HomeEntertainmentFilmHenry Cavill ကို Geralt အဖြစ် နောက်ဆုံးအကြိမ်မြင်တွေ့ရမယ့် The Witcher Season 3

Henry Cavill ကို Geralt အဖြစ် နောက်ဆုံးအကြိမ်မြင်တွေ့ရမယ့် The Witcher Season 3

မကြာသေးခင်ကပဲ Netflix ဟာ The Witcher Season 3 ရဲ့ထွေလာကို ထုတ်ပေးလိုက်ပါတယ်။ Season 3 ကတော့ Henry Cavill ကို Geralt အနေနဲ့ နောက်ဆုံးမြင်ရမယ့် Season ဖြစ်ပြီး Season 4 မှာတော့ Liam Hemsworth က အစားထိုးသရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ Season 3 ထဲမှာတော့ Geralt နဲ့ Yennefer တို့ဟာ အန္တရာယ်တွေများစွာကြားထဲကနေ Ciri ကို ကာကွယ်ဖို့ ကြိုးစားနေတာကို မြင်တွေ့ရမှာပါ။

photo credit Netflix

ဒီထွေလာထဲမှာတော့ ဘုရင်တွေ၊ Mage တွေ၊ သားရဲကောင်တွေနဲ့ Wild Hunt တို့ဟာ Ciri ကို ဖမ်းဆီးနိုင်ဖို့ ပြိုင်ဆိုင်နေကြတာကို တွေ့ရပါတယ်။ ဒါကြောင့်လည်း ပထမ Season နှစ်ခုထဲမှာ မြင်တွေ့ခဲ့ရတဲ့ အန္တရာယ်တွေထက်ပိုတဲ့ အရာတွေကို ရင်ဆိုင်ရမှာဖြစ်ပြီး Geralt နဲ့ Yennefer တို့ဟာ Ciri ကို ကာကွယ်ဖို့ အသည်းအသန် ကြိုးစားရမှာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် Ciri ကိုယ်တိုင်ကလည်း တိုက်ခိုက်နည်းစနစ်တွေနဲ့ မှော်ပညာတွေမှာ တိုးတက်လာတာကိုလည်း မြင်တွေ့ရမှာပါ။

ဒီထွေလာရဲ့အစမှာတော့ Geralt ဟာ “ကိစ္စတစ်ခုမှာ ကြားနေတဲ့အတွက် လူတွေက မင်းရဲ့ပုံတူရုပ်တုကြီးတော့ ဆောက်ပေးမှာမဟုတ်ဘူး။ ဒါပေမယ့် သေချာပေါက်တော့ မင်းကို အသက်ရှင်ကျန်စေလိမ့်မယ်” လို့ ပြောသွားပါတယ်။ ဒါ့အပြင် Jaskier ကတော့ “ကြားနေတာကလည်း နောက်ဆက်တွဲတွေ ရှိတယ်နော်…” လို့ ပြန်ပြောလိုက်ပါတယ်။ Geralt ကတော့ ပထမ Season နှစ်ခုမှာ နိုင်ငံတွေရဲ့ ပြဿနာတွေကြားထဲ ဝင်မပါဘဲ ကြားနေပဲ လုပ်ခဲ့ပါတယ်။

ဒါပေမယ့်လည်း Season 3 ထဲမှာတော့ Geralt ဟာ ဒီအချက်ကို ပြောင်းလဲရနိုင်ချေ ရှိပါတယ်။ သူဟာ Ciri ကို ကာကွယ်ဖို့ ကြိုးစားနေရင်း သူ့ရဲ့ကြားနေမူဝါဒကို ဆက်လက် ထိန်းသိမ်းထားမလား၊ Ciri ကို ကယ်တင်မလားဆိုတဲ့ ရွေးချယ်မှုမျိူး ပြုလုပ်ရနိုင်ချေ ရှိပါတယ်။

ဒါ့အပြင် Ciri ကတော့ “ငါတို့က Witcher ပဲ” လို့ ပြောသွားတာကြောင့် Season 3 ထဲမှာတော့ Ciri ရဲ့ Witcher အဖြစ် ပြောင်းလဲမှုကလည်း ပြီးဆုံးသွားမယ်လို့ ယူဆရပါတယ်။ ပရိသတ်တွေ စောင့်မျှော်နေတဲ့ The Witcher Season 3 ကတော့ လာမယ့် (၂၉)ရက်နေ့မှာ Volume 1 ပြသသွားမှာ ဖြစ်ပြီး Volume 2 ကိုတော့ ဇူလိုင် (၂၇)ရက်နေ့မှာ ပြသသွားမှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular