HomeEntertainmentFilmTom Cruise ပရိသတ်တိုင်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်း(၁၀)ကား

Tom Cruise ပရိသတ်တိုင်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်း(၁၀)ကား

Tom Cruise ကတော့ အသက်(၅၉)နှစ် ရှိနေပြီ ဖြစ်ပြီး ဟောလိဝုဒ် ရုပ်ရှင်လောကမှာ အောင်မြင်မှုကို အချိန်အကြာကြီး ထိန်းသိမ်းထားနိုင်သူ တစ်ယောက်လည်း ဖြစ်ပါတယ်။ သူဟာ ၁၉၈၀ ကျော် ကာလတွေတည်းက Top Gun နဲ့ The Color of the Money တို့လို ရုပ်ရှင်တွေနဲ့ အောင်မြင် ကျော်ကြားခဲ့ပြီး သူကိုယ်တိုင် ထုတ်လုပ်သူအဖြစ် ပါဝင်ကာ စတန့်တွေကို ကိုယ်တိုင်ဖန်တီးခဲ့တဲ့ Mission Impossible Franchise ဆိုရင်လည်း မသိသူ မရှိပါဘူး။ ဒါကြောင့်ပဲ မင်းသားကြီး Tom Cruise ရဲ့ ပရိသတ်တိုင်း ကြည့်ရှုထားသင့်တဲ့ မင်းသားကြီးရဲ့ အကောင်းဆုံး ရုပ်ရှင်တွေကို ဖော်ပြပေးလိုက်ပါတယ်။

(10) Mission Impossible: Rogue Nation

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၅ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb(7.4) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ IMF အဖွဲ့ဟာ ပြိုကွဲသွားပြီး စီအိုင်အေကလည်း လိုက်လံဖမ်းဆီးနေတာကြောင့် Ethan နဲ့ သူ့ရဲ့အဖွဲ့ဟာ Syndicate ဆိုတဲ့ ဒုစရိုက်အဖွဲ့အစည်းရဲ့ တည်ရှိနေမှုကို သက်သေပြဖို့ ကြိုးစားရပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Tom Cruise ၊ Rebecca Ferguson နဲ့ Jeremy Renner တို့ အဓိက ပါဝင်ထားပါတယ်။

(9) Mission Impossible: Ghost Protocol

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၁ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb(7.4) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ IMF အဖွဲ့ဟာ ရုရှားနိုင်ငံရဲ့ Kremlin မြို့ကို ဗုံးထောင်တယ်လို့ စွပ်စွဲခံရတာကြောင့် Ethan တို့ဟာ သူတို့အဖွဲ့ရဲ့ ဂုဏ်သိက္ခာကို ပြန်လည် အဖတ်ဆယ်နိုင်ဖို့အတွက် တကယ့် တရားခံအစစ်ကို အချိန်မလွန်ခင်မှာ ရှာဖွေရပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Tom Cruise ၊ Jeremy Renner နဲ့ Lea Seydoux တို့က အဓိက ပါဝင်ထားပါတယ်။

(8) Collateral

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၀၄ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb(7.5) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ တက္ကစီမောင်းသူ Max ဟာ သူ တင်ခေါ်လာတဲ့ ခရီးသည်က လူတွေသတ်ဖို့ မစ်ရှင် ရှိနေတဲ့ ကြေးစားလူသတ်သမားတစ်ယောက် ဖြစ်နေတာကို သိလိုက်ရပါတယ်။ ဒါကြောင့်ပဲ Max ဟာ အချိန်လွန်မသွားခင်မှာ အဲဒီကြေးစားလူသတ်သမားကို တားဆီးဖို့ ကြိုးစားရပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Tom Cruise ၊ Jamie Foxx နဲ့ Mark Ruffalo တို့က အဓိက ပါဝင်ထားပါတယ်။

(7) Eyes Wide Shut

photo via screenrant

ဒီရုပ်ရှင်ကတော့ ၁၉၉၉ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb(7.5) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ ဒေါက်တာ Bill ရဲ့ အမျိူးသမီးဟာ သူမ တွေ့ဆုံခဲ့တဲ့ အမျိူးသားတစ်ယောက်ကို လိင်ပိုင်းဆိုင်ရာ စိတ်ကူးယဉ်နေတဲ့အကြောင်း ခင်ပွန်းဖြစ်သူဆီ ဝန်ခံလိုက်ရာက စပါတယ်။ အဲဒီနောက်မှာ‌တော့ Bill ဟာလည်း သူ့ဇနီးသည်လိုပဲ စိတ်ကူးယဉ်ဖို့အတွက် တစ်ယောက်ယောက်နဲ့ တွေ့ချင်စိတ် ပြင်းပြလာပါတယ်။ အဲဒီနောက်မှာတော့ သူဟာ လျှို့ဝှက်အဖွဲ့အစည်းတစ်ခုနဲ့ ဆက်စပ်မိသွားပြီး သူတို့ရဲ့ပါတီတစ်ခုကို တက်လိုက်တဲ့ အချိန်မှာတော့ ပြန်လည် ရုန်းထွက်ဖို့အတွက် အခက်အခဲတွေကို ရင်ဆိုင်ရပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Tom Cruise ၊ Nicole Kidman နဲ့ Sydney Pollack တို့က အဓိက ပါဝင်ထားပါတယ်။

(6) Minority Report

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၀၂ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.7) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အနာဂတ်ကာလမှာ ဇာတ်အိမ်တည်ထားပါတယ်။ အဲဒီကာလမှာ အထူးရဲတပ်ဖွဲ့တွေဟာ အနာဂတ်ကို ကြိုသိနိုင်ပြီးတော့ မလုပ်ရသေးတဲ့ ရာဇဝတ်မှုတွေအတွက် ဖမ်းဆီးခွင့် ရှိထားပါတယ်။ ဒီလိုနဲ့ အဲဒီရဲအဖွဲ့ထဲက ရဲတစ်ယောက်ဟာ အနာဂတ်မှာ လုပ်မိမယ့် လူသတ်မှုတစ်ခုအတွက် စွပ်စွဲခံလိုက်ရပါတယ်။ အဲဒါကြောင့် သူဟာ ဘာကြောင့် အနာဂတ်မှာ လူသတ်မိသွားလည်း ဆိုတာရဲ့ အကြောင်းရင်းကို ရှာဖွေပါတော့တယ်။ နာမည်ကျော် မင်းသားတွေဖြစ်တဲ့ Tom Cruise နဲ့ Colin Farrell တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

(5) Mission Impossible: Fallout

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၈ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.7) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ Ethan Hunt ဟာ မျိုးသုဉ်းစေမယ့် နျူကလီးယားကပ်ဘေးရဲ့ အန္တရာယ်က ကမ္ဘာကြီးကို ကယ်တင်ဖို့ ကြိုးစားပုံကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။ Tom Cruise နဲ့အတူ Henry Cavill ၊ Simon Pegg ၊ Rebecca Ferguson တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

(4) A Few Good Men

photo via screenrant

ဒီရုပ်ရှင်ကတော့ ၁၉၉၂ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.7) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ရေတပ်သားနှစ်ယောက်ဟာ တခြားတပ်သားတစ်ယောက်ကို သတ်လိုက်တယ်လို့ တရားစွဲခံထားရတာကြောင့် အမေရိကန်စစ်တပ်ရဲ့ ရှေ့နေဖြစ်သူ Daniel Kaffee က အဲဒီတပ်သားနှစ်ယောက်ဘက်ကနေ ရှေ့နေလိုက်ပေးတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Tom Cruise ၊ Jack Nicholson နဲ့ Demi Moore တို့က အဓိက ပါဝင်ထားပါတယ်။

(3) Edge of Tomorrow

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၄ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.9) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဗိုလ်မှူး William Cage ဟာ စစ်သည်တစ်ဦးရဲ့ အကူအညီနဲ့အတူ လူသားတွေကို ဂြိုဟ်သားတွေရဲ့ အန္တရာယ်မှ ကာကွယ်ဖို့ ကြိုးစားတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ထူးခြားတာကတော့ သူတို့တွေဟာ Time Loop ထဲမှာ ပိတ်မိနေရင်း လူသားတွေကို ကာကွယ်ဖို့ ကြိုးစားတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Tom Cruise ၊ Emily Blunt နဲ့ Bill Paxton တို့က အဓိက ပါဝင်ထားပါတယ်။

(2) Magnolia

photo via screenrant

ဒီရုပ်ရှင်ကတော့ ၁၉၉၉ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (8.0) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ကင်ဆာရောဂါ ခံစားနေရသူနှစ်ဦးဟာ TV Show တစ်ခုမှာ အတူတူ အလုပ်လုပ်နေကြပါတယ်။ တစ်ဖက်မှာတော့ သူတို့နှစ်ယောက်လုံးရဲ့ မိသားစုတွေဟာ တစ်မျိုးစီ အဆင်မပြေမှုတွေ ဖြစ်နေတာကြောင့် တဖြည်းဖြည်းနဲ့ သူတို့ရဲ့ကိုယ်ပိုင်ဘဝနဲ့ အလုပ်ကိုပါ ထိခိုက်လာပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Tom Cruise ၊ Julianne Moore နဲ့ Philip Seymour Hoffman တို့က အဓိက ပါဝင်ထားပါတယ်။

(1) Rain Man

photo via screenrant

ဒီရုပ်ရှင်ကတော့ ၁၉၈၈ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (8.0) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Charlie ရဲ့အစ်ကိုဖြစ်သူ Raymond ဟာ ဖခင်ကွယ်လွန်ပြီးနောက်မှာ အမွေတွေ ရရှိလိုက်ပါတယ်။ သို့သော်လည်း Raymond ဟာ သာမန်လူတစ်ယောက် မဟုတ်ဘဲ အော်တစ်ဆင်ရောဂါ ခံစားနေရသူ ဖြစ်ပါတယ်။ ဒီမှာတင် တကိုယ်ကောင်းဆန်တဲ့ ညီဖြစ်သူ Charlie ဟာ အစ်ကိုဖြစ်သူဆီက အမွေတွေကို အပိုင်သိမ်းဖို့ ကြိုးစားပါတော့တယ်။ Tom Cruise ၊ Dustin Hoffman နဲ့ Valeria Golino တို့က အဓိက ပါဝင်ထားပြီး အော်စကာဆု လေးဆုတောင် ရရှိထားပါတယ်။

ဒါကတော့ မင်းသားကြီး Tom Cruise ရဲ့ အကောင်းဆုံး ဇာတ်ကား(၁၀)ကားပဲ ဖြစ်ပါတယ်။ စာဖတ်သူတို့ နှစ်သက်တဲ့ အခြားဇာတ်ကားကောင်းတွေ ရှိရင်လည်း ကောမန့်မှာ ပြန်လည် ဝေမျှခဲ့ပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular