HomeAnimeဇန်နဝါရီလထဲမှာ ထွက်ရှိလာမယ့် The Promised Neverland season 2

ဇန်နဝါရီလထဲမှာ ထွက်ရှိလာမယ့် The Promised Neverland season 2

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

The Promised Neverland season 2 ဟာ ဂျပန်နိုင်ငံမှာတော့ ၂၀၂၁ခုနှစ် ဇန်နဝါရီလ (၇)ရက်နေ့မှာ စတင်ပြသသွားမယ်လို့ သိရပါတယ်။ The Promised Neverland ဟာ ၂၀၁၆ခုနှစ်မှာ manga အနေနဲ့ အရင်ဆုံး အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာမှ ၂၀၁၉ခုနှစ်မှာ anime အဖြစ် ဖန်တီးခဲ့ပါတယ်။ anime အဖြစ် ထွက်ရှိလာတဲ့အချိန်မှာလည်း အလွန်အောင်မြင်ခဲ့သလို rating တွေလည်း ကောင်းခဲ့ပါတယ်။

photo via imdb

ပထမ season မှာတော့ (၁၂)ပိုင်း ပါဝင်ပြီး (၁၁)နှစ်အရွယ် Emma ဆိုတဲ့ကောင်မလေးက သူမ နေထိုင်နေတဲ့ မိဘမဲ့ဂေဟာရဲ့ တကယ့်ရည်ရွယ်ချက်ကို သိရှိသွားရာက စတင်ပါတယ်။ အဲ့ဒါကြောင့်ပဲ သူမအပါအဝင် သူမရဲ့သူငယ်ချင်းတွေ ဖြစ်ကြတဲ့ Ray နဲ့ Norman တို့နဲ့အတူ ထွက်ပြေးဖို့ အစီအစဉ်ဆွဲပါတော့တယ်။ အဲ့ဒီနောက်မှာတော့ သူတို့တွေဟာ အခက်အခဲတွေ အများကြီးနဲ့ ကြုံတွေ့ခဲ့ကြရပါတယ်။

photo via imdb

ဒုတိယ season ကိုတော့ ဇန်နဝါရီလ (၇)ရက်နေ့က စတင်ပြီး ဂျပန်နိုင်ငံမှာ ထုတ်လွှင့် ပြသသွားမယ်လို့ သိရပါတယ်။ အသစ်ထွက်လာမယ့် season 2 ထဲမှာတော့ Emma တို့အုပ်စု ဘယ်လို ဆက်ဖြစ်သွားမလည်းဆိုတာ မြင်ရမှာ ဖြစ်ပြီးတေ‌ာ့ သူတို့ရဲ့ မိဘမဲ့ဂေဟာကလည်း ဘယ်လိုတွေ ပြောင်းလဲသွားမယ်ဆိုတာကို တွေ့မြင်ရဖို့ ရှိပါတယ်။

ဒါ့အပြင် မိဘမဲ့ဂေဟာရဲ့ အပြင်ဘက် ပြင်ပကမ္ဘာကြီးဟာ ဘယ်လိုမျိူးဆိုတာကို season 2 မှာတော့ မြင်တွေ့ရနိုင်ပါတယ်။ season 1 မှာ စိတ်ဝင်စားစရာ ဇာတ်ဝင်ခန်းတွေကို မြင်တွေ့ခဲ့ရသလိုပဲ လာမယ့် season 2 မှာလည်း ပိုပြီးထဲထဲဝင်ဝင် ခံစားသိမြင်ရနိုင်ပါတယ်။

ဒီဇာတ်လမ်းတွဲကို ကြည့်ရှုလိုသူတွေကတော့ Netflix ၊ Hulu ၊ HBO Max တို့မှာ subscription နဲ့ ကြည့်ရှုနိုင်ပါတယ်။

Legos

Source: screenrant

(Zawgyi Version)

The Promised Neverland season 2 ဟာ ဂ်ပန္ႏိုင္ငံမွာေတာ့ ၂၀၂၁ခုႏွစ္ ဇန္နဝါရီလ (၇)ရက္ေန႔မွာ စတင္ျပသသြားမယ္လို႔ သိရပါတယ္။ The Promised Neverland ဟာ ၂၀၁၆ခုႏွစ္မွာ manga အေနနဲ႔ အရင္ဆုံး ေအာင္ျမင္ခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒီေနာက္မွာမွ ၂၀၁၉ခုႏွစ္မွာ anime အျဖစ္ ဖန္တီးခဲ့ပါတယ္။ anime အျဖစ္ ထြက္ရွိလာတဲ့အခ်ိန္မွာလည္း အလြန္ေအာင္ျမင္ခဲ့သလို rating ေတြလည္း ေကာင္းခဲ့ပါတယ္။

photo via imdb

ပထမ season မွာေတာ့ (၁၂)ပိုင္း ပါဝင္ၿပီး (၁၁)ႏွစ္အ႐ြယ္ Emma ဆိုတဲ့ေကာင္မေလးက သူမ ေနထိုင္ေနတဲ့ မိဘမဲ့ေဂဟာရဲ႕ တကယ့္ရည္႐ြယ္ခ်က္ကို သိရွိသြားရာက စတင္ပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူမအပါအဝင္ သူမရဲ႕သူငယ္ခ်င္းေတြ ျဖစ္ၾကတဲ့ Ray နဲ႔ Norman တို႔နဲ႔အတူ ထြက္ေျပးဖို႔ အစီအစဥ္ဆြဲပါေတာ့တယ္။ အဲ့ဒီေနာက္မွာေတာ့ သူတို႔ေတြဟာ အခက္အခဲေတြ အမ်ားႀကီးနဲ႔ ႀကဳံေတြ႕ခဲ့ၾကရပါတယ္။

photo via imdb

ဒုတိယ season ကိုေတာ့ ဇန္နဝါရီလ (၇)ရက္ေန႔က စတင္ၿပီး ဂ်ပန္ႏိုင္ငံမွာ ထုတ္လႊင့္ ျပသသြားမယ္လို႔ သိရပါတယ္။ အသစ္ထြက္လာမယ့္ season 2 ထဲမွာေတာ့ Emma တို႔အုပ္စု ဘယ္လို ဆက္ျဖစ္သြားမလည္းဆိုတာ ျမင္ရမွာ ျဖစ္ၿပီးေတ‌ာ့ သူတို႔ရဲ႕ မိဘမဲ့ေဂဟာကလည္း ဘယ္လိုေတြ ေျပာင္းလဲသြားမယ္ဆိုတာကို ေတြ႕ျမင္ရဖို႔ ရွိပါတယ္။

ဒါ့အျပင္ မိဘမဲ့ေဂဟာရဲ႕ အျပင္ဘက္ ျပင္ပကမာၻႀကီးဟာ ဘယ္လိုမ်ိဴးဆိုတာကို season 2 မွာေတာ့ ျမင္ေတြ႕ရႏိုင္ပါတယ္။ season 1 မွာ စိတ္ဝင္စားစရာ ဇာတ္ဝင္ခန္းေတြကို ျမင္ေတြ႕ခဲ့ရသလိုပဲ လာမယ့္ season 2 မွာလည္း ပိုၿပီးထဲထဲဝင္ဝင္ ခံစားသိျမင္ရႏိုင္ပါတယ္။

ဒီဇာတ္လမ္းတြဲကို ၾကည့္ရႈလိုသူေတြကေတာ့ Netflix ၊ Hulu ၊ HBO Max တို႔မွာ subscription နဲ႔ ၾကည့္ရႈႏိုင္ပါတယ္။

Legos

Source: screenrant

RELATED ARTICLES

Most Popular