HomeAnimeGhibli Studio ရဲ့ IMDb အမြင့်ဆုံး ထိတ်ထိတ်ကြဲ Anime (၅)ကား

Ghibli Studio ရဲ့ IMDb အမြင့်ဆုံး ထိတ်ထိတ်ကြဲ Anime (၅)ကား

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Studio Ghibli ဆိုတာဟာ ဂျပန် anime လောကမှာတော့ နာမည်ကြီးပါ။ ဇာတ်လမ်းတိုင်းဟာ ကြည့်ပြီးသွားတိုင်း ရင်ထဲမှာ ရသ တစ်ခုမဟုတ်တစ်ခု အမြဲတမ်း စွဲကျန်နေရစ်ခဲ့တာဟာလည်း Ghibli ရဲ့ အမှတ်အသားလို့တောင် ပြောလို့ရပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ Ghibli studio က ထုတ်လုပ်ထားတဲ့ IMDb rating အမြင့်ဆုံး anime (5) ကားနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ Anime fan တွေဆိုရင်တော့ တော်တော်များများ သိကြမှာပါ။

(5) Howl’s Moving Castle
photo via screenrant

Sophie ဆိုတဲ့ ကောင်မလေးဟာ စုန်းမတစ်ယောက်ရဲ့ ကျိန်စာတိုက်တာ ခံလိုက်ရပြီးတော့ အဘွားအိုအဖြစ် ပြောင်းလဲသွားခဲ့ရာက ဇာတ်လမ်းစတာ ဖြစ်ပါတယ်။ အဲ့ဒီကျိန်စာကို ဘယ်လိုဖြေမလည်း ဆိုတာ ကြည့်ရှုရမှာပါ။ 2004 ခုနှစ်က ထွက်ရှိထားပြီး IMDb 8.2 အထိတောင်ရရှိထားတာမို့ ကြည့်သင့်ပါတယ်နော်။

(4) My Neighbor Totoro
photo via screenrant

ဒီကားကို မကြည့်ရင်ဖူးရင်တောင် Totoro အရုပ်ကြီးကိုတော့ တော်တော်များများ မြင်ဖူးကြမှာပါ။ ဇာတ်လမ်းကတော့ Satsuki နဲ့ Mei ဆိုတဲ့ ညီအမနှစ်ယောက်ဟာ ဆေးရုံတက်နေရတဲ့ သူတို့အမေကို ပြုစုပေးဖို့ သူတို့ရဲ့အဖေနဲ့အတူ ကျေးလက်ပိုင်းကို ပြောင်း‌ရွှေ့လာခဲ့ပါတယ်။ ပြောင်းရွှေ့ပြီးနောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ တောထဲမှာနေတဲ့ ဝိဉာဉ်တွေနဲ့ တွေ့ကြပုံကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ 1988 ခုနှစ်က ထွက်ရှိခဲ့ပြီး IMDb 8.2 ရရှိထားပါတယ်။

(3) Princess Mononoke
photo via screenrant

ဇာတ်လမ်းကတော့ (၁၄)ရာစုနှစ် ဂျပန်ပြည်မှာ အခြေခံထားပါတယ်။ အာရှီတာကာလို့ အမည်ရတဲ့ အီမီရှီလူမျိုးစုတွေရဲ့ မင်းသားလေးဟာ မိစ္ဆာတစ်ကောင်နဲ့ တိုက်ခိုက်ရင်း ကျိန်စာနဲ့တူတဲ့ ဒဏ်ရာတစ်ခုကို ရသွားခဲ့ပါတယ်။ ဒီဒဏ်ရာကို ကုသပေးနိုင်တဲ့ တစ်ဦးတည်းသောသူကတော့ ရှီရှီဂါမီလို့ခေါ်တဲ့ တောနက်ထဲမှာ နေထိုင်တဲ့ သမင်ဘုရင်ကြီးပဲ ရှိပါတယ်။ ဒဏ်ရာကို အချိန်မီကုသဖို့ သမင်ဘုရင်ကြီးရှိရာ တောကြီးဆီ သွားရင်းကနေ လူသားတွေနဲ့ တောနေ နတ်ဘုရားတွေရဲ့ စစ်ပွဲကြားထဲကို ရောက်သွားတဲ့အခါမှာတော့…။ စစ်ပွဲကြားထဲကနေ အောင်အောင်မြင်မြင် ထွက်လာနိုင်ပါ့မလား….. ကျိန်စာဖျက်ဖို့နည်းကိုရော ရှာတွေ့ပါ့မလား ဆိုတာ ကြည့်ရှုရမှာပါ။ 1997 ခုနှစ်က ထွက်ထားပြီး IMDb 8.4 ရရှိထားပါတယ်။

(2) Grave Of The Fireflies
photo via screenrant

ဒီဇာတ်လမ်းလေးကတော့ ဒုတိယကမ္ဘာစစ်အတွင်းက ဖြစ်ရပ်မှန်အပေါ် အခြေခံ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ စစ်ကာလအတွင်းမှာ မောင်နှမနှစ်ယောက်ဟာ မိဘတွေနဲ့ ကွဲသွားပြီး အသက်ရှင်သန်ဖို့အတွက် သူတို့ဘာသာ ကြိုးစားရုန်းကန်ရတဲ့ ဖြစ်ရပ်ကို ကြည့်ရှုရမှာပါ။ 1988 ခုနှစ်က ထုတ်လုပ်ထားပြီးတော့ IMDb 8.5 ရရှိထားတဲ့ကားကောင်းလေး ဖြစ်ပါတယ်။ ကြည့်ပြီးသွားရင်လည်း ရင်ထဲတစ်ခုခု ကျန်ခဲ့မှာပါ။

(1) Spirited Away
photo via screenrant

IMDb rating အမြင့်ဆုံး ရရှိထားတဲ့ Ghibli ရဲ့ဇာတ်ကားကတော့ ဘယ်အချိန်ကြည့်ကြည့် ရိုးမသွားတဲ့ Spirited Away ပဲ ဖြစ်ပါတယ်။ 2001 ခုနှစ်က ထွက်ရှိထားပြီး IMDb 8.6 အထိ ရရှိထားတဲ့ကားလေး ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ဆယ်နှစ်အရွယ် ကောင်မလေး ချီဟီရိုဟာ မိဘတွေနဲ့အတူ လူသူမရှိ တိတ်ဆိတ်နေတဲ့ အပန်းဖြေဥယျာဉ်ကြီးထဲကို ရောက်သွားခဲ့ပါတယ်။ မထင်မှတ်ထားဘဲ မိဘနှစ်ပါးစလုံးက လူအဖြစ်ကနေ ဝက်တွေအဖြစ် အသွင်ပြောင်းသွားခဲ့ရာမှ အဆိုပါနေရာကြီးဟာ ဝိဉာဉ်လောကသားတွေရဲ့ အနားယူ အပန်းဖြေရာနေရာမှန်း သိလာခဲ့ပါတော့တယ်။ ဒီအခါမှာ ချီဟီရိုတစ်ယောက် မိဘတွေရော၊ သူမ ကိုယ်တိုင်ရော အဲ့ဒီ့နေရာကြီးကနေ လွတ်မြောက်ဖို့ ဘယ်လို ကြိုးစားရမလည်းဆိုတာ ကြည့်ရှုရမှာပါ။

အထက်မှာ ဖော်ပြထားခဲ့တဲ့ ဇာတ်ကားတွေကတော့ ဝက်ဝက်ကွဲ အောင်မြင်ခဲ့တဲ့ ဇာတ်ကားတွေမို့ ရုပ်ရှင်ချစ်သူ တော်တော်များများကတော့ ကြည့်ပြီးသား ဖြစ်မှာပါ။ မကြည့်ရသေးတဲ့ ကားများ ပါခဲ့ရင်လည်း ကြည့်လိုက်ပါဦးလို့ တိုက်တွန်းပါတယ်နော်။

Lego Les
(Zawgyi Version)

Studio Ghibli ဆိုတာဟာ ဂ်ပန္ anime ေလာကမွာေတာ့ နာမည္ႀကီးပါ။ ဇာတ္လမ္းတိုင္းဟာ ၾကည့္ၿပီးသြားတိုင္း ရင္ထဲမွာ ရသ တစ္ခုမဟုတ္တစ္ခု အၿမဲတမ္း စြဲက်န္ေနရစ္ခဲ့တာဟာလည္း Ghibli ရဲ႕ အမွတ္အသားလို႔ေတာင္ ေျပာလို႔ရပါတယ္။ ဒါေၾကာင့္ ဒီတစ္ေခါက္မွာေတာ့ Ghibli studio က ထုတ္လုပ္ထားတဲ့ IMDb rating အျမင့္ဆုံး anime (5) ကားနဲ႔ မိတ္ဆက္ေပးလိုက္ပါတယ္။ Anime fan ေတြဆိုရင္ေတာ့ ေတာ္ေတာ္မ်ားမ်ား သိၾကမွာပါ။

(5) Howl’s Moving Castle
photo via screenrant

Sophie ဆိုတဲ့ ေကာင္မေလးဟာ စုန္းမတစ္ေယာက္ရဲ႕ က်ိန္စာတိုက္တာ ခံလိုက္ရၿပီးေတာ့ အဘြားအိုအျဖစ္ ေျပာင္းလဲသြားခဲ့ရာက ဇာတ္လမ္းစတာ ျဖစ္ပါတယ္။ အဲ့ဒီက်ိန္စာကို ဘယ္လိုေျဖမလည္း ဆိုတာ ၾကည့္ရႈရမွာပါ။ 2004 ခုႏွစ္က ထြက္ရွိထားၿပီး IMDb 8.2 အထိေတာင္ရရွိထားတာမို႔ ၾကည့္သင့္ပါတယ္ေနာ္။

(4) My Neighbor Totoro
photo via screenrant

ဒီကားကို မၾကည့္ရင္ဖူးရင္ေတာင္ Totoro အ႐ုပ္ႀကီးကိုေတာ့ ေတာ္ေတာ္မ်ားမ်ား ျမင္ဖူးၾကမွာပါ။ ဇာတ္လမ္းကေတာ့ Satsuki နဲ႔ Mei ဆိုတဲ့ ညီအမႏွစ္ေယာက္ဟာ ေဆး႐ုံတက္ေနရတဲ့ သူတို႔အေမကို ျပဳစုေပးဖို႔ သူတို႔ရဲ႕အေဖနဲ႔အတူ ေက်းလက္ပိုင္းကို ေျပာင္း‌ေ႐ႊ႕လာခဲ့ပါတယ္။ ေျပာင္းေ႐ႊ႕ၿပီးေနာက္ပိုင္းမွာ တျဖည္းျဖည္းနဲ႔ ေတာထဲမွာေနတဲ့ ဝိဉာဥ္ေတြနဲ႔ ေတြ႕ၾကပုံကို ၾကည့္ရႈရမွာ ျဖစ္ပါတယ္။ 1988 ခုႏွစ္က ထြက္ရွိခဲ့ၿပီး IMDb 8.2 ရရွိထားပါတယ္။

(3) Princess Mononoke
photo via screenrant

ဇာတ္လမ္းကေတာ့ (၁၄)ရာစုႏွစ္ ဂ်ပန္ျပည္မွာ အေျခခံထားပါတယ္။ အာရွီတာကာလို႔ အမည္ရတဲ့ အီမီရွီလူမ်ိဳးစုေတြရဲ႕ မင္းသားေလးဟာ မိစာၦတစ္ေကာင္နဲ႔ တိုက္ခိုက္ရင္း က်ိန္စာနဲ႔တူတဲ့ ဒဏ္ရာတစ္ခုကို ရသြားခဲ့ပါတယ္။ ဒီဒဏ္ရာကို ကုသေပးႏိုင္တဲ့ တစ္ဦးတည္းေသာသူကေတာ့ ရွီရွီဂါမီလို႔ေခၚတဲ့ ေတာနက္ထဲမွာ ေနထိုင္တဲ့ သမင္ဘုရင္ႀကီးပဲ ရွိပါတယ္။ ဒဏ္ရာကို အခ်ိန္မီကုသဖို႔ သမင္ဘုရင္ႀကီးရွိရာ ေတာႀကီးဆီ သြားရင္းကေန လူသားေတြနဲ႔ ေတာေန နတ္ဘုရားေတြရဲ႕ စစ္ပြဲၾကားထဲကို ေရာက္သြားတဲ့အခါမွာေတာ့…။ စစ္ပြဲၾကားထဲကေန ေအာင္ေအာင္ျမင္ျမင္ ထြက္လာႏိုင္ပါ့မလား….. က်ိန္စာဖ်က္ဖို႔နည္းကိုေရာ ရွာေတြ႕ပါ့မလား ဆိုတာ ၾကည့္ရႈရမွာပါ။ 1997 ခုႏွစ္က ထြက္ထားၿပီး IMDb 8.4 ရရွိထားပါတယ္။

(2) Grave Of The Fireflies
photo via screenrant

ဒီဇာတ္လမ္းေလးကေတာ့ ဒုတိယကမာၻစစ္အတြင္းက ျဖစ္ရပ္မွန္အေပၚ အေျခခံ ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ စစ္ကာလအတြင္းမွာ ေမာင္ႏွမႏွစ္ေယာက္ဟာ မိဘေတြနဲ႔ ကြဲသြားၿပီး အသက္ရွင္သန္ဖို႔အတြက္ သူတို႔ဘာသာ ႀကိဳးစား႐ုန္းကန္ရတဲ့ ျဖစ္ရပ္ကို ၾကည့္ရႈရမွာပါ။ 1988 ခုႏွစ္က ထုတ္လုပ္ထားၿပီးေတာ့ IMDb 8.5 ရရွိထားတဲ့ကားေကာင္းေလး ျဖစ္ပါတယ္။ ၾကည့္ၿပီးသြားရင္လည္း ရင္ထဲတစ္ခုခု က်န္ခဲ့မွာပါ။

(1) Spirited Away
photo via screenrant

IMDb rating အျမင့္ဆုံး ရရွိထားတဲ့ Ghibli ရဲ႕ဇာတ္ကားကေတာ့ ဘယ္အခ်ိန္ၾကည့္ၾကည့္ ႐ိုးမသြားတဲ့ Spirited Away ပဲ ျဖစ္ပါတယ္။ 2001 ခုႏွစ္က ထြက္ရွိထားၿပီး IMDb 8.6 အထိ ရရွိထားတဲ့ကားေလး ျဖစ္ပါတယ္။ ဇာတ္လမ္းကေတာ့ ဆယ္ႏွစ္အ႐ြယ္ ေကာင္မေလး ခ်ီဟီ႐ိုဟာ မိဘေတြနဲ႔အတူ လူသူမရွိ တိတ္ဆိတ္ေနတဲ့ အပန္းေျဖဥယ်ာဥ္ႀကီးထဲကို ေရာက္သြားခဲ့ပါတယ္။ မထင္မွတ္ထားဘဲ မိဘႏွစ္ပါးစလုံးက လူအျဖစ္ကေန ဝက္ေတြအျဖစ္ အသြင္ေျပာင္းသြားခဲ့ရာမွ အဆိုပါေနရာႀကီးဟာ ဝိဉာဥ္ေလာကသားေတြရဲ႕ အနားယူ အပန္းေျဖရာေနရာမွန္း သိလာခဲ့ပါေတာ့တယ္။ ဒီအခါမွာ ခ်ီဟီ႐ိုတစ္ေယာက္ မိဘေတြေရာ၊ သူမ ကိုယ္တိုင္ေရာ အဲ့ဒီ့ေနရာႀကီးကေန လြတ္ေျမာက္ဖို႔ ဘယ္လို ႀကိဳးစားရမလည္းဆိုတာ ၾကည့္ရႈရမွာပါ။

အထက္မွာ ေဖာ္ျပထားခဲ့တဲ့ ဇာတ္ကားေတြကေတာ့ ဝက္ဝက္ကြဲ ေအာင္ျမင္ခဲ့တဲ့ ဇာတ္ကားေတြမို႔ ႐ုပ္ရွင္ခ်စ္သူ ေတာ္ေတာ္မ်ားမ်ားကေတာ့ ၾကည့္ၿပီးသား ျဖစ္မွာပါ။ မၾကည့္ရေသးတဲ့ ကားမ်ား ပါခဲ့ရင္လည္း ၾကည့္လိုက္ပါဦးလို႔ တိုက္တြန္းပါတယ္ေနာ္။

Lego Les
RELATED ARTICLES

Most Popular