HomeCelebs Update NewsInternationalဘ၀သစ္တစ္ဖန္ျပန္စဖို႔ တရား၀င္ေစ့စပ္လိုက္ျပန္ၿပီျဖစ္တဲ့ Jennifer Lopez

ဘ၀သစ္တစ္ဖန္ျပန္စဖို႔ တရား၀င္ေစ့စပ္လိုက္ျပန္ၿပီျဖစ္တဲ့ Jennifer Lopez

(အောက်တွင် Unicode ဖြင့်ဖတ်ရှုပါ။)

အသက္ႀကီးေပမယ့္ မပ်က္စီးေသးတဲ့ မမလွလွ J.Lo ဟာ သူနဲ႔တြဲေနတဲ့ အေမရိကန္ ေဘ့စ္ေဘာကစားသမားေဟာင္း Alex Rodriguez နဲ႔ တရား၀င္ေစ့စပ္လိုက္ၾကၿပီ ျဖစ္ပါတယ္။

Photo Credit: hollywoodlife.com

အသက္(၄၉)အရြယ္ရိွၿပီျဖစ္တဲ့ J.Lo ဟာ သူမထက္ (၆)ႏွစ္ငယ္တဲ့ အသက္ (၄၃)ႏွစ္အရြယ္ Alex Rodriguez နဲ႔ ႏွစ္ႏွစ္ေက်ာ္ၾကာ တြဲၿပီးတဲ့ေနာက္မွာ တရား၀င္ ေစ့စပ္လိုက္ၾကတာ ျဖစ္ပါတယ္။ ဒီသတင္းကို မတ္လ (၉)ရက္ေန႔မွာ J.Lo က သူမရဲ႕ IG အေကာင့္မွာ ေစ့စပ္လက္စြပ္ပုံတင္ၿပီး တစ္ေလာကလုံးကို အသိေပးလိုက္တာ ျဖစ္ပါတယ္။ ကမ္းေျခနံေဘးက မီးပုံပြဲေလးရဲ႕ေဘးမွာ သူမရဲ႕ေစ့စပ္လက္စြပ္ကို ၀တ္ဆင္ထားၿပီး “♥️♥️♥️♥️♥️♥️♥️♥️.” အသည္းပုံေလးေတြသာ caption ထိုးထားတဲ့ပုံကို တင္လိုက္ရာမွာ သို႔ေလာသုိ႔ေလာေတြ ျဖစ္ေနတုန္းမွာပဲ သူမရဲ႕မန္ေနဂ်ာ Benny Medina က ေစ့စပ္လိုက္ၿပီဆိုတဲ့သတင္းကို အတည္ျပဳေပးလိုက္တာ ျဖစ္ပါတယ္။
https://www.instagram.com/p/Buzz2LMg92D/?utm_source=ig_embed

ဒီသတင္းမထြက္လာခင္ တစ္ရက္အလို မတ္လ(၈)ရက္ေန႔ကလည္း J.Lo နဲ႔ Alex တို႔ ႏွစ္ေယာက္သားဟာ ကမ္းေျခတစ္ခုကို အတူေရာက္ေနၾကတဲ့ ပုံကို Alex က သူ႔ရဲ႕လူမႈကြန္ယက္ေပၚမွာ တင္ၿပီး အရိပ္အျမြက္ျပခဲ့ပါေသးတယ္။ Hollywoodlife ရဲ႕ အဆိုအရ ၂၀၁၈ခုႏွစ္ ဇူလိုင္လတုန္းက Alex ရဲ႕ အခ်စ္ေရးနဲ႔ပတ္သက္ၿပီး စုံစမ္းေမးျမန္းခဲ့ေသးရာမွာ Alex ဟာ သူ႔ရဲ႕လက္ထပ္ခြင့္ ေတာင္းတဲ့ပုံစံေလးကို စပါယ္ရွယ္ျဖစ္ခ်င္တယ္လို႔ ေျပာထားပါေသးတယ္။

Photo Credit: hollywoodlife.com

“J.Lo ဟာ Alex ကို ပိုမိုေကာင္းမြန္တဲ့လူတစ္ေယာက္ ျဖစ္လာေစပါတယ္။ Alex မွာ လုံး၀ၿပီးျပည့္စုံေနေအာင္ ျဖည့္စြက္ေပးႏိုင္ၿပီး ႏွစ္ေယာက္သားအတူ ရိွေနခ်ိန္ေတြဆိုရင္ ကမာၻႀကီးတစ္ခုလုံးကိုေတာင္ စိန္ေခၚအႏိုင္ယူႏိုင္မယ့္ ခံစားခ်က္မ်ိဳးရိွၾကပါတယ္”လို႔ Alex ရဲ႕ အတြင္းသတင္းက ဆိုပါတယ္။

Photo Credit: hollywoodlife.com

“Alex က သူ႔ရဲ႕က်န္တဲ့သက္တမ္းတစ္ေလွ်ာက္လုံးကို J.Lo နဲ႔ပဲ ကုန္ဆုံးသြားခ်င္တာပါ။ J.Lo ဟာ သူ႔အတြက္ ၿပီးျပည့္စုံတဲ့ အမ်ိဳးသမီးတစ္ေယာက္ဆိုတာ သံသယမရိွဘဲ ယုံၾကည္ပါတယ္။ ေနာက္ဆုံးမွာေတာ့ Alex တစ္ေယာက္ သူ႔ရဲ႕ဘ၀လက္တြဲေဖာ္ကို ရွာေတြ႕သြားပါၿပီ။ အခု သူလုပ္ဖို႔လိုတာက လက္ထပ္ခြင့္ေတာင္းဖို႔အတြက္ အခ်ိန္ေကာင္းေလး ေရြးဖို႔ပါပဲ။ သူကလည္း အဲ့ဒါကို တကယ္ရိုမန္႔တစ္ဆန္တာေလး ျဖစ္ခ်င္ေနပါတယ္” လို႔ အဲ့ဒီ့အတြင္းသတင္းကပဲ ေျပာထားပါေသးတယ္။

Photo Credit: hollywoodlife.com

၂၀၁၈ခုႏွစ္ ဧၿပီလတုန္းက ထြက္ရိွထားတဲ့ J.Lo ရဲ႕သီခ်င္း အဂၤလိပ္လို The Ring လို႔အဓိပၸာယ္ရတဲ့ El Annilo ရဲ႕ ဆိုလိုရင္းအတိုင္း ေကာင္ေလးတစ္ေယာက္က ပရိုပုိ႔စ္လာလုပ္တာကို အလိုရိွတယ္ဆိုတဲ့ သီခ်င္းေလးအတိုင္း မမ J.Lo ကေတာ့ လိုအင္ဆႏၵေတြ ျပည့္စုံခဲ့ၿပီျဖစ္ပါတယ္။

Photo Credit: hollywoodlife.com

Source: hollywoodlife

အသက်ကြီးပေမယ့် မပျက်စီးသေးတဲ့ မမလှလှ J.Lo ဟာ သူနဲ့တွဲနေတဲ့ အမေရိကန် ဘေ့စ်ဘောကစားသမားဟောင်း Alex Rodriguez နဲ့ တရားဝင်စေ့စပ်လိုက်ကြပြီ ဖြစ်ပါတယ်။

Photo Credit: hollywoodlife.com

အသက်(၄၉)အရွယ်ရှိပြီဖြစ်တဲ့ J.Lo ဟာ သူမထက် (၆)နှစ်ငယ်တဲ့ အသက် (၄၃)နှစ်အရွယ် Alex Rodriguez နဲ့ နှစ်နှစ်ကျော်ကြာ တွဲပြီးတဲ့နောက်မှာ တရားဝင် စေ့စပ်လိုက်ကြတာ ဖြစ်ပါတယ်။ ဒီသတင်းကို မတ်လ (၉)ရက်နေ့မှာ J.Lo က သူမရဲ့ IG အကောင့်မှာ စေ့စပ်လက်စွပ်ပုံတင်ပြီး တစ်လောကလုံးကို အသိပေးလိုက်တာ ဖြစ်ပါတယ်။ ကမ်းခြေနံဘေးက မီးပုံပွဲလေးရဲ့ဘေးမှာ သူမရဲ့စေ့စပ်လက်စွပ်ကို ဝတ်ဆင်ထားပြီး “♥️♥️♥️♥️♥️♥️♥️♥️.” အသည်းပုံလေးတွေသာ caption ထိုးထားတဲ့ပုံကို တင်လိုက်ရာမှာ သို့လောသို့လောတွေ ဖြစ်နေတုန်းမှာပဲ သူမရဲ့မန်နေဂျာ Benny Medina က စေ့စပ်လိုက်ပြီဆိုတဲ့သတင်းကို အတည်ပြုပေးလိုက်တာ ဖြစ်ပါတယ်။
https://www.instagram.com/p/Buzz2LMg92D/?utm_source=ig_embed

ဒီသတင်းမထွက်လာခင် တစ်ရက်အလို မတ်လ(၈)ရက်နေ့ကလည်း J.Lo နဲ့ Alex တို့ နှစ်ယောက်သားဟာ ကမ်းခြေတစ်ခုကို အတူရောက်နေကြတဲ့ ပုံကို Alex က သူ့ရဲ့လူမှုကွန်ယက်ပေါ်မှာ တင်ပြီး အရိပ်အမြွက်ပြခဲ့ပါသေးတယ်။ Hollywoodlife ရဲ့ အဆိုအရ ၂၀၁၈ခုနှစ် ဇူလိုင်လတုန်းက Alex ရဲ့ အချစ်ရေးနဲ့ပတ်သက်ပြီး စုံစမ်းမေးမြန်းခဲ့သေးရာမှာ Alex ဟာ သူ့ရဲ့လက်ထပ်ခွင့် တောင်းတဲ့ပုံစံလေးကို စပါယ်ရှယ်ဖြစ်ချင်တယ်လို့ ပြောထားပါသေးတယ်။

Photo Credit: hollywoodlife.com

“J.Lo ဟာ Alex ကို ပိုမိုကောင်းမွန်တဲ့လူတစ်ယောက် ဖြစ်လာစေပါတယ်။ Alex မှာ လုံးဝပြီးပြည့်စုံနေအောင် ဖြည့်စွက်ပေးနိုင်ပြီး နှစ်ယောက်သားအတူ ရှိနေချိန်တွေဆိုရင် ကမ္ဘာကြီးတစ်ခုလုံးကိုတောင် စိန်ခေါ်အနိုင်ယူနိုင်မယ့် ခံစားချက်မျိုးရှိကြပါတယ်”လို့ Alex ရဲ့ အတွင်းသတင်းက ဆိုပါတယ်။

Photo Credit: hollywoodlife.com

“Alex က သူ့ရဲ့ကျန်တဲ့သက်တမ်းတစ်လျှောက်လုံးကို J.Lo နဲ့ပဲ ကုန်ဆုံးသွားချင်တာပါ။ J.Lo ဟာ သူ့အတွက် ပြီးပြည့်စုံတဲ့ အမျိုးသမီးတစ်ယောက်ဆိုတာ သံသယမရှိဘဲ ယုံကြည်ပါတယ်။ နောက်ဆုံးမှာတော့ Alex တစ်ယောက် သူ့ရဲ့ဘဝလက်တွဲဖော်ကို ရှာတွေ့သွားပါပြီ။ အခု သူလုပ်ဖို့လိုတာက လက်ထပ်ခွင့်တောင်းဖို့အတွက် အချိန်ကောင်းလေး ရွေးဖို့ပါပဲ။ သူကလည်း အဲ့ဒါကို တကယ်ရိုမန့်တစ်ဆန်တာလေး ဖြစ်ချင်နေပါတယ်” လို့ အဲ့ဒီ့အတွင်းသတင်းကပဲ ပြောထားပါသေးတယ်။

Photo Credit: hollywoodlife.com

၂၀၁၈ခုနှစ် ဧပြီလတုန်းက ထွက်ရှိထားတဲ့ J.Lo ရဲ့သီချင်း အင်္ဂလိပ်လို The Ring လို့အဓိပ္ပာယ်ရတဲ့ El Annilo ရဲ့ ဆိုလိုရင်းအတိုင်း ကောင်လေးတစ်ယောက်က ပရိုပို့စ်လာလုပ်တာကို အလိုရှိတယ်ဆိုတဲ့ သီချင်းလေးအတိုင်း မမ J.Lo ကတော့ လိုအင်ဆန္ဒတွေ ပြည့်စုံခဲ့ပြီဖြစ်ပါတယ်။

Photo Credit: hollywoodlife.com

Source: hollywoodlife

RELATED ARTICLES

Most Popular