HomeEntertainmentFilmSupernatural ဇာတ်လမ်းတွဲထဲက လူအများစု သတိမထားမိခဲ့တဲ့အလွဲများ

Supernatural ဇာတ်လမ်းတွဲထဲက လူအများစု သတိမထားမိခဲ့တဲ့အလွဲများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Supernatural ဇာတ်လမ်းတွဲဟာ လွန်ခဲ့တဲ့ (၁၅)နှစ်လောက်ကတည်းက CW ရုပ်သံလိုင်းက ပြသခဲ့တာ ဖြစ်ပါတယ်။ စစချင်းမှာတော့ Sam နဲ့ Dean တို့ဟာ မကောင်းဆိုးဝါးဝိဉာဉ်တွေနဲ့ သွေးစုပ်ဖုတ်ကောင်တွေလို အကောင်တွေကိုသာ အမဲလိုက်ခဲ့ကြပေမယ့်လည်း နောက်ပိုင်းမှာတော့ တဖြည်းဖြည်းနဲ့ angel တွေ၊ demon တွေပါ ပါလာတဲ့အပြင် ဘုရားသခင်အဆင့်ထိပါ ရောက်လာခဲ့ပါတယ်။ ဒီလိုမျိူး အချိန်တွေအကြာကြီး ဇာတ်လမ်းတွေ ဖန်တီးခဲ့ရတာကြောင့်  တစ်ချို့အသေးစိတ် နေရာလေးတွေမှာတော့ လွဲနေတာလေးတွေ ရှိပါတယ်။ အဲ့ဒါကြောင့် ဒီတစ်ခါမှာတော့ Supernatural ဇာတ်လမ်းတွဲထဲက လူအများစု သတိမထားမိခဲ့ကြတဲ့ အလွဲလေးတွေကို ဖော်ပြပေးချင်ပါတယ်။

Sam ရဲ့အသက်
photo via screenrant

ဇာတ်ကားအများစုမှာ ဇာတ်ကောင်တွေရဲ့ အသက်အရွယ်ဟာ တစ်ခါတစ်လေမှာ မှားယွင်းနေတာမျိူးတွေ ရှိတတ်ပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာလည်း Sam ရဲ့အသက်အရွယ်ဟာ အလားတူပဲ ဖြစ်သွားခဲ့ပါတယ်။ ဇာတ်လမ်းရဲ့အစမှာတော့ Sam ဟာ ဥပဒေကျောင်းကို တက်ရောက်တော့မယ်လို့ ဖော်ပြခဲ့ပါတယ်။ အမေရိကန်နိုင်ငံရဲ့ ပညာရေးစနစ်အရ ဥပဒေကျောင်းမတက်ခင် Bachelor ဘွဲ့တစ်ခုကို အရင်ယူရပါတယ်။ ဒါကြောင့် Sam ဟာ အဲ့ဒီ့အချိန်မှာ လေးနှစ်ကြာအောင် တက်ရောက်ရတဲ့ Bachelor ဘွဲ့ကို ယူပြီးသွားပြီလို့ ယူဆရမှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း နောက်ပိုင်းမှာတော့ Sam ဟာ ကောလိပ်တက်ဖို့အတွက် အိမ်ကနေ (၂)နှစ်လောက်ကြာအောင် ထွက်သွားခဲ့တယ်လို့ Dean က ပြောခဲ့ပါတယ်။ ဒီမှာတင် အချိန်ကွာဟမှု ဖြစ်နေပြီးတော့ Sam ရဲ့အသက်အရွယ်ဟာ အနည်းငယ် လွဲမှားနေခဲ့တာ ဖြစ်ပါတယ်။ ဇာတ်လမ်းတွဲရဲ့ ဖန်တီးသူတွေကလည်း အဲ့ဒီအချက်ဟာ မှားယွင်းသွားခဲ့ပါတယ်လို့ ဝန်ခံခဲ့ပြီး Sam ဟာ အခုထက် ပိုပြီးတော့ အသက်ငယ်ရမှာ ဖြစ်ပါတယ်လို့လည်း ပြောထားပါတယ်။

Dean ရဲ့အရပ်
photo via screenrant

Sam နဲ့ Dean တို့ ညီအစ်ကိုနှစ်ယောက်ဟာ လူတွေသေကြေကြတဲ့ နေရာတွေမှာ ပေါ်လာတတ်တာကြောင့် ရဲတွေနဲ့ FBI တွေကလည်း တစ်ချို့အခြေအနေတွေမှာ သူတို့ကို ဖမ်းထားခဲ့ဖူးပါတယ်။ ဒီလိုအခြေအနေတွေမှာ ရဲဌာနဟာ သူတို့ညီအစ်ကိုနှစ်ယောက်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို မှတ်တမ်းယူထားလေ့ ရှိပါတယ်။

အဆိုပါ မှတ်တမ်းတွေမှာတော့ Dean ရဲ့မှတ်တမ်းဟာ တစ်ခုနဲ့တစ်ခု မတူညီတာကို တွေ့ရပါတယ်။ ပထမတစ်ခုမှာတော့ သူ့ရဲ့ကိုယ်ရေးမှတ်တမ်းမှာ အရပ်(၆)ပေ (၄)လက်မနဲ့ အစိမ်းရောင်မျက်လုံး ရှိတယ်လို့ မှတ်တမ်းတင်ထားတာ တွေ့ရပါတယ်။ သို့ပေမယ့် နောက်တစ်ခုမှာတော့ အရပ်(၆)ပေ (၁)လက်မနဲ့ အပြာရောင်မျက်လုံးလို့ ဖော်ပြခဲ့ပြန်ပါတယ်။ တကယ်တော့ အဲ့ဒီမှတ်တမ်းနှစ်ခုလုံးဟာ တစ်ဝက်ဆီ မှန်နေတာပါ။ Dean ဟာ အရပ် (၆)ပေ (၁)လက်မနဲ့ အစိမ်းရောင်မျက်လုံး ရှိတာ ဖြစ်ပါတယ်။

Castiel နဲ့ တမန်တော်နှင်တဲ့ သင်္ကေတ
photo via screenrant

တမန်တော်နှင်တဲ့ သင်္ကေတဟာ တမန်တော်တွေဆီကနေ ကာကွယ်ပေးတဲ့ မန္တန်တစ်ခုလို့ ပြောလို့ရပါတယ်။ အဲ့ဒီသင်္ကေတကို တစ်ယောက်ယောက်က သွေးနဲ့ ရေးဆွဲလိုက်တဲ့အခါ အဲ့ဒီ့လူရဲ့အနားမှာရှိတဲ့ တမန်တော်တွေအကုန်လုံးဟာ ဝေးလံတဲ့နေရာကို ရောက်သွားကြပါတယ်။

များသောအားဖြင့်တော့ Sam နဲ့ Dean တို့က အဲ့ဒီသင်္ကေတကို အသုံးပြုလိုက်တဲ့အခါ Castiel ကပါ တစ်ခြားတမန်တော်တွေနဲ့အတူ တစ်ခြားနေရာတစ်ခုကို ရောက်သွားတတ်ပါတယ်။ ဒါပေမယ့်လည်း အပိုင်းတစ်ခုမှာ‌တော့ Castiel ကိုယ်တိုင်ဟာ အဲ့ဒီသင်္ကေတကို အသုံးပြုခဲ့ပြီးတော့ သူကတော့ ဘယ်ကိုမှ မရောက်သွားခဲ့ပါဘူး။ ဒါ့အပြင် အဲ့ဒီသင်္ကေတရဲ့ သက်ရောက်တဲ့ အကွာအဝေးကလည်း တစ်ပိုင်းနဲ့ တစ်ပိုင်းမှာ တူညီမှု မရှိတာကို တွေ့ရပါတယ်။

Henry Winchester
photo via screenrant

Winchester ညီအစ်ကိုနှစ်ယောက်ဟာ နတ်ပြည်နဲ့ ငရဲပြည်ကို သွားခဲ့ဖူးရုံသာမက တစ်ခြား universe တွေအပြင် အတိတ်ကိုလည်း အချိန်ခရီးသွားခဲ့ဖူးပါသေးတယ်။ ဒီအဖြစ်အပျက်တွေကို ပြသတဲ့အချိန်မှာ Sam နဲ့ Dean တို့ရဲ့ အဘိုးဖြစ်တဲ့ Henry နဲ့ ပတ်သက်ပြီးတော့ အလွဲတစ်ခု ဖြစ်သွားခဲ့ပါတယ်။

Henry နဲ့ John ရဲ့အတိတ်ကို ပြန်ပြခဲ့တဲ့ အခန်းတစ်ခုမှာတော့ Henry ဟာ John ကလေးဘဝကတည်းက မိသားစုကနေ ထွက်ခွာသွားတယ်လို့ ပြသခဲ့ပါတယ်။ ဒါပေမယ့်လည်း အချိန်ခရီးသွားတဲ့ အခန်းတစ်ခုကို ပြသတဲ့အချိန်မှာတော့ John ဟာ လူငယ်တစ်ယောက် ဖြစ်နေပါတယ်။ ဒါ့အပြင် Dean က “Henry ကို နှုတ်ဆက်တယ်လို့ ပြောလိုက်ပါ… ” လို့ပြောတဲ့အချိန်မှာတော့ John ကလည်း ပြောလိုက်မယ်လို့ ပြန်ဖြေခဲ့တာ တွေ့ရပါတယ်။

Winchester ညီအစ်ကိုနဲ့ ပြဇာတ်
photo via screenrant

ဒီဇာတ်လမ်းတွဲရဲ့ အစပိုင်းလောက်မှာတုန်းက Sam နဲ့ Dean တို့ဟာ သူတို့နှစ်ယောက်ရဲ့ စွန့်စားခန်းတွေကို စာအုပ်အဖြစ် ပြန်လည်ရေးပြီး ထုတ်ဝေနေတာကို သိသွားကြပါတယ်။ အဲ့ဒီနောက်မှာတော့ သူတို့ဟာ Chuck နဲ့ ပထမဆုံးတွေ့ဆုံခဲ့ပြီး ရှေ့ဖြစ်ဟောလို့ အထင်မှားခဲ့ကြပါတယ်။

ဒါ့အပြင် St. Alphoso ကျောင်းက ကျောင်းသားကျောင်းသူတွေဟာ အဲ့ဒီစာအုပ်ရဲ့ အမာခံပရိသတ်တွေ ဖြစ်နေပြီးတော့ Sam နဲ့ Dean ရဲ့အကြောင်းကို ပြဇာတ်ကဖို့အတွက် စီစဉ်ခဲ့ကြပါတယ်။ ဒီလိုနဲ့ ပြဇာတ်ကတဲ့အချိန်မှာတော့ သူတို့တွေဟာ Sam နဲ့ Dean ရဲ့ နောက်ဆုံးနာမည်တွေကိုပါ သိနေကြတာကို တွေ့ရပါတယ်။ Chuck ရဲ့ ပြောပြချက်မှာတော့ သူတို့ညီအစ်ကိုနှစ်ယောက်ရဲ့ နောက်ဆုံးနာမည်တွေကို စာအုပ်ထဲမှာ ထည့်မရေးထားဘူးလို့ ပြသခဲ့ပါတယ်။

ဒါကတော့ Supernatural ဇာတ်လမ်းတွဲထဲက ပရိသတ်တွေ သတိမပြုမိလိုက်တဲ့ အလွဲအချို့ ဖြစ်ပါတယ်။ စာဖတ်သူတို့ သတိထားမိတဲ့ အခြားအလွဲတွေ ရှိရင်လည်း ပြန်လည်မျှဝေခဲ့ပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Supernatural ဇာတ္လမ္းတြဲဟာ လြန္ခဲ့တဲ့ (၁၅)ႏွစ္ေလာက္ကတည္းက CW ႐ုပ္သံလိုင္းက ျပသခဲ့တာ ျဖစ္ပါတယ္။ စစခ်င္းမွာေတာ့ Sam နဲ႔ Dean တို႔ဟာ မေကာင္းဆိုးဝါးဝိဉာဥ္ေတြနဲ႔ ေသြးစုပ္ဖုတ္ေကာင္ေတြလို အေကာင္ေတြကိုသာ အမဲလိုက္ခဲ့ၾကေပမယ့္လည္း ေနာက္ပိုင္းမွာေတာ့ တျဖည္းျဖည္းနဲ႔ angel ေတြ၊ demon ေတြပါ ပါလာတဲ့အျပင္ ဘုရားသခင္အဆင့္ထိပါ ေရာက္လာခဲ့ပါတယ္။ ဒီလိုမ်ိဴး အခ်ိန္ေတြအၾကာႀကီး ဇာတ္လမ္းေတြ ဖန္တီးခဲ့ရတာေၾကာင့္  တစ္ခ်ိဳ႕အေသးစိတ္ ေနရာေလးေတြမွာေတာ့ လြဲေနတာေလးေတြ ရွိပါတယ္။ အဲ့ဒါေၾကာင့္ ဒီတစ္ခါမွာေတာ့ Supernatural ဇာတ္လမ္းတြဲထဲက လူအမ်ားစု သတိမထားမိခဲ့ၾကတဲ့ အလြဲေလးေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

Sam ရဲ႕အသက္
photo via screenrant

ဇာတ္ကားအမ်ားစုမွာ ဇာတ္ေကာင္ေတြရဲ႕ အသက္အ႐ြယ္ဟာ တစ္ခါတစ္ေလမွာ မွားယြင္းေနတာမ်ိဴးေတြ ရွိတတ္ပါတယ္။ ဒီဇာတ္လမ္းတြဲထဲမွာလည္း Sam ရဲ႕အသက္အ႐ြယ္ဟာ အလားတူပဲ ျဖစ္သြားခဲ့ပါတယ္။ ဇာတ္လမ္းရဲ႕အစမွာေတာ့ Sam ဟာ ဥပေဒေက်ာင္းကို တက္ေရာက္ေတာ့မယ္လို႔ ေဖာ္ျပခဲ့ပါတယ္။ အေမရိကန္ႏိုင္ငံရဲ႕ ပညာေရးစနစ္အရ ဥပေဒေက်ာင္းမတက္ခင္ Bachelor ဘြဲ႕တစ္ခုကို အရင္ယူရပါတယ္။ ဒါေၾကာင့္ Sam ဟာ အဲ့ဒီ့အခ်ိန္မွာ ေလးႏွစ္ၾကာေအာင္ တက္ေရာက္ရတဲ့ Bachelor ဘြဲ႕ကို ယူၿပီးသြားၿပီလို႔ ယူဆရမွာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ေနာက္ပိုင္းမွာေတာ့ Sam ဟာ ေကာလိပ္တက္ဖို႔အတြက္ အိမ္ကေန (၂)ႏွစ္ေလာက္ၾကာေအာင္ ထြက္သြားခဲ့တယ္လို႔ Dean က ေျပာခဲ့ပါတယ္။ ဒီမွာတင္ အခ်ိန္ကြာဟမႈ ျဖစ္ေနၿပီးေတာ့ Sam ရဲ႕အသက္အ႐ြယ္ဟာ အနည္းငယ္ လြဲမွားေနခဲ့တာ ျဖစ္ပါတယ္။ ဇာတ္လမ္းတြဲရဲ႕ ဖန္တီးသူေတြကလည္း အဲ့ဒီအခ်က္ဟာ မွားယြင္းသြားခဲ့ပါတယ္လို႔ ဝန္ခံခဲ့ၿပီး Sam ဟာ အခုထက္ ပိုၿပီးေတာ့ အသက္ငယ္ရမွာ ျဖစ္ပါတယ္လို႔လည္း ေျပာထားပါတယ္။

Dean ရဲ႕အရပ္
photo via screenrant

Sam နဲ႔ Dean တို႔ ညီအစ္ကိုႏွစ္ေယာက္ဟာ လူေတြေသေၾကၾကတဲ့ ေနရာေတြမွာ ေပၚလာတတ္တာေၾကာင့္ ရဲေတြနဲ႔ FBI ေတြကလည္း တစ္ခ်ိဳ႕အေျခအေနေတြမွာ သူတို႔ကို ဖမ္းထားခဲ့ဖူးပါတယ္။ ဒီလိုအေျခအေနေတြမွာ ရဲဌာနဟာ သူတို႔ညီအစ္ကိုႏွစ္ေယာက္နဲ႔ ပတ္သက္တဲ့ အခ်က္အလက္ေတြကို မွတ္တမ္းယူထားေလ့ ရွိပါတယ္။

အဆိုပါ မွတ္တမ္းေတြမွာေတာ့ Dean ရဲ႕မွတ္တမ္းဟာ တစ္ခုနဲ႔တစ္ခု မတူညီတာကို ေတြ႕ရပါတယ္။ ပထမတစ္ခုမွာေတာ့ သူ႔ရဲ႕ကိုယ္ေရးမွတ္တမ္းမွာ အရပ္(၆)ေပ (၄)လက္မနဲ႔ အစိမ္းေရာင္မ်က္လုံး ရွိတယ္လို႔ မွတ္တမ္းတင္ထားတာ ေတြ႕ရပါတယ္။ သို႔ေပမယ့္ ေနာက္တစ္ခုမွာေတာ့ အရပ္(၆)ေပ (၁)လက္မနဲ႔ အျပာေရာင္မ်က္လုံးလို႔ ေဖာ္ျပခဲ့ျပန္ပါတယ္။ တကယ္ေတာ့ အဲ့ဒီမွတ္တမ္းႏွစ္ခုလုံးဟာ တစ္ဝက္ဆီ မွန္ေနတာပါ။ Dean ဟာ အရပ္ (၆)ေပ (၁)လက္မနဲ႔ အစိမ္းေရာင္မ်က္လုံး ရွိတာ ျဖစ္ပါတယ္။

Castiel နဲ႔ တမန္ေတာ္ႏွင္တဲ့ သေကၤတ
photo via screenrant

တမန္ေတာ္ႏွင္တဲ့ သေကၤတဟာ တမန္ေတာ္ေတြဆီကေန ကာကြယ္ေပးတဲ့ မႏၲန္တစ္ခုလို႔ ေျပာလို႔ရပါတယ္။ အဲ့ဒီသေကၤတကို တစ္ေယာက္ေယာက္က ေသြးနဲ႔ ေရးဆြဲလိုက္တဲ့အခါ အဲ့ဒီ့လူရဲ႕အနားမွာရွိတဲ့ တမန္ေတာ္ေတြအကုန္လုံးဟာ ေဝးလံတဲ့ေနရာကို ေရာက္သြားၾကပါတယ္။

မ်ားေသာအားျဖင့္ေတာ့ Sam နဲ႔ Dean တို႔က အဲ့ဒီသေကၤတကို အသုံးျပဳလိုက္တဲ့အခါ Castiel ကပါ တစ္ျခားတမန္ေတာ္ေတြနဲ႔အတူ တစ္ျခားေနရာတစ္ခုကို ေရာက္သြားတတ္ပါတယ္။ ဒါေပမယ့္လည္း အပိုင္းတစ္ခုမွာ‌ေတာ့ Castiel ကိုယ္တိုင္ဟာ အဲ့ဒီသေကၤတကို အသုံးျပဳခဲ့ၿပီးေတာ့ သူကေတာ့ ဘယ္ကိုမွ မေရာက္သြားခဲ့ပါဘူး။ ဒါ့အျပင္ အဲ့ဒီသေကၤတရဲ႕ သက္ေရာက္တဲ့ အကြာအေဝးကလည္း တစ္ပိုင္းနဲ႔ တစ္ပိုင္းမွာ တူညီမႈ မရွိတာကို ေတြ႕ရပါတယ္။

Henry Winchester
photo via screenrant

Winchester ညီအစ္ကိုႏွစ္ေယာက္ဟာ နတ္ျပည္နဲ႔ ငရဲျပည္ကို သြားခဲ့ဖူး႐ုံသာမက တစ္ျခား universe ေတြအျပင္ အတိတ္ကိုလည္း အခ်ိန္ခရီးသြားခဲ့ဖူးပါေသးတယ္။ ဒီအျဖစ္အပ်က္ေတြကို ျပသတဲ့အခ်ိန္မွာ Sam နဲ႔ Dean တို႔ရဲ႕ အဘိုးျဖစ္တဲ့ Henry နဲ႔ ပတ္သက္ၿပီးေတာ့ အလြဲတစ္ခု ျဖစ္သြားခဲ့ပါတယ္။

Henry နဲ႔ John ရဲ႕အတိတ္ကို ျပန္ျပခဲ့တဲ့ အခန္းတစ္ခုမွာေတာ့ Henry ဟာ John ကေလးဘဝကတည္းက မိသားစုကေန ထြက္ခြာသြားတယ္လို႔ ျပသခဲ့ပါတယ္။ ဒါေပမယ့္လည္း အခ်ိန္ခရီးသြားတဲ့ အခန္းတစ္ခုကို ျပသတဲ့အခ်ိန္မွာေတာ့ John ဟာ လူငယ္တစ္ေယာက္ ျဖစ္ေနပါတယ္။ ဒါ့အျပင္ Dean က “Henry ကို ႏႈတ္ဆက္တယ္လို႔ ေျပာလိုက္ပါ… ” လို႔ေျပာတဲ့အခ်ိန္မွာေတာ့ John ကလည္း ေျပာလိုက္မယ္လို႔ ျပန္ေျဖခဲ့တာ ေတြ႕ရပါတယ္။

Winchester ညီအစ္ကိုနဲ႔ ျပဇာတ္
photo via screenrant

ဒီဇာတ္လမ္းတြဲရဲ႕ အစပိုင္းေလာက္မွာတုန္းက Sam နဲ႔ Dean တို႔ဟာ သူတို႔ႏွစ္ေယာက္ရဲ႕ စြန႔္စားခန္းေတြကို စာအုပ္အျဖစ္ ျပန္လည္ေရးၿပီး ထုတ္ေဝေနတာကို သိသြားၾကပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူတို႔ဟာ Chuck နဲ႔ ပထမဆုံးေတြ႕ဆုံခဲ့ၿပီး ေရွ႕ျဖစ္ေဟာလို႔ အထင္မွားခဲ့ၾကပါတယ္။

ဒါ့အျပင္ St. Alphoso ေက်ာင္းက ေက်ာင္းသားေက်ာင္းသူေတြဟာ အဲ့ဒီစာအုပ္ရဲ႕ အမာခံပရိသတ္ေတြ ျဖစ္ေနၿပီးေတာ့ Sam နဲ႔ Dean ရဲ႕အေၾကာင္းကို ျပဇာတ္ကဖို႔အတြက္ စီစဥ္ခဲ့ၾကပါတယ္။ ဒီလိုနဲ႔ ျပဇာတ္ကတဲ့အခ်ိန္မွာေတာ့ သူတို႔ေတြဟာ Sam နဲ႔ Dean ရဲ႕ ေနာက္ဆုံးနာမည္ေတြကိုပါ သိေနၾကတာကို ေတြ႕ရပါတယ္။ Chuck ရဲ႕ ေျပာျပခ်က္မွာေတာ့ သူတို႔ညီအစ္ကိုႏွစ္ေယာက္ရဲ႕ ေနာက္ဆုံးနာမည္ေတြကို စာအုပ္ထဲမွာ ထည့္မေရးထားဘူးလို႔ ျပသခဲ့ပါတယ္။

ဒါကေတာ့ Supernatural ဇာတ္လမ္းတြဲထဲက ပရိသတ္ေတြ သတိမျပဳမိလိုက္တဲ့ အလြဲအခ်ိဳ႕ ျဖစ္ပါတယ္။ စာဖတ္သူတို႔ သတိထားမိတဲ့ အျခားအလြဲေတြ ရွိရင္လည္း ျပန္လည္မွ်ေဝခဲ့ပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular