HomeCelebs Update NewsInternationalLeak တွေ ထွက်မလာအောင် Marvel စတူဒီယိုက ဘယ်လိုကာကွယ်သလဲ?

Leak တွေ ထွက်မလာအောင် Marvel စတူဒီယိုက ဘယ်လိုကာကွယ်သလဲ?

Marvel စတူဒီယိုရဲ့ Marvel Cinematic Universe ကတော့ ယခုအချိန်မှာ အလွန်ရေပန်းစားနေပြီး ကမ္ဘာအနှံ့မှာ သန်းနဲ့ချီတဲ့ ပရိသတ်များစွာလည်း ရရှိထားပါတယ်။ ၂၀၀၈ ခုနှစ်က စတင်ခဲ့တဲ့ MCU ဟာ အကြီးမားဆုံး Franchise တစ်ခုလည်း ဖြစ်နေပါပြီ။ MCU ပရောဂျက်တွေနဲ့ ပတ်သက်ပြီး လူသိများကြတာကတော့ ရုပ်ရှင်ထွက်မလာခင်မှာ Leak ပြီး ပေါက်ကြားတာမျိူးတွေ ဖြစ်မလာအောင် အလွန်တင်းကြပ်စွာ ကာကွယ်တာပဲ ဖြစ်ပါတယ်။

photo via screenrant

Marvel စတူဒီယိုဟာ Leak တွေ ဖြစ်မလာအောင် ဘယ်လိုကာကွယ်ထားလည်း ဆိုတဲ့အကြောင်းကိုတော့ The Hollywood Reporter သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ Marvel စတူဒီယိုကတော့ တွေ့ဆုံပွဲတွေမှာ တက်ရောက်လာတဲ့ ပရိသတ်တွေက Record ယူလို့မရအောင် လုံခြုံရေးအဖွဲ့တွေကို ပိုမိုငှားရမ်းထားပြီး သူတို့အသုံးပြုတဲ့ VFX House တွေကိုလည်း သေချာစိစစ်ပြီး ရွေးချယ်တယ်လို့ သိရပါတယ်။

ကိုဗစ်ရောဂါ စတင်ဖြစ်ပေါ်ကတည်းက Marvel ဟာ နဂိုကထက် VFX House တွေကို ပိုမိုအသုံးပြုခဲ့ရပြီး သူတို့ရဲ့ ပရောဂျက်တွေကိုလည်း တခြားသူတွေ မမြင်စေရပါဘူးဆိုတဲ့ စာချုပ်တွေမှာ လက်မှတ်ထိုးစေခဲ့ပါတယ်။ ဒါ့အပြင် ရုပ်ရှင်အဖွဲ့သားတွေကိုလည်း Spoiler တွေ မပြောမိအောင် လေ့ကျင့်မှုတွေ ပြုလုပ်ပေးခဲ့ပါသေးတယ်။ ဒါတင်မကသေးဘဲ Marvel စတူဒီယိုမှာလည်း Black Widow ဆိုတဲ့ အခန်းတစ်ခန်း ရှိပြီး အဲဒီအခန်းထဲမှာတော့ ဘာပြတင်းပေါက်မှ မရှိသလို အင်တာနက်လိုင်းတွေလည်း မမိအောင် ပြုလုပ်ထားပါတယ်။ ဒါကြောင့်ပဲ ဒီအခန်းထဲမှာ ဆွေးနွေးတဲ့ ကိစ္စတွေဟာ အပြင်ကို မပေါက်ကြားနိုင်တာ ဖြစ်ပါတယ်။

photo via screenrant

Marvel စတူဒီယိုဟာ Avengers: Endgame နဲ့ Infinity War တို့ကို ထုတ်လုပ်တုန်းကလည်း Leak တွေ ဖြစ်မလာအောင် တားဆီးခဲ့ပြီး ယခုနောက်ပိုင်းမှာတော့ တဖြည်းဖြည်းနဲ့ လုံခြုံရေးတွေ ပိုမိုတင်းကျပ်လာပါတယ်။ Spider-Man: No Way Home ထဲမှာလည်း Spider-Man သုံးယောက် ပါဝင်လာမယ့်ကိစ္စကို မပေါက်ကြားအောင် အတော်လေး ထိန်းချုပ်ခဲ့ပါသေးတယ်။ ဒါ့အပြင် နောက်ပိုင်းမှာတော့ Avengers: Secret Wars နဲ့ Kang Dynasty တို့ ထွက်လာဖို့လည်း ရှိသေးတာကြောင့် လုံခြုံရေးတွေကတော့ ပိုမိုတင်းကျပ်လာဦးမှာပဲ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular