HomeCelebs Update NewsInternationalMarvel နဲ့စာချုပ်ကြောင့် ရိုက်ချင်တဲ့ဇာတ်ကားတွေကို လက်လွှတ်ခဲ့ရတယ်ဆိုတဲ့ Elizabeth Olsen

Marvel နဲ့စာချုပ်ကြောင့် ရိုက်ချင်တဲ့ဇာတ်ကားတွေကို လက်လွှတ်ခဲ့ရတယ်ဆိုတဲ့ Elizabeth Olsen

မင်းသမီး Elizabeth Olsen ကတော့ Marvel Cinematic Universe ထဲမှာ ပါဝင်သရုပ်ဆောင်ရတဲ့ သူမရဲ့အတွေ့အကြုံနဲ့ ခံစားချက်တွေကို ဖွင့်ဟလာပါတယ်။ အဲဒါကတော့ သူမဟာ Marvel နဲ့ ရုပ်ရှင်ကားတွေ စာချုပ်ချုပ်ထားရတဲ့အတွက် အခြားသော သူမ သရုပ်ဆောင်ချင်တဲ့ ဇာတ်ကားတွေမှာ လက်လွှတ်လိုက်ရတာတွေ ရှိတဲ့အကြောင်း ပြောထားတာ ဖြစ်ပါတယ်။

မကြာသေးခင်က The New York Times သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ အသက်(၃၃)နှစ်အရွယ် မင်းသမီး Elizabeth Olsen ဟာ Marvel ရဲ့စာချုပ်တွေကြောင့် သူမ သရုပ်ဆောင်ချင်တဲ့ ပရောဂျက်တွေကို လက်လွှတ်နေရတဲ့အကြောင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

Photo: elizabetholsendaily/ Instagram

“ပရိသတ်တစ်ယောက်အနေနဲ့ ကျွန်မကိုယ်တိုင် နှစ်သက်တဲ့ တချို့ပရောဂျက်မျိုးတွေ ရှိတယ်လေ။ အဲဒီလိုကားတွေမှာ သရုပ်ဆောင်ချင်ပေမယ့် ဒီစာချုပ်တွေကြောင့် ဘယ်လိုမှ မအားလပ်တော့ မလုပ်နိုင်ဘူး ဖြစ်နေတာပေါ့။ ဒါက ကျွန်မ အရိုးသားဆုံး ပြောပြတာပါ …” လို့ Olsen က သူမရဲ့ ခံစားချက်ကို ပြောထားပါတယ်။

သူမ ပါဝင်သရုပ်ဆောင်ထားတဲ့ Doctor Strange in the Multiverse of Madness ရုပ်ရှင်ကတော့ လက်ရှိမှာ ရုံတင်ပြသနေပြီး ယူအက်စ် တစ်နိုင်ငံတည်းမှာတင် ဝင်ငွေ ဒေါ်လာ(၁၈၅)သန်းကျော် ရရှိနေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် Robert Pattinson သရုပ်ဆောင်ထားတဲ့ The Batman ဇာတ်ကားကို ကျော်တက်ပြီး ၂၀၂၂ ခုနှစ်အတွင်း ရုံတင်အဖွင့်မှာ ဝင်ငွေအကောင်းဆုံး ရုပ်ရှင်အဖြစ် ရပ်တည်နေပါတယ်။

Photo: elizabetholsendaily/ Instagram

MCU ထဲမှာ Wanda Maximoff အဖြစ် သရုပ်ဆောင်ထားတဲ့ Olsen ဟာ နာမည်ကျော်ဂရိ ရုပ်ရှင်ဒါရိုက်တာ Yorgos Lanthimos ရဲ့ The Lobster ဇာတ်ကားထဲက ဇာတ်ရုပ်ကို Marvel နဲ့ ချုပ်ထားတဲ့ စာချုပ်တွေကြောင့် ငြင်းဆိုဖို့ ဖိအားပေးခံခဲ့ရတယ်လို့ ဆိုပါတယ်။

“ကျွန်မစိတ်ထဲမှာ မကျေမနပ်တွေ ဖြစ်လာတယ်။ တကယ်ခိုင်မာပြီး ကောင်းမွန်တဲ့ အလုပ်တစ်ခုတော့ ရထားပါရဲ့။ ဒါပေမယ့် ကျွန်မနဲ့ ပိုပြီးသက်ဆိုင်တယ်လို့ ခံစားရတဲ့ အစိတ်အပိုင်းတွေကိုတော့ တစ်ခုချင်းစီ ဆုံးရှုံးနေရတယ်လေ။ ပြီးတော့ အဲဒီကနေ ပိုဝေးဝေးကို ရောက်သွားလေ၊ အလှမ်းမမီတော့လေ ဖြစ်လာတာပဲ …” လို့ Olsen က ရင်ဖွင့်ထားပါတယ်။

Vancouver

Source: people

RELATED ARTICLES

Most Popular