ့ ပါဝင်ခဲ့ပါတယ်။

အဲ့ဒီဇာတ်လမ်းတွဲနဲ့ပဲ သူမဟာ Emmy ဆုပေးပွဲမှာ အကောင်းဆုံး အမျိူးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့တဲ့ အသက်အငယ်ဆုံး မင်းသမီး ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် The Greatest Showman ၊ Dune နဲ့ Malcolm & Marie ရုပ်ရှင်တို့မှာလည်း ပါဝင်ထားပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီရုပ်ရှင်တွေမှာ သရုပ်မဆောင်ခင်တုန်းကတော့ သူမဟာ Spider-Man ထဲက MJ ဇာတ်ကောင်နဲ့ လူသိများလာခဲ့တာ ဖြစ်ပါတယ်။

photo via screenrant

Spider-Man ရုပ်ရှင်အတွက် လူရွေးပွဲပြိုင်နေတဲ့အချိန်တုန်းကတော့ သူမဟာ အခုလိုမျိူး အဓိကဇာတ်ကောင်နေရာမှာ ပါဝင်ရမယ် ဆိုတာကို မသိခဲ့ပါဘူးလို့ GQ မဂ္ဂဇင်းရဲ့ YouTube channel မှာ ပြောသွားခဲ့ပါတယ်။ Zendaya ဟာ ဒီရုပ်ရှင်အတွက် ဇာတ်ညွှန်းကိုတောင် မရရှိခဲ့ဘူးလို့ သိရပါတယ်။ ဒါပေမယ့်လည်း နောက်ဆုံးမှာတော့ သူမဟာ Spider-Man ရုပ်ရှင်ရဲ့ အဓိကအမျိူးသမီး ဇာတ်ကောင်နေရာမှာ ပါဝင်နိုင်ခဲ့ပါတယ်။

Zendaya ပြောသွားတဲ့ စကားအပြည့်အစုံကတော့ ” ကျွန်မတို့တွေဟာ ဇာတ်ညွှန်းကိုတောင် သိခွင့်မရခဲ့ပါဘူး။ ဒါပေမယ့်လည်း ကျွန်မမှာ အေးဂျင့်ကောင်းတွေ ရှိတာကြောင့် ဒီဇာတ်ညွှန်းတွေဟာ Spider-Man ရုပ်ရှင်အတွက် ဆိုတာ သိခဲ့ရပါတယ်။ ဒါပေမယ့်လည်း ကျွန်မ ဘယ်ဇာတ်ကောင်အတွက် ပြိုင်နေလည်း ဆိုတာကို မသိခဲ့ပါဘူး ” လို့ ပြောခဲ့ပါတယ်။

photo via screenrant

ဒါ့အပြင် ” Spider-Man ရုပ်ရှင်ထဲက ကောင်မလေး တစ်ယောက်အနေနဲ့ပဲ ပါဝင်ရမယ်လို့ ထင်ခဲ့တာပါ။ ကျွန်မ ဘယ်ဇာတ်ကောင်အတွက် ပြိုင်နေလည်း ဆိုတာကို မသိသလို ဘယ်လိုဇာတ်ကောင်မျိူး နေရာမှာ သရုပ်ဆောင်ရမယ် ဆိုတာကိုလည်း မသိခဲ့ရပါဘူး။ ဒီရုပ်ရှင်အတွက် အစမ်းရိုက်ကူးမှု စတင်တဲ့ အချိန်လောက်မှ MJ နေရာမှာ သရုပ်ဆောင်ရမယ် ဆိုတာကို သိခဲ့တာပါ ” လို့ ပရိသတ်တွေကို ပြောပြခဲ့ပါတယ်။

အသစ်ထွက်လာမယ့် Spider-Man 3 ထဲမှာလည်း Zendaya ဟာ MJ အနေနဲ့ ပြန်လည်ပါဝင်လာဦးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လောလောဆယ်မှာတော့ Spider-Man 3 ဟာ ပရိသတ်တွေ စိတ်လှုပ်ရှားစွာနဲ့ စောင့်မျှော်နေကြတဲ့ ရုပ်ရှင်တွေထဲက တစ်ကား ဖြစ်ပါတယ်။ ကိုဗစ်ကြောင့်သာ ရုံတင်ရက်ကို ထပ်မံရွှေ့ပြောင်းစရာ မလိုတော့ဘူး ဆိုရင်တော့ Spider-Man 3 ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ (၁၇) ရက်နေ့မှာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။

Legos

Source : Screenrant

(Zawgyi Version)

Zendaya ဟာ Spider-Man: Home Coming အတြက္ လူေ႐ြးပြဲ ဝင္ၿပိဳင္ခဲ့တဲ့ အခ်ိန္တုန္းက အရံဇာတ္ေကာင္အေနနဲ႔သာ ပါဝင္ရမယ္လို႔ ထင္ခဲ့ပါတယ္။ ဒါေပမယ့္လည္း တကယ္သ႐ုပ္ေဆာင္ရတဲ့အခ်ိန္မွာေတာ့ Zendaya ဟာ အဓိက အမ်ိဴးသမီး ဇာတ္ေကာင္ျဖစ္တဲ့ MJ ေနရာမွာ ပါဝင္ခဲ့ရပါတယ္။ Zendaya ကေတာ့ HBO ရဲ႕ Euphoria ဇာတ္လမ္းတြဲထဲမွာလည္း အဓိကသ႐ုပ္ေဆာင္အေနနဲ႔ ပါဝင္ခဲ့ပါတယ္။

အဲ့ဒီဇာတ္လမ္းတြဲနဲ႔ပဲ သူမဟာ Emmy ဆုေပးပြဲမွာ အေကာင္းဆုံး အမ်ိဴးသမီးဇာတ္ေဆာင္ဆုကို ရရွိခဲ့တဲ့ အသက္အငယ္ဆုံး မင္းသမီး ျဖစ္လာခဲ့ပါတယ္။ ဒါ့အျပင္ The Greatest Showman ၊ Dune နဲ႔ Malcolm & Marie ႐ုပ္ရွင္တို႔မွာလည္း ပါဝင္ထားပါတယ္။ ဒါေပမယ့္လည္း အဲ့ဒီ႐ုပ္ရွင္ေတြမွာ သ႐ုပ္မေဆာင္ခင္တုန္းကေတာ့ သူမဟာ Spider-Man ထဲက MJ ဇာတ္ေကာင္နဲ႔ လူသိမ်ားလာခဲ့တာ ျဖစ္ပါတယ္။

photo via screenrant

Spider-Man ႐ုပ္ရွင္အတြက္ လူေ႐ြးပြဲၿပိဳင္ေနတဲ့အခ်ိန္တုန္းကေတာ့ သူမဟာ အခုလိုမ်ိဴး အဓိကဇာတ္ေကာင္ေနရာမွာ ပါဝင္ရမယ္ ဆိုတာကို မသိခဲ့ပါဘူးလို႔ GQ မဂၢဇင္းရဲ႕ YouTube channel မွာ ေျပာသြားခဲ့ပါတယ္။ Zendaya ဟာ ဒီ႐ုပ္ရွင္အတြက္ ဇာတ္ၫႊန္းကိုေတာင္ မရရွိခဲ့ဘူးလို႔ သိရပါတယ္။ ဒါေပမယ့္လည္း ေနာက္ဆုံးမွာေတာ့ သူမဟာ Spider-Man ႐ုပ္ရွင္ရဲ႕ အဓိကအမ်ိဴးသမီး ဇာတ္ေကာင္ေနရာမွာ ပါဝင္ႏိုင္ခဲ့ပါတယ္။

Zendaya ေျပာသြားတဲ့ စကားအျပည့္အစုံကေတာ့ ” ကြၽန္မတို႔ေတြဟာ ဇာတ္ၫႊန္းကိုေတာင္ သိခြင့္မရခဲ့ပါဘူး။ ဒါေပမယ့္လည္း ကြၽန္မမွာ ေအးဂ်င့္ေကာင္းေတြ ရွိတာေၾကာင့္ ဒီဇာတ္ၫႊန္းေတြဟာ Spider-Man ႐ုပ္ရွင္အတြက္ ဆိုတာ သိခဲ့ရပါတယ္။ ဒါေပမယ့္လည္း ကြၽန္မ ဘယ္ဇာတ္ေကာင္အတြက္ ၿပိဳင္ေနလည္း ဆိုတာကို မသိခဲ့ပါဘူး ” လို႔ ေျပာခဲ့ပါတယ္။

photo via screenrant

ဒါ့အျပင္ ” Spider-Man ႐ုပ္ရွင္ထဲက ေကာင္မေလး တစ္ေယာက္အေနနဲ႔ပဲ ပါဝင္ရမယ္လို႔ ထင္ခဲ့တာပါ။ ကြၽန္မ ဘယ္ဇာတ္ေကာင္အတြက္ ၿပိဳင္ေနလည္း ဆိုတာကို မသိသလို ဘယ္လိုဇာတ္ေကာင္မ်ိဴး ေနရာမွာ သ႐ုပ္ေဆာင္ရမယ္ ဆိုတာကိုလည္း မသိခဲ့ရပါဘူး။ ဒီ႐ုပ္ရွင္အတြက္ အစမ္း႐ိုက္ကူးမႈ စတင္တဲ့ အခ်ိန္ေလာက္မွ MJ ေနရာမွာ သ႐ုပ္ေဆာင္ရမယ္ ဆိုတာကို သိခဲ့တာပါ ” လို႔ ပရိသတ္ေတြကို ေျပာျပခဲ့ပါတယ္။

အသစ္ထြက္လာမယ့္ Spider-Man 3 ထဲမွာလည္း Zendaya ဟာ MJ အေနနဲ႔ ျပန္လည္ပါဝင္လာဦးမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ ေလာေလာဆယ္မွာေတာ့ Spider-Man 3 ဟာ ပရိသတ္ေတြ စိတ္လႈပ္ရွားစြာနဲ႔ ေစာင့္ေမွ်ာ္ေနၾကတဲ့ ႐ုပ္ရွင္ေတြထဲက တစ္ကား ျဖစ္ပါတယ္။ ကိုဗစ္ေၾကာင့္သာ ႐ုံတင္ရက္ကို ထပ္မံေ႐ႊ႕ေျပာင္းစရာ မလိုေတာ့ဘူး ဆိုရင္ေတာ့ Spider-Man 3 ကို ၂၀၂၁ ခုႏွစ္ ဒီဇင္ဘာ (၁၇) ရက္ေန႔မွာ ၾကည့္ရႈရမွာ ျဖစ္ပါတယ္။

Legos

Source : Screenrant

RELATED ARTICLES

Most Popular