HomeEntertainmentFilmThe Boys: မသေဆုံးသေးဘဲ season 3 မှာ ပြန်လည်ပါဝင်နိုင်တဲ့ Stormfront

The Boys: မသေဆုံးသေးဘဲ season 3 မှာ ပြန်လည်ပါဝင်နိုင်တဲ့ Stormfront

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Stormfront ဟာ ဒုတိယ season ရဲ့ ဇာတ်သိမ်းမှာတော့ ဆိုးဆိုးရွားရွား အဖြစ်အပျက်နဲ့ သေဆုံးလုနီးပါး ဖြစ်သွားခဲ့ပါတယ်။ ဇာတ်လမ်းရဲ့ အဆုံးမှာတော့ Stormfront ဟာ မသေဆုံးသေဘဲ လုံခြုံတဲ့နေရာတစ်ခုမှာ ဖမ်းဆီးထားပါတယ် ဆိုပြီ‌တော့ Homelander က ပြောခဲ့ပါတယ်။

ဒါပေမယ့်လည်း Translucent ရဲ့အဖြစ်အပျက်တုန်းကလိုမျိူး တကယ်သေဆုံးသွားတာကို Vought က ဖုံးကွယ်ထားတာလား ဒါမှမဟုတ် တကယ်ပဲ မသေဆုံးသေးတာလား ဆိုတာကတော့ စဉ်းစားစရာ ဖြစ်လာခဲ့ပါတယ်။ ဇာတ်လမ်းထဲမှာ ပြသသွားတဲ့ ပုံစံကလည်း သူမကို သေသွားပြီလို့ လုံးဝ ယုံကြည်လို့မရတဲ့ ပုံစံမျိူးကို ပြသသွားခဲ့ပါတယ်။ အဲ့လိုပုံစံအစား Homelander က သူမရဲ့နှလုံးကို ဆွဲထုတ်ပြီး သတ်လိုက်တာမျိူးနဲ့ Neuman ကြောင့် ခေါင်းပေါက်ကွဲသွားတာမျိူးဆိုရင်တော့ သေသွားပြီဆိုပြီး ယုံကြည်လို့ရပါတယ်။

အဲ့ဒါကြောင့်ပဲ သူမဟာ တကယ်ကို သေဆုံးသွားပြီးလား ဒါမှမဟုတ် မသေဆုံးသေးဘဲ တတိယ season မှာ ပြန်လည်ပါဝင်လာမှာလား ဆိုတဲ့ မေးခွန်းတွေလည်း ရှိလာပါတော့တယ်။ သူမဟာ ဒုတိယ season မှာမှ အသစ်ပါဝင်လာသူ တစ်ယောက် ဖြစ်ပေမယ့်လည်း ပရိသတ်တွေကြားထဲမှာ အတော်လေး ရေပန်းစားနေတာကြောင့် season တစ်ခုတည်းနဲ့တော့ ပေးမသေနိုင်လောက်ပါဘူး။

ဒါ့အပြင် ဒီဇာတ်လမ်းကို ဖန်တီးသူ Eric Kripke လည်း Stormfront ဟာ အသက်ရှင်နေပါသေးတယ် ဆိုပြီးတော့ အတည်ပြုခဲ့ပါသေးတယ်။ အဲ့ဒါကြောင့်ပဲ မေးခွန်းတစ်ခုရဲ့ အဖြေကို ရသွားပေမယ့်လည်း သူမသာ အသက်ရှင်သေးတယ် ဆိုရင် တတိယ season မှာ ဘယ်လိုပုံစံမျိူးနဲ့ ပြန်လည်ပါဝင်လာမှာလည်း ဆိုတဲ့ မေးခွန်းလည်း ထပ်မံပေါ်ပေါက်လာခဲ့ပါတယ်။

Stormfront က ဘယ်လိုမျိူး အသက်ရှင်သန်နေနိုင်တာလဲ?
photo via screenrant

သူမဟာ အသက်ရှင်နိုင်တဲ့ အကြောင်းအရင်းကတော့ ကွန်ပေါင်းဗီ ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အဲ့ဒီဆေးရည်ကြောင့်ပဲ သူဟာ နှစ်တစ်ရာကျော်လောက် အသက်ရှင်နိုင်ခဲ့ပြီး ရောဂါတွေနဲ့ အသက်ကြီးခြင်းကလည်း သူမအပေါ်မှာ သက်ရောက်မှု မရှိပါဘူး။ ဒါ့အပြင် Homelander က သူမရဲ့ရင်ဘတ်ကို လေဆာနဲ့ပစ်တဲ့အချိန်တုန်းကလည်း သူမမှာ ပြန်လည်ကုသနိုင်စွမ်းရှိတယ်ဆိုတာကို သိခဲ့ရပါတယ်။

ဒါ့အပြင် ဒီဇာတ်လမ်းတွဲထဲမှာ သူမရဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို အပြည့်အစုံလည်း မပြသေးတာကြောင့် သူမဟာ တဖြည်းဖြည်းနဲ့ အဲ့ဒီအခြေအနေကနေ ပြန်လည်ကောင်းမွန်လာနိုင်ပါတယ်။ ပိုပြီးတော့ စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်တစ်ခုကတော့ ကောမစ်ထဲမှာ Vought ဟာ စူပါဟီးရိုးတစ်ယောက်ကို အသက်ပြန်ရှင်လာအောင် ပြုလုပ်ဖူးတာပဲ ဖြစ်ပါတယ်။ အဲ့ဒီအဖြစ်အပျက်ကတော့ Lamplighter ဟာ Mallory ရဲ့မြေးတွေရဲ့ အဖြစ်အပျက်အပြီးမှာ သေဆုံးသွားရာက စပါတယ်။

ဒါပေမယ့်လည်း Vought ဟာ သူ့ရဲ့အလောင်းကို သိမ်းထားခဲ့ပြီး အသက်ပြန်သွင်းခဲ့ပါတယ်။ ကံမကောင်းစွာနဲ့ပဲ သူ့တို့ရဲ့စမ်းသပ်မှုဟာ အနည်းငယ်မှားယွင်းသွားပြီး Lamplighter ဟာ အသက်ပြန်ရှင်လာပေမယ့်လည်း လူကောင်းတစ်ယောက်လိုမဟုတ်ဘဲ ဇွန်ဘီတစ်ယောက်လို ဖြစ်သွားခဲ့ပါတယ်။ LA ထဲမှာဆိုရင်တော့ Lamplighter ရဲ့အလောင်းဟာ Vought တာဝါဆီမှာ ရောက်နေပြီး ပုံပျက်ပန်းပျက် မီးလောင်ထားပေမယ့်လည်း ကောမစ်ထဲကလို အသက်ပြန်လည်သွင်းပေးနိုင်ပါတယ်။ အဲ့လိုမျိူး သေပြီးသား လူကိုတောင် အသက်ပြန်သွင်းပေးနိုင်မယ်ဆိုရင် Stormfront ကိုလည်း လူကောင်းတစ်ယောက်လို ပြန်ဖြစ်လာအောင် ပြုလုပ်ပေးနိုင်လောက်ပါတယ်။

Stormfront ဟာ season 3 မှာ ဘယ်လိုနေရာက ပြန်လည်ပါဝင်နိုင်မလဲ?
photo via screenrant

Stormfront ဟာ အသက်ရှင်သန်ခဲ့ပြီး လူကောင်းအတိုင်း ပြန်လည်ဖြစ်လာရင်တောင် Vought ဟာ သူမကို အရင်လိုမျိူး လူအများရှေ့မှာ ဟီးရိုးအဖြစ်နဲ့ အသုံးချလို့ မရတော့ပါဘူး။ အရင်ကလုပ်ခဲ့သလို နာမည်နဲ့ ပုံစံကို ပြောင်းလဲပြီး ပြန်လည်အသုံးချရင်တောင် အခုလိုတိုးတက်နေတဲ့ ခေတ်ကြီးမှာ ကြာကြာဖုံးကွယ်ထားလို့ရမှာ မဟုတ်ပါဘူး။ အဲ့ဒါကြောင့်ပဲ ဖြစ်နိုင်တာတစ်ခုကတော့ Vought ဟာ သူမကို ပြန်လည်ကျန်းမာအောင် ပြုလုပ်ပေးပြီး ဦးနှောက်ဆေးကာ သူတို့ရဲ့ လျှို့ဝှက်လုပ်ကြံသူတစ်ယောက်အနေနဲ့ အသုံးချလို့ရပါတယ်။

အဲ့ဒါကြောင့်ပဲ Vought ကို အန္တရာယ်ပေးနိုင်လောက်တဲ့သူတွေကို တိတ်တဆိတ်ရှင်းပစ်ဖို့အတွက် သူမကို အသုံးချလို့ ရသွားပါလိမ့်မယ်။ အဲ့လိုမျိူး Stormfront ကို ဦးနှောက်ဆေးခံထားရပြီး Vought ရဲ့ ရုပ်သေးရုပ်အဖြစ် မြင်ရမှာ စိတ်ဝင်စားဖို့ကောင်းပေမယ့်လည်း အဲ့ဒီပိုပြီးတော့ စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်တစ်ခု ရှိပါသေးတယ်။ အဲ့ဒါကတော့ သူမဟာ Vought ထိန်းချုပ်တာကို ခံနေရင်းနဲ့ တဖြည်းဖြည်း သူမရဲ့မှတ်ဉာဏ်တွေကို ပြန်လည်မှတ်မိသွားမှာပဲ ဖြစ်ပါတယ်။

အဲ့လိုမျိူး ဖြစ်သွားရင်တော့ သူမကို အခုလိုအခြေအနေဖြစ်အောင် လုပ်သွားတဲ့ လူတွေကို လက်စားချေမှာတော့ အသေအချာပဲ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပဲ သူမဟာ Vought ၊ Homelander ၊ Queen Maeve ၊ Ryan နဲ့ The Boys အဖွဲ့တွေကို သေချာပေါက် အမဲလိုက်တော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီတစ်ကြိမ်မှာတော့ အရင်ကလိုမျိူး ဆိုရှယ်မီဒီယာတွေကို အသုံးပြုပြီး လူထုတွေကို အသုံးချတာမျိူးတွေ မလုပ်တော့ဘဲ သူမရဲ့ရန်သူတွေကို ရှာဖွေသတ်ဖြတ်ဖို့ ကြိုးစားတော့မှာ ဖြစ်ပါတယ်။ တကယ်လို့ အဲ့ဒီအဖြစ်အပျက်တွေ ဖြစ်လာမယ်ဆိုရင်တော့ Stormfront ကို တကယ့် ဗီလိန်စစ်စစ်ကြီးအနေနဲ့ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ဒုတိယ season ရဲ့အဆုံးမှာတော့ The Boys အဖွဲ့သားတွေဟာ ဝရမ်းပြေးတွေ မဟုတ်တော့တာကြောင့် သူတို့တွေအကုန်လုံးဟာ ကိုယ့်ဘဝနဲ့ ကိုယ်လမ်းကိုယ် လျှောက်ကြတဲ့ပုံစံမျိူး ပြသသွားခဲ့ပါတယ်။ အပေါ်ကလို ခန့်မှန်းထားတဲ့အတိုင်းသာ တကယ်ဖြစ်လာပြီး Stormfront ဟာ မသေသေးဘဲ သူတို့တွေကို သတ်ဖို့အတွက် ကြိုးစားနေမယ်ဆိုရင် သူတို့အဖွဲ့ဟာ သေချာပေါက် ပြန်လည်စုစည်းရတော့မှာလည်း ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Stormfront ဟာ ဒုတိယ season ရဲ႕ ဇာတ္သိမ္းမွာေတာ့ ဆိုးဆိုး႐ြား႐ြား အျဖစ္အပ်က္နဲ႔ ေသဆုံးလုနီးပါး ျဖစ္သြားခဲ့ပါတယ္။ ဇာတ္လမ္းရဲ႕ အဆုံးမွာေတာ့ Stormfront ဟာ မေသဆုံးေသဘဲ လုံၿခဳံတဲ့ေနရာတစ္ခုမွာ ဖမ္းဆီးထားပါတယ္ ဆိုၿပီ‌ေတာ့ Homelander က ေျပာခဲ့ပါတယ္။

ဒါေပမယ့္လည္း Translucent ရဲ႕အျဖစ္အပ်က္တုန္းကလိုမ်ိဴး တကယ္ေသဆုံးသြားတာကို Vought က ဖုံးကြယ္ထားတာလား ဒါမွမဟုတ္ တကယ္ပဲ မေသဆုံးေသးတာလား ဆိုတာကေတာ့ စဥ္းစားစရာ ျဖစ္လာခဲ့ပါတယ္။ ဇာတ္လမ္းထဲမွာ ျပသသြားတဲ့ ပုံစံကလည္း သူမကို ေသသြားၿပီလို႔ လုံးဝ ယုံၾကည္လို႔မရတဲ့ ပုံစံမ်ိဴးကို ျပသသြားခဲ့ပါတယ္။ အဲ့လိုပုံစံအစား Homelander က သူမရဲ႕ႏွလုံးကို ဆြဲထုတ္ၿပီး သတ္လိုက္တာမ်ိဴးနဲ႔ Neuman ေၾကာင့္ ေခါင္းေပါက္ကြဲသြားတာမ်ိဴးဆိုရင္ေတာ့ ေသသြားၿပီဆိုၿပီး ယုံၾကည္လို႔ရပါတယ္။

အဲ့ဒါေၾကာင့္ပဲ သူမဟာ တကယ္ကို ေသဆုံးသြားၿပီးလား ဒါမွမဟုတ္ မေသဆုံးေသးဘဲ တတိယ season မွာ ျပန္လည္ပါဝင္လာမွာလား ဆိုတဲ့ ေမးခြန္းေတြလည္း ရွိလာပါေတာ့တယ္။ သူမဟာ ဒုတိယ season မွာမွ အသစ္ပါဝင္လာသူ တစ္ေယာက္ ျဖစ္ေပမယ့္လည္း ပရိသတ္ေတြၾကားထဲမွာ အေတာ္ေလး ေရပန္းစားေနတာေၾကာင့္ season တစ္ခုတည္းနဲ႔ေတာ့ ေပးမေသႏိုင္ေလာက္ပါဘူး။

ဒါ့အျပင္ ဒီဇာတ္လမ္းကို ဖန္တီးသူ Eric Kripke လည္း Stormfront ဟာ အသက္ရွင္ေနပါေသးတယ္ ဆိုၿပီးေတာ့ အတည္ျပဳခဲ့ပါေသးတယ္။ အဲ့ဒါေၾကာင့္ပဲ ေမးခြန္းတစ္ခုရဲ႕ အေျဖကို ရသြားေပမယ့္လည္း သူမသာ အသက္ရွင္ေသးတယ္ ဆိုရင္ တတိယ season မွာ ဘယ္လိုပုံစံမ်ိဴးနဲ႔ ျပန္လည္ပါဝင္လာမွာလည္း ဆိုတဲ့ ေမးခြန္းလည္း ထပ္မံေပၚေပါက္လာခဲ့ပါတယ္။

Stormfront က ဘယ္လိုမ်ိဴး အသက္ရွင္သန္ေနႏိုင္တာလဲ?
photo via screenrant

သူမဟာ အသက္ရွင္ႏိုင္တဲ့ အေၾကာင္းအရင္းကေတာ့ ကြန္ေပါင္းဗီ ေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။ အဲ့ဒီေဆးရည္ေၾကာင့္ပဲ သူဟာ ႏွစ္တစ္ရာေက်ာ္ေလာက္ အသက္ရွင္ႏိုင္ခဲ့ၿပီး ေရာဂါေတြနဲ႔ အသက္ႀကီးျခင္းကလည္း သူမအေပၚမွာ သက္ေရာက္မႈ မရွိပါဘူး။ ဒါ့အျပင္ Homelander က သူမရဲ႕ရင္ဘတ္ကို ေလဆာနဲ႔ပစ္တဲ့အခ်ိန္တုန္းကလည္း သူမမွာ ျပန္လည္ကုသႏိုင္စြမ္းရွိတယ္ဆိုတာကို သိခဲ့ရပါတယ္။

ဒါ့အျပင္ ဒီဇာတ္လမ္းတြဲထဲမွာ သူမရဲ႕ လုပ္ေဆာင္ႏိုင္စြမ္းေတြကို အျပည့္အစုံလည္း မျပေသးတာေၾကာင့္ သူမဟာ တျဖည္းျဖည္းနဲ႔ အဲ့ဒီအေျခအေနကေန ျပန္လည္ေကာင္းမြန္လာႏိုင္ပါတယ္။ ပိုၿပီးေတာ့ စိတ္ဝင္စားဖို႔ေကာင္းတဲ့ အခ်က္တစ္ခုကေတာ့ ေကာမစ္ထဲမွာ Vought ဟာ စူပါဟီး႐ိုးတစ္ေယာက္ကို အသက္ျပန္ရွင္လာေအာင္ ျပဳလုပ္ဖူးတာပဲ ျဖစ္ပါတယ္။ အဲ့ဒီအျဖစ္အပ်က္ကေတာ့ Lamplighter ဟာ Mallory ရဲ႕ေျမးေတြရဲ႕ အျဖစ္အပ်က္အၿပီးမွာ ေသဆုံးသြားရာက စပါတယ္။

ဒါေပမယ့္လည္း Vought ဟာ သူ႔ရဲ႕အေလာင္းကို သိမ္းထားခဲ့ၿပီး အသက္ျပန္သြင္းခဲ့ပါတယ္။ ကံမေကာင္းစြာနဲ႔ပဲ သူ႔တို႔ရဲ႕စမ္းသပ္မႈဟာ အနည္းငယ္မွားယြင္းသြားၿပီး Lamplighter ဟာ အသက္ျပန္ရွင္လာေပမယ့္လည္း လူေကာင္းတစ္ေယာက္လိုမဟုတ္ဘဲ ဇြန္ဘီတစ္ေယာက္လို ျဖစ္သြားခဲ့ပါတယ္။ LA ထဲမွာဆိုရင္ေတာ့ Lamplighter ရဲ႕အေလာင္းဟာ Vought တာဝါဆီမွာ ေရာက္ေနၿပီး ပုံပ်က္ပန္းပ်က္ မီးေလာင္ထားေပမယ့္လည္း ေကာမစ္ထဲကလို အသက္ျပန္လည္သြင္းေပးႏိုင္ပါတယ္။ အဲ့လိုမ်ိဴး ေသၿပီးသား လူကိုေတာင္ အသက္ျပန္သြင္းေပးႏိုင္မယ္ဆိုရင္ Stormfront ကိုလည္း လူေကာင္းတစ္ေယာက္လို ျပန္ျဖစ္လာေအာင္ ျပဳလုပ္ေပးႏိုင္ေလာက္ပါတယ္။

Stormfront ဟာ season 3 မွာ ဘယ္လိုေနရာက ျပန္လည္ပါဝင္ႏိုင္မလဲ?
photo via screenrant

Stormfront ဟာ အသက္ရွင္သန္ခဲ့ၿပီး လူေကာင္းအတိုင္း ျပန္လည္ျဖစ္လာရင္ေတာင္ Vought ဟာ သူမကို အရင္လိုမ်ိဴး လူအမ်ားေရွ႕မွာ ဟီး႐ိုးအျဖစ္နဲ႔ အသုံးခ်လို႔ မရေတာ့ပါဘူး။ အရင္ကလုပ္ခဲ့သလို နာမည္နဲ႔ ပုံစံကို ေျပာင္းလဲၿပီး ျပန္လည္အသုံးခ်ရင္ေတာင္ အခုလိုတိုးတက္ေနတဲ့ ေခတ္ႀကီးမွာ ၾကာၾကာဖုံးကြယ္ထားလို႔ရမွာ မဟုတ္ပါဘူး။ အဲ့ဒါေၾကာင့္ပဲ ျဖစ္ႏိုင္တာတစ္ခုကေတာ့ Vought ဟာ သူမကို ျပန္လည္က်န္းမာေအာင္ ျပဳလုပ္ေပးၿပီး ဦးေႏွာက္ေဆးကာ သူတို႔ရဲ႕ လွ်ိဳ႕ဝွက္လုပ္ႀကံသူတစ္ေယာက္အေနနဲ႔ အသုံးခ်လို႔ရပါတယ္။

အဲ့ဒါေၾကာင့္ပဲ Vought ကို အႏၲရာယ္ေပးႏိုင္ေလာက္တဲ့သူေတြကို တိတ္တဆိတ္ရွင္းပစ္ဖို႔အတြက္ သူမကို အသုံးခ်လို႔ ရသြားပါလိမ့္မယ္။ အဲ့လိုမ်ိဴး Stormfront ကို ဦးေႏွာက္ေဆးခံထားရၿပီး Vought ရဲ႕ ႐ုပ္ေသး႐ုပ္အျဖစ္ ျမင္ရမွာ စိတ္ဝင္စားဖို႔ေကာင္းေပမယ့္လည္း အဲ့ဒီပိုၿပီးေတာ့ စိတ္ဝင္စားဖို႔ေကာင္းတဲ့ အခ်က္တစ္ခု ရွိပါေသးတယ္။ အဲ့ဒါကေတာ့ သူမဟာ Vought ထိန္းခ်ဳပ္တာကို ခံေနရင္းနဲ႔ တျဖည္းျဖည္း သူမရဲ႕မွတ္ဉာဏ္ေတြကို ျပန္လည္မွတ္မိသြားမွာပဲ ျဖစ္ပါတယ္။

အဲ့လိုမ်ိဴး ျဖစ္သြားရင္ေတာ့ သူမကို အခုလိုအေျခအေနျဖစ္ေအာင္ လုပ္သြားတဲ့ လူေတြကို လက္စားေခ်မွာေတာ့ အေသအခ်ာပဲ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူမဟာ Vought ၊ Homelander ၊ Queen Maeve ၊ Ryan နဲ႔ The Boys အဖြဲ႕ေတြကို ေသခ်ာေပါက္ အမဲလိုက္ေတာ့မွာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဒီတစ္ႀကိမ္မွာေတာ့ အရင္ကလိုမ်ိဴး ဆိုရွယ္မီဒီယာေတြကို အသုံးျပဳၿပီး လူထုေတြကို အသုံးခ်တာမ်ိဴးေတြ မလုပ္ေတာ့ဘဲ သူမရဲ႕ရန္သူေတြကို ရွာေဖြသတ္ျဖတ္ဖို႔ ႀကိဳးစားေတာ့မွာ ျဖစ္ပါတယ္။ တကယ္လို႔ အဲ့ဒီအျဖစ္အပ်က္ေတြ ျဖစ္လာမယ္ဆိုရင္ေတာ့ Stormfront ကို တကယ့္ ဗီလိန္စစ္စစ္ႀကီးအေနနဲ႔ ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။

ဒုတိယ season ရဲ႕အဆုံးမွာေတာ့ The Boys အဖြဲ႕သားေတြဟာ ဝရမ္းေျပးေတြ မဟုတ္ေတာ့တာေၾကာင့္ သူတို႔ေတြအကုန္လုံးဟာ ကိုယ့္ဘဝနဲ႔ ကိုယ္လမ္းကိုယ္ ေလွ်ာက္ၾကတဲ့ပုံစံမ်ိဴး ျပသသြားခဲ့ပါတယ္။ အေပၚကလို ခန႔္မွန္းထားတဲ့အတိုင္းသာ တကယ္ျဖစ္လာၿပီး Stormfront ဟာ မေသေသးဘဲ သူတို႔ေတြကို သတ္ဖို႔အတြက္ ႀကိဳးစားေနမယ္ဆိုရင္ သူတို႔အဖြဲ႕ဟာ ေသခ်ာေပါက္ ျပန္လည္စုစည္းရေတာ့မွာလည္း ျဖစ္ပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular