HomeEntertainmentFilmဩဂုတ်လမှာ HBO Max ကနေ ပြသသွားမယ့် Titans Season 3

ဩဂုတ်လမှာ HBO Max ကနေ ပြသသွားမယ့် Titans Season 3

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

မကြာသေးခင်ကပဲ Titans ဇာတ်လမ်းတွဲထဲမှာ ပါဝင်ကြတဲ့ သရုပ်ဆောင်တွေဟာ သူတို့ရဲ့ ရိုက်ကွင်းပေါ်က ပုံရိပ်တွေ ပါဝင်တဲ့ ဗွီဒီယိုတစ်ခုကို ဆိုရှယ်မီဒီယာပေါ်မှာ မျှဝေခဲ့ပါတယ်။ ဒါတင်မကသေးဘဲ Titans Season 3 ကိုတော့ ဩဂုတ်လမှာ HBO Max ကနေ ပြသသွားမယ်လို့လည်း သိရပါတယ်။

ဒီဇာတ်လမ်းတွဲကိုတော့ DC ကောမစ်ထဲက Teen Titans အဖွဲ့ကို အခြေခံပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့ အစမှာတော့ သူတို့တွေဟာ တစ်ကွဲတစ်ပြားစီ ဖြစ်နေကြပြီး နောက်ပိုင်းမှာတော့ Trigon နဲ့ Deathstorke တို့အပါအဝင် တခြားအန္တရာယ်တွေကြောင့် စုစည်းမိသွားပါတယ်။

photo via screenrant

ဒီဇာတ်လမ်းတွဲရဲ့ အဓိကသရုပ်ဆောင်တွေကတော့ Brenton Thwaites ၊ Anna Diop ၊ Teagan Croft ၊ Ryan Potter ၊ Curran Walters ၊ Alan Ritchson ၊ Conor Leslie နဲ့ Minka Kelly တို့ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲ ဖန်တီးဖို့အတွက် ပြင်ဆင်နေတဲ့အကြောင်းကိုတော့ ၂၀၁၄ ခုနှစ်ကတည်းက စတင်ကြေညာခဲ့တာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲဟာ ၂၀၁၈ ခုနှစ်မှာတော့ ထွက်ရှိလာခဲ့ပြီး ရုပ်ရှင်ဝေဖန်ရေးတွေမှာလည်း နာမည်ကောင်းခဲ့ရသလို ပရိသတ်တွေကြားမှာလည်း ရေပန်းစားခဲ့ပါတယ်။

မကြာသေးခင်ကပဲ ဒီဇာတ်လမ်းတွဲရဲ့ အဓိကသရုပ်ဆောင်တွေဟာ သူတို့ရဲ့ ရိုက်ကွင်းပေါ်က ပုံရိပ်တွေကို တွစ်တာပေါ်မှာ မျှဝေထားကြပါတယ်။ လောလောဆယ်မှာတော့ ရိုက်ကူးရေး မပြီးသေးပေမယ့်လည်း season 3 ကို ဩဂုတ်လမှာ HBO Max ကနေ ပြသသွားမယ်လို့ သိရပါတယ်။ ဒါကြောင့်ပဲ ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ Titans Season 3 ကို နောက်ထပ် (၃)လလောက် အကြာမှာ ကြည့်ရှုနိုင်တော့မှာပဲ ဖြစ်ပါတယ်။

Titans Season 2 ရဲ့ နောက်ဆုံးအပိုင်းမှာတော့ Dick Grayson ကို ကျွန်တော်တို့ စောင့်မျှော်နေတဲ့ Nightwing ပုံစံနဲ့ မြင်တွေ့ခဲ့ရပါတယ်။ ဇာတ်လမ်းရဲ့ အစမှာတော့ Dick Grayson ဟာ Batman ရဲ့ လောင်းရိပ်အောက်က ရုန်းထွက်ချင်နေတဲ့ ပုံစံကို မြင်တွေ့ခဲ့ရပြီး Robin အဖြစ်က နှုတ်ထွက်လိုက်တာကိုလည်း မြင်ခဲ့ရပါတယ်။ အဲ့ဒီနောက် Nightwing ဖြစ်သွားတဲ့ အချိန်မှာတော့ ဝတ်စုံကိုလည်း မျှော်လင့်ထားတဲ့ ပုံစံအတိုင်း မြင်ခဲ့ရသလို ဇာတ်ကောင်နဲ့လည်း လိုက်ဖက်ပါတယ်။ ပရိသတ်တွေအတွက် ဒီဇာတ်လမ်းတွဲကို ကြည့်ရှုဖို့ သိပ်မစောင့်ရတော့ပါဘူးလို့ အသိပေးလိုက်ရပါတယ်။

Legos

Source : Screenrant

(Zawgyi Version)

မၾကာေသးခင္ကပဲ Titans ဇာတ္လမ္းတြဲထဲမွာ ပါဝင္ၾကတဲ့ သ႐ုပ္ေဆာင္ေတြဟာ သူတို႔ရဲ႕ ႐ိုက္ကြင္းေပၚက ပုံရိပ္ေတြ ပါဝင္တဲ့ ဗြီဒီယိုတစ္ခုကို ဆိုရွယ္မီဒီယာေပၚမွာ မွ်ေဝခဲ့ပါတယ္။ ဒါတင္မကေသးဘဲ Titans Season 3 ကိုေတာ့ ဩဂုတ္လမွာ HBO Max ကေန ျပသသြားမယ္လို႔လည္း သိရပါတယ္။

ဒီဇာတ္လမ္းတြဲကိုေတာ့ DC ေကာမစ္ထဲက Teen Titans အဖြဲ႕ကို အေျခခံၿပီး ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ ဇာတ္လမ္းရဲ႕ အစမွာေတာ့ သူတို႔ေတြဟာ တစ္ကြဲတစ္ျပားစီ ျဖစ္ေနၾကၿပီး ေနာက္ပိုင္းမွာေတာ့ Trigon နဲ႔ Deathstorke တို႔အပါအဝင္ တျခားအႏၲရာယ္ေတြေၾကာင့္ စုစည္းမိသြားပါတယ္။

photo via screenrant

ဒီဇာတ္လမ္းတြဲရဲ႕ အဓိကသ႐ုပ္ေဆာင္ေတြကေတာ့ Brenton Thwaites ၊ Anna Diop ၊ Teagan Croft ၊ Ryan Potter ၊ Curran Walters ၊ Alan Ritchson ၊ Conor Leslie နဲ႔ Minka Kelly တို႔ ျဖစ္ပါတယ္။ ဒီဇာတ္လမ္းတြဲ ဖန္တီးဖို႔အတြက္ ျပင္ဆင္ေနတဲ့အေၾကာင္းကိုေတာ့ ၂၀၁၄ ခုႏွစ္ကတည္းက စတင္ေၾကညာခဲ့တာ ျဖစ္ပါတယ္။ ဒီဇာတ္လမ္းတြဲဟာ ၂၀၁၈ ခုႏွစ္မွာေတာ့ ထြက္ရွိလာခဲ့ၿပီး ႐ုပ္ရွင္ေဝဖန္ေရးေတြမွာလည္း နာမည္ေကာင္းခဲ့ရသလို ပရိသတ္ေတြၾကားမွာလည္း ေရပန္းစားခဲ့ပါတယ္။

မၾကာေသးခင္ကပဲ ဒီဇာတ္လမ္းတြဲရဲ႕ အဓိကသ႐ုပ္ေဆာင္ေတြဟာ သူတို႔ရဲ႕ ႐ိုက္ကြင္းေပၚက ပုံရိပ္ေတြကို တြစ္တာေပၚမွာ မွ်ေဝထားၾကပါတယ္။ ေလာေလာဆယ္မွာေတာ့ ႐ိုက္ကူးေရး မၿပီးေသးေပမယ့္လည္း season 3 ကို ဩဂုတ္လမွာ HBO Max ကေန ျပသသြားမယ္လို႔ သိရပါတယ္။ ဒါေၾကာင့္ပဲ ပရိသတ္ေတြ ေစာင့္ေမွ်ာ္ေနၾကတဲ့ Titans Season 3 ကို ေနာက္ထပ္ (၃)လေလာက္ အၾကာမွာ ၾကည့္ရႈႏိုင္ေတာ့မွာပဲ ျဖစ္ပါတယ္။

Titans Season 2 ရဲ႕ ေနာက္ဆုံးအပိုင္းမွာေတာ့ Dick Grayson ကို ကြၽန္ေတာ္တို႔ ေစာင့္ေမွ်ာ္ေနတဲ့ Nightwing ပုံစံနဲ႔ ျမင္ေတြ႕ခဲ့ရပါတယ္။ ဇာတ္လမ္းရဲ႕ အစမွာေတာ့ Dick Grayson ဟာ Batman ရဲ႕ ေလာင္းရိပ္ေအာက္က ႐ုန္းထြက္ခ်င္ေနတဲ့ ပုံစံကို ျမင္ေတြ႕ခဲ့ရၿပီး Robin အျဖစ္က ႏႈတ္ထြက္လိုက္တာကိုလည္း ျမင္ခဲ့ရပါတယ္။ အဲ့ဒီေနာက္ Nightwing ျဖစ္သြားတဲ့ အခ်ိန္မွာေတာ့ ဝတ္စုံကိုလည္း ေမွ်ာ္လင့္ထားတဲ့ ပုံစံအတိုင္း ျမင္ခဲ့ရသလို ဇာတ္ေကာင္နဲ႔လည္း လိုက္ဖက္ပါတယ္။ ပရိသတ္ေတြအတြက္ ဒီဇာတ္လမ္းတြဲကို ၾကည့္ရႈဖို႔ သိပ္မေစာင့္ရေတာ့ပါဘူးလို႔ အသိေပးလိုက္ရပါတယ္။

Legos

Source : Screenrant

RELATED ARTICLES

Most Popular