HomeCharacterHarley Quinn နဲ့ ပတ်သက်ပြီး လူသိနည်းသေးတဲ့အချက်များ

Harley Quinn နဲ့ ပတ်သက်ပြီး လူသိနည်းသေးတဲ့အချက်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Harley Quinn ရဲ့ နာမည်အရင်းကတော့ Harleen Frances Quinzel ဖြစ်ပြီး Joker နဲ့ Harley Quinn တို့ဟာ ပရိသတ်တွေကြားမှာ နာမည်ကြီးတဲ့ ဗီလိန်တွေပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကိုတော့ Suicide Squad ထဲမှာ သိပ်ချစ်ကြတဲ့ စုံတွဲတစ်တွဲ ပုံစံမျိူး တွေ့ခဲ့ရပါတယ်။

ကောမစ်ထဲမှာတော့ Harley ဟာ Joker ရဲ့အနားမှာ အမြဲတမ်းရှိနေပြီး အသက်ပါ ပေးဆပ်ရဲတဲ့အထိ ချစ်ကြိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Joker ကတော့ သူမကို အသုံးချစရာ ပစ္စည်းတစ်ခုလိုပဲ မြင်ပြီးတော့ သူ့ရဲ့ကိုယ်ကျိူးအတွက် အသုံးချနေတာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ကောမစ်ထဲမှာတော့ Harley ကလည်း နောက်ပိုင်းမှာ Joker နဲ့ ပြတ်သွားတာမျိူးတွေလည်း ရှိပါတယ်။ ဒါ့အပြင် Harley Quinn နဲ့ ပတ်သက်ပြီး တစ်ခြားစိတ်ဝင်စားစရာ အကြောင်းအရာတွေကိုလည်း ဖော်ပြပေးချင်ပါတယ်။

သူမဟာ Batman: The Animated Series ထဲမှာ ပထမဆုံး ပွဲထွက်ခဲ့တာ ဖြစ်ပါတယ်။
photo via screenrant

ပုံမှန်ဆိုရင်တော့ ဇာတ်ကောင်အများစုဟာ ကောမစ်ထဲမှာ ပွဲထွက်ခဲ့ပြီး နောက်ပိုင်းမှာမှ animated movie တွေနဲ့ Live Action တွေထဲမှာ ပါဝင်ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Harley Quinn ကတော့ ၁၉၉၂ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Batman: The Animated Series ထဲမှာ ပထမဆုံး ပွဲထွက်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီအချိန်တုန်းက သူမကို Joker ရဲ့ တွဲဖက်လက်ထောက် ပုံစံမျိူးအဖြစ် ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှသာ ကောမစ်တွေထဲမှာ ပါဝင်ခဲ့ပြီးတော့ ပရိသတ်တွေ ကြိုက်နှစ်သက်တဲ့ ဗီလိန်တစ်ယောက် ဖြစ်လာခဲ့တာပါ။

အစတုန်းကတော့ သူမဟာ Joker ရဲ့ ရည်းစားဖြစ်ပြီး ရာဇဝတ်မှုတွေ ကျူးလွန်တဲ့နေရာမှာ Joker နဲ့ ကြံရာပါအဖြစ် ပါဝင်ရုံလောက်ပဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှသာ သူမရဲ့ နောက်ကြောင်းတွေကို ကောမစ်တွေထဲမှာ ဖော်ပြခဲ့ပြီး Batman ရဲ့ ကောမစ်တွေနဲ့ ပူးပေါင်းခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပဲ နောက်ပိုင်းမှာ သူမဟာ ရှုပ်ထွေးတဲ့ ဇာတ်ကောင်တစ်ယောက် ဖြစ်လာပြီးတော့ ပရိသတ်တွေကြားထဲမှာ ရေပန်းစားလာခဲ့တာ ဖြစ်ပါတယ်။

မူလတုန်းက သူမကို cameo အဖြစ်ပဲ ပါဝင်ဖို့ စီစဉ်ခဲ့တာပါ။
photo via screenrant

Harley Quinn ဟာ အခုချိန်မှာ ဘယ်လောက်ထိ အောင်မြင်တဲ့ ဇာတ်ကောင်လည်းဆိုတာ လူတိုင်းသိကြပါတယ်။ ဒါ့အပြင် သူမဟာ တစ်ခြားဇာတ်ကောင်တွေနဲ့မတူဘဲ Batman: The Animated Series ထဲမှာ ပထမဆုံး ပွဲထွက်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် မူလတုန်းက သူမကို ဇာတ်လမ်းသဘောတရားအရ cameo အဖြစ်ပဲ ပါဝင်ဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

ဇာတ်လမ်းရေးသား ဖန်တီးသူတွေဟာ Joker ရဲ့ အကွက်ချ စီစဉ်မှုတစ်ခုအဖြစ် ကိတ်မုန့်အကြီးကြီးထဲကနေ မိန်းကလေးတစ်ယောက် ထွက်လာတဲ့အခန်းကို ထည့်သွင်းချင်ခဲ့ကြပါတယ်။ သို့ပေမယ့် ဒီအတိုင်း သာမန် မိန်းကလေးတစ်ယောက်ကို ထည့်သွင်းလိုက်ရင် Joker ရဲ့ ကာရိုက်တာ သဘာဝနဲ့ သွေဖီသွားမှာဖြစ်တာကြောင့် သူနဲ့ကိုက်ညီမယ့် သစ္စာတော်ခံ အမျိုးသမီး ကာရိုက်တာတစ်ယောက်ကို ဖန်တီးခဲ့ရတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပရိသတ်တွေဟာ Harley ကို သဘောကျလာတာကြောင့် အဲ့ဒီ animated series ထဲမှာ အဓိကဇာတ်ကောင်တစ်ယောက် ဖြစ်လာပြီးတော့ နောက်ဆုံးမှာတော့ ရုပ်ရှင်ပိတ်ကားပေါ်မှာ မြင်ရတဲ့အထိ အောင်မြင်လာခဲ့ပါတယ်။

သူမဟာ အမေဇုန်စစ်သည်တော်လည်း ဖြစ်ခဲ့ဖူးပါတယ်။
photo via screenrant

Harley ဟာလည်း တစ်ခြားကောမစ်ထဲက ဇာတ်ကောင်တွေလိုပဲ ပုံမှန်အခြေအနေနဲ့ မတူတော့ဘဲ ပြောင်းလဲသွားတဲ့အချိန်တွေလည်း ရှိပါသေးတယ်။ အဲ့ဒီထဲက အဖြစ်အပျက်တစ်ခုကတော့ အမေဇုန်သူတွေပဲ နေထိုင်တဲ့ ကျွန်းပေါ်မှာ အမေဇုန်စစ်သည်တော် တစ်ယောက်အဖြစ် နေထိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ သူမကို အဲ့ဒီ့လို နေခွင့်ပေးထားတဲ့ အမေဇုန်သူတစ်ယောက်ကို ကျေးဇူးတင်တဲ့အနေနဲ့ သူမဟာ စစ်သည်တော်ကောင်းတစ်ယောက် ဖြစ်လာအောင် ကြိုးစားနေထိုင်ခဲ့ပါတယ်။

အဲ့ဒီအချိန်မှာတော့ သူမဟာ အရင်လိုမျိူး မိတ်ကပ်တွေနဲ့ ဝတ်စုံတွေ မဝတ်တော့ဘဲ အမေဇုန်သူတစ်ယောက် ပုံစံအတိုင်းပဲ နေထိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း သိပ်မကြာခင်မှာပဲ ဒီဘဝဟာ သူမအတွက် ရေရှည်မတည်မြဲနိုင်တဲ့ အရာတစ်ခုလို့ ယူဆခဲ့ပြီး အရင်လိုမျိူး Joker ကို စွဲလမ်းနေပြီး ရူးသွပ်နေတဲ့ Harley Quinn အဖြစ် ပြန်လည်နေထိုင်ခဲ့ပါတယ်။ အဲ့ဒီအချက်ကလည်း Harley အတွက် အဓိက ပြဿနာတစ်ခု ဖြစ်ခဲ့ပြီး တစ်ခြားတစ်နေရာမှာ ဘဝအသစ်စဖို့ ကြိုးစားလိုက်တိုင်း သိပ်မကြာခင်မှာ အရင်ဘဝကို ပြန်ရောက်သွားလေ့ရှိပါတယ်။

သူမမှာလည်း စွမ်းအားတွေ ရှိပါတယ်။
photo via screenrant

Harley ကို သာမန် ရူးသွပ်ပြီး ရာဇဝတ်မှုတွေ လုပ်နေတဲ့ ဗီလိန်တစ်ယောက်လို့ ထင်ရင်တော့ မှားသွားပါလိမ့်မယ်။ အကြောင်းကတော့ သူမမှာလည်း စွမ်းအားတွေ ရှိတာကြောင့်ပဲ ဖြစ်ပါတယ်။ အဲ့ဒီစွမ်းအားတွေကတော့ Poison Ivy ပေးခဲ့တဲ့ ဆေးရည်ကြောင့် ရရှိလာတာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပဲ သူမဟာ သာမန်လူတွေထက် သာလွန်တဲ့ ခွန်အားနဲ့ လျင်မြန်မှုတွေကို ရရှိခဲ့ပါတယ်။ ဒါ့အပြင် ခံနိုင်ရည်ရှိတဲ့ အပိုင်းမှာဆိုရင်လည်း အဆိပ်အများစုဟာ သူမအပေါ်မှာ ဘာသက်ရောက်မှုမှ မရှိသလို အက်စစ်တွေဟာလည်း သူမအပေါ်မှာ သက်ရောက်မှု မရှိပါဘူး။

သူမဟာ Joker အပြင် တစ်ခြားသူတွေနဲ့လည်း တွဲခဲ့ဖူးပါတယ်။
photo via screenrant

များသောအားဖြင့် သူမဟာ Joker ရဲ့အနားမှာ အမြဲလိုလို ရှိနေတာကြောင့် တချို့လူတွေကတော့ Harley ဟာ Joker ကလွဲရင် တစ်ခြားသူတွေနဲ့ မတွဲခဲ့ဖူးဘူးလို့ ထင်ကြပါလိမ့်မယ်။ တကယ်တော့ သူမဟာ Joker အနားမှာတင် မဟုတ်ဘဲ Suicide Squad အဖွဲ့ဝင်တစ်ယောက်လည်း ဖြစ်ခဲ့ဖူးသလို တစ်ခြားရာဇဝတ်သားတွေနဲ့လည်း အလုပ်အတူ တွဲလုပ်ဖူးပါတယ်။

ဒါကြောင့် သူမဟာ Joker အပြင် တစ်ခြားသူတွေနဲ့လည်း တွဲခဲ့ဖူးပါတယ်။ သူမဟာ Suicide Squad အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Deadshot နဲ့လည်း တွဲခဲ့ဖူးသလို Batman နဲ့လည်း တွဲခဲ့ဖူးပါသေးတယ်။ ဒါ့အပြင် သူမဟာ ယောကျာ်းရော၊ မိန်းမပါ ကြိုက်နှစ်သက်သူ ဖြစ်တာကြောင့် Poison Ivy နဲ့လည်း တွဲခဲ့ဖူးပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Harley Quinn ရဲ႕ နာမည္အရင္းကေတာ့ Harleen Frances Quinzel ျဖစ္ၿပီး Joker နဲ႔ Harley Quinn တို႔ဟာ ပရိသတ္ေတြၾကားမွာ နာမည္ႀကီးတဲ့ ဗီလိန္ေတြပဲ ျဖစ္ပါတယ္။ သူတို႔ႏွစ္ေယာက္ကိုေတာ့ Suicide Squad ထဲမွာ သိပ္ခ်စ္ၾကတဲ့ စုံတြဲတစ္တြဲ ပုံစံမ်ိဴး ေတြ႕ခဲ့ရပါတယ္။

ေကာမစ္ထဲမွာေတာ့ Harley ဟာ Joker ရဲ႕အနားမွာ အၿမဲတမ္းရွိေနၿပီး အသက္ပါ ေပးဆပ္ရဲတဲ့အထိ ခ်စ္ႀကိဳက္ခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း Joker ကေတာ့ သူမကို အသုံးခ်စရာ ပစၥည္းတစ္ခုလိုပဲ ျမင္ၿပီးေတာ့ သူ႔ရဲ႕ကိုယ္က်ိဴးအတြက္ အသုံးခ်ေနတာ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ ေကာမစ္ထဲမွာေတာ့ Harley ကလည္း ေနာက္ပိုင္းမွာ Joker နဲ႔ ျပတ္သြားတာမ်ိဴးေတြလည္း ရွိပါတယ္။ ဒါ့အျပင္ Harley Quinn နဲ႔ ပတ္သက္ၿပီး တစ္ျခားစိတ္ဝင္စားစရာ အေၾကာင္းအရာေတြကိုလည္း ေဖာ္ျပေပးခ်င္ပါတယ္။

သူမဟာ Batman: The Animated Series ထဲမွာ ပထမဆုံး ပြဲထြက္ခဲ့တာ ျဖစ္ပါတယ္။
photo via screenrant

ပုံမွန္ဆိုရင္ေတာ့ ဇာတ္ေကာင္အမ်ားစုဟာ ေကာမစ္ထဲမွာ ပြဲထြက္ခဲ့ၿပီး ေနာက္ပိုင္းမွာမွ animated movie ေတြနဲ႔ Live Action ေတြထဲမွာ ပါဝင္ၾကတာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း Harley Quinn ကေတာ့ ၁၉၉၂ခုႏွစ္တုန္းက ထြက္ရွိခဲ့တဲ့ Batman: The Animated Series ထဲမွာ ပထမဆုံး ပြဲထြက္ခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒီအခ်ိန္တုန္းက သူမကို Joker ရဲ႕ တြဲဖက္လက္ေထာက္ ပုံစံမ်ိဴးအျဖစ္ ဖန္တီးခဲ့တာ ျဖစ္ပါတယ္။ ေနာက္ပိုင္းမွသာ ေကာမစ္ေတြထဲမွာ ပါဝင္ခဲ့ၿပီးေတာ့ ပရိသတ္ေတြ ႀကိဳက္ႏွစ္သက္တဲ့ ဗီလိန္တစ္ေယာက္ ျဖစ္လာခဲ့တာပါ။

အစတုန္းကေတာ့ သူမဟာ Joker ရဲ႕ ရည္းစားျဖစ္ၿပီး ရာဇဝတ္မႈေတြ က်ဴးလြန္တဲ့ေနရာမွာ Joker နဲ႔ ႀကံရာပါအျဖစ္ ပါဝင္႐ုံေလာက္ပဲ ျဖစ္ပါတယ္။ ေနာက္ပိုင္းမွသာ သူမရဲ႕ ေနာက္ေၾကာင္းေတြကို ေကာမစ္ေတြထဲမွာ ေဖာ္ျပခဲ့ၿပီး Batman ရဲ႕ ေကာမစ္ေတြနဲ႔ ပူးေပါင္းခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ပဲ ေနာက္ပိုင္းမွာ သူမဟာ ရႈပ္ေထြးတဲ့ ဇာတ္ေကာင္တစ္ေယာက္ ျဖစ္လာၿပီးေတာ့ ပရိသတ္ေတြၾကားထဲမွာ ေရပန္းစားလာခဲ့တာ ျဖစ္ပါတယ္။

မူလတုန္းက သူမကို cameo အျဖစ္ပဲ ပါဝင္ဖို႔ စီစဥ္ခဲ့တာပါ။
photo via screenrant

Harley Quinn ဟာ အခုခ်ိန္မွာ ဘယ္ေလာက္ထိ ေအာင္ျမင္တဲ့ ဇာတ္ေကာင္လည္းဆိုတာ လူတိုင္းသိၾကပါတယ္။ ဒါ့အျပင္ သူမဟာ တစ္ျခားဇာတ္ေကာင္ေတြနဲ႔မတူဘဲ Batman: The Animated Series ထဲမွာ ပထမဆုံး ပြဲထြက္ခဲ့တာ ျဖစ္ပါတယ္။ ဒါ့အျပင္ မူလတုန္းက သူမကို ဇာတ္လမ္းသေဘာတရားအရ cameo အျဖစ္ပဲ ပါဝင္ဖို႔ စီစဥ္ခဲ့တာ ျဖစ္ပါတယ္။

ဇာတ္လမ္းေရးသား ဖန္တီးသူေတြဟာ Joker ရဲ႕ အကြက္ခ် စီစဥ္မႈတစ္ခုအျဖစ္ ကိတ္မုန႔္အႀကီးႀကီးထဲကေန မိန္းကေလးတစ္ေယာက္ ထြက္လာတဲ့အခန္းကို ထည့္သြင္းခ်င္ခဲ့ၾကပါတယ္။ သို႔ေပမယ့္ ဒီအတိုင္း သာမန္ မိန္းကေလးတစ္ေယာက္ကို ထည့္သြင္းလိုက္ရင္ Joker ရဲ႕ ကာ႐ိုက္တာ သဘာဝနဲ႔ ေသြဖီသြားမွာျဖစ္တာေၾကာင့္ သူနဲ႔ကိုက္ညီမယ့္ သစၥာေတာ္ခံ အမ်ိဳးသမီး ကာ႐ိုက္တာတစ္ေယာက္ကို ဖန္တီးခဲ့ရတာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ပရိသတ္ေတြဟာ Harley ကို သေဘာက်လာတာေၾကာင့္ အဲ့ဒီ animated series ထဲမွာ အဓိကဇာတ္ေကာင္တစ္ေယာက္ ျဖစ္လာၿပီးေတာ့ ေနာက္ဆုံးမွာေတာ့ ႐ုပ္ရွင္ပိတ္ကားေပၚမွာ ျမင္ရတဲ့အထိ ေအာင္ျမင္လာခဲ့ပါတယ္။

သူမဟာ အေမဇုန္စစ္သည္ေတာ္လည္း ျဖစ္ခဲ့ဖူးပါတယ္။
photo via screenrant

Harley ဟာလည္း တစ္ျခားေကာမစ္ထဲက ဇာတ္ေကာင္ေတြလိုပဲ ပုံမွန္အေျခအေနနဲ႔ မတူေတာ့ဘဲ ေျပာင္းလဲသြားတဲ့အခ်ိန္ေတြလည္း ရွိပါေသးတယ္။ အဲ့ဒီထဲက အျဖစ္အပ်က္တစ္ခုကေတာ့ အေမဇုန္သူေတြပဲ ေနထိုင္တဲ့ ကြၽန္းေပၚမွာ အေမဇုန္စစ္သည္ေတာ္ တစ္ေယာက္အျဖစ္ ေနထိုင္ခဲ့တာပဲ ျဖစ္ပါတယ္။ သူမကို အဲ့ဒီ့လို ေနခြင့္ေပးထားတဲ့ အေမဇုန္သူတစ္ေယာက္ကို ေက်းဇူးတင္တဲ့အေနနဲ႔ သူမဟာ စစ္သည္ေတာ္ေကာင္းတစ္ေယာက္ ျဖစ္လာေအာင္ ႀကိဳးစားေနထိုင္ခဲ့ပါတယ္။

အဲ့ဒီအခ်ိန္မွာေတာ့ သူမဟာ အရင္လိုမ်ိဴး မိတ္ကပ္ေတြနဲ႔ ဝတ္စုံေတြ မဝတ္ေတာ့ဘဲ အေမဇုန္သူတစ္ေယာက္ ပုံစံအတိုင္းပဲ ေနထိုင္ခဲ့ပါတယ္။ ဒါေပမယ့္လည္း သိပ္မၾကာခင္မွာပဲ ဒီဘဝဟာ သူမအတြက္ ေရရွည္မတည္ၿမဲႏိုင္တဲ့ အရာတစ္ခုလို႔ ယူဆခဲ့ၿပီး အရင္လိုမ်ိဴး Joker ကို စြဲလမ္းေနၿပီး ႐ူးသြပ္ေနတဲ့ Harley Quinn အျဖစ္ ျပန္လည္ေနထိုင္ခဲ့ပါတယ္။ အဲ့ဒီအခ်က္ကလည္း Harley အတြက္ အဓိက ျပႆနာတစ္ခု ျဖစ္ခဲ့ၿပီး တစ္ျခားတစ္ေနရာမွာ ဘဝအသစ္စဖို႔ ႀကိဳးစားလိုက္တိုင္း သိပ္မၾကာခင္မွာ အရင္ဘဝကို ျပန္ေရာက္သြားေလ့ရွိပါတယ္။

သူမမွာလည္း စြမ္းအားေတြ ရွိပါတယ္။
photo via screenrant

Harley ကို သာမန္ ႐ူးသြပ္ၿပီး ရာဇဝတ္မႈေတြ လုပ္ေနတဲ့ ဗီလိန္တစ္ေယာက္လို႔ ထင္ရင္ေတာ့ မွားသြားပါလိမ့္မယ္။ အေၾကာင္းကေတာ့ သူမမွာလည္း စြမ္းအားေတြ ရွိတာေၾကာင့္ပဲ ျဖစ္ပါတယ္။ အဲ့ဒီစြမ္းအားေတြကေတာ့ Poison Ivy ေပးခဲ့တဲ့ ေဆးရည္ေၾကာင့္ ရရွိလာတာ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူမဟာ သာမန္လူေတြထက္ သာလြန္တဲ့ ခြန္အားနဲ႔ လ်င္ျမန္မႈေတြကို ရရွိခဲ့ပါတယ္။ ဒါ့အျပင္ ခံႏိုင္ရည္ရွိတဲ့ အပိုင္းမွာဆိုရင္လည္း အဆိပ္အမ်ားစုဟာ သူမအေပၚမွာ ဘာသက္ေရာက္မႈမွ မရွိသလို အက္စစ္ေတြဟာလည္း သူမအေပၚမွာ သက္ေရာက္မႈ မရွိပါဘူး။

သူမဟာ Joker အျပင္ တစ္ျခားသူေတြနဲ႔လည္း တြဲခဲ့ဖူးပါတယ္။
photo via screenrant

မ်ားေသာအားျဖင့္ သူမဟာ Joker ရဲ႕အနားမွာ အၿမဲလိုလို ရွိေနတာေၾကာင့္ တခ်ိဳ႕လူေတြကေတာ့ Harley ဟာ Joker ကလြဲရင္ တစ္ျခားသူေတြနဲ႔ မတြဲခဲ့ဖူးဘူးလို႔ ထင္ၾကပါလိမ့္မယ္။ တကယ္ေတာ့ သူမဟာ Joker အနားမွာတင္ မဟုတ္ဘဲ Suicide Squad အဖြဲ႕ဝင္တစ္ေယာက္လည္း ျဖစ္ခဲ့ဖူးသလို တစ္ျခားရာဇဝတ္သားေတြနဲ႔လည္း အလုပ္အတူ တြဲလုပ္ဖူးပါတယ္။

ဒါေၾကာင့္ သူမဟာ Joker အျပင္ တစ္ျခားသူေတြနဲ႔လည္း တြဲခဲ့ဖူးပါတယ္။ သူမဟာ Suicide Squad အဖြဲ႕ဝင္တစ္ေယာက္ျဖစ္တဲ့ Deadshot နဲ႔လည္း တြဲခဲ့ဖူးသလို Batman နဲ႔လည္း တြဲခဲ့ဖူးပါေသးတယ္။ ဒါ့အျပင္ သူမဟာ ေယာက်ာ္းေရာ၊ မိန္းမပါ ႀကိဳက္ႏွစ္သက္သူ ျဖစ္တာေၾကာင့္ Poison Ivy နဲ႔လည္း တြဲခဲ့ဖူးပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular