HomeEntertainmentFilmNetflix ရဲ့ ကြီးမားတဲ့ စံချိန်တစ်ခုကို ထပ်မံချိုးဖျက်သွားတဲ့ Wednesday

Netflix ရဲ့ ကြီးမားတဲ့ စံချိန်တစ်ခုကို ထပ်မံချိုးဖျက်သွားတဲ့ Wednesday

Netflix က အသစ်ထွက်ရှိထားတဲ့ Wednesday ဇာတ်လမ်းတွဲကတော့ စံချိန်တွေ ထပ်မံချိူးဖျက်နေပြီး Netflix ရဲ့ All-Time Charts မှာ နံပါတ်(၂)နေရာကို ရောက်ရှိတော့မှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ Addams Family Comic ကို အခြေခံဖန်တီးထားတာ ဖြစ်ပြီး ဒီဇာတ်လမ်းတွဲထဲက အပိုင်း(၄)ပိုင်းကိုတော့ ဒါရိုက်တာ Tim Burton က ရိုက်ကူးထားပါတယ်။

photo via screenrant

ဇာတ်လမ်းကတော့ ပုံမှန်လူတွေနဲ့ မတူဘဲ ကြောင်တောင်တောင်နိုင်ပြီး ထူးခြားနေတဲ့ Addams မိသားစုက Wednesday ဆိုတဲ့ ကောင်မလေးဟာ သာမန်လူတွေနဲ့ မတူတဲ့သူတွေ တက်ရောက်တဲ့ Nevermore Academy ကို ရောက်သွားတာက စတင်ပါတယ်။ Wednesday ဟာ စိတ်စွမ်းအင်တွေ ရရှိလာပြီး Nevermore Academy ကျောင်းတည်ရှိတဲ့ Jericho မြို့မှာ လူတွေကိုသတ်ဖြတ်ပြီး သောင်းကျန်းနေတဲ့ မွန်းစတားကြီးတစ်ကောင်အကြောင်းကို ရှာဖွေဖော်ထုတ်နေတာလည်း ဖြစ်ပါတယ်။

Wednesday ဇာတ်လမ်းတွဲဟာ နိုဝင်ဘာလ (၂၈)ရက်ကနေ ဒီဇင်ဘာလ (၄)ရက်နေ့အတွင်းမှာ ကြည့်ရှုချိန်နာရီပေါင်း (၄၁၁.၂၉)သန်း ရှိနေတယ်လို့ Hollywood Reporter သတင်းဌာနက ဖော်ပြထားပါတယ်။ ဒါကြောင့်ပဲ Netflix ရဲ့ တစ်ပတ်အတွင်း ကြည့်ရှုချိန်နာရီပေါင်း သန်း(၄၀၀)ကျော်တဲ့ ပထမဆုံး အင်္ဂလိပ်ဇာတ်လမ်းတွဲတစ်ခု ဖြစ်လာပါတယ်။

photo via screenrant

Wednesday ဇာတ်လမ်းတွဲရဲ့ စုစုပေါင်း ကြည့်ရှုချိန်နာရီကတော့ (၇၅၂.၅၂)သန်း ရှိနေပြီး Netflix ရဲ့ လူကြည့်အများဆုံး အင်္ဂလိပ်ဇာတ်လမ်းတွဲစာရင်းမှာ တတိယနေရာကို ရရှိထားပါတယ်။ ဒုတိယနေရာမှာတော့ Dahmer-Monster: The Jeffrey Dahmer ရှိနေပြီး ပထမနေရာကိုတော့ Stranger Things Season 4 က ရယူထားပါတယ်။ ဒီအတိုင်းဆိုရင်တော့ Wednesday ဇာတ်လမ်းတွဲဟာ သိပ်မကြာခင်မှာပဲ Dahmer-Monster: The Jeffrey Dahmer ကိုလည်း ကျော်တက်ပြီး လူကြည့်အများဆုံး အင်္ဂလိပ်ဇာတ်လမ်းတွဲစာရင်းရဲ့ ဒုတိယနေရာကို ရရှိသွားတော့မှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular