HomeEntertainmentFilmThe Flash ရုပ်ရှင်ရဲ့ ထွေလာအသစ်ထဲက စိတ်ဝင်စားစရာအချက်များ (Breakdown)

The Flash ရုပ်ရှင်ရဲ့ ထွေလာအသစ်ထဲက စိတ်ဝင်စားစရာအချက်များ (Breakdown)

The Flash ရုပ်ရှင်ရဲ့ ထွေလာအသစ်ကတော့ Cinema Con မှာ ပြသသွားပါတယ်။ လောလောဆယ်မှာတော့ The Flash ရုပ်ရှင်ရဲ့ First Reaction ဟာ ကောင်းမွန်နေပြီး အကောင်းဆုံး စူပါဟီးရိုးရုပ်ရှင်တစ်ကားလို့တောင် ပြောနေကြပါတယ်။ ယခုအသစ်ထွက်ရှိလာတဲ့ ထွေလာထဲမှာလည်း စိတ်ဝင်စားစရာတွေ ပါဝင်နေပြီး DC ပရိသတ်တွေအတွက် Breakdown ပြုလုပ်ပေးချင်ပါတယ်။

Michael Keaton’s Batman ရဲ့မိဘများ

photo credit Warner Bros. Pictures

ဒီထွေလာထဲမှာတော့ Michael Keaton ရဲ့ Batman ဟာ သူ့မိဘတွေနဲ့အတူ ရိုက်ထားတဲ့ဓာတ်ပုံကို ကိုင်ကြည့်နေတာကို တွေ့ရပါတယ်။ အဲဒီဇာတ်ဝင်ခန်းမှာပဲ သူ့မိဘတွေကို ဆုံးရှုံးလိုက်ရတဲ့အကြောင်းကိုလည်း နောက်ခံအသံနဲ့ ပြောပြနေပါတယ်။ The Flash ရုပ်ရှင်ရဲ့ ဇာတ်လမ်းကိုက မိဘတွေဆုံးရှုံးလိုက်ရတဲ့ ကောင်လေးတစ်ယောက်က သူ့မိဘတွေကို ကယ်တင်နိုင်ဖို့ ကြိုးစားတဲ့အကြောင်း ဖြစ်တာကြောင့် Michael Keaton ဟာ Barry ကို လမ်းမှန်ပြသသွားမယ်လို့ ယူဆရပါတယ်။

ဆံပင်အရှည်နဲ့ Bruce Wayne

photo credit Warner Bros. Pictures

ဒီရုပ်ရှင်ထဲက Michael Keaton ရဲ့ Bruce Wayne ကတော့ သူ့ရဲ့နောက်ဆုံးရုပ်ရှင်နဲ့ တိုက်ရိုက်ဆက်စပ်နေပါတယ်။ ဇာတ်ဝင်ခန်းတစ်ခုမှာတော့ Bruce Wayne လို့ယူဆရတဲ့ ဆံပင်အရှည်နဲ့ လူတစ်ယောက်ဟာ Batman ဝတ်စုံတွေကို ငေးကြည့်နေပါတယ်။ ဒါကြောင့်ပဲ Michael Keaton ရဲ့ Batman ဟာ Batman Returns ရုပ်ရှင်အပြီးမှာ စူပါဟီးရိုးဘဝက လုံးဝအနားယူပြီး လူရှေ့ကို ထွက်မလာတော့ပုံပေါ်ပါတယ်။ အဲဒီနောက်မှသာ Barry ရောက်လာပြီး သူ့ကို Batman အဖြစ် ပြန်လည်နေထိုင်ဖို့ စိတ်ခွန်အားပေးခဲ့တယ်လို့ ယူဆရပါတယ်။

Iris West

photo credit Warner Bros. Pictures

ဒီထွေလာထဲမှာတော့ သရုပ်ဆောင် Kiersey Clemons ရဲ့ Iris West ကို မတွေ့ခဲ့ရပါဘူး။ ဒါပေမယ့်လည်း တစ်နေရာမှာတော့ သူမရဲ့အသံလို့ ယူဆရတဲ့ မိန်းကလေးတစ်ယောက်ရဲ့ အသံဟာ “မင်းဘယ်လိုတွေ ဖြတ်သန်းခဲ့ရလည်းဆိုတာ တွေးကြည့်လို့တောင် မရပါဘူး။ မင်းက တစ်ရက်တည်းမှာတင် မိဘနှစ်ယောက်လုံးကို ဆုံးရှုံးခဲ့ရတာလေ …”လို့ ပြောသွားပါတယ်။

သရုပ်ဆောင် Kiersey Clemons ရဲ့ Iris West ကတော့ Zack Snyder ရဲ့ Justice League ထဲမှာ ခဏတာ ပါဝင်ခဲ့ပါတယ်။ ထူးခြားတာကတော့ The Flash ရုပ်ရှင်ဟာ Barry ရဲ့ ဆိုလိုရုပ်ရှင်ဖြစ်ပေမယ့် ယခုအချိန်ထိ ထွေလာတွေထဲမှာ Iris ရဲ့ အရိပ်အယောင်ကို မမြင်တွေ့ရသေးတာပါပဲ။

Barry အမေရဲ့သေဆုံးမှု

photo credit Warner Bros. Pictures

ဒီထွေလာထဲမှာတော့ Barry ရဲ့မိခင် Nora Allen ရဲ့သေဆုံးမှုကိုလည်း မြင်တွေ့ခဲ့ရပြီး အဖေလုပ်သူကလည်း 911 ကို ဖုန်းခေါ်ဖို့ Barry ကို အော်ပြောနေပါတယ်။ ကောမစ်ထဲမှာတော့ Reverse Flash ဟာ Nora ကို သတ်ပစ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီထွေလာထဲမှာတော့ Nora ဟာ ဘာကြောင့် သေဆုံးသွားတယ်ဆိုတာ မပြသွားပါဘူး။

Martha Wayne Institute

photo credit Warner Bros. Pictures

General Zod ကမ္ဘာပေါ်ကို ရောက်လာပြီး သောင်းကျန်းတဲ့အချိန်မှာတော့ Martha Wayne Institute ကို မြင်တွေ့ခဲ့ရပါတယ်။ ဒီ Institute ကို ဘာရည်ရွယ်ချက်နဲ့ တည်ထောင်ထားတာလည်း ဆိုတာတော့ မသိရပေမယ့် Martha Wayne ဟာ သေဆုံးသွားပြီးတဲ့နောက်မှာတောင် လူတွေကို ကူညီနေတုန်းပဲ ဆိုတာတော့ အမှန်ပဲဖြစ်ပါတယ်။

Multiverse Barry Allen

photo credit Warner Bros. Pictures

ဒီထွေလာထဲက ဇာတ်ဝင်ခန်းတစ်ခုမှာတော့ Multiverse Barry Allen လို့ ယူဆရသူတစ်ယောက်ဟာ Flash ဝတ်စုံရဲ့ ‌Prototype ပုံစံကို ဝတ်ဆင်ထားပါတယ်။ General Zod ကမ္ဘာပေါ်ကို လာရောက်တိုက်ခိုက်နေတဲ့ အချိန်မှာတော့ ကလေးလေးတစ်ယောက်ရဲ့ အနောက်မှာ Multiverse Barry Allen ကို မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

Multiverse Barry Allen ရဲ့ဝတ်စုံအသစ်

photo credit Warner Bros. Pictures

ဒီဇာတ်ဝင်ခန်းထဲမှာတော့ Multiverse Barry Allen ရဲ့ ဝတ်စုံအသစ်ကိုလည်း သေချာမြင်တွေ့ခဲ့ရပါတယ်။ သူ့ရဲ့ ဝတ်စုံဟာ Homemade ပုံစံဖြစ်ပြီး Batman ဝတ်စုံကို ပြန်လည်ပြုပြင်ထားတာလည်း ဖြစ်ပါတယ်။ သူဟာ Batman ဝတ်စုံရဲ့ နားရွက်နှစ်ခုကို ဖြတ်ပစ်ခဲ့ပြီး ဝတ်စုံအရောင်ကိုလည်း အနီရောင်ဆေးမှုတ်ထားပါတယ်။ ဒါ့အပြင် ရင်ဘတ်က Batman Logo နေရာမှာတော့ အဝါရောင်လျှပ်စီးပုံစံကို ဆေးမှုတ်ထားပါသေးတယ်။

Flash ကို ကယ်တင်ခဲ့တဲ့ Supergirl

photo credit Warner Bros. Pictures

ဒီထွေလာထဲက ဇာတ်ဝင်ခန်းတစ်ခုမှာတော့ Supergirl ဟာ Barry ကိုချီပြီး လေပေါ်ပျံတက်သွားတာကို တွေ့ရပါတယ်။ မြင်တွေ့ရသလောက်ဆိုရင် Barry ရဲ့ခန္ဓာကိုယ်ဟာ အသက်မဲ့နေပုံပေါ်ပြီး သေဆုံးသွားတယ်လို့ ထင်ချင်စရာ ဖြစ်နေပါတယ်။ Ezra Miller ဟာ ဒီရုပ်ရှင်မထွက်ခင်မှာ ပြဿနာပေါင်းစုံ တက်ခဲ့ပေမယ့်လည်း ဒီရုပ်ရှင်ထဲမှာတော့ Barry ကို သတ်ပစ်ဖို့ဆိုတာ သိပ်မဖြစ်နိုင်ပါဘူး။ နောက်ပိုင်းဇာတ်ဝင်ခန်းတွေထဲမှာလည်း Barry မှာ မီးလောင်ဒဏ်ရာ မြင်တွေ့ခဲ့ရတာကြောင့် ဒီရုပ်ရှင်ထဲက တစ်နေရာမှာ‌တော့ Barry ဟာ အသက်အန္တရာယ်ရှိတဲ့ ဒဏ်ရာမျိူးရရှိခဲ့တာ ဖြစ်ပါလိမ့်မယ်။

နှိပ်စက်ခံနေရတဲ့ Barry

photo credit Warner Bros. Pictures

Barry ကို လျှပ်စီးနဲ့ ချုပ်နှောင်ထားပြီး တစ်စုံတစ်ယောက်က နှိပ်စက်နေတာကိုလည်း တွေ့ခဲ့ရပါတယ်။ Barry ကလည်း နာကျင်လွန်းတာကြောင့် အော်ဟစ်နေပါတယ်။ Barry ကို နှိပ်စက်နေတာဟာ General Zod တော့ မဖြစ်နိုင်ဘဲ Speed Force နဲ့ ပတ်သက်နေတဲ့ ဗီလိန်တစ်ယောက်က လုပ်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် Dark Flash ဟာ ဒီရုပ်ရှင်ရဲ့ အဓိကဗီလိန်ဆိုတဲ့ ကောလာဟလတွေလည်း ထွက်နေပါသေးတယ်။

ကျည်ကာဝတ်စုံနဲ့ Batman

photo credit Warner Bros. Pictures

ဇာတ်ဝင်ခန်းတစ်ခုမှာတော့ Michael Keaton ရဲ့ Batman ဟာ ကျည်မတိုးဘူးဆိုတာကို အတည်ပြုသွားပါတယ်။ ဒီဇာတ်ဝင်ခန်းထဲမှာတော့ ရန်သူတွေများစွာက Batman ကို သေနတ်နဲ့ ဝိုင်းဝန်းပစ်ခတ်နေပြီး Batman ရဲ့ Cape နဲ့ Armor ကတော့ ကျည်မတိုးတာကို တွေ့ရပါတယ်။ သူ့ရဲ့ဝတ်စုံဟာ ကျည်ကာတယ် ဆိုပေမယ့်လည်း ကျည်ဆန်တစ်ခုစီတိုင်းရဲ့ Force ဟာ Batman အပေါ်မှာ သက်ရောက်မှု ရှိနေတာကိုတော့ တွေ့ရပါတယ်။

ရှော့ခ်ရိုက်ခံနေရတဲ့ Barry

photo credit Warner Bros. Pictures

ဒီဇာတ်ဝင်ခန်းထဲမှာတော့ Barry ဟာ Batcave လို့ ယူဆရတဲ့နေရာမှာ အပြာရောင်လျှပ်စီးတွေနဲ့ ရှော့ခ်ရိုက်ခံနေရပါတယ်။ ဘာတွေဖြစ်နေတယ်ဆိုတာ သေချာမသိရသေးပေမယ့်လည်း Multiverse Flash ကတော့ အပြာရောင်လျှပ်စီး ရှိနေတာကြောင့် သူဟာ ဒီရုပ်ရှင်ရဲ့ အဓိက Barry ကို ရည်ရွယ်ချက်ရှိရှိ ရှော့ခ်ရိုက်နေတယ်လို့ ယူဆနိုင်ပါတယ်။

DC ရဲ့ Timeline အသစ်

photo credit Warner Bros. Pictures

Barry ကတော့ ထုံးစံအတိုင်းပဲ ဒီရုပ်ရှင်ထဲမှာလည်း Timeline ကို Reset ပြုလုပ်သွားဦးမှာပါ။ ဒီအချက်ကိုတော့ ထွေလာထဲမှာ Tease လုပ်သွားပြီး Barry နှစ်ယောက်ဟာ “ဒါကို ငါတို့ ပြန်ပြင်နိုင်မှာ မဟုတ်ဘူး” လို့ ပြောနေကြပါတယ်။ ဒါကြောင့်ပဲ မကြာခင်မှာတော့ James Gunn နဲ့ Peter Safran တို့ ဖန်တီးသွားမယ့် DCU ကြီးကို မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

Michael Keaton ရဲ့ Iconic Moment

photo credit Warner Bros. Pictures

ဒီထွေလာရဲ့ အဆုံးသတ်မှာတော့ Michael Keaton ရဲ့ Batman ဟာ Batwing ပေါ်က ခုန်ချလာတာ တွေ့ရပါတယ်။ အဲဒီအချိန်မှာတော့ သူ့ရဲ့ Batwing ဟာ လအလယ်တည့်တည့်မှာ ရောက်နေပြီး သူ့ရဲ့ Batman Logo ပုံစံ ဖြစ်သွားပါတယ်။ ဒါဟာ Michael Keaton ရဲ့ Iconic Moment တွေထဲက တစ်ခုပဲဖြစ်ပြီး ၁၉၈၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Batman ရုပ်ရှင်ထဲမှာလည်း အလားတူဇာတ်ဝင်ခန်းမျိူး ပါဝင်ခဲ့ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular