HomeEntertainmentFilmA24 စတူဒီယိုရဲ့ နာမည်ကြီး ဝင်ငွေအများဆုံး ရုပ်ရှင်များ

A24 စတူဒီယိုရဲ့ နာမည်ကြီး ဝင်ငွေအများဆုံး ရုပ်ရှင်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

A24 စတူဒီယိုဟာ ၂၀၁၂ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာ ဖြစ်ပြီး ဘတ်ဂျက်နည်းနည်းနဲ့ ရုပ်ရှင်ကားကောင်းတွေ ဖန်တီးခဲ့တဲ့ စတူဒီယိုဆိုလည်း မမှားပါဘူး။ A24 ဟာ ဇာတ်လမ်း အမျိူးအစားပေါင်းစုံကို ထုတ်လုပ်ခဲ့ပြီး ဒီစတူဒီယိုရဲ့ ရုပ်ရှင်အများစုဟာ ရုပ်ရှင်ဝေဖန်ရေးသမားတွေနဲ့ ပရိသတ်တွေ အကြိုက်တွေ့ခဲ့ကြသလို ရုပ်ရှင်ထူးချွန်ဆုတွေလည်း ရရှိထားပါသေးတယ်။ ဒီတစ်ခါမှာတော့ A24 စတူဒီယိုက ထုတ်လုပ်ထားတဲ့ ဝင်ငွေအများဆုံး ရုပ်ရှင်တွေကို ဖော်ပြပေးချင်ပါတယ်။

(7) Ex Machina – ဒေါ်လာ (၃၆)သန်းကျော်
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၄ ခုနှစ်က ထွက်ရှိထားပြီး IMDb (7.7) ရရှိထားတဲ့အပြင် အော်စကာဆု တစ်ဆုပါ ရရှိထားပါသေးတယ်။ ဇာတ်လမ်းကတော့ Caleb Smith ဆိုတဲ့ လူငယ် ပရိုဂရမ်မာတစ်ယောက်ဟာ ထူးဆန်းတဲ့ သိပ္ပံပရောဂျက်တစ်ခုမှာ ပါဝင်ခွင့်ရသွားပါတယ်။ အဲ့ဒီပရောဂျက်ဟာ အမျိုးသမီးစက်ရုပ်နဲ့ A.I နည်းပညာကို စမ်းသပ်ရမှာဖြစ်ပြီး ဆန်းကြယ်တဲ့ နည်းပညာတိုးတက်မှုအောက်မှာ ဘယ်လိုအံ့ဩစရာတွေ ဖြစ်လာမလည်းဆိုတာ ကြည့်ရှုရမှာပါ။ သရုပ်ဆောင်တွေအနေနဲ့ Oscar Isaac ၊ Alicia Vikander နဲ့ Domhnall Gleeson တို့က အဓိက ပါဝင်ထားပါတယ်။

(6) The Witch – ဒေါ်လာ (၄၀)သန်းကျော်
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၅ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (6.9) ရရှိထားပါတယ်။ ဇာတ်လမ်းကိုတော့ အင်္ဂလန်နိုင်ငံရဲ့ (၁၇)ရာစုအချိန်မှာ ဖန်တီးထားတာ ဖြစ်ပါတယ်။ နယ်နှင်ဒဏ် ပေးခံထားရတဲ့ မိသားစုတစ်စုဟာ ကြီးမားတဲ့တောအုပ်ကြီးရဲ့ အစွန်အဖျားမှာ သီးသန့်နေထိုင်နေကြပါတယ်။ ဒါပေမယ့်လည်း သိပ်မကြာခင်မှာတော့ သူတို့မိသားစုလေးဟာ ဆိုးရွားတဲ့ ကံကြမ္မာကို ကြုံတွေ့ရပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Anya Taylor-Joy ၊ Ralph Ineson နဲ့ Kate Dickie တို့ ပါဝင်ထားပါတယ်။

(5) Midsommar – ဒေါ်လာ (၄၇)သန်းကျော်
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၉ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (7.1) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အတွဲတစ်တွဲဟာ ဆွီဒင်နိုင်ငံမှာရှိတဲ့ သူတို့သူငယ်ချင်းရဲ့ မွေးရပ်မြေဖြစ်တဲ့ ကျေးလက်ဒေသတစ်ခုကို သွားရောက် လည်ပတ်ခဲ့ပါတယ်။ အဲ့ဒီဒေသရဲ့ နွေရာသီမှာ ကျင်းပလေ့ရှိတဲ့ နာမည်ကြီးပွဲတစ်ခု ရှိတာကြောင့်လည်း သူတို့ဟာ သွားရောက် လည်ပတ်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီလို ပျော်စရာကောင်းတဲ့ ပွဲတော်ကြီးဟာ နောက်ပိုင်းမှာတော့ ထူးထူးဆန်းဆန်းနဲ့ ကြောက်စရာဖြစ်ရပ်တွေ ဖြစ်လာတဲ့အခါမှာတော့……။ အဓိက သရုပ်ဆောင်တွေအနေနဲ့ Florence Pugh ၊ Will Poulter ၊ Jack Reynor နဲ့ Isabelle Grill တို့က ပါဝင်ထားပါတယ်။

(4) Uncut Gems – ဒေါ်လာ (၅၀)သန်းကျော်
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၉ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (7.4) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ စကားပြောကောင်းတဲ့ ရတနာရောင်းသူတစ်ယောက်ဟာ အကြွေးပတ်လည်ဝိုင်းနေပါတယ်။ ဒါကြောင့်ပဲ သူ့ရဲ့ဘဝကို အကြီးကြီး ပြောင်းလဲသွားစေဖို့အတွက် အရာအားလုံးကို စွန့်လွှတ်ပြီး စွန့်စားဖို့အတွက် ဆုံးဖြတ်လိုက်ပါတော့တယ်။ Adam Sandler ၊ Julia Fox နဲ့ Idina Menzel တို့က အဓိကသရုပ်ဆောင်အနေနဲ့ ပါဝင်ထားပါတယ်။

(3) Moonlight – ဒေါ်လာ (၆၅)သန်းကျော်
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.4) ရရှိထားတဲ့အပြင် အော်စကာဆု သုံးခုတောင် ရရှိထားပါသေးတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Chiron လို့ခေါ်တဲ့ အာဖရိကန်၊ အမေရိကန်လူမျိူး တစ်ယောက်အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ မိခင်ဖြစ်သူကလည်း ဆေးစွဲနေသူတစ်ယောက် ဖြစ်ပြီး အခက်အခဲတွေကြားက သူ့ရဲ့ဘဝကို ဘယ်လိုဖြတ်သန်းသွားမလည်းဆိုတာ မြင်တွေ့ရမှာပါ။ ဒီရုပ်ရှင်ထဲမှာတော့ Chiron ကို ကလေးဘဝ၊ ဆယ်ကျော်သက်ဘဝနဲ့ လူကြီးဘဝတို့ကို ပြသသွားမှာ ဖြစ်ပြီး LGBTQ+ ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Alex Hibbert ၊ Ashton Sanders နဲ့ Trevante Rhodes တို့က အဓိက ပါဝင်ထားပါတယ်။

(2) Lady Bird – ဒေါ်လာ (၇၉)သန်းကျော်
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၇ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (7.4) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Christine ဆိုတဲ့ ဆယ်ကျော်သက်‌ ကောင်မလေးတစ်ယောက်ဟာ သူ့ဘဝမှာ အနိမ့်အမြင့်များစွာနဲ့ ရင်ဆိုင်ရပုံကို ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Saoirse Ronan ၊ Timothee Chalamet နဲ့ Laurie Metclf တို့က ပါဝင်ထားကာ အော်စကာဆု ငါးဆုအတွက် စံကာတင်စာရင်းဝင်ခဲ့တဲ့ ရုပ်ရှင်တစ်ကားလည်း ဖြစ်ပါတယ်။

(1) Hereditary – ဒေါ်လာ (၈၀)သန်းကျော်
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၈ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (7.3) ရရှိထားပါတယ်။ Annie Graham ဆိုတဲ့ အမျိုးသမီးတစ်ယောက်မှာ Charlie ဆိုတဲ့ (၁၃)နှစ်အရွယ် သမီးလေးနဲ့  Peter ဆိုတဲ့ (၁၆)နှစ်အရွယ် သားတစ်ယောက် ရှိပါတယ်။ Annie ရဲ့အမေ သေဆုံးသွားပြီးနောက်မှာတော့ သူတို့နေတဲ့အိမ်မှာ ထိတ်လန့်စရာ ဖြစ်ရပ်တွေ ဖြစ်လာပြီး Charlie အပေါ် မကောင်းတဲ့ လွှမ်းမိုးမှုတစ်ခုက အုပ်စိုးလာပါတော့တယ်။ Alex Wolff ၊ Milly Shapiro နဲ့ Toni Collette တို့က အဓိက သရုပ်ဆောင်တွေအနေနဲ့ ပါဝင်ထားပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

A24 စတူဒီယိုဟာ ၂၀၁၂ ခုႏွစ္မွာ စတင္တည္ေထာင္ခဲ့တာ ျဖစ္ၿပီး ဘတ္ဂ်က္နည္းနည္းနဲ႔ ႐ုပ္ရွင္ကားေကာင္းေတြ ဖန္တီးခဲ့တဲ့ စတူဒီယိုဆိုလည္း မမွားပါဘူး။ A24 ဟာ ဇာတ္လမ္း အမ်ိဴးအစားေပါင္းစုံကို ထုတ္လုပ္ခဲ့ၿပီး ဒီစတူဒီယိုရဲ႕ ႐ုပ္ရွင္အမ်ားစုဟာ ႐ုပ္ရွင္ေဝဖန္ေရးသမားေတြနဲ႔ ပရိသတ္ေတြ အႀကိဳက္ေတြ႕ခဲ့ၾကသလို ႐ုပ္ရွင္ထူးခြၽန္ဆုေတြလည္း ရရွိထားပါေသးတယ္။ ဒီတစ္ခါမွာေတာ့ A24 စတူဒီယိုက ထုတ္လုပ္ထားတဲ့ ဝင္ေငြအမ်ားဆုံး ႐ုပ္ရွင္ေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(7) Ex Machina – ေဒၚလာ (၃၆)သန္းေက်ာ္
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၂၀၁၄ ခုႏွစ္က ထြက္ရွိထားၿပီး IMDb (7.7) ရရွိထားတဲ့အျပင္ ေအာ္စကာဆု တစ္ဆုပါ ရရွိထားပါေသးတယ္။ ဇာတ္လမ္းကေတာ့ Caleb Smith ဆိုတဲ့ လူငယ္ ပ႐ိုဂရမ္မာတစ္ေယာက္ဟာ ထူးဆန္းတဲ့ သိပၸံပေရာဂ်က္တစ္ခုမွာ ပါဝင္ခြင့္ရသြားပါတယ္။ အဲ့ဒီပေရာဂ်က္ဟာ အမ်ိဳးသမီးစက္႐ုပ္နဲ႔ A.I နည္းပညာကို စမ္းသပ္ရမွာျဖစ္ၿပီး ဆန္းၾကယ္တဲ့ နည္းပညာတိုးတက္မႈေအာက္မွာ ဘယ္လိုအံ့ဩစရာေတြ ျဖစ္လာမလည္းဆိုတာ ၾကည့္ရႈရမွာပါ။ သ႐ုပ္ေဆာင္ေတြအေနနဲ႔ Oscar Isaac ၊ Alicia Vikander နဲ႔ Domhnall Gleeson တို႔က အဓိက ပါဝင္ထားပါတယ္။

(6) The Witch – ေဒၚလာ (၄၀)သန္းေက်ာ္
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၂၀၁၅ ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (6.9) ရရွိထားပါတယ္။ ဇာတ္လမ္းကိုေတာ့ အဂၤလန္ႏိုင္ငံရဲ႕ (၁၇)ရာစုအခ်ိန္မွာ ဖန္တီးထားတာ ျဖစ္ပါတယ္။ နယ္ႏွင္ဒဏ္ ေပးခံထားရတဲ့ မိသားစုတစ္စုဟာ ႀကီးမားတဲ့ေတာအုပ္ႀကီးရဲ႕ အစြန္အဖ်ားမွာ သီးသန႔္ေနထိုင္ေနၾကပါတယ္။ ဒါေပမယ့္လည္း သိပ္မၾကာခင္မွာေတာ့ သူတို႔မိသားစုေလးဟာ ဆိုး႐ြားတဲ့ ကံၾကမၼာကို ႀကဳံေတြ႕ရပါေတာ့တယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Anya Taylor-Joy ၊ Ralph Ineson နဲ႔ Kate Dickie တို႔ ပါဝင္ထားပါတယ္။

(5) Midsommar – ေဒၚလာ (၄၇)သန္းေက်ာ္
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၂၀၁၉ ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (7.1) ရရွိထားပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ အတြဲတစ္တြဲဟာ ဆြီဒင္ႏိုင္ငံမွာရွိတဲ့ သူတို႔သူငယ္ခ်င္းရဲ႕ ေမြးရပ္ေျမျဖစ္တဲ့ ေက်းလက္ေဒသတစ္ခုကို သြားေရာက္ လည္ပတ္ခဲ့ပါတယ္။ အဲ့ဒီေဒသရဲ႕ ေႏြရာသီမွာ က်င္းပေလ့ရွိတဲ့ နာမည္ႀကီးပြဲတစ္ခု ရွိတာေၾကာင့္လည္း သူတို႔ဟာ သြားေရာက္ လည္ပတ္ခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒီလို ေပ်ာ္စရာေကာင္းတဲ့ ပြဲေတာ္ႀကီးဟာ ေနာက္ပိုင္းမွာေတာ့ ထူးထူးဆန္းဆန္းနဲ႔ ေၾကာက္စရာျဖစ္ရပ္ေတြ ျဖစ္လာတဲ့အခါမွာေတာ့……။ အဓိက သ႐ုပ္ေဆာင္ေတြအေနနဲ႔ Florence Pugh ၊ Will Poulter ၊ Jack Reynor နဲ႔ Isabelle Grill တို႔က ပါဝင္ထားပါတယ္။

(4) Uncut Gems – ေဒၚလာ (၅၀)သန္းေက်ာ္
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၂၀၁၉ ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (7.4) ရရွိထားပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ စကားေျပာေကာင္းတဲ့ ရတနာေရာင္းသူတစ္ေယာက္ဟာ အေႂကြးပတ္လည္ဝိုင္းေနပါတယ္။ ဒါေၾကာင့္ပဲ သူ႔ရဲ႕ဘဝကို အႀကီးႀကီး ေျပာင္းလဲသြားေစဖို႔အတြက္ အရာအားလုံးကို စြန႔္လႊတ္ၿပီး စြန႔္စားဖို႔အတြက္ ဆုံးျဖတ္လိုက္ပါေတာ့တယ္။ Adam Sandler ၊ Julia Fox နဲ႔ Idina Menzel တို႔က အဓိကသ႐ုပ္ေဆာင္အေနနဲ႔ ပါဝင္ထားပါတယ္။

(3) Moonlight – ေဒၚလာ (၆၅)သန္းေက်ာ္
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၂၀၁၆ ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb (7.4) ရရွိထားတဲ့အျပင္ ေအာ္စကာဆု သုံးခုေတာင္ ရရွိထားပါေသးတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ Chiron လို႔ေခၚတဲ့ အာဖရိကန္၊ အေမရိကန္လူမ်ိဴး တစ္ေယာက္အေၾကာင္းကို ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ မိခင္ျဖစ္သူကလည္း ေဆးစြဲေနသူတစ္ေယာက္ ျဖစ္ၿပီး အခက္အခဲေတြၾကားက သူ႔ရဲ႕ဘဝကို ဘယ္လိုျဖတ္သန္းသြားမလည္းဆိုတာ ျမင္ေတြ႕ရမွာပါ။ ဒီ႐ုပ္ရွင္ထဲမွာေတာ့ Chiron ကို ကေလးဘဝ၊ ဆယ္ေက်ာ္သက္ဘဝနဲ႔ လူႀကီးဘဝတို႔ကို ျပသသြားမွာ ျဖစ္ၿပီး LGBTQ+ ႐ုပ္ရွင္တစ္ကား ျဖစ္ပါတယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Alex Hibbert ၊ Ashton Sanders နဲ႔ Trevante Rhodes တို႔က အဓိက ပါဝင္ထားပါတယ္။

(2) Lady Bird – ေဒၚလာ (၇၉)သန္းေက်ာ္
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၂၀၁၇ ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (7.4) ရရွိထားပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ Christine ဆိုတဲ့ ဆယ္ေက်ာ္သက္‌ ေကာင္မေလးတစ္ေယာက္ဟာ သူ႔ဘဝမွာ အနိမ့္အျမင့္မ်ားစြာနဲ႔ ရင္ဆိုင္ရပုံကို ပုံေဖာ္႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Saoirse Ronan ၊ Timothee Chalamet နဲ႔ Laurie Metclf တို႔က ပါဝင္ထားကာ ေအာ္စကာဆု ငါးဆုအတြက္ စံကာတင္စာရင္းဝင္ခဲ့တဲ့ ႐ုပ္ရွင္တစ္ကားလည္း ျဖစ္ပါတယ္။

(1) Hereditary – ေဒၚလာ (၈၀)သန္းေက်ာ္
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၂၀၁၈ ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (7.3) ရရွိထားပါတယ္။ Annie Graham ဆိုတဲ့ အမ်ိဳးသမီးတစ္ေယာက္မွာ Charlie ဆိုတဲ့ (၁၃)ႏွစ္အ႐ြယ္ သမီးေလးနဲ႔  Peter ဆိုတဲ့ (၁၆)ႏွစ္အ႐ြယ္ သားတစ္ေယာက္ ရွိပါတယ္။ Annie ရဲ႕အေမ ေသဆုံးသြားၿပီးေနာက္မွာေတာ့ သူတို႔ေနတဲ့အိမ္မွာ ထိတ္လန႔္စရာ ျဖစ္ရပ္ေတြ ျဖစ္လာၿပီး Charlie အေပၚ မေကာင္းတဲ့ လႊမ္းမိုးမႈတစ္ခုက အုပ္စိုးလာပါေတာ့တယ္။ Alex Wolff ၊ Milly Shapiro နဲ႔ Toni Collette တို႔က အဓိက သ႐ုပ္ေဆာင္ေတြအေနနဲ႔ ပါဝင္ထားပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular