HomeEntertainmentFilmလှပသေသပ်လွန်းတဲ့ visual တွေကို မြင်တွေ့ရမယ့် The Lord of the Rings: The Rings of...

လှပသေသပ်လွန်းတဲ့ visual တွေကို မြင်တွေ့ရမယ့် The Lord of the Rings: The Rings of Power ထွေလာ

The Lord of the Rings: The Rings of Power ကတော့ နာမည်ကျော် စာရေးဆရာကြီး J.R.R. Tolkien ရဲ့ စိတ်ကူးယဉ်ဝတ္ထုကို ပြန်လည်မှီငြမ်း ရိုက်ကူးထားတဲ့ ပထမဆုံး ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်။ အပိုင်း(၈)ပိုင်း ပါဝင်မယ့် ဒီဇာတ်လမ်းတွဲကိုတော့ မကြာခင် စက်တင်ဘာလ(၂)ရက်နေ့မှာ Amazon Prime Video ကနေ ကြည့်ရှုနိုင်တော့မှာ ဖြစ်ပါတယ်။

The Rings of Power ကတော့ teaser အချို့ ထုတ်ပေးပြီးနောက်မှာ ပထမဆုံးအကြိမ်အဖြစ် ထွေလာကို ထုတ်ပေးလိုက်တာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းကတော့ The Hobbit နဲ့ The Lord of the Rings ထဲက အဖြစ်အပျက်တွေ မတိုင်ခင် နှစ်ပေါင်းထောင်ကျော်ကာလမှာ ဇာတ်အိမ်တည်ထားပါတယ်။

Photo Credit: Amazon Prime Video

သုံးမိနစ်ခန့် ကြာမြင့်တဲ့ ဒီထွေလာထဲမှာတော့ dwarf တွေ၊ elf တွေ၊ hobbit ဆန်ဆန် သတ္တဝါတွေကို မြင်တွေ့လိုက်ရပါတယ်။ Galadriel ကတော့ elves တွေကို သူတို့ပြီးဆုံးပြီလို့ ထင်မှတ်နေကြတဲ့ စစ်ပွဲဟာ တကယ်မပြီးဆုံးသေးကြောင်း သတိပေးလိုက်ပါတယ်။ “မကောင်းဆိုးဝါးဟာ အိပ်ပျော်နေတာ မဟုတ်ဘူး။ စောင့်ဆိုင်းနေတာ …” လို့ သူမက ပြောလိုက်ပါတယ်။

ဒီမှာပြောနေတဲ့ မကောင်းဆိုးဝါးကတော့ Sauron ဖြစ်ပုံရပြီး ဒီထွေလာထဲမှာတော့ မမြင်ခဲ့ရပါဘူး။ The Rings of Power ကတော့ Elven တွေရဲ့ လောကဖြစ်တဲ့ Lindon နဲ့ Eregion ၊ Dwarf တွေရဲ့ လောကဖြစ်တဲ့ Khazad-dum ၊ Southland ၊ Northernmost Wastes ၊ Sundering Seas အစရှိတဲ့ စိတ်ကူးယဉ် နယ်မြေတွေဆီကို ပရိသတ်တွေကို ခေါ်ဆောင်သွားမှာ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲကတော့ ရိုက်ကူးထားသမျှ ဇာတ်လမ်းတွဲတွေ အားလုံးထဲမှာ ဘတ်ဂျက်အများဆုံး သုံးစွဲထားတယ်လို့ သိရပါတယ်။ ဘတ်ဂျက်ကတော့ ဒေါ်လာ(၄၆၅)သန်းခန့် သုံးစွဲထားတယ်လို့ သိရပါတယ်။ Amazon စတူဒီယိုကတော့ ယခုဇာတ်လမ်းတွဲ ရိုက်ကူးဖို့အတွက် စာရေးဆရာကြီး J.R.R. Tolkien ဆီကနေ ဒေါ်လာသန်း(၂၅၀)နဲ့ မူပိုင်ခွင့်ကို ၂၀၁၇ ခုနှစ်က ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။

The Rings of Power ဇာတ်လမ်းတွဲကိုတော့ JD Payne နဲ့ Patrick McKay တို့က showrunner အဖြစ် တာဝန်ယူထားပါတယ်။ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကတော့ Robert Aramayo ၊ Joseph Mawle ၊ Morfydd Clark ၊ Owain Arthur ၊ Nazanin Boniandi အစရှိသူတွေက ပါဝင်ထားပါတယ်။

Vancouver

Source: indianexpress

RELATED ARTICLES

Most Popular