HomeEntertainmentFilmToni Collette နဲ့ Monica Bellucci တို့ရဲ့ ရုပ်ရှင်သစ် Mafia Mamma

Toni Collette နဲ့ Monica Bellucci တို့ရဲ့ ရုပ်ရှင်သစ် Mafia Mamma

ထိတ်ထိတ်ကြဲ ဝါရင့်မင်းသမီးနှစ်ယောက်ကိုတော့ ထူးခြားတဲ့ ဇာတ်လမ်းနဲ့ မြင်တွေ့ခံစားရတော့မှာ ဖြစ်ပါတယ်။ Toni Collette နဲ့ Monica Bellucci တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီရုပ်ရှင်ကတော့ Mafia Mamma လို့ အမည်ရပြီး ပြီးခဲ့တဲ့ သောကြာနေ့ကပဲ ထွေလာ ထွက်ရှိလာပါတယ်။

ဇာတ်လမ်းကတော့ ကိုယ့်ကိုယ်ကို မယုံမရဲဖြစ်နေတတ်တဲ့ အမေရိကန်အမျိုးသမီးတစ်ယောက်ဟာ အီတလီမှာရှိတဲ့ အဘိုးဖြစ်သူဆီကနေ မာဖီးယားအင်ပါယာတစ်ခုကို အမွေဆက်ခံ ရရှိသွားပါတယ်။ အဲဒီနောက်မှာတော့ သူတို့မာဖီးယားအဖွဲ့ရဲ့ ယုံကြည်ရတဲ့ အတိုင်ပင်ခံရဲ့ လမ်းညွှန်ပြသမှုနဲ့အတူ အမွေခံအမျိုးသမီးဟာ လူတွေရဲ့ မျှော်လင့်ချက်တွေနဲ့ တလွဲတွေချည်း လုပ်ဆောင်ပါတော့တယ်။

Photo Credit: Bleecker Street Films

ဒီရုပ်ရှင်ကိုတော့ Twilight ရုပ်ရှင်ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Catherine Hardwicke က ရိုက်ကူးထားပြီး Michael J. Feldman နဲ့ Debbie Jhoon တို့က ပူးတွဲဇာတ်ညွှန်း ရေးသားပေးထားပါတယ်။ Toni Collette ကတော့ အမွေခံအမျိုးသမီး Kristen အဖြစ် သရုပ်ဆောင်ထားပြီး Monica Bellucci ကတော့ မာဖီးယားအဖွဲ့ရဲ့ အတိုင်ပင်ခံ Bianca အဖြစ် သရုပ်ဆောင်ထားပါတယ်။

ထွေလာထဲမှာတော့ Kristen ဟာ ကွယ်လွန်သွားတဲ့ သူမရဲ့အဘိုးဖြစ်သူဆိုတာကို သိတောင်မသိကြောင်း ဖုန်းထဲမှာ ပြောနေပါတယ်။ သို့သော်လည်း မကြာခင်မှာပဲ သူငယ်ချင်းတစ်ယောက်ရဲ့ တိုက်တွန်းမှုနဲ့ ရောမမြို့ကို သွားတဲ့ လေယာဉ်ပေါ်မှာ Kristen တစ်ယောက် ရောက်နေပါတယ်။ သူမ ကြုံတွေ့ရမယ့်အရာဟာ တကယ် ကြမ်းတမ်းခက်ထန်တဲ့ အဖွဲ့ကြီးတစ်ဖွဲ့ဆိုတာ မသိသေးပါဘူး။

ဒီလိုနဲ့ သူမအမွေဆက်ခံ ရရှိလိုက်တာဟာ မာဖီးယားအဖွဲ့ကြီးတစ်ဖွဲ့ဆိုတာကို သိရှိသွားချိန်မှာတော့ ရှော့ခ်ရသွားပေမယ့် နောက်ပိုင်းမှာတော့ “နင့်ရဲ့ကံကြမ္မာကနေ ထွက်ပြေးလို့ မရဘူး” ဆိုတဲ့ Bianca ရဲ့ စကားတစ်ခွန်းမှာ Kristen လည်း ဒီအခြေအနေကို လက်ခံနိုင်ဖို့ ကြိုးစားနေပုံ ရပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားထဲမှာတော့ မင်းသမီးနှစ်ယောက်အပြင် Giulio Corso ၊ Francesco Mastroianni နဲ့ Alfonso Perugini တို့လည်း ပါဝင်ထားပါသေးတယ်။ ဒီဇာတ်ကားကိုတော့ လာမယ့် ၂၀၂၃ ခုနှစ် ဧပြီလ (၁၄)ရက်နေ့မှာ ရုံတင်ပြသမှာ ဖြစ်ပါတယ်။

Glasgow

Source: people

RELATED ARTICLES

Most Popular