HomeEntertainmentFilmVampire Diaries စီးရီးရဲ့ ရိုက်ကွင်းနောက်ကွယ်က လူသိနည်းသေးတဲ့အကြောင်းအရာများ

Vampire Diaries စီးရီးရဲ့ ရိုက်ကွင်းနောက်ကွယ်က လူသိနည်းသေးတဲ့အကြောင်းအရာများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

The Vampire Diaries ဟာ မြန်မာပရိသတ်တွေ တစ်ခဲနက်အားပေးနှစ်ခြိုက်ခဲ့တဲ့ စီးရီးတွေထဲကတစ်ခုပါ။ စုစုပေါင်း Season (၈)ခုနဲ့ ဇာတ်သိမ်းသွားခဲ့ပြီဖြစ်ပေမယ့် နှစ်ပေါင်းများစွာ ပရိသတ်နဲ့အတူ ရှိနေခဲ့တဲ့ ဒီစီးရီးရဲ့နောက်ကွယ်က စိတ်ဝင်စားစရာ အကြောင်းတွေကိုတော့ သိချင်နေကြဦးမှာပါ။ ဒါကြောင့် The Vampire Diaries စီးရီးရဲ့ ရိုက်ကွင်းနောက်ကွယ်က လူသိပ်မသိသေးတဲ့အချက်တွေကို မျှဝေပေးလိုက်ပါတယ်။

Elena နဲ့ Damon တို့ရဲ့အချစ်ဇာတ်လမ်း
©CW/ Warner Bros.

Vampire Diaries ထဲမှာ ဇာတ်လမ်းတစ်လျှောက် အဓိက ဆိုလိုချင်တဲ့ မိန်းပွိုင့်ကတော့ ဇာတ်ကောင်တွေကြားထဲက ရှုပ်ထွေးပွေလီတဲ့ အချစ်ဇာတ်လမ်းအကြောင်း ဖြစ်ပါတယ်။ tv ရှိုးထဲမှာ Elena ဟာ Stefan နဲ့ အရင်တွဲပြီး နောက်ပိုင်းမှာမှ Damon နဲ့ တွဲဖြစ်သွားတာ ဖြစ်ပါတယ်။ Damon ရဲ့ မောက်မာတဲ့ပုံစံနဲ့ အန္တရာယ်များတဲ့ အကျင့်ကြောင့် ဇာတ်လမ်းအစပိုင်းမှာ Elena တစ်ယောက် Damon ကို သည်းမခံနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ နှစ်ယောက်သား တဖြည်းဖြည်းချင်း နီးစပ်လာခဲ့ပါတယ်။

သို့ပေမယ့် ဒါဟာ ရှိုးထုတ်လုပ်သူတွေရဲ့ အကြိုက်တော့ မဟုတ်ခဲ့ပါဘူး။ ရှိုးထုတ်လုပ်သူတွေဟာ Damon နဲ့ Elena ကို ပေါင်းစည်းပေးဖို့ ဆန္ဒမရှိခဲ့ပါဘူး။ ပရိသတ်တွေက သူတို့နှစ်ယောက်ကို ship လွန်းအားကြီးလို့သာ fan service ပေးတဲ့အနေနဲ့ သူတို့နှစ်ယောက်ကို ပေါင်းစည်းခွင့်ပေးလိုက်တာ ဖြစ်ပါတယ်။ ဒါကြောင့် ပရိသတ်တွေရဲ့ လွှမ်းမိုးမှုမပါတဲ့ မူလဇာတ်လမ်းအတိုင်းဆိုရင် ဇာတ်သိမ်းဟာ အခုဇာတ်သိမ်းနဲ့ တစ်ခြားစီ ဖြစ်နေမှာပါ။

Katherine နဲ့ဆံပင်တု
©CW/ Warner Bros.

ဝတ္ထုထဲမှာ ဖော်ပြထားတဲ့ ဇာတ်ကောင် Elena ရဲ့ရုပ်သွင်ဟာ tv ထဲမှာ ကြည့်ရတဲ့ပုံစံနဲ့တော့ လားလားမှ မတူညီပါဘူး။ ဝတ္ထုထဲက Elena ဟာ ရွှေရောင်ဖျော့ဖျော့ဆံပင်တွေနဲ့ ပျားရည်ရောင်ဖျော့ဖျော့ မျက်ဝန်းတွေကို ပိုင်ဆိုင်သူပါ။ သို့ပေမယ့် ဘူလ်ဂေးရီးယန်းလူမျိုး ကနေဒါနိုင်ငံသူဖြစ်တဲ့ Nina Dobrev ဟာ မျက်လုံးညိုနဲ့ ဆံပင်အနက်ရောင်ကို ပိုင်ဆိုင်ထားတာကြောင့် ဝတ္ထုထဲက Elena ရဲ့ရုပ်သွင်နဲ့တော့ ခြားနားသွားပါတယ်။

Nina ရဲ့ဆံနွယ်တွေဟာ နဂိုတည်းက အဖြောင့်ဖြစ်တာကြောင့် Elena Gilbert ရဲ့ဇာတ်ကောင်ကို သရုပ်ဆောင်ရာမှာ အခက်အခဲမရှိပေမယ့် Elena နဲ့ တစ်ပုံစံတည်းတူတဲ့ ကိုယ်ပွား Katherine အဖြစ် သရုပ်ဆောင်ရာမှာတော့ ဘယ်သူမှ မထင်ထားတာ တစ်ခုကို လုပ်ထားခဲ့ပါတယ်။ အဲ့ဒါကတော့ ဇာတ်ကောင် Katherine ရဲ့ ခွေခွေလိမ်လိမ် ဆံကောက်လေးတွေဟာ Nina ရဲ့ ဆံပင်အစစ်ကို ကောက်ထားတာ မဟုတ်ဘဲ အပေါ်ကနေ ဆံပင်တုစွပ်ထားတာ ဖြစ်ပါတယ်။ ဆံပင်တုဆိုပေမယ့် သေသပ်လွန်းလို့ ဒီအချက်ကို မသိခင်အထိ ဆံပင်အစစ်လို့ပဲ ထင်ခဲ့ကြမှာ မလွဲပါဘူး။

နတ်ကြီးတဲ့ လူရွေးပွဲ
©CW/ Warner Bros.

ရုပ်ရှင်တစ်ကား၊ စီးရီးတစ်ခု ရိုက်ကူးဖို့ အစပြုပြီဆိုရင် ဇာတ်ကောင်တွေအတွက် သရုပ်ဆောင်ရွေးချယ်တဲ့ အချိန်ဟာတကယ် စိတ်ဝင်စားဖို့ကောင်းပါတယ်။ သာမန်သရုပ်ဆောင်တစ်ယောက်အတွက်ဆိုရင်တော့ ဟောလိဝုဒ်လောက်အထိ မပေါက်မြောက်ထားရင် ဒီအဆင့်မှာ အရမ်းကိုနတ်ကြီးတယ်လို့ တင်စားရလောက်အောင် စိန်ခေါ်မှုများစွာကို ရင်ဆိုင်ရလေ့ ရှိပါတယ်။ Stefan Salvatore အဖြစ် သရုပ်ဆောင်ရတဲ့ မင်းသား Paul Wesley ကတော့ ဒီဇာတ်ကောင်နေရာကို ရဖို့အတွက် ဆယ့်ငါးကြိမ်တိုင်တိုင် လူရွေးပွဲမှာ ယှဉ်ပြိုင်ခဲ့ရပါတယ်။ Damon နေရာမှာ သရုပ်ဆောင်ရတဲ့ Ian Somerhalder ကတော့ နှစ်ကြိမ်တည်း ယှဉ်ပြိုင်ရုံနဲ့ အရွေးခံခဲ့ရတာပါ။

စားလို့ရတဲ့သွေး
©CW/ Warner Bros.

ဘယ်လိုရုပ်ရှင်အမျိုးအစားမျိုးမှာမဆို သွေးစုပ်ဖုတ်ကောင်ဆိုရင် သွေးတွေအများကြီး သောက်ကြတာကို တွေ့ရမှာပါ။ အထူးသဖြင့် ဗန်ပိုင်းယားတွေဟာ သူတို့ကိုယ်သူတို့ ထိန်းချုပ်ဖို့ခက်တဲ့အချိန်မျိုးတွေမှာ ပိုပြီးသွေးဆာတတ်ကြတာကိုလည်း ကြည့်ဖူးကြမှာပါ။ Vampire Diaries ထဲမှာလည်း ဒီလိုဇာတ်ဝင်ခန်းတွေ အများအပြား ပါဝင်ထားပါတယ်။ အဲ့သလို သွေးသောက်ရတဲ့ ဇာတ်ဝင်ခန်းတွေဟာ ကြည့်ရှုသူပရိသတ်တွေအတွက် စိတ်မသက်သာစရာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် သရုပ်ဆောင်တွေအတွက်တော့ မုန့်စားရသလိုပါပဲ။ အကြောင်းကတော့ ဒီစီးရီးထဲမှာ သုံးထားတဲ့သွေးတွေဟာ စားလို့ရတဲ့ ပါဝင်ပစ္စည်းတွေနဲ့ ပြုလုပ်ထားလို့ပါပဲ။

ယှဉ်ပြိုင်မှုပြင်းထန်လွန်းတဲ့ လူရွေးပွဲ
©CW/ Warner Bros.

ရုပ်ရှင်၊စီးရီးတွေရဲ့ အရှုပ်ထွေးဆုံးအပိုင်းတစ်ခုကို ပြောပါဆိုရင် သရုပ်ဆောင်ရွေးတဲ့အချိန်လို့ ပြောနိုင်ပါတယ်။ အကြောင်းကတော့ ဇာတ်ကောင်တစ်နေရာတည်းကို သရုပ်ဆောင်ပေါင်းများစွာက အလုအယက် ဝင်အရွေးခံကြလို့ပါပဲ။ ပြီးရင်လည်း လူရွေးပွဲတွေရဲ့ ထုံးစံအတိုင်းပဲ ကိုယ်ဝင်ပြိုင်တဲ့ ဇာတ်ကောင်နေရာကို ရတာမျိုးက ရှားပြီး ကိုယ်မပြိုင်တဲ့ တစ်ခြားဇာတ်ကောင်နေရာကို ရသွားတာတွေကလည်း ဒုနဲ့ဒေးပါပဲ။

ဒီစီးရီးမှာလည်း ဇာတ်ကောင်နေရာအတွက် ယှဉ်ပြိုင်မှုတွေက ပြင်းထန်လွန်းခဲ့ပါတယ်။ Matt Donovan အဖြစ် သရုပ်ဆောင်ထားတဲ့ Zach Roerig ၊ Tyler Lockwood အဖြစ် သရုပ်ဆောင်ထားတဲ့ Michael Trevino နဲ့ Stefan အဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသား Paul Wesley တို့သုံးယောက်လုံးဟာ သူတို့ရဲ့တကယ့်ဇာတ်ကောင်နေရာကို မရခင်မှာ Damon Salvatore နေရာကို အသေအကြေ ယှဉ်ပြိုင်ပြီး အရွေးခံခဲ့ကြပါတယ်။ Green Arrow စီးရီးထဲက Oliver Queen အဖြစ် လူသိများတဲ့ မင်းသား Stephen Amell ဟာဆိုရင်လည်း အော်ရီဂျင်နယ် ဗန်ပိုင်ယားဖြစ်တဲ့ Elijah Mikaelson ဇာတ်ကောင်နေရာအတွက် ဝင်အရွေးခံခဲ့ပေမယ့် Brady ဆိုတဲ့ သမန်းဝံပုလွေနေရာကိုသာ ရရှိခဲ့ပါတယ်။

ကာရိုက်တာနဲ့သရုပ်ဆောင်တွေကြားက အသက်ကွာဟမှု
©CW/ Warner Bros.

သွေးစုပ်ဖုတ်ကောင်အဖြစ် သရုပ်ဆောင်ရတဲ့ သရုပ်ဆောင်တွေအတွက် သိသာတဲ့ ရုန်းကန်ရမှုတစ်ခုကတော့ ကာရိုက်တာက အသက်မကြီးဘဲ နုနယ်ပျိုမျစ်နေချိန်မှာ တကယ့်သရုပ်ဆောင်က အသက်တွေ ကြီးလာနေတာပဲ ဖြစ်ပါတယ်။ ဒါဟာ Vampire Diaries ထဲကလို ဆယ်ကျော်သက်ရွယ်လေးတွေအဖြစ် သရုပ်ဆောင်ရချိန်မှာ ကာရိုက်တာနဲ့ သရုပ်ဆောင်ကြားက အသက်အရွယ် မလိုက်ဖက်မှုကို ပိုပြီးပေါ်လွင်စေခဲ့ပါတယ်။

ဥပမာပြောရရင် ဇာတ်လမ်းထဲက Elena ဟာ Jeremy ထက် အသက်နှစ်နှစ်ကြီးတဲ့ အစ်မတစ်ယောက် ဖြစ်ပေမယ့် တကယ့်ပြင်ပဘဝမှာတော့ Nina Dobrev ဟာ Jeremy နေရာမှာ သရုပ်ဆောင်ထားတဲ့ Steven R. McQueen ထက်တောင် အသက်ခြောက်လ ငယ်နေပါသေးတယ်။ နောက်ထပ်သိသာတဲ့ အသက်ကွာဟမှုကတော့ Stefan နေရာမှာ သရုပ်ဆောင်တဲ့ Paul Wesley နဲ့ Elena နေရာမှာ သရုပ်ဆောင်တဲ့ Nina Dobrev တို့ပဲ ဖြစ်ပါတယ်။ ပထမဆုံး 1st Season မှာ သူတို့နှစ်ယောက်စလုံးဟာ အသက်ဆယ့်ခုနှစ်နှစ်အရွယ် ကျောင်းသားတွေအဖြစ် သရုပ်ဆောင်ထားကြပေမယ့် တကယ့်လက်တွေ့ဘဝမှာတော့ Paul က Nina ထက် အသက်ခြောက်နှစ် ကြီးပါတယ်။ ဒါကြောင့်လည်း ဒီအချက်ကို သတိပြုမိတဲ့ တစ်ချို့သော ပရိသတ်တွေရဲ့ ဝေဖန်မှုကို ခံခဲ့ရတာ ဖြစ်ပါတယ်။

ရိုက်ကွင်းပေါ်က အချစ်ဇာတ်လမ်းများ
©CW/ Warner Bros.

စီးရီးတစ်ခုကို နှစ်ပေါင်းများစွာ ရိုက်ကူးရပြီဆိုရင် ပါဝင်တဲ့ သရုပ်ဆောင်တွေကြားမှာလည်း ဘာဘာညာညာဇာတ်လမ်းတွေက စလာတတ်တာ သဘာဝပါပဲ။ Vampire Diaries ကတော့ ပုံမှန်ထက်ကို ပိုများတယ်လို့ ပြောရမှာပါ။ Nina နဲ့ Ian Somerhalder တို့ အချိန်တစ်ခုလောက်အထိ တွဲခုတ်လိုက်ကြသေးတာကိုတော့ တော်တော်များများ သိပြီးဖြစ်ကြမှာပါ။ ဒီရှိုးရဲ့ကျေးဇူးနဲ့ ချစ်သူဖြစ်သွားသူတွေတင်မက ဖူးစာဆုံပြီး လက်ထပ်သွားသူတွေပါ ရှိပါတယ်။ အဲ့ဒါကတော့ Klaus အဖြစ် သရုပ်ဆောင်တဲ့ Joseph Morgan ဟာ Bonnie ရဲ့အမေအဖြစ် သရုပ်ဆောင်ထားတဲ့ Persia White နဲ့ ဒီရှိုးမှာတွေ့ပြီး လက်ထပ်တဲ့အဆင့်အထိ ရောက်သွားပါတယ်။

ဒါတင်မက Caroline အဖြစ် သရုပ်ဆောင်ထားတဲ့ Candice King နဲ့ Jeremy အဖြစ် သရုပ်ဆောင်ထားတဲ့ Steven R. McQueen တို့ဟာလည်း တကယ့်အပြင်ဘဝမှာ ချစ်သူတွေ ဖြစ်သွားကြပါသေးတယ်။ Paul Wesley နဲ့ Hayley အဖြစ် သရုပ်ဆောင်ထားတဲ့ Phoebe Tonkin တို့ဟာလည်း နှစ်အနည်းငယ်လောက် တွဲခဲ့ကြပါသေးတယ်။

ဒါကတော့ နာမည်ကျော် Vampire Diaries စီးရီးနဲ့ ပတ်သက်တဲ့ ရိုက်ကွင်းနောက်ကွင်းက လူသိပ်မသိသေးတဲ့အကြောင်းလေးတွေပါ။ စာဖတ်သူတို့ သိထားတဲ့ တစ်ခြားအကြောင်းတွေ ရှိရင်လည်း မျှဝေခဲ့ပါဦး။

LaNina

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

The Vampire Diaries ဟာ ျမန္မာပရိသတ္ေတြ တစ္ခဲနက္အားေပးႏွစ္ၿခိဳက္ခဲ့တဲ့ စီးရီးေတြထဲကတစ္ခုပါ။ စုစုေပါင္း Season (၈)ခုနဲ႔ ဇာတ္သိမ္းသြားခဲ့ၿပီျဖစ္ေပမယ့္ ႏွစ္ေပါင္းမ်ားစြာ ပရိသတ္နဲ႔အတူ ရွိေနခဲ့တဲ့ ဒီစီးရီးရဲ႕ေနာက္ကြယ္က စိတ္ဝင္စားစရာ အေၾကာင္းေတြကိုေတာ့ သိခ်င္ေနၾကဦးမွာပါ။ ဒါေၾကာင့္ The Vampire Diaries စီးရီးရဲ႕ ႐ိုက္ကြင္းေနာက္ကြယ္က လူသိပ္မသိေသးတဲ့အခ်က္ေတြကို မွ်ေဝေပးလိုက္ပါတယ္။

Elena နဲ႔ Damon တို႔ရဲ႕အခ်စ္ဇာတ္လမ္း
©CW/ Warner Bros.

Vampire Diaries ထဲမွာ ဇာတ္လမ္းတစ္ေလွ်ာက္ အဓိက ဆိုလိုခ်င္တဲ့ မိန္းပြိဳင့္ကေတာ့ ဇာတ္ေကာင္ေတြၾကားထဲက ရႈပ္ေထြးေပြလီတဲ့ အခ်စ္ဇာတ္လမ္းအေၾကာင္း ျဖစ္ပါတယ္။ tv ရႈိးထဲမွာ Elena ဟာ Stefan နဲ႔ အရင္တြဲၿပီး ေနာက္ပိုင္းမွာမွ Damon နဲ႔ တြဲျဖစ္သြားတာ ျဖစ္ပါတယ္။ Damon ရဲ႕ ေမာက္မာတဲ့ပုံစံနဲ႔ အႏၲရာယ္မ်ားတဲ့ အက်င့္ေၾကာင့္ ဇာတ္လမ္းအစပိုင္းမွာ Elena တစ္ေယာက္ Damon ကို သည္းမခံႏိုင္ခဲ့ေပမယ့္ ေနာက္ပိုင္းမွာ ႏွစ္ေယာက္သား တျဖည္းျဖည္းခ်င္း နီးစပ္လာခဲ့ပါတယ္။

သို႔ေပမယ့္ ဒါဟာ ရႈိးထုတ္လုပ္သူေတြရဲ႕ အႀကိဳက္ေတာ့ မဟုတ္ခဲ့ပါဘူး။ ရႈိးထုတ္လုပ္သူေတြဟာ Damon နဲ႔ Elena ကို ေပါင္းစည္းေပးဖို႔ ဆႏၵမရွိခဲ့ပါဘူး။ ပရိသတ္ေတြက သူတို႔ႏွစ္ေယာက္ကို ship လြန္းအားႀကီးလို႔သာ fan service ေပးတဲ့အေနနဲ႔ သူတို႔ႏွစ္ေယာက္ကို ေပါင္းစည္းခြင့္ေပးလိုက္တာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ပရိသတ္ေတြရဲ႕ လႊမ္းမိုးမႈမပါတဲ့ မူလဇာတ္လမ္းအတိုင္းဆိုရင္ ဇာတ္သိမ္းဟာ အခုဇာတ္သိမ္းနဲ႔ တစ္ျခားစီ ျဖစ္ေနမွာပါ။

Katherine နဲ႔ဆံပင္တု
©CW/ Warner Bros.

ဝတၳဳထဲမွာ ေဖာ္ျပထားတဲ့ ဇာတ္ေကာင္ Elena ရဲ႕႐ုပ္သြင္ဟာ tv ထဲမွာ ၾကည့္ရတဲ့ပုံစံနဲ႔ေတာ့ လားလားမွ မတူညီပါဘူး။ ဝတၳဳထဲက Elena ဟာ ေ႐ႊေရာင္ေဖ်ာ့ေဖ်ာ့ဆံပင္ေတြနဲ႔ ပ်ားရည္ေရာင္ေဖ်ာ့ေဖ်ာ့ မ်က္ဝန္းေတြကို ပိုင္ဆိုင္သူပါ။ သို႔ေပမယ့္ ဘူလ္ေဂးရီးယန္းလူမ်ိဳး ကေနဒါႏိုင္ငံသူျဖစ္တဲ့ Nina Dobrev ဟာ မ်က္လုံးညိဳနဲ႔ ဆံပင္အနက္ေရာင္ကို ပိုင္ဆိုင္ထားတာေၾကာင့္ ဝတၳဳထဲက Elena ရဲ႕႐ုပ္သြင္နဲ႔ေတာ့ ျခားနားသြားပါတယ္။

Nina ရဲ႕ဆံႏြယ္ေတြဟာ နဂိုတည္းက အေျဖာင့္ျဖစ္တာေၾကာင့္ Elena Gilbert ရဲ႕ဇာတ္ေကာင္ကို သ႐ုပ္ေဆာင္ရာမွာ အခက္အခဲမရွိေပမယ့္ Elena နဲ႔ တစ္ပုံစံတည္းတူတဲ့ ကိုယ္ပြား Katherine အျဖစ္ သ႐ုပ္ေဆာင္ရာမွာေတာ့ ဘယ္သူမွ မထင္ထားတာ တစ္ခုကို လုပ္ထားခဲ့ပါတယ္။ အဲ့ဒါကေတာ့ ဇာတ္ေကာင္ Katherine ရဲ႕ ေခြေခြလိမ္လိမ္ ဆံေကာက္ေလးေတြဟာ Nina ရဲ႕ ဆံပင္အစစ္ကို ေကာက္ထားတာ မဟုတ္ဘဲ အေပၚကေန ဆံပင္တုစြပ္ထားတာ ျဖစ္ပါတယ္။ ဆံပင္တုဆိုေပမယ့္ ေသသပ္လြန္းလို႔ ဒီအခ်က္ကို မသိခင္အထိ ဆံပင္အစစ္လို႔ပဲ ထင္ခဲ့ၾကမွာ မလြဲပါဘူး။

နတ္ႀကီးတဲ့ လူေ႐ြးပြဲ
©CW/ Warner Bros.

႐ုပ္ရွင္တစ္ကား၊ စီးရီးတစ္ခု ႐ိုက္ကူးဖို႔ အစျပဳၿပီဆိုရင္ ဇာတ္ေကာင္ေတြအတြက္ သ႐ုပ္ေဆာင္ေ႐ြးခ်ယ္တဲ့ အခ်ိန္ဟာတကယ္ စိတ္ဝင္စားဖို႔ေကာင္းပါတယ္။ သာမန္သ႐ုပ္ေဆာင္တစ္ေယာက္အတြက္ဆိုရင္ေတာ့ ေဟာလိဝုဒ္ေလာက္အထိ မေပါက္ေျမာက္ထားရင္ ဒီအဆင့္မွာ အရမ္းကိုနတ္ႀကီးတယ္လို႔ တင္စားရေလာက္ေအာင္ စိန္ေခၚမႈမ်ားစြာကို ရင္ဆိုင္ရေလ့ ရွိပါတယ္။ Stefan Salvatore အျဖစ္ သ႐ုပ္ေဆာင္ရတဲ့ မင္းသား Paul Wesley ကေတာ့ ဒီဇာတ္ေကာင္ေနရာကို ရဖို႔အတြက္ ဆယ့္ငါးႀကိမ္တိုင္တိုင္ လူေ႐ြးပြဲမွာ ယွဥ္ၿပိဳင္ခဲ့ရပါတယ္။ Damon ေနရာမွာ သ႐ုပ္ေဆာင္ရတဲ့ Ian Somerhalder ကေတာ့ ႏွစ္ႀကိမ္တည္း ယွဥ္ၿပိဳင္႐ုံနဲ႔ အေ႐ြးခံခဲ့ရတာပါ။

စားလို႔ရတဲ့ေသြး
©CW/ Warner Bros.

ဘယ္လို႐ုပ္ရွင္အမ်ိဳးအစားမ်ိဳးမွာမဆို ေသြးစုပ္ဖုတ္ေကာင္ဆိုရင္ ေသြးေတြအမ်ားႀကီး ေသာက္ၾကတာကို ေတြ႕ရမွာပါ။ အထူးသျဖင့္ ဗန္ပိုင္းယားေတြဟာ သူတို႔ကိုယ္သူတို႔ ထိန္းခ်ဳပ္ဖို႔ခက္တဲ့အခ်ိန္မ်ိဳးေတြမွာ ပိုၿပီးေသြးဆာတတ္ၾကတာကိုလည္း ၾကည့္ဖူးၾကမွာပါ။ Vampire Diaries ထဲမွာလည္း ဒီလိုဇာတ္ဝင္ခန္းေတြ အမ်ားအျပား ပါဝင္ထားပါတယ္။ အဲ့သလို ေသြးေသာက္ရတဲ့ ဇာတ္ဝင္ခန္းေတြဟာ ၾကည့္ရႈသူပရိသတ္ေတြအတြက္ စိတ္မသက္သာစရာ ျဖစ္ေကာင္းျဖစ္ႏိုင္ေပမယ့္ သ႐ုပ္ေဆာင္ေတြအတြက္ေတာ့ မုန႔္စားရသလိုပါပဲ။ အေၾကာင္းကေတာ့ ဒီစီးရီးထဲမွာ သုံးထားတဲ့ေသြးေတြဟာ စားလို႔ရတဲ့ ပါဝင္ပစၥည္းေတြနဲ႔ ျပဳလုပ္ထားလို႔ပါပဲ။

ယွဥ္ၿပိဳင္မႈျပင္းထန္လြန္းတဲ့ လူေ႐ြးပြဲ
©CW/ Warner Bros.

႐ုပ္ရွင္၊စီးရီးေတြရဲ႕ အရႈပ္ေထြးဆုံးအပိုင္းတစ္ခုကို ေျပာပါဆိုရင္ သ႐ုပ္ေဆာင္ေ႐ြးတဲ့အခ်ိန္လို႔ ေျပာႏိုင္ပါတယ္။ အေၾကာင္းကေတာ့ ဇာတ္ေကာင္တစ္ေနရာတည္းကို သ႐ုပ္ေဆာင္ေပါင္းမ်ားစြာက အလုအယက္ ဝင္အေ႐ြးခံၾကလို႔ပါပဲ။ ၿပီးရင္လည္း လူေ႐ြးပြဲေတြရဲ႕ ထုံးစံအတိုင္းပဲ ကိုယ္ဝင္ၿပိဳင္တဲ့ ဇာတ္ေကာင္ေနရာကို ရတာမ်ိဳးက ရွားၿပီး ကိုယ္မၿပိဳင္တဲ့ တစ္ျခားဇာတ္ေကာင္ေနရာကို ရသြားတာေတြကလည္း ဒုနဲ႔ေဒးပါပဲ။

ဒီစီးရီးမွာလည္း ဇာတ္ေကာင္ေနရာအတြက္ ယွဥ္ၿပိဳင္မႈေတြက ျပင္းထန္လြန္းခဲ့ပါတယ္။ Matt Donovan အျဖစ္ သ႐ုပ္ေဆာင္ထားတဲ့ Zach Roerig ၊ Tyler Lockwood အျဖစ္ သ႐ုပ္ေဆာင္ထားတဲ့ Michael Trevino နဲ႔ Stefan အျဖစ္ သ႐ုပ္ေဆာင္ထားတဲ့ မင္းသား Paul Wesley တို႔သုံးေယာက္လုံးဟာ သူတို႔ရဲ႕တကယ့္ဇာတ္ေကာင္ေနရာကို မရခင္မွာ Damon Salvatore ေနရာကို အေသအေၾက ယွဥ္ၿပိဳင္ၿပီး အေ႐ြးခံခဲ့ၾကပါတယ္။ Green Arrow စီးရီးထဲက Oliver Queen အျဖစ္ လူသိမ်ားတဲ့ မင္းသား Stephen Amell ဟာဆိုရင္လည္း ေအာ္ရီဂ်င္နယ္ ဗန္ပိုင္ယားျဖစ္တဲ့ Elijah Mikaelson ဇာတ္ေကာင္ေနရာအတြက္ ဝင္အေ႐ြးခံခဲ့ေပမယ့္ Brady ဆိုတဲ့ သမန္းဝံပုေလြေနရာကိုသာ ရရွိခဲ့ပါတယ္။

ကာ႐ိုက္တာနဲ႔သ႐ုပ္ေဆာင္ေတြၾကားက အသက္ကြာဟမႈ
©CW/ Warner Bros.

ေသြးစုပ္ဖုတ္ေကာင္အျဖစ္ သ႐ုပ္ေဆာင္ရတဲ့ သ႐ုပ္ေဆာင္ေတြအတြက္ သိသာတဲ့ ႐ုန္းကန္ရမႈတစ္ခုကေတာ့ ကာ႐ိုက္တာက အသက္မႀကီးဘဲ ႏုနယ္ပ်ိဳမ်စ္ေနခ်ိန္မွာ တကယ့္သ႐ုပ္ေဆာင္က အသက္ေတြ ႀကီးလာေနတာပဲ ျဖစ္ပါတယ္။ ဒါဟာ Vampire Diaries ထဲကလို ဆယ္ေက်ာ္သက္႐ြယ္ေလးေတြအျဖစ္ သ႐ုပ္ေဆာင္ရခ်ိန္မွာ ကာ႐ိုက္တာနဲ႔ သ႐ုပ္ေဆာင္ၾကားက အသက္အ႐ြယ္ မလိုက္ဖက္မႈကို ပိုၿပီးေပၚလြင္ေစခဲ့ပါတယ္။

ဥပမာေျပာရရင္ ဇာတ္လမ္းထဲက Elena ဟာ Jeremy ထက္ အသက္ႏွစ္ႏွစ္ႀကီးတဲ့ အစ္မတစ္ေယာက္ ျဖစ္ေပမယ့္ တကယ့္ျပင္ပဘဝမွာေတာ့ Nina Dobrev ဟာ Jeremy ေနရာမွာ သ႐ုပ္ေဆာင္ထားတဲ့ Steven R. McQueen ထက္ေတာင္ အသက္ေျခာက္လ ငယ္ေနပါေသးတယ္။ ေနာက္ထပ္သိသာတဲ့ အသက္ကြာဟမႈကေတာ့ Stefan ေနရာမွာ သ႐ုပ္ေဆာင္တဲ့ Paul Wesley နဲ႔ Elena ေနရာမွာ သ႐ုပ္ေဆာင္တဲ့ Nina Dobrev တို႔ပဲ ျဖစ္ပါတယ္။ ပထမဆုံး 1st Season မွာ သူတို႔ႏွစ္ေယာက္စလုံးဟာ အသက္ဆယ့္ခုႏွစ္ႏွစ္အ႐ြယ္ ေက်ာင္းသားေတြအျဖစ္ သ႐ုပ္ေဆာင္ထားၾကေပမယ့္ တကယ့္လက္ေတြ႕ဘဝမွာေတာ့ Paul က Nina ထက္ အသက္ေျခာက္ႏွစ္ ႀကီးပါတယ္။ ဒါေၾကာင့္လည္း ဒီအခ်က္ကို သတိျပဳမိတဲ့ တစ္ခ်ိဳ႕ေသာ ပရိသတ္ေတြရဲ႕ ေဝဖန္မႈကို ခံခဲ့ရတာ ျဖစ္ပါတယ္။

႐ိုက္ကြင္းေပၚက အခ်စ္ဇာတ္လမ္းမ်ား
©CW/ Warner Bros.

စီးရီးတစ္ခုကို ႏွစ္ေပါင္းမ်ားစြာ ႐ိုက္ကူးရၿပီဆိုရင္ ပါဝင္တဲ့ သ႐ုပ္ေဆာင္ေတြၾကားမွာလည္း ဘာဘာညာညာဇာတ္လမ္းေတြက စလာတတ္တာ သဘာဝပါပဲ။ Vampire Diaries ကေတာ့ ပုံမွန္ထက္ကို ပိုမ်ားတယ္လို႔ ေျပာရမွာပါ။ Nina နဲ႔ Ian Somerhalder တို႔ အခ်ိန္တစ္ခုေလာက္အထိ တြဲခုတ္လိုက္ၾကေသးတာကိုေတာ့ ေတာ္ေတာ္မ်ားမ်ား သိၿပီးျဖစ္ၾကမွာပါ။ ဒီရႈိးရဲ႕ေက်းဇူးနဲ႔ ခ်စ္သူျဖစ္သြားသူေတြတင္မက ဖူးစာဆုံၿပီး လက္ထပ္သြားသူေတြပါ ရွိပါတယ္။ အဲ့ဒါကေတာ့ Klaus အျဖစ္ သ႐ုပ္ေဆာင္တဲ့ Joseph Morgan ဟာ Bonnie ရဲ႕အေမအျဖစ္ သ႐ုပ္ေဆာင္ထားတဲ့ Persia White နဲ႔ ဒီရႈိးမွာေတြ႕ၿပီး လက္ထပ္တဲ့အဆင့္အထိ ေရာက္သြားပါတယ္။

ဒါတင္မက Caroline အျဖစ္ သ႐ုပ္ေဆာင္ထားတဲ့ Candice King နဲ႔ Jeremy အျဖစ္ သ႐ုပ္ေဆာင္ထားတဲ့ Steven R. McQueen တို႔ဟာလည္း တကယ့္အျပင္ဘဝမွာ ခ်စ္သူေတြ ျဖစ္သြားၾကပါေသးတယ္။ Paul Wesley နဲ႔ Hayley အျဖစ္ သ႐ုပ္ေဆာင္ထားတဲ့ Phoebe Tonkin တို႔ဟာလည္း ႏွစ္အနည္းငယ္ေလာက္ တြဲခဲ့ၾကပါေသးတယ္။

ဒါကေတာ့ နာမည္ေက်ာ္ Vampire Diaries စီးရီးနဲ႔ ပတ္သက္တဲ့ ႐ိုက္ကြင္းေနာက္ကြင္းက လူသိပ္မသိေသးတဲ့အေၾကာင္းေလးေတြပါ။ စာဖတ္သူတို႔ သိထားတဲ့ တစ္ျခားအေၾကာင္းေတြ ရွိရင္လည္း မွ်ေဝခဲ့ပါဦး။

LaNina

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular