HomeCelebs Update NewsInternationalJustin Bieber နဲ႔ Demi Lovato ကို ဘေလာ့လိုက္တဲ့ Taylor Swift

Justin Bieber နဲ႔ Demi Lovato ကို ဘေလာ့လိုက္တဲ့ Taylor Swift

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

Taylor Swift နဲ႔ Big Machine Records ၾကားက မူပိုင္ခြင့္ျပႆနာနဲ႔ ပတ္သက္ၿပီး အႏုပညာရွင္ေတြၾကားထဲမွာလည္း ဘက္ေရြးတာေတြ ျဖစ္ေနပါတယ္။ Taylor Swift ဘက္က ရပ္တည္သူေတြနဲ႔ Big Machine Records ရဲ႕ပိုင္ရွင္အသစ္ Scooter Braun ဘက္က ခုခံေျပာဆိုသူေတြနဲ႔ ႏွစျ္ခမ္းကြဲေနတာပါ။ အေျခအေနေတြက တျဖည္းျဖည္းနဲ႔ တင္းမာလာခ်ိန္မွာပဲ Taylor ဟာ သူမဘက္က မရပ္တည္တဲ့ အဆိုေတာ္ေတြရဲ႕အေကာင့္ေတြကို Spotify မွာ ဘေလာ့လိုက္တာ ျဖစ္ပါတယ္။

Scooter Braun နဲ႔ သူငယ္ခ်င္းျဖစ္ေနသူေတြဟာ Taylor ရဲ႕ သူငယ္ခ်င္းေတာ့ ဆက္မျဖစ္ႏိုင္ေတာ့ပါဘူး။ အသက္(၂၉)ႏွစ္ရိွၿပီျဖစ္တဲ့ ေပါ့ပ္စူပါစတား Taylor Swift  ဟာ အသက္(၂၆)ႏွစ္ ရိွၿပီျဖစ္တဲ့ Demi Lovato ၊ (၂၅)ႏွစ္ရိွၿပီျဖစ္တဲ့ Justin Bieber နဲ႔ (၃၀)ႏွစ္ရိွၿပီျဖစ္တဲ့ country အဆိုေတာ္ Kacey Musgraves တို႔ရဲ႕အေကာင့္ေတြကို သီခ်င္းေတြကို streaming နားေထာင္လို႔ရတဲ့ Spotify အက္ပလီေကးရွင္းမွာ ဘေလာ့လိုက္တာ ျဖစ္ပါတယ္။

Photo: flickr

ဒီသတင္းကေတာ့ Taylor ရဲ႕ Spotify app ေပၚက လႈပ္ရွားမႈေတြကို ၾကည့္ရႈလို႔ရတဲ့ “Taylor Swift Spotify” Twitter အေကာင့္ကေန သိရိွရတာ ျဖစ္ပါတယ္။ သူမနဲ႔ Scooter Braun ၾကားက မူပိုင္ခြင့္ကိစၥ ပဋိပကၡေတြ ေရခ်ိန္ျမင့္လာတာနဲ႔အမွ် Scooter ဘက္က ခုခံေျပာဆိုေပးသူအားလုံးနဲ႔ ေရစက္ျဖတ္လိုက္တဲ့ပုံ ေပၚပါတယ္။ အဆိုပါ ေဒတာေတြအရ သူမဟာ ဂီတသမား ေတာ္ေတာ္မ်ားမ်ားကို ဘေလာ့လိုက္ၿပီး ေလာေလာလတ္လတ္မွာေတာ့ Halsey ၊ Camila Cabello နဲ႔ Lana Del Rey တို႔ရဲ႕သီခ်င္းေတြကို နားေထာင္ေနတာကိုလည္း ေတြ႕ရတယ္လို႔ ဆိုပါတယ္။

Taylor က Demi ၊ Bieber နဲ႔ Musgraves တို႔ သုံးေယာက္ကို ပစ္မွတ္ထားလိုက္တာကေတာ့ Scooter ဘက္ကေန လူသိရွင္ၾကား ရပ္တည္ေပးခဲ့တာေၾကာင့္ ျဖစ္ပါတယ္။ Big Machine Records ကို ၀ယ္ယူသြားတဲ့ Scooter နဲ႔ ပတ္သက္လို႔ ပထမဆုံး ေခ်ပေျပာဆိုသူဟာ Justin Bieber ျဖစ္ၿပီး “ငါ့ကို နင္ရင္ဖြင့္ခြင့္ေပးခဲ့တဲ့ အခ်ိန္တည္းကစလို႔ Scooter ဟာ နင့္အတြက္ အၿမဲရိွေနခဲ့တာပါ။ ႏွစ္ေတြၾကာသြားေတာ့ ငါတို႔လည္း တစ္ေယာက္နဲ႔တစ္ေယာက္ မေတြ႕ျဖစ္၊ ရင္မဖြင့္ျဖစ္ၾကတာ ၾကာပါၿပီ။ နင္ကေတာ့ ဒီကိစၥကို ဆိုရွယ္မီဒီယာေပၚတင္ၿပီး Scooter ကို လူေတြမုန္းသြားေအာင္ လုပ္တာကေတာ့ မမွ်တဘူး”လို႔ သူ႔ရဲ႕ IG ပို႔စ္တစ္ခုမွာ ေရးသားခဲ့တာပါ။

Photo: wikipedia

Demi ကေတာ့ လက္ရိွ သူမရဲ႕management team အတြက္ အလုပ္လုပ္ေပးေနတဲ့ ဂီတနယ္ပယ္က နာမည္ႀကီး မန္ေနဂ်ာ Scooter ဘက္ကေန စာအရွည္ႀကီးေရးကာ ခုခံေပးခဲ့တာ ျဖစ္ပါတယ္။ သူမရဲ႕IG က ပို႔စ္မွာ “ဒီေလာကထဲက မေကာင္းတဲ့လူေတြနဲ႔ ကၽြန္မ ဆက္ဆံခဲ့ဖူးပါတယ္။ Scooter ဟာ အဲ့လိုမဟုတ္ပါဘူး။ သူဟာ လူေကာင္းတစ္ေယာက္ပါ။ ပုဂၢိဳလ္ေရးအရ ေျပာရရင္ ကၽြန္မဘ၀ထဲကို Scooter ၀င္လာခဲ့တာကို ကၽြန္မ ေပ်ာ္ရႊင္ႏွစ္သက္ပါတယ္။ မဆိုင္တဲ့လူကို ဆြဲထည့္ၿပီးေျပာတာေတြ၊ အႏိုင္က်င့္တာေတြ ေက်းဇူးျပဳၿပီး မလုပ္ၾကပါနဲ႔ေတာ့။ ကမာၻႀကီးေပၚမွာ ရိွေနတဲ့ အမုန္းတရားေတြနဲ႔တင္ လုံေလာက္ေနပါၿပီ”လို႔ ေရးသားခဲ့တာပါ။

Country အဆိုေတာ္ Kacey ကေတာ့ Taylor ကို မ်က္ႏွာခ်င္းဆိုင္ ရွင္းလုိ႔ရတယ္ဆိုၿပီး အပီခ်ဲထားတဲ့ Scooter Braun ရဲ႕ဇနီး Yael ေရးထားတဲ့ ပို႔စ္ကို Like ႏွိပ္သြားတာေၾကာင့္ ေ၀ဖန္ခံေနရတာ ျဖစ္ပါတယ္။

Justin Bieber နဲ႔ Scooter Braun
Photo: wikimedia commons

အက်ိတ္အနယ္ ဆူေလာင္ပြက္ေလာ ရိုက္ေနဆဲျဖစ္တဲ့ ဒီမူပိုင္ခြင့္ကိစၥဟာ ဇြန္လ(၃၀)ရက္ေန႔က Big Machine Records ကို Scooter Braun က ၀ယ္ယူသြားခ်ိန္မွာ စတင္ခဲ့တာ ျဖစ္ပါတယ္။ အဆိုပါ Big Machine Records ဟာ Taylor ရဲ႕ပထမဆုံး စတူဒီယိုအယ္လ္ဘမ္ကစလို႔ Reputation အယ္လ္ဘမ္အထိ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့တဲ့ Label ျဖစ္ၿပီး စုစုေပါင္း မာစတာအယ္လ္ဘမ္ (၆)ခ်ပ္ရဲ႕ မူပိုင္ခြင့္ေတြကို ပိုင္ဆိုင္ထားတာပါ။ Scooter Braun ကေတာ့ Taylor နဲ႔ ရန္ေၾကြးေတြရိွတဲ့ Kanye West နဲ႔ Kim Kardashian တို႔ႏွစ္ေယာက္ရဲ႕ မန္ေနဂ်ာျဖစ္ခဲ့ဖူးကာ Taylor ကို အြန္လိုင္းမွာ အႏိုင္က်င့္ေစာ္ကားဖို႔ အားေပးအားေျမွာက္ ျပဳလုပ္သူလို႔ Taylor က သတ္မွတ္ထားတဲ့သူ ျဖစ္ပါတယ္။ Taylor က သူမရဲ႕ကိုယ္ပိုင္ ဖန္တီးမႈျဖစ္တဲ့ အယ္လ္ဘမ္ေတြရဲ႕ မူပိုင္ခြင့္ကို ၀ယ္ယူဖို႔ ႀကိဳးစားခဲ့ေပမယ့္ အေပးအယူ မျဖစ္လို႔ လက္လႊတ္ခဲ့ရၿပီး မထင္မွတ္တဲ့အခ်ိန္မွာပဲ ရန္သူေတာ္ Scooter Braun က ၀ယ္ယူသြားတာေၾကာင့္ ၀မ္းနည္းေၾကကြဲၿပီး ရြံရွာစက္ဆုပ္မိတယ္လို႔ ေျပာထားပါတယ္။

Xei

Source: hollywoodlife

(Unicode Version)

Taylor Swift နဲ့ Big Machine Records ကြားက မူပိုင်ခွင့်ပြဿနာနဲ့ ပတ်သက်ပြီး အနုပညာရှင်တွေကြားထဲမှာလည်း ဘက်ရွေးတာတွေ ဖြစ်နေပါတယ်။ Taylor Swift ဘက်က ရပ်တည်သူတွေနဲ့ Big Machine Records ရဲ့ပိုင်ရှင်အသစ် Scooter Braun ဘက်က ခုခံပြောဆိုသူတွေနဲ့ နြှစ်ခမ်းကွဲနေတာပါ။ အခြေအနေတွေက တဖြည်းဖြည်းနဲ့ တင်းမာလာချိန်မှာပဲ Taylor ဟာ သူမဘက်က မရပ်တည်တဲ့ အဆိုတော်တွေရဲ့အကောင့်တွေကို Spotify မှာ ဘလော့လိုက်တာ ဖြစ်ပါတယ်။

Scooter Braun နဲ့ သူငယ်ချင်းဖြစ်နေသူတွေဟာ Taylor ရဲ့ သူငယ်ချင်းတော့ ဆက်မဖြစ်နိုင်တော့ပါဘူး။ အသက်(၂၉)နှစ်ရှိပြီဖြစ်တဲ့ ပေါ့ပ်စူပါစတား Taylor Swift  ဟာ အသက်(၂၆)နှစ် ရှိပြီဖြစ်တဲ့ Demi Lovato ၊ (၂၅)နှစ်ရှိပြီဖြစ်တဲ့ Justin Bieber နဲ့ (၃၀)နှစ်ရှိပြီဖြစ်တဲ့ country အဆိုတော် Kacey Musgraves တို့ရဲ့အကောင့်တွေကို သီချင်းတွေကို streaming နားထောင်လို့ရတဲ့ Spotify အက်ပလီကေးရှင်းမှာ ဘလော့လိုက်တာ ဖြစ်ပါတယ်။

Photo: flickr

ဒီသတင်းကတော့ Taylor ရဲ့ Spotify app ပေါ်က လှုပ်ရှားမှုတွေကို ကြည့်ရှုလို့ရတဲ့ “Taylor Swift Spotify” Twitter အကောင့်ကနေ သိရှိရတာ ဖြစ်ပါတယ်။ သူမနဲ့ Scooter Braun ကြားက မူပိုင်ခွင့်ကိစ္စ ပဋိပက္ခတွေ ရေချိန်မြင့်လာတာနဲ့အမျှ Scooter ဘက်က ခုခံပြောဆိုပေးသူအားလုံးနဲ့ ရေစက်ဖြတ်လိုက်တဲ့ပုံ ပေါ်ပါတယ်။ အဆိုပါ ဒေတာတွေအရ သူမဟာ ဂီတသမား တော်တော်များများကို ဘလော့လိုက်ပြီး လောလောလတ်လတ်မှာတော့ Halsey ၊ Camila Cabello နဲ့ Lana Del Rey တို့ရဲ့သီချင်းတွေကို နားထောင်နေတာကိုလည်း တွေ့ရတယ်လို့ ဆိုပါတယ်။

Taylor က Demi ၊ Bieber နဲ့ Musgraves တို့ သုံးယောက်ကို ပစ်မှတ်ထားလိုက်တာကတော့ Scooter ဘက်ကနေ လူသိရှင်ကြား ရပ်တည်ပေးခဲ့တာကြောင့် ဖြစ်ပါတယ်။ Big Machine Records ကို ဝယ်ယူသွားတဲ့ Scooter နဲ့ ပတ်သက်လို့ ပထမဆုံး ချေပပြောဆိုသူဟာ Justin Bieber ဖြစ်ပြီး “ငါ့ကို နင်ရင်ဖွင့်ခွင့်ပေးခဲ့တဲ့ အချိန်တည်းကစလို့ Scooter ဟာ နင့်အတွက် အမြဲရှိနေခဲ့တာပါ။ နှစ်တွေကြာသွားတော့ ငါတို့လည်း တစ်ယောက်နဲ့တစ်ယောက် မတွေ့ဖြစ်၊ ရင်မဖွင့်ဖြစ်ကြတာ ကြာပါပြီ။ နင်ကတော့ ဒီကိစ္စကို ဆိုရှယ်မီဒီယာပေါ်တင်ပြီး Scooter ကို လူတွေမုန်းသွားအောင် လုပ်တာကတော့ မမျှတဘူး”လို့ သူ့ရဲ့ IG ပို့စ်တစ်ခုမှာ ရေးသားခဲ့တာပါ။

Photo: wikipedia

Demi ကတော့ လက်ရှိ သူမရဲ့management team အတွက် အလုပ်လုပ်ပေးနေတဲ့ ဂီတနယ်ပယ်က နာမည်ကြီး မန်နေဂျာ Scooter ဘက်ကနေ စာအရှည်ကြီးရေးကာ ခုခံပေးခဲ့တာ ဖြစ်ပါတယ်။ သူမရဲ့IG က ပို့စ်မှာ “ဒီလောကထဲက မကောင်းတဲ့လူတွေနဲ့ ကျွန်မ ဆက်ဆံခဲ့ဖူးပါတယ်။ Scooter ဟာ အဲ့လိုမဟုတ်ပါဘူး။ သူဟာ လူကောင်းတစ်ယောက်ပါ။ ပုဂ္ဂိုလ်ရေးအရ ပြောရရင် ကျွန်မဘဝထဲကို Scooter ဝင်လာခဲ့တာကို ကျွန်မ ပျော်ရွှင်နှစ်သက်ပါတယ်။ မဆိုင်တဲ့လူကို ဆွဲထည့်ပြီးပြောတာတွေ၊ အနိုင်ကျင့်တာတွေ ကျေးဇူးပြုပြီး မလုပ်ကြပါနဲ့တော့။ ကမ္ဘာကြီးပေါ်မှာ ရှိနေတဲ့ အမုန်းတရားတွေနဲ့တင် လုံလောက်နေပါပြီ”လို့ ရေးသားခဲ့တာပါ။

Justin Bieber နဲ့ Scooter Braun
Photo: wikimedia commons

အကျိတ်အနယ် ဆူလောင်ပွက်လော ရိုက်နေဆဲဖြစ်တဲ့ ဒီမူပိုင်ခွင့်ကိစ္စဟာ ဇွန်လ(၃၀)ရက်နေ့က Big Machine Records ကို Scooter Braun က ဝယ်ယူသွားချိန်မှာ စတင်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ Big Machine Records ဟာ Taylor ရဲ့ပထမဆုံး စတူဒီယိုအယ်လ်ဘမ်ကစလို့ Reputation အယ်လ်ဘမ်အထိ စာချုပ်ချုပ်ဆိုခဲ့တဲ့ Label ဖြစ်ပြီး စုစုပေါင်း မာစတာအယ်လ်ဘမ် (၆)ချပ်ရဲ့ မူပိုင်ခွင့်တွေကို ပိုင်ဆိုင်ထားတာပါ။ Scooter Braun ကတော့ Taylor နဲ့ ရန်ကြွေးတွေရှိတဲ့ Kanye West နဲ့ Kim Kardashian တို့နှစ်ယောက်ရဲ့ မန်နေဂျာဖြစ်ခဲ့ဖူးကာ Taylor ကို အွန်လိုင်းမှာ အနိုင်ကျင့်စော်ကားဖို့ အားပေးအားမြှောက် ပြုလုပ်သူလို့ Taylor က သတ်မှတ်ထားတဲ့သူ ဖြစ်ပါတယ်။ Taylor က သူမရဲ့ကိုယ်ပိုင် ဖန်တီးမှုဖြစ်တဲ့ အယ်လ်ဘမ်တွေရဲ့ မူပိုင်ခွင့်ကို ဝယ်ယူဖို့ ကြိုးစားခဲ့ပေမယ့် အပေးအယူ မဖြစ်လို့ လက်လွှတ်ခဲ့ရပြီး မထင်မှတ်တဲ့အချိန်မှာပဲ ရန်သူတော် Scooter Braun က ဝယ်ယူသွားတာကြောင့် ဝမ်းနည်းကြေကွဲပြီး ရွံရှာစက်ဆုပ်မိတယ်လို့ ပြောထားပါတယ်။

Xei

Source: hollywoodlife

 

 

 

RELATED ARTICLES

Most Popular