HomeAnimeဂျပန် anime ကို အခုမှစကြည့်ချင်သူတွေအတွက် အသင့်တော်ဆုံး စီးရီး(၅)ခု

ဂျပန် anime ကို အခုမှစကြည့်ချင်သူတွေအတွက် အသင့်တော်ဆုံး စီးရီး(၅)ခု

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ဂျပန် Anime တွေ ကြည့်ချင်ပေမယ့် သိပ်မကြည့်ဖူးလို့ ဘယ်ဟာကြည့်ရမှန်းမသိ ဖြစ်နေသူတွေအတွက် နာမည်ကြီး Anime series (5) ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

(5) Attack on Titan
photo via screenrant

ဒီ series ကိုတော်တော်များများလည်း သိကြမယ် ထင်ပါတယ်။ တော်တော်လေးနာမည်ကြီးတဲ့ Anime series တွေထဲက တစ်ခု ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အနာဂတ်ကာလတစ်ခုမှာ လူသားစားတဲ့ titan တွေရဲ့ ရန်ကနေ ကာကွယ်ဖို့ လူတွေဟာ နံရံတွေကာထားတဲ့ မြို့ကြီးထဲမှာ နေထိုင်ပြီး အသက်ရှင်သန်ဖို့အတွက် ရုန်းကန်ကြရတာကို ရိုက်ပြထားတာ ဖြစ်ပါတယ်။  Action ၊ adventure အမျိုးအစား ဖြစ်တဲ့အတွက် ပျင်းရမှာမဟုတ်ပါဘူး။ IMDb 8.8 အထိရရှိထားတဲ့ကားကောင်းလေလည်း ဖြစ်တာကြောင့် ကြည့်ရကျိုးနပ်စေမယ့် စီးရီးတစ်ခု ဖြစ်ပါတယ်။

(4) Death Note
photo via screenrant

Death Note ကတော့ တစ်ချိန်တစ်ခါက လူငယ်ဆယ်ကျော်သက်တွေကြားမှာ သိပ်ကိုရေပန်းစားခဲ့ဖူးခဲ့တာ မှတ်မိကြမှာပါ။ ဒီစီးရီးဟာ Crime ၊ drama အမျိုးအစားဖြစ်ပြီး IMDb 9.0 အထိတောင်ရထားတာပါ။ Yagami ဆိုတဲ့ကျောင်းသားလေး တစ်ယောက်က Death Note လို့ခေါ်တဲ့ စာအုပ်တစ်အုပ်ကို ကောက်ရခဲ့မိတာက ဇာတ်လမ်းစပါတယ်။ ဘယ်သူ့ရဲ့နာမည်မဆို အဲ့ဒီစာအုပ်ထဲမှာ ရေးလိုက်တာနဲ့ အရေးခံရတဲ့လူက သေသွားနိုင်တဲ့ စွမ်းအားကို ရရှိပြီးတဲ့နောက်မှာ……။ Yagami ကအဲ့လိုစွမ်းအားတွေကို ဘယ်လိုနေရာမှာ အသုံးချမလည်းဆိုတာကို စိတ်ဝင်စားဖွယ်ရာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။

(3) Erased
photo via screenrant

အချိန်တွေကို နောက်ပြန်ဆုတ်လို့ရတဲ့ စွမ်းအားကို ပိုင်ဆိုင်ထားတဲ့  Satoru Fujinuma လို့ခေါ်တဲ့ ကောင်လေးဟာ သူငယ်ငယ်က အသတ်ခံခဲ့ရတဲ့ သူ့အမေကိုကယ်ဖို့နဲ့ လူသတ်သမားကိုဖမ်းဖို့အတွက် အချိန်နောက်ပြန်သွားတဲ့အကြောင်းလေးကို ရိုက်ကူးထားတာပါ။ Drama ၊ fantasy အမျိုးအစားလေး ဖြစ်ပြီးတော့ IMDb 8.5 ရထားတဲ့ series ကောင်းလေးတစ်ခု ဖြစ်ပါတယ်။

(2) My Hero Academia
photo via screenrant

Action ၊ adventure အမျိုးအစား ဖြစ်ပြီးတော့ IMDb 8.5 ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ လူတော်တော်များများဟာ စူပါ ပါဝါတွေ ပိုင်ဆိုင်ထားကြပြီးတော့ စူပါဟီးရိုးတွေကို မွေးထုတ်ပေးတဲ့ ဟီးရိုးအကယ်ဒမီဆိုတာ ရှိပါတယ်။ စူပါဟီးရိုးတွေကိုအားကျတဲ့ ဘာစွမ်းအားမှမရှိတဲ့ ကောင်လေးတစ်ယောက်ဟာ စူပါဟီးရိုးတစ်ယောက် ဖြစ်ဖို့ စွမ်းအားက အဓိကလားဆိုတာ သင်ကြားဖို့အတွက် အဲ့ဒီအကယ်ဒမီ သင်တန်းကျောင်းမှာ သွားတက်ခဲ့ပါတယ်။ စွမ်းအားတွေမရှိဘဲနဲ့ သူဖြစ်ချင်တဲ့ စူပါဟီးရိုး ဖြစ်လာပါ့မလားဆိုတာကို ဇာတ်လမ်းခပ်သွက်သွက်ပုံစံနဲ့ ကြည့်ရှုရမှာပါ။

(1) Full Metal Alchemist
photo via screenrant

Action ၊ adventure အမျိုးအစား ဖြစ်ပြီးတော့ IMDb 8.6 ရထားတဲ့ series ကောင်းလေးပါ။ ဇာတ်လမ်းလေးကတော့ အဂ္ဂိရတ်ပညာရပ်ကို လိုက်စားနေတဲ့ ညီအကိုနှစ်ယောက်အကြောင်း ဖြစ်ပါတယ်။ တစ်နေ့မှာ မတော်တဆဖြစ်ရပ်တစ်ခုကြောင့် ညီအကိုနှစ်ယောက်လုံးရဲ့ ခန္ဓာကိုယ်ကို ထိခိုက်စေခဲ့ပြီး သူတို့ကို ကယ်တင်နိုင်မယ့်အရာကို စတင်ရှာဖွေကြပါတယ်။ သူတို့ရှာရမှာက ဘာဖြစ်မလည်း၊ ဘယ်လိုရှာရမှာလည်းဆိုတာကိုတော့ ကိုယ်တိုင် ကြည့်ရှုလိုက်တော့နော်။

ဒါကတော့ ဂျပန် anime  စီးရီးတွေကို စိတ်ဝင်စားသူတွေအတွက်ပါ။ စာဖတ်သူတို့ ကြည့်ဖူးတဲ့ အခြား anime စီးရီးကောင်းတွေ ရှိရင်လည်း ပြန်လည်ဝေမျှခဲ့ပါဦး။

Lego Les
(Zawgyi Version)

ဂ်ပန္ Anime ေတြ ၾကည့္ခ်င္ေပမယ့္ သိပ္မၾကည့္ဖူးလို႔ ဘယ္ဟာၾကည့္ရမွန္းမသိ ျဖစ္ေနသူေတြအတြက္ နာမည္ႀကီး Anime series (5) ခုနဲ႔ မိတ္ဆက္ေပးခ်င္ပါတယ္။

(5) Attack on Titan
photo via screenrant

ဒီ series ကိုေတာ္ေတာ္မ်ားမ်ားလည္း သိၾကမယ္ ထင္ပါတယ္။ ေတာ္ေတာ္ေလးနာမည္ႀကီးတဲ့ Anime series ေတြထဲက တစ္ခု ျဖစ္ပါတယ္။ ဇာတ္လမ္းကေတာ့ အနာဂတ္ကာလတစ္ခုမွာ လူသားစားတဲ့ titan ေတြရဲ႕ ရန္ကေန ကာကြယ္ဖို႔ လူေတြဟာ နံရံေတြကာထားတဲ့ ၿမိဳ႕ႀကီးထဲမွာ ေနထိုင္ၿပီး အသက္ရွင္သန္ဖို႔အတြက္ ႐ုန္းကန္ၾကရတာကို ႐ိုက္ျပထားတာ ျဖစ္ပါတယ္။  Action ၊ adventure အမ်ိဳးအစား ျဖစ္တဲ့အတြက္ ပ်င္းရမွာမဟုတ္ပါဘူး။ IMDb 8.8 အထိရရွိထားတဲ့ကားေကာင္းေလလည္း ျဖစ္တာေၾကာင့္ ၾကည့္ရက်ိဳးနပ္ေစမယ့္ စီးရီးတစ္ခု ျဖစ္ပါတယ္။

(4) Death Note
photo via screenrant

Death Note ကေတာ့ တစ္ခ်ိန္တစ္ခါက လူငယ္ဆယ္ေက်ာ္သက္ေတြၾကားမွာ သိပ္ကိုေရပန္းစားခဲ့ဖူးခဲ့တာ မွတ္မိၾကမွာပါ။ ဒီစီးရီးဟာ Crime ၊ drama အမ်ိဳးအစားျဖစ္ၿပီး IMDb 9.0 အထိေတာင္ရထားတာပါ။ Yagami ဆိုတဲ့ေက်ာင္းသားေလး တစ္ေယာက္က Death Note လို႔ေခၚတဲ့ စာအုပ္တစ္အုပ္ကို ေကာက္ရခဲ့မိတာက ဇာတ္လမ္းစပါတယ္။ ဘယ္သူ႔ရဲ႕နာမည္မဆို အဲ့ဒီစာအုပ္ထဲမွာ ေရးလိုက္တာနဲ႔ အေရးခံရတဲ့လူက ေသသြားႏိုင္တဲ့ စြမ္းအားကို ရရွိၿပီးတဲ့ေနာက္မွာ……။ Yagami ကအဲ့လိုစြမ္းအားေတြကို ဘယ္လိုေနရာမွာ အသုံးခ်မလည္းဆိုတာကို စိတ္ဝင္စားဖြယ္ရာ ၾကည့္ရႈရမွာ ျဖစ္ပါတယ္။

(3) Erased
photo via screenrant

အခ်ိန္ေတြကို ေနာက္ျပန္ဆုတ္လို႔ရတဲ့ စြမ္းအားကို ပိုင္ဆိုင္ထားတဲ့  Satoru Fujinuma လို႔ေခၚတဲ့ ေကာင္ေလးဟာ သူငယ္ငယ္က အသတ္ခံခဲ့ရတဲ့ သူ႔အေမကိုကယ္ဖို႔နဲ႔ လူသတ္သမားကိုဖမ္းဖို႔အတြက္ အခ်ိန္ေနာက္ျပန္သြားတဲ့အေၾကာင္းေလးကို ႐ိုက္ကူးထားတာပါ။ Drama ၊ fantasy အမ်ိဳးအစားေလး ျဖစ္ၿပီးေတာ့ IMDb 8.5 ရထားတဲ့ series ေကာင္းေလးတစ္ခု ျဖစ္ပါတယ္။

(2) My Hero Academia
photo via screenrant

Action ၊ adventure အမ်ိဳးအစား ျဖစ္ၿပီးေတာ့ IMDb 8.5 ရရွိထားပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ လူေတာ္ေတာ္မ်ားမ်ားဟာ စူပါ ပါဝါေတြ ပိုင္ဆိုင္ထားၾကၿပီးေတာ့ စူပါဟီး႐ိုးေတြကို ေမြးထုတ္ေပးတဲ့ ဟီး႐ိုးအကယ္ဒမီဆိုတာ ရွိပါတယ္။ စူပါဟီး႐ိုးေတြကိုအားက်တဲ့ ဘာစြမ္းအားမွမရွိတဲ့ ေကာင္ေလးတစ္ေယာက္ဟာ စူပါဟီး႐ိုးတစ္ေယာက္ ျဖစ္ဖို႔ စြမ္းအားက အဓိကလားဆိုတာ သင္ၾကားဖို႔အတြက္ အဲ့ဒီအကယ္ဒမီ သင္တန္းေက်ာင္းမွာ သြားတက္ခဲ့ပါတယ္။ စြမ္းအားေတြမရွိဘဲနဲ႔ သူျဖစ္ခ်င္တဲ့ စူပါဟီး႐ိုး ျဖစ္လာပါ့မလားဆိုတာကို ဇာတ္လမ္းခပ္သြက္သြက္ပုံစံနဲ႔ ၾကည့္ရႈရမွာပါ။

(1) Full Metal Alchemist
photo via screenrant

Action ၊ adventure အမ်ိဳးအစား ျဖစ္ၿပီးေတာ့ IMDb 8.6 ရထားတဲ့ series ေကာင္းေလးပါ။ ဇာတ္လမ္းေလးကေတာ့ အဂၢိရတ္ပညာရပ္ကို လိုက္စားေနတဲ့ ညီအကိုႏွစ္ေယာက္အေၾကာင္း ျဖစ္ပါတယ္။ တစ္ေန႔မွာ မေတာ္တဆျဖစ္ရပ္တစ္ခုေၾကာင့္ ညီအကိုႏွစ္ေယာက္လုံးရဲ႕ ခႏၶာကိုယ္ကို ထိခိုက္ေစခဲ့ၿပီး သူတို႔ကို ကယ္တင္ႏိုင္မယ့္အရာကို စတင္ရွာေဖြၾကပါတယ္။ သူတို႔ရွာရမွာက ဘာျဖစ္မလည္း၊ ဘယ္လိုရွာရမွာလည္းဆိုတာကိုေတာ့ ကိုယ္တိုင္ ၾကည့္ရႈလိုက္ေတာ့ေနာ္။

ဒါကေတာ့ ဂ်ပန္ anime  စီးရီးေတြကို စိတ္ဝင္စားသူေတြအတြက္ပါ။ စာဖတ္သူတို႔ ၾကည့္ဖူးတဲ့ အျခား anime စီးရီးေကာင္းေတြ ရွိရင္လည္း ျပန္လည္ေဝမွ်ခဲ့ပါဦး။

Lego Les
RELATED ARTICLES

Most Popular