HomeEntertainmentFilmSuperman ကို အဓိကဦးစားပေးပြီး ဖန်တီးသွားမယ်ဆိုတဲ့ James Gunn

Superman ကို အဓိကဦးစားပေးပြီး ဖန်တီးသွားမယ်ဆိုတဲ့ James Gunn

DC စတူဒီယိုရဲ့ CEO အသစ်ဖြစ်တဲ့ James Gunn ကတော့ Superman ကို အဓိကဦးစားပေးပြီး ဖန်တီးသွားမယ်လို့ ပြောပါတယ်။ ယခုနှစ်အတွင်းမှာပဲ Warner Bros. စတူဒီယိုဟာ Discovery နဲ့ ပေါင်းစပ်သွားခဲ့ပြီး ဒီဖြစ်ရပ်ကြောင့်ပဲ DC စတူဒီယိုဟာလည်း ပြောင်းလဲမှုတွေများစွာ ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့်ပဲ DC ရဲ့ ပရောဂျက်အများစုဟာလည်း Cancel သွားကြပြီး အရေအတွက်ထက် အရည်အသွေးကို ဦးစားပေးသွားမယ့် ဆယ်နှစ်တာ Plan ကို ဖန်တီးသွားမယ်လို့လည်း ဆိုပါတယ်။

photo via screenrant

ယခုအချိန်မှာတော့ DC စတူဒီယိုဟာ Superman ကို ဦးစားပေးပြီး ဖန်တီးသွားမယ်လို့ James Gunn က ဆိုရှယ်မီဒီယာကနေ ပြောလိုက်ပါတယ်။ Black Adam ရုပ်ရှင်ရဲ့ Credit Scene ထဲမှာ Henry Cavill ရဲ့ Cameo ပါဝင်လာပြီးနောက်မှာတော့ Man of Steel 2 ကို ဖန်တီးနေတယ်ဆိုတဲ့ ကောလာဟလတွေလည်း ထွက်ရှိလာပါတယ်။ ဒါပေမယ့်လည်း နောက်ပိုင်းထွက်ရှိလာတဲ့ သတင်းတွေအရ DC စတူဒီယိုဟာ Pitch လုပ်လာတဲ့ Man of Steel 2 ရဲ့ ဇာတ်ညွှန်းကို ငြင်းပယ်ခဲ့ပြီး ယခုအချိန်ထိ အဲဒီရုပ်ရှင်အတွက် အစီအစဉ် မရှိသေးဘူးလို့ သိရပါတယ်။

Henry Cavill ဟာလည်း Superman ဇာတ်ကောင်မတိုင်ခင်မှာ အခြားဇာတ်ကောင်တွေများစွာအဖြစ် သရုပ်ဆောင်ခဲ့ဖူးပေမယ့်လည်း Superman အနေနဲ့ သရုပ်ဆောင်အပြီးမှာတော့ ပိုမိုအောင်မြင်လာပါတယ်။ အဲဒီနောက်မှာတော့ DC စတူဒီယိုရဲ့ အရှုပ်အရှင်းတွေကြားထဲမှာ ဒီဇာတ်ကောင်ကနေ ထွက်ခွာသွားခဲ့ပြီး Netflix ရဲ့ Witcher ဇာတ်လမ်းတွဲထဲမှာ ပါဝင်ခဲ့ပါတယ်။ ယခုအချိန်မှာတော့ Henry Cavill ဟာ Superman အနေနဲ့ ပြန်လာဖို့အတွက် Witcher ဇာတ်လမ်းတွဲကတောင် နှုတ်ထွက်သွားခဲ့ပါတယ်။

photo via screenrant

ယခုအချိန်မှာတော့ DCU ရဲ့ CEO အသစ်တွေ ဖြစ်တဲ့ James Gunn နဲ့ Peter Safran တို့ဟာ MCU ကို Kevin Feige က ဖန်တီးခဲ့သလိုမျိူး ဖန်တီးသွားဖို့ တာဝန်ကျလာပြီး Henry Cavill ရဲ့ Superman ကလည်း သူတို့ရဲ့ Plan ထဲမှာ အဓိကနေရာက ပါဝင်နေပါတယ်။ လောလောဆယ်မှာတော့ DCU ရဲ့ အနာဂတ်က သေချာရုပ်လုံးမပေါ်သေးပေမယ့်လည်း စိတ်ရှည်ရှည်နဲ့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular