HomeEntertainmentFilmThe Last of Us အပိုင်း (၇) ထဲက Easter Egg များနဲ့ စိတ်ဝင်စားစရာများ

The Last of Us အပိုင်း (၇) ထဲက Easter Egg များနဲ့ စိတ်ဝင်စားစရာများ

***Spoiler Alert***

The Last of Us အပိုင်း(၇) ကတော့ မကြာခင်ကပဲ ထွက်ရှိလာခဲ့ပြီး ဒီအပိုင်းထဲမှာတော့ Ellie နဲ့ Riley တို့နှစ်ယောက်ရဲ့ ဝမ်းနည်းစရာ နောက်ကြောင်းကို မြင်တွေ့ခဲ့ရပါတယ်။ ဒီဇာတ်လမ်းတွဲရဲ့ ထုံးစံအတိုင်းပဲ ဒီအပိုင်းထဲမှာလည်း မူလဂိမ်းထဲက ဇာတ်လမ်းနဲ့ အနီးစပ်ဆုံး ဖန်တီးထားပြီး စိတ်ဝင်စားစရာ Detail တွေလည်း ပါဝင်နေပါတယ်။ ဒါကြောင့်ပဲ အပိုင်းသစ်ကို စောင့်မျှော်နေရင်း အပိုင်း(၇) ထဲက Easter Egg တွေနဲ့ စိတ်ဝင်စားစရာ အချက်တွေကို ဖော်ပြပေးချင်ပါတယ်။

Joel နဲ့ Ellie တို့ ပုန်းခိုရာ နေရာ

photo credit HBO

အပိုင်း(၆) ရဲ့ အဆုံးသတ်မှာတော့ Joel ဟာ ဒဏ်ရာရသွားခဲ့တာကြောင့် Ellie ဟာ Joel ကို လုံခြုံမယ့် နေရာတစ်ခုကို ခေါ်သွားခဲ့ပါတယ်။ အပိုင်း(၇) ရဲ့ အစမှာတော့ Ellie ဟာ ဒဏ်ရာရနေတဲ့ Joel ကို တတ်သလောက် ကုသပေးဖို့ ပြုလုပ်နေတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ဒီဇာတ်ဝင်ခန်းထဲမှာ Ellie တို့ ပုန်းခိုနေတဲ့ အိမ်ရဲ့ ပုံစံနဲ့ မြေအောက်ခန်းပုံစံတို့ဟာ ဂိမ်းထဲပုံစံနဲ့ အတော်လေး ဆင်တူအောင် ဖန်တီးထားတာကို မြင်တွေ့ခဲ့ရပါတယ်။

အာကာသနဲ့ ဒိုင်နိုဆောလ်တွေကို ကြိုက်နှစ်သက်တဲ့ Ellie

photo credit HBO

ဇာတ်ဝင်ခန်းတစ်ခုမှာတော့ Ellie ရဲ့ အိပ်ခန်းကို မြင်တွေ့ခဲ့ရပြီး သူမရဲ့ အခန်းမှာတော့ ပိုစတာတွေများစွာနဲ့ ရုပ်ပုံတွေများစွာ ရှိနေပါတယ်။ အဲဒီပုံတွေထဲမှာတော့ ဒိုင်နိုဆောလ်တွေရဲ့ ပုံတွေနဲ့ အာကာသနဲ့ ပတ်သက်တဲ့ပုံတွေများစွာ ပါဝင်နေပါတယ်။ အပိုင်း(၆) တုန်းကလည်း Joel က Ellie ကို ဒါတွေ အားလုံးပြီးဆုံးသွားရင် ဘာလုပ်ချင်လည်းလို့ မေးတဲ့ အချိန်မှာတော့ Ellie ဟာ အာကာသကို ကြိုက်နှစ်သက်ပြီး အာကာသယာဉ်မှူး လုပ်ချင်ပါတယ်လို့ ပြန်ပြောခဲ့ပါတယ်။ The Last of Us Part II ဂိမ်းထဲမှာတော့ Joel ဟာ Ellie ရဲ့ မွေးနေ့အတွက် ဒိုင်နိုဆောလ် ကျောက်ဖြစ်ရုပ်ကြွင်းတွေနဲ့ အာကာသနဲ့ပတ်သက်တဲ့ အချက်အလက်တွေများစွာ ရှိနေတဲ့ ပြတိုက်တစ်ခုကို ခေါ်သွားခဲ့ပါသေးတယ်။

Mortal Combat Easter Egg

photo credit HBO

ဒီအပိုင်းတလျှောက်မှာတော့ Mortal Combat ဂိမ်းနဲ့ ပတ်သက်တဲ့ Easter Egg တွေများစွာ ပါဝင်နေပါတယ်။ Ellie ရဲ့ အိပ်ခန်းထဲမှာတော့ Mortal Combat ပိုစတာကို မြင်တွေ့ခဲ့ရသလို နောက်ပိုင်းမှာလည်း Ellie နဲ့ Riley တို့က Mortal Combat ဂိမ်းစက်မှာ ဆော့ကစားနေကြပါတယ်။ ဒါ့အပြင် အပိုင်း(၂) ထဲမှာ Ellie ဟာ Mortal Combat ဂိမ်းစက်ကို မြင်တဲ့ အချိန်မှာ ပြောသွားတဲ့ Finishing Move ကလည်း ဒီအပိုင်းထဲမှာ သူမကို Riley က သင်ပေးတဲ့ Finishing Move ပဲ ဖြစ်ပါတယ်။

Riley

photo credit HBO

ဒီအပိုင်းထဲမှာတော့ Riley ကို ပထမဆုံး မြင်တွေ့ရတဲ့ အချိန်မှာတော့ သူမဟာ Ellie ရဲ့ အိပ်ခန်းထဲကို ခိုးဝင်လာပြီး အိပ်နေတဲ့ Ellie ကို ခြောက်လှန့်ခဲ့ပါတယ်။ ဂိမ်းထဲမှာတော့ Riley ဟာ အလားတူပဲ Ellie ရဲ့ အိပ်ခန်းထဲ ခိုးဝင်လာပြီး Infected အယောင်ဆောင်ကာ Ellie ကို ကိုက်ခဲ့ပါတယ်။ Ellie ကတော့ ဂိမ်းထဲမှာရော ရုပ်ရှင်ထဲမှာရော လန့်သွားပြီး Riley ကို ပြန်လည်တိုက်ခိုက်ဖို့ ပြင်ဆင်ခဲ့ပါတယ်။

Gameplay Easter Egg

photo credit HBO

Riley က Ellie ကို Shopping Mall ဆီ ခေါ်သွားတဲ့ အချိန်မှာတော့ Ellie ရဲ့ ဓာတ်မီးဟာ မကြာခဏ ပိတ်ပိတ်သွားပြီး Ellie က အဲဒီဓာတ်မီးကို မကြာခဏ လက်နဲ့ရိုက်နေတာကို မြင်တွေ့ခဲ့ရပါတယ်။ ဒီအချက်ကတော့ The Last of Us ဂိမ်းကစားသူတွေပဲ သတိထားမိစေမယ့် Easter Egg တစ်ခုပဲ ဖြစ်ပါတယ်။ အကြောင်းကတော့ ကစားသူတွေဟာ ဓာတ်မီး မီးပြန်လင်းလာဖို့အတွက် Controller ကို လက်နဲ့ ရိုက်ရတာကြောင့်ပဲ ဖြစ်ပါတယ်။

Ellie တို့နှစ်ယောက်ရဲ့ ဓာတ်ပုံ

photo credit HBO

Riley ဟာ Ellie ကို Shopping Mall ရဲ့ အံ့ဖွယ်ငါးခုကို ပြသမယ်ဆိုပြီး တစ်ခုပြီးတစ်ခု ပြသခဲ့ပါတယ်။ အဲဒီထဲမှာတော့ Photo Booth ဟာလည်း တစ်ခုအပါအဝင်ပဲ ဖြစ်ပါတယ်။ Photo Booth ထဲမှာ Ellie တို့ ပို့စ်ပေးခဲ့တဲ့ ပုံတွေအများစုကတော့ ဂိမ်းထဲက ပုံစံတွေနဲ့ အတော်လေး ဆင်တူပြီး အထူးသဖြင့် Scary Pose ကတော့ တပုံစံတည်း ပြန်လည်ဖန်တီးထားတာ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular