HomeEntertainmentFilmပရိသတ်တွေကို အံ့အားသင့်စရာတွေ ယူဆောင်လာမယ်ဆိုတဲ့ The Boys Season 3

ပရိသတ်တွေကို အံ့အားသင့်စရာတွေ ယူဆောင်လာမယ်ဆိုတဲ့ The Boys Season 3

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Amazon က ပြသနေတဲ့The Boys ဇာတ်လမ်းတွဲထဲမှာ Homelander အဖြစ် သရုပ်ဆောင်ထားတဲ့ Anthony Starr ဟာ Season 3 ကတော့ ပရိသတ်တွေအတွက် အံ့အားသင့်စရာတွေ ပါဝင်လိမ့်မယ်လို့ ပြောလိုက်ပါတယ်။

The Boys ဇာတ်လမ်းတွဲဟာ လောလောဆယ်မှာတော့ Season နှစ်ခု ထွက်ရှိထားပြီး IMDb (8.7) ရရှိထားပါတယ်။ ဒါ့အပြင် The Boys Season 2 ဟာ ကြည့်ရှုသူတွေ အများအပြား ရရှိခဲ့ပြီး Netflix ရဲ့ လူကြည့်အများဆုံး ဇာတ်လမ်းတွဲအချို့နဲ့တောင် ယှဉ်နိုင်ခဲ့ပါတယ်။

photo via screenrant

Season 2 ရဲ့ အဆုံးမှာတော့ ဇာတ်ကောင်တွေအများစုဟာ အရင်လိုမဟုတ်တော့ဘဲ မတူညီတဲ့ လမ်းကြောင်းတွေကို ရွေးချယ်ခဲ့ကြပါတယ်။ ဥပမာပြောရရင် Hughie ဟာ The Boys တို့နဲ့ လမ်းခွဲပြီး Victoria Neuman ဆီမှာ အလုပ်ဝင်ခဲ့ပါတယ်။ ဒါ့အပြင် Jensen Ackles သရုပ်ဆောင်သွားမယ့် Soldier Boy တို့လို ဇာတ်ကောင်အသစ်တွေဟာလည်း Season 3 ထဲမှာ ပါဝင်လာဦးမှာ ဖြစ်ပါတယ်။ Season 3 ကတော့ လက်ရှိမှာ ရိုက်ကူးနေဆဲ ဖြစ်ပါတယ်။

TV Line သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးထဲမှာတော့ Anthony Starr ဟာ The Boys Season 3 နဲ့ ပတ်သက်ပြီး အခုလို ပြောပြထားပါတယ်။ “ကျွန်တော့်မှာ ပြောပြလို့ မရတဲ့ အကြောင်းပြချက်တွေ ရှိနေပေမယ့်လည်း Season 3 ကတော့ ကျွန်တော်အကြိုက်ဆုံးပါပဲ … ” လို့ Anthony က ပြောထားတာပါ။

photo via screenrant

“ဇာတ်ညွှန်းရေးတဲ့သူတွေက Season 3 ကို ဘယ်လိုဖန်တီးသွားမလည်းဆိုတာ ကျွန်တော် သိချင်ခဲ့တာပါ။ ဒါပေမယ့်လည်း ဇာတ်ညွှန်းရဲ့ စာရွက်တစ်ရွက်တိုင်းကို ဖတ်လိုက်တိုင်းမှာ အံ့ဩစရာတွေ တွေ့လိုက်ရတာက တော်တော်လေးကို မယုံနိုင်စရာ ကောင်းပါတယ်။ ကျွန်တော် ပြောနိုင်တာကတော့ Season 3 က ပရိသတ်တွေအတွက် အံ့ဩစရာတွေ အများကြီး ပါဝင်နေတယ် ဆိုတာပါပဲ  … “

ဒီဇာတ်လမ်းတွဲကို ဖန်တီးသူ ဖြစ်တဲ့ Eric Kripke ကလည်း The Boys Season 3 ဟာ သူ မြင်ဖူးသမျှထဲမှာ အရူးသွပ်ဆုံးပါပဲလို့ ပြောထားပါသေးတယ်။ The Boys ဇာတ်လမ်းတွဲထဲက ဖန်တီးသူတွေနဲ့ သရုပ်ဆောင်တွေရဲ့ ပြောစကားအရဆိုရင် Season 3 ဟာ အတော်လေး စိတ်ဝင်စားဖို့ကောင်းမှာပါ။ Season 3 ကိုတော့ ဒီနှစ်နှောင်းပိုင်း၊ သို့မဟုတ် ၂၀၂၂ နှစ်ဦးပိုင်းလောက်မှာ ပြသသွားမှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

(Zawgyi Version)

Amazon က ျပသေနတဲ့The Boys ဇာတ္လမ္းတြဲထဲမွာ Homelander အျဖစ္ သ႐ုပ္ေဆာင္ထားတဲ့ Anthony Starr ဟာ Season 3 ကေတာ့ ပရိသတ္ေတြအတြက္ အံ့အားသင့္စရာေတြ ပါဝင္လိမ့္မယ္လို႔ ေျပာလိုက္ပါတယ္။

The Boys ဇာတ္လမ္းတြဲဟာ ေလာေလာဆယ္မွာေတာ့ Season ႏွစ္ခု ထြက္ရွိထားၿပီး IMDb (8.7) ရရွိထားပါတယ္။ ဒါ့အျပင္ The Boys Season 2 ဟာ ၾကည့္ရႈသူေတြ အမ်ားအျပား ရရွိခဲ့ၿပီး Netflix ရဲ႕ လူၾကည့္အမ်ားဆုံး ဇာတ္လမ္းတြဲအခ်ိဳ႕နဲ႔ေတာင္ ယွဥ္ႏိုင္ခဲ့ပါတယ္။

photo via screenrant

Season 2 ရဲ႕ အဆုံးမွာေတာ့ ဇာတ္ေကာင္ေတြအမ်ားစုဟာ အရင္လိုမဟုတ္ေတာ့ဘဲ မတူညီတဲ့ လမ္းေၾကာင္းေတြကို ေ႐ြးခ်ယ္ခဲ့ၾကပါတယ္။ ဥပမာေျပာရရင္ Hughie ဟာ The Boys တို႔နဲ႔ လမ္းခြဲၿပီး Victoria Neuman ဆီမွာ အလုပ္ဝင္ခဲ့ပါတယ္။ ဒါ့အျပင္ Jensen Ackles သ႐ုပ္ေဆာင္သြားမယ့္ Soldier Boy တို႔လို ဇာတ္ေကာင္အသစ္ေတြဟာလည္း Season 3 ထဲမွာ ပါဝင္လာဦးမွာ ျဖစ္ပါတယ္။ Season 3 ကေတာ့ လက္ရွိမွာ ႐ိုက္ကူးေနဆဲ ျဖစ္ပါတယ္။

TV Line သတင္းဌာနနဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးထဲမွာေတာ့ Anthony Starr ဟာ The Boys Season 3 နဲ႔ ပတ္သက္ၿပီး အခုလို ေျပာျပထားပါတယ္။ “ကြၽန္ေတာ့္မွာ ေျပာျပလို႔ မရတဲ့ အေၾကာင္းျပခ်က္ေတြ ရွိေနေပမယ့္လည္း Season 3 ကေတာ့ ကြၽန္ေတာ္အႀကိဳက္ဆုံးပါပဲ … ” လို႔ Anthony က ေျပာထားတာပါ။

photo via screenrant

“ဇာတ္ၫႊန္းေရးတဲ့သူေတြက Season 3 ကို ဘယ္လိုဖန္တီးသြားမလည္းဆိုတာ ကြၽန္ေတာ္ သိခ်င္ခဲ့တာပါ။ ဒါေပမယ့္လည္း ဇာတ္ၫႊန္းရဲ႕ စာ႐ြက္တစ္႐ြက္တိုင္းကို ဖတ္လိုက္တိုင္းမွာ အံ့ဩစရာေတြ ေတြ႕လိုက္ရတာက ေတာ္ေတာ္ေလးကို မယုံႏိုင္စရာ ေကာင္းပါတယ္။ ကြၽန္ေတာ္ ေျပာႏိုင္တာကေတာ့ Season 3 က ပရိသတ္ေတြအတြက္ အံ့ဩစရာေတြ အမ်ားႀကီး ပါဝင္ေနတယ္ ဆိုတာပါပဲ  … “

ဒီဇာတ္လမ္းတြဲကို ဖန္တီးသူ ျဖစ္တဲ့ Eric Kripke ကလည္း The Boys Season 3 ဟာ သူ ျမင္ဖူးသမွ်ထဲမွာ အ႐ူးသြပ္ဆုံးပါပဲလို႔ ေျပာထားပါေသးတယ္။ The Boys ဇာတ္လမ္းတြဲထဲက ဖန္တီးသူေတြနဲ႔ သ႐ုပ္ေဆာင္ေတြရဲ႕ ေျပာစကားအရဆိုရင္ Season 3 ဟာ အေတာ္ေလး စိတ္ဝင္စားဖို႔ေကာင္းမွာပါ။ Season 3 ကိုေတာ့ ဒီႏွစ္ေႏွာင္းပိုင္း၊ သို႔မဟုတ္ ၂၀၂၂ ႏွစ္ဦးပိုင္းေလာက္မွာ ျပသသြားမွာ ျဖစ္ပါတယ္။

Legos

Source: Screenrant

RELATED ARTICLES

Most Popular