HomeEntertainmentFilmThe Last of Us အပိုင်း(၅)ထဲက ဇွန်ဘီအကြီးကြီးဟာ ဘာကောင်ကြီးလဲ?

The Last of Us အပိုင်း(၅)ထဲက ဇွန်ဘီအကြီးကြီးဟာ ဘာကောင်ကြီးလဲ?

The Last of Us အပိုင်း(၅)ကတော့ စိတ်လှုပ်ရှားစရာ ဇာတ်ဝင်ခန်းတွေများစွာ ပါဝင်နေပြီး ဒီအပိုင်းရဲ့ အဆုံးသတ်နားမှာ ဇွန်ဘီအသစ်တစ်မျိူးကို တွေ့ခဲ့ရပါသေးတယ်။ The Last of Us ရဲ့ ဇာတ်ဝင်ခန်းအများစုမှာတော့ Runner တွေကသာ အဓိကအန္တရာယ် ဖြစ်ခဲ့ပြီး အပိုင်း(၂)ထဲမှာတော့ Runner တွေထက် ပိုမိုအန္တရာယ်များတဲ့ Clicker တွေကို မြင်တွေ့ခဲ့ရပါတယ်။ အသစ်ထွက်ထားတဲ့ အပိုင်း(၅)ထဲမှာတော့ Clicker တွေထက်တောင် ပိုမိုအန္တရာယ်များတဲ့ Bloater တစ်ကောင်ကို တွေ့ခဲ့ရပါတယ်။

အပိုင်း(၅)ထဲက ဇာတ်ရှိန်အမြင့်ဆုံးအခန်းမှာ မြေကြီးထဲကနေ ထွက်လာတဲ့ ဇွန်ဘီအကြီးကြီးကတော့ Bloater လို့ ခေါ်ပါတယ်။ ဂိမ်းထဲမှာတော့ အပိုင်း(၄)နဲ့ (၅)မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေက Pittsburgh မြို့မှာ ဖြစ်ပျက်ခဲ့တာ ဖြစ်ပြီး ဒီဇာတ်လမ်းတွဲထဲမှာတော့ Kansas မြို့အဖြစ် ပြောင်းလဲဖန်တီးထားပါတယ်။ ဒါကြောင့်ပဲ Joel တို့ရဲ့ Bloater နဲ့ ရင်ဆိုင်တွေ့တဲ့ နေရာကလည်း ပြောင်းလဲသွားပါတယ်။

photo via hbomax

ဒါ့အပြင် ဂိမ်းထဲမှာတော့ Joel တို့ဟာ Bloater တစ်ကောင်ကို Bill ရဲ့ မြို့ထဲမှာ စတင်တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ ဂိမ်းထဲမှာတော့ Joel ၊ Bill နဲ့ Ellie တို့ဟာ ကားဘတ်ထရီ လိုက်လံရှာဖွေနေရင်း ကျောင်းတစ်ခုထဲမှာ Bloater တစ်ကောင်နဲ့ ပထမဆုံးရင်ဆိုင်တွေ့ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီဇာတ်လမ်းတွဲရဲ့ အပိုင်း(၃)ထဲမှာတော့ Bill နဲ့ Frank တို့ရဲ့ ဇာတ်လမ်းတွေကို ပြောင်းလဲမှု ပြုလုပ်ခဲ့တာကြောင့် Bloater လည်း မပါဝင်တော့တာ ဖြစ်ပါတယ်။

Cordyceps ကူးစက်ခံလိုက်ရပြီ ဆိုရင်တော့ အချိန်ကြာလာတာနဲ့အမျှ ဆင့်ကဲပြောင်းလဲမှုတွေ ဖြစ်ပေါ်လာပါတယ်။ ဒါကြောင့် ဇွန်ဘီအမျိူးအစားတွေ ကွဲပြားကုန်တာလည်း ဖြစ်ပါတယ်။ ကူးစက်ခံရပြီး (၁၂)နာရီကနေ (၄၈)နာရီအတွင်းမှာတော့ လူစိတ်ပျောက်သွားပြီး Runner ဖြစ်သွားပါတယ်။ ကူးစက်ခံရပြီး တစ်နှစ်လောက်အကြာမှာတော့ Clicker အဖြစ် ပြောင်းလဲသွားပြီး သူတို့ရဲ့ခေါင်းမှာလည်း Fungus တွေ ပေါက်လာပါတယ်။ ဒါကြောင့်ပဲ သူတို့ဟာ အမြင်အာရုံမရှိတော့ဘဲ လင်းနို့တွေလိုမျိူး Echolocation ကို အသုံးပြုကာ တိုက်ခိုက်တတ်ကြပါတယ်။

photo via hbomax

နောက်ဆုံးအဆင့်ကတော့ Bloater ပဲ ဖြစ်ပါတယ်။ သူကတော့ ကူးစက်ခံရပြီး ဆယ်စုနှစ်တစ်ခုလောက် အကြာမှာ ပြောင်းလဲသွားတာ ဖြစ်ပါတယ်။ Bloater တွေကတော့ တစ်ကိုယ်လုံးမှာ မာကြောလွန်းတဲ့ Fungus တွေ ပေါက်နေတာကြောင့် Armor တစ်ခု ဝတ်ဆင်ထားသလို ဖြစ်နေပါတယ်။

ဒါကြောင့်ပဲ သူတို့ကိုသတ်ဖို့အတွက် အလွန်ခက်ခဲပြီး အပိုင်း(၅)ထဲမှာတော့ Perry ဟာ ကျည်ကတ်နှစ်ကတ်လောက် ကုန်အောင် ပစ်ခတ်တာတောင် ဘာမှမဖြစ်တာကို တွေ့ရပါတယ်။ ဒါ့အပြင် Bloater တွေဟာ Runner တွေနဲ့ Clicker တွေထက် ပိုမိုခွန်အားကြီးပြီး အပိုင်း(၅)ထဲမှာတော့ လူတစ်ယောက်ရဲ့ ခေါင်းကိုတောင် လက်ဗလာနဲ့ ဆွဲဖြုတ်ပစ်နိုင်တဲ့အထိ ခွန်အားကြီးတာကို တွေ့ခဲ့ရပါတယ်။ Bloater တွေရဲ့ တစ်ခုတည်းသော အားနည်းချက်ကတော့ မီးပဲ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular