HomeEntertainmentFilmTaylor Swift ကိုယ်တိုင် ရေးသားရိုက်ကူးထားတဲ့ All Too Well Short Film 

Taylor Swift ကိုယ်တိုင် ရေးသားရိုက်ကူးထားတဲ့ All Too Well Short Film 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Taylor Swift ရဲ့ ပရိသတ်တွေကတော့ သူမရဲ့ တေးသီချင်းတွေကို နားဆင်ရုံတင် မဟုတ်ဘဲ သူမကိုယ်တိုင် ရိုက်ကူးမယ့် ဇာတ်လမ်းတိုလေးတစ်ခုကိုလည်း ကြည့်ရှုရပါတော့မယ်။

မကြာသေးခင်ကပဲ Taylor Swift ဟာ သူမရဲ့ တွစ်တာစာမျက်နှာပေါ်ကနေ All Too Well: The Short Film ထွက်ရှိလာမယ်လို့ ကြေညာလိုက်ပါတယ်။ ဒီ Short Film ထဲမှာတော့ Teen Wolf နဲ့ The Maze Runner တို့မှာ ပါဝင်ခဲ့တဲ့ မင်းသားချော Dylan O’Brien နဲ့ The Strangers Things နဲ့ Fear Street တို့မှာ ပါဝင်ခဲ့တဲ့ မင်းသမီးလေး Sadie Sink တို့အပြင် Taylor Swift ကိုယ်တိုင်လည်း ပါဝင်လာမှာ ဖြစ်ပါတယ်။

Photo: taylorswift/ Instagram

သူမဟာ ပြီးခဲ့တဲ့ နှစ်တုန်းကတော့ Folklore နဲ့ Evermore အယ်လ်ဘမ်နှစ်ချပ်ကို ထွက်ရှိခဲ့ပါသေးတယ်။ ဒါကြောင့်ပဲ သူမဟာ ကိုဗစ်ကြောင့် လူတွေ စိတ်ဓာတ်ကျနေချိန်မှာ သီချင်းတွေနဲ့ အဖော်ပြုပေးခဲ့တဲ့ အဆိုတော်တစ်ယောက်လည်း ဖြစ်ပါတယ်။ အခုဆိုရင်တော့ သူမဟာ သီချင်းတွေနဲ့တင် မဟုတ်တော့ဘဲ Short Film နဲ့ပါ ပရိသတ်တွေကို ဖျော်ဖြေတော့မှာ ဖြစ်ပါတယ်။

Photo: sadiesink_/ Instagram

Taylor ဟာ တွစ်တာစာမျက်နှာပေါ်ကနေ  All Too Well: The Short Film အကြောင်းကို မကြာသေးခင်ကပဲ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။ ဒီ Short Film ဟာ Red အယ်လ်ဘမ်ထဲက All Too Well သီချင်းကို ဆိုလိုတာ ဖြစ်ပြီး Taylor Swift ကိုယ်တိုင်က ဒီ Short Film ကို ဇာတ်ညွှန်းရေးပြီး ရိုက်ကူးသွားမယ်လို့လည်း သိရပါတယ်။

Photo: dylianobrien/ Instagram

ထွေလာထဲမှာ မြင်တွေ့ခဲ့ရသလိုဆိုရင် ဒီ Short Film ဟာ နိုဝင်ဘာလ (၁၂)ရက်နေ့မှာ ထွက်ရှိလာမှာ ဖြစ်ပြီး (၁၀)မိနစ်ခန့် ကြာမြင့်မယ်လို့ သိရပါတယ်။ Taylor Swift ကတော့ သရုပ်ဆောင်ပိုင်းမှာလည်း အနည်းငယ် အတွေ့အကြုံရှိပြီး The Givers နဲ့ Valentine’s Day ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ခဲ့ဖူးပါတယ်။

 

View this post on Instagram

 

A post shared by Sadie Sink (@sadiesink_)

ဒီ Short Film မှာ ပါဝင်လာမယ့် Dylan O’Brien နဲ့ Sadie Sink တို့ကလည်း နာမည်ကြီး ဇာတ်ကောင်နေရာတွေမှာ ပါဝင်ခဲ့ဖူးကြသူတွေ ဖြစ်တာကြောင့် ဒီ Short Film ကတော့ ဘယ်လိုပုံစံမျိူး မြင်တွေ့ရမလည်းဆိုတာ စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။

Legos

Source: Screenrant

(Zawgyi Version)

Taylor Swift ရဲ့ ပရိသတ္ေတြကေတာ့ သူမရဲ့ ေတးသီခ်င္းေတြကို နားဆင္႐ုံတင္ မဟုတ္ဘဲ သူမကိုယ္တိုင္ ရိုက္ကူးမယ့္ ဇာတ္လမ္းတိုေလးတစ္ခုကိုလည္း ၾကည့္ရွုရပါေတာ့မယ္။

မၾကာေသးခင္ကပဲ Taylor Swift ဟာ သူမရဲ့ တြစ္တာစာမ်က္ႏွာေပၚကေန All Too Well: The Short Film ထြက္ရွိလာမယ္လို႔ ေၾကညာလိုက္ပါတယ္။ ဒီ Short Film ထဲမွာေတာ့ Teen Wolf နဲ႔ The Maze Runner တို႔မွာ ပါဝင္ခဲ့တဲ့ မင္းသားေခ်ာ Dylan O’Brien နဲ႔ The Strangers Things နဲ႔ Fear Street တို႔မွာ ပါဝင္ခဲ့တဲ့ မင္းသမီးေလး Sadie Sink တို႔အျပင္ Taylor Swift ကိုယ္တိုင္လည္း ပါဝင္လာမွာ ျဖစ္ပါတယ္။

Photo: taylorswift/ Instagram

သူမဟာ ၿပီးခဲ့တဲ့ ႏွစ္တုန္းကေတာ့ Folklore နဲ႔ Evermore အယ္လ္ဘမ္ႏွစ္ခ်ပ္ကို ထြက္ရွိခဲ့ပါေသးတယ္။ ဒါေၾကာင့္ပဲ သူမဟာ ကိုဗစ္ေၾကာင့္ လူေတြ စိတ္ဓာတ္က်ေနခ်ိန္မွာ သီခ်င္းေတြနဲ႔ အေဖာ္ျပဳေပးခဲ့တဲ့ အဆိုေတာ္တစ္ေယာက္လည္း ျဖစ္ပါတယ္။ အခုဆိုရင္ေတာ့ သူမဟာ သီခ်င္းေတြနဲ႔တင္ မဟုတ္ေတာ့ဘဲ Short Film နဲ႔ပါ ပရိသတ္ေတြကို ေဖ်ာ္ေျဖေတာ့မွာ ျဖစ္ပါတယ္။

Photo: sadiesink_/ Instagram

Taylor ဟာ တြစ္တာစာမ်က္ႏွာေပၚကေန  All Too Well: The Short Film အေၾကာင္းကို မၾကာေသးခင္ကပဲ ေဖာ္ျပလိုက္တာ ျဖစ္ပါတယ္။ ဒီ Short Film ဟာ Red အယ္လ္ဘမ္ထဲက All Too Well သီခ်င္းကို ဆိုလိုတာ ျဖစ္ၿပီး Taylor Swift ကိုယ္တိုင္က ဒီ Short Film ကို ဇာတ္ညႊန္းေရးၿပီး ရိုက္ကူးသြားမယ္လို႔လည္း သိရပါတယ္။

Photo: dylianobrien/ Instagram

ေထြလာထဲမွာ ျမင္ေတြ႕ခဲ့ရသလိုဆိုရင္ ဒီ Short Film ဟာ နိုဝင္ဘာလ (၁၂)ရက္ေန႔မွာ ထြက္ရွိလာမွာ ျဖစ္ၿပီး (၁၀)မိနစ္ခန႔္ ၾကာျမင့္မယ္လို႔ သိရပါတယ္။ Taylor Swift ကေတာ့ သ႐ုပ္ေဆာင္ပိုင္းမွာလည္း အနည္းငယ္ အေတြ႕အၾကဳံရွိၿပီး The Givers နဲ႔ Valentine’s Day ဆိုတဲ့ ႐ုပ္ရွင္ဇာတ္ကားေတြမွာ ပါဝင္ခဲ့ဖူးပါတယ္။

 

View this post on Instagram

 

A post shared by Sadie Sink (@sadiesink_)

ဒီ Short Film မွာ ပါဝင္လာမယ့္ Dylan O’Brien နဲ႔ Sadie Sink တို႔ကလည္း နာမည္ႀကီး ဇာတ္ေကာင္ေနရာေတြမွာ ပါဝင္ခဲ့ဖူးၾကသူေတြ ျဖစ္တာေၾကာင့္ ဒီ Short Film ကေတာ့ ဘယ္လိုပုံစံမ်ိဴး ျမင္ေတြ႕ရမလည္းဆိုတာ စိတ္ဝင္စားစရာပဲ ျဖစ္ပါတယ္။

Legos

Source: Screenrant

RELATED ARTICLES

Most Popular