HomeEntertainmentFilmTargaryen အချို့ဟာ ဘာကြောင့် ရှေ့ဖြစ်ဟောအိပ်မက်တွေ မြင်မက်ကြတာလဲ?

Targaryen အချို့ဟာ ဘာကြောင့် ရှေ့ဖြစ်ဟောအိပ်မက်တွေ မြင်မက်ကြတာလဲ?

House of the Dragon ရဲ့ Season 1 ထဲမှာတော့ Targaryen တွေရဲ့ ရှေ့ဖြစ်ဟော အိပ်မက်တွေအကြောင်း ပါဝင်လာပါတယ်။ ဒါ့အပြင် အဲဒီအိပ်မက်အများစုဟာလည်း လက်တွေ့မှာ တကယ် ဖြစ်လာခဲ့ပါတယ်။ House of the Dragon ထဲမှာလည်း King Viserys ဟာ သူ့ရဲ့သားကို ထီးနန်းပေးအပ်လိုက်တယ်လို့ အိပ်မက်မက်ထားတာကြောင့် သူ့ရဲ့သမီးဖြစ်သူ Rhaenyra နဲ့ သူ့ရဲ့လသားအရွယ် သားဖြစ်သူတို့ကြားမှာ ဝေခွဲမရ ဖြစ်နေတာကို တွေ့ရပါတယ်။

Targaryen တွေဟာ ယခုလို ရှေ့ဖြစ်ဟောအိပ်မက်တွေကို မြင်မက်ကြတဲ့ အဖြစ်နိုင်ဆုံး အကြောင်းရင်းကတော့ Old Valyria ရဲ့ မှော်ပညာကြောင့်ပဲ ဖြစ်ပါလိမ့်မယ်။ Targaryen တွေရဲ့ ဘိုးဘေးတွေဟာ မှော်ပညာတွေကို လေ့လာသင်ယူခဲ့ကြပြီး အဲဒီအချက်ကြောင့်ပဲ Valyria ဟာ ပျက်စီးသွားတာလို့ သီအိုရီအချို့က ဆိုပါတယ်။ House Targaryen ဟာလည်း Dragonlord တင်မဟုတ်ဘဲ ပိုမိုသန်မာလာချင်တာကြောင့် ဒီမှော်ပညာတွေကို လေ့ကျင့်ခဲ့ကြတာ ဖြစ်နိုင်ပါတယ်။

photo via screenrant

House of the Dragon ထဲမှာတော့ အတည်မပြုထားပေမယ့်လည်း ဒီလိုရှေ့ဖြစ်ဟော အိပ်မက်တွေ မြင်မက်တဲ့စွမ်းရည်ဟာ သူတို့ရဲ့အသွေးအသားထဲမှာ ရှိနေပြီး ထူးခြားသူတွေက လက်ခံရရှိတာမျိူး ဖြစ်နိုင်ပါတယ်။ အနည်းဆုံးတော့ Targaryen တွေထဲမှာ Dreamer ငါးယောက်ခန့် ရှိခဲ့ပါတယ်။

ပထမဆုံးတစ်ယောက်ကတော့ Daenys the Dreamer ပဲ ဖြစ်ပြီး သူမဟာ Valyria ရဲ့ ပျက်စီးမှု ဖြစ်မလာခင် နှစ်အနည်းငယ်မှာ ကြိုတင်အိပ်မက်မက်ခဲ့တာ ဖြစ်ပါတယ်။ သူမဟာ အဲဒီအိပ်မက်ကို သူမရဲ့အဖေကို ပြောပြခဲ့ပြီးနောက် Targaryen တွေအားလုံး Dragonstone ဆီကို ပြောင်းရွှေ့ဖို့ သတိပေးခဲ့တာကြောင့် Targaryen တွေဟာ ရှင်သန်ရပ်တည်နိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

photo via screenrant

နောက်တစ်ယောက်ကတော့ Aegon the Conqueror ပဲ ဖြစ်ပြီး သူကတော့ White Walker တွေ တိုက်ခိုက်လာမယ့်အကြောင်း အိပ်မက်မက်ခဲ့ပါတယ်။ ဒီအိပ်မက်ကတော့ Game of Thrones ထဲမှာ တကယ်ဖြစ်လာပြီး Targaryen မျိူးနွယ်တွေ ဖြစ်တဲ့ Jon Snow နဲ့ Daenerys တို့က Night King ကို အနိုင်ယူခဲ့ကြပါတယ်။ Daeron the Drunken ကလည်း Baelor Targaryen ရဲ့ သေဆုံးမှုကို အိပ်မက်မက်ခဲ့ပါတယ်။ ဒါ့အပြင် Daenerys ဟာလည်း Iron Throne ဆီကို သွားနေတဲ့ အိပ်မက်ကို မြင်မက်ခဲ့ပြီး အဲဒီအိပ်မက်ထဲမှာတော့ Throne Room ထဲက အမိုးလည်း မရှိတော့ဘဲ နှင်းတွေသာ ကျနေခဲ့ပါတယ်။

GoT Season 8 ထဲမှာတော့ သူမရဲ့အိပ်မက်ဟာ တကယ်ဖြစ်လာပြီး ကောင်းကင်ပေါ်က ကျလာတဲ့ အဖြူရောင်အမှုန့်တွေဟာ နှင်းတွေ မဟုတ်ဘဲ King’s Landing ကို မီးလောင်တိုက်သွင်းထားတာကြောင့် ကျလာတဲ့ ပြာတွေ ဖြစ်နေပါတယ်။ House of the Dragon ထဲမှာလည်း King Viserys ဟာ သူ့ရဲ့အိပ်မက်ကို သံသယဝင်နေပေမယ့်လည်း နောက်ပိုင်းမှာတော့ တကယ် ဖြစ်လာမှာ ဖြစ်ပါတယ်။ King Viserys ရဲ့ သားဖြစ်သူ Aegon II က ထီးနန်းရသွားတဲ့ အချိန်မှာတော့ Dance of the Dragon ဆိုတဲ့ Targaryen ပြည်တွင်းစစ် ဖြစ်ပေါ်လာမှာပဲ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular