HomeEntertainmentFilmThe Witcher Season 2 ထွေလာထဲက စိတ်ဝင်စားစရာအချက်များ

The Witcher Season 2 ထွေလာထဲက စိတ်ဝင်စားစရာအချက်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

၂၀၁၉ ခုနှစ်မှာ စတင်ထွက်ရှိခဲ့တဲ့ The Witcher ဇာတ်လမ်းတွဲရဲ့ Season 2 ဟာ ယခုနှစ် ဒီဇင်ဘာလ (၁၇)ရက်နေ့မှာတော့ Netflix က ပြသတော့မှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲရဲ့ ပရိသတ်တွေကတော့ Season 2 ထွက်ရှိလာဖို့အတွက် အချိန်အတော်ကြာ စောင့်ဆိုင်းခဲ့ရတာ ဖြစ်ပြီး ယခုနှစ် နှောင်းပိုင်းမှာတော့ ကြည့်ရှုရတော့မှာပါ။ မကြာသေးခင်ကပဲ Netflix ဟာ Season 2 ရဲ့ ထွေလာနဲ့ ပိုစတာကိုပါ ထုတ်ပြပေးလိုက်ပါတယ်။ အဲ့ဒီထွေလာနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာအချက်တွေကိုတော့ အောက်မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

(1) ကံတရားထက် အများကြီးပိုပါတယ်။
photo via screenrant

Season 1 ထဲမှာတော့ Geralt ဟာ Ciri ရဲ့ အဖေ Duny ကို အသက်အန္တရာယ်ကနေ ကယ်တင်ပေးခဲ့ပါတယ်။ ဒါကြောင့်ပဲ Duny ဟာ Geralt ကို ဘာလိုချင်လည်းလို့ မေးတဲ့အချိန်မှာတော့ Geralt က Law of Surprise အတိုင်းပဲ ပြုလုပ်မယ်လို့ ပြောခဲ့ပါတယ်။ Law of Surprise ဆိုတာကတော့ လူတစ်ယောက်က ကိုယ့်ကို ကူညီလိုက်တဲ့အချိန်မှာ ပြန်လည် ကျေးဇူးဆပ်တဲ့အနေနဲ့ ကိုယ့်မှာရှိနေမှန်း မသိတဲ့ အရာတစ်ခုကို ပေးရတာပဲ ဖြစ်ပါတယ်။

အဲ့ဒီအချိန်မှာတော့ Duny ဟာ သူ့ရဲ့အမျိူးသမီးက ကိုယ်ဝန်ရှိနေတာကို မသိသေးတာကြောင့် မွေးလာတဲ့ Ciri ဟာ Law of Surprise အရ Geralt ရဲ့ ပိုင်ဆိုင်မှု ဖြစ်သွားပါတယ်။ ဒါပေမယ့်လည်း Season 1 ထဲမှာတော့ Geralt ဟာ Ciri ကို သူ့ရဲ့ပိုင်ဆိုင်မှုအဖြစ် ရယူဖို့ ငြင်းဆန်ခဲ့တာကြောင့် မကောင်းတဲ့ အဖြစ်အပျက်တွေ ဖြစ်လာတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

Season 1 ရဲ့ နောက်ဆုံးမှာတော့ Geralt နဲ့ Ciri တို့ တွေ့ဆုံသွားပြီး Season 2 ထဲမှာတော့ သူတို့နှစ်ယောက်ရဲ့ စွန့်စားခန်းတွေကို ဆက်လက်မြင်တွေ့ရဦးမှာပါ။ ဒီထွေလာထဲမှာတော့ Ciri က “ကျွန်မက ရှင့်ရဲ့ ကံကြမ္မာလား ?” လို့ မေးမြန်းခဲ့ပြီး Geralt ကတော့ “အဲ့ဒါထက် အများကြီးပိုတယ် … ” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

(2) Kaer Morhen
photo via screenrant

Season 1 ထဲမှာတော့ Geralt ဟာ နေရာအနှံ့ကို လျှောက်သွားနေပြီး ဘယ်နေရာမှာမှ အတည်တကျ မနေထိုင်ခဲ့ပေမယ့်လည်း Kaer Morhen လို့ခေါ်တဲ့ သူ့ရဲ့အိမ်တော့ ရှိနေပါသေးတယ်။ Kaer Morhen ကတော့ Witcher တွေရဲ့ ခံတပ်လို့တောင် ပြောလို့ရပြီး Geralt ကို Witcher ဖြစ်လာအောင် လေ့ကျင့်ပေးခဲ့တဲ့ School of the Wolf ကလည်း အဲ့ဒီနေရာမှာပဲ တည်ရှိတာပါ။

Witcher တစ်ယောက် ဖြစ်လာဖို့အတွက် ကလေးဘဝကတည်းက ဒီနေရာမှာ လေ့ကျင့်ခဲ့ရတာဖြစ်ပြီး အများစုကတော့ ပြင်းထန်လွန်းတဲ့ လေ့ကျင့်မှုတွေကြောင့် သေဆုံးကုန်ကြပါတယ်။ ဒါပေမယ့်လည်း အသက်ရှင်ကျန်ခဲ့တဲ့သူတွေကတော့ အလွန်စွမ်းအားကြီးတဲ့ Witcher တွေ ဖြစ်လာကြပါတယ်။ ဒီထွေလာထဲမှာတော့ Geralt ဟာ Ciri ကို လိုက်လံ ဖမ်းဆီးနေသူတွေရဲ့ လက်က လွတ်မြောက်အောင် Kaer Morhen ကို ခေါ်လာခဲ့ပါတယ်။

(3) တခြား Witcher များ
photo via screenrant

Kaer Morhen ကို Geralt ရောက်လာတဲ့အချိန်မှာတော့ တခြား Witcher တွေဟာ သူ့ကို ဝမ်းပန်းတသာနဲ့ နှုတ်ဆက်ကြတာကို မြင်တွေ့ရပါတယ်။ Geralt နဲ့ တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားတဲ့ တစ်ယောက်ကတော့ Lambert ဖြစ်ပြီး Ciri ကို ဘယ်သူလည်းလို့ မေးမြန်းလိုက်တဲ့ မျက်နှာမှာ အမာရွတ်နဲ့ တစ်ယောက်ကတော့ Eskel ဖြစ်ပါတယ်။

နောက်ထပ်တစ်ယောက်ကတော့ Coen ပဲ ဖြစ်ပါတယ်။ ဒီအချက်ကြောင့်ပဲ Season 2 ထဲမှာတော့ တခြား Witcher တွေလည်း ပါဝင်လာမှာ ဖြစ်ပြီး Geralt ကိုလည်း သူ့ရဲ့မိတ်ဆွေတွေကြားမှာ ဘယ်လိုမျိူး နေထိုင်လည်း ဆိုတာကိုပါ မြင်တွေ့ရမှာပါ။

(4) The Witcher 3: Wild Hunt ထဲက ဓားများ
photo via screenrant

Kaer Morhen ကို ရောက်နေတဲ့အချိန်မှာတော့ Ciri ကို လက်နက်တွေနဲ့ စာအုပ်တွေ ထားရှိတဲ့ အခန်းတစ်ခန်းဆီ ပြသခဲ့ပါတယ်။ အဲ့ဒီအခန်းထဲမှာ ချိတ်ဆွဲထားတဲ့ ဓားနှစ်ချောင်းကတော့ The Witcher 3: Wild Hunt ဂိမ်းထဲက ဓားတွေပဲ ဖြစ်ပါတယ်။ Witcher တွေဟာ အမြဲတမ်း ဓားနှစ်ချောင်း ဆောင်ထားပြီး စတီးဓားကတော့ လူတွေကို သတ်ဖို့နဲ့ ငွေဓားကတော့ မွန်းစတားတွေကို သတ်ဖို့ပဲ ဖြစ်ပါတယ်။

အဲ့ဒီဓားနှစ်ချောင်းထဲက အောက်ကဓားကတော့ The Witcher 3: Wild Hunt ထဲက Geralt ရဲ့ စတီးဓားဖြစ်ပြီး အပေါ်ကဓားကတော့ Viper လို့ခေါ်တဲ့ ငွေဓား ဖြစ်ပါတယ်။ The Witcher ဇာတ်လမ်းတွဲဟာ ဗွီဒီယိုဂိမ်းထက် စာအုပ်တွေထဲက အကြောင်းအရာတွေကို ပိုမိုအခြေခံထားတာကြောင့် အခုလိုမျိူး ဗွီဒီယိုဂိမ်းထဲက အချက်တွေကိုလည်း Easter Egg အနေနဲ့ ထည့်သွင်းထားတာ ဖြစ်ပါတယ်။

(5) Ciri ရဲ့ စွမ်းအား
photo via screenrant

Season 1 ထဲမှာတော့ Ciri ရဲ့ ပုန်းကွယ်နေတဲ့ စွမ်းအားတွေကို အနည်းငယ် ပြသသွားပါတယ်။ Cintra ကနေ ထွက်ပြေးနေပြီး Black Knight of gNilfgaard က လိုက်ဖမ်းဆီးတာကို ခံနေရချိန်မှာတော့ Ciri ဟာ သူမရဲ့စွမ်းအားတွေကို ထုတ်လွှတ်မိသွားပါတယ်။ အဲ့ဒီအချိန်မှာတော့ Ciri ရဲ့ စွမ်းအားတွေကြောင့် သူမနဲ့ Nilfgaard ရဲ့ Black Knight တို့ကြားမှာရှိတဲ့ မြေကြီးဟာ အက်ကွဲသွားပါတယ်။

အဲဒီနောက်ပိုင်း ကြေးစားတွေဟာ Ciri ကို ဖမ်းဖို့ကြိုးစားတဲ့အချိန်မှာလည်း သူမရဲ့ စွမ်းအားတွေက နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့ပါတယ်။ သူမအသိစိတ် ပြန်ဝင်လာတဲ့အချိန်မှာတော့ ကြေးစားတွေအကုန်လုံး သေဆုံးနေတာကို တွေ့ရပါတယ်။ ဒီထွေလာထဲမှာတော့ Ciri ဟာ “အရမ်းကြောက်လာတဲ့အချိန်မှာ တစ်ကမ္ဘာလုံးကိုတောင် မီးရှို့ပစ်နိုင်တယ်လို့ ခံစားရတယ် … ” ဆိုပြီး Geralt ကို ရင်ဖွင့်ခဲ့ပါတယ်။ Season 2 ထဲမှာတော့ Geralt ဟာ Ciri ကို အစွမ်းကုန် ကာကွယ်သွားမှာ ဖြစ်ပေမယ့်လည်း သူမရဲ့ စွမ်းအားတွေကို ထပ်မံ မြင်တွေ့ရနိုင်ပါသေးတယ်။

(6) အနက်ရောင်မျက်လုံးနဲ့ Geralt
photo via screenrant

တခြား Witcher တွေအားလုံးလိုပဲ Geralt ဟာလည်း ဆေးရည်တွေကို အသုံးပြုပြီး သူ့ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို မြှင့်တင်နိုင်ပါတယ်။ ဒီထွေလာထဲမှာတော့ Geralt ကို အနက်ရောင်မျက်လုံးနဲ့ မြင်တွေ့ခဲ့ရပါတယ်။ တွေ့ရသလောက်ဆိုရင်တော့ Geralt ဟာ မွန်းစတားတစ်ကောင်ကောင်ရဲ့ တိုက်ခိုက်မှုကနေ Kaer Monhen ကို ကာကွယ်နေပုံရပါတယ်။ Geralt ရဲ့ ဒီပုံစံကိုတော့ Season 1 က ပထမပိုင်းမှာ မြင်တွေ့ခဲ့ရပါသေးတယ်။

(7) တုန်ခါနေတဲ့ လည်ဆွဲများ
photo via screenrant

Geralt ရဲ့ ဝံပုလွေလည်ဆွဲဟာ အလှသက်သက်ပဲ မဟုတ်ဘဲ မှော်ပညာနဲ့ ပတ်သက်တဲ့အရာတွေ သူ့အနားမှာ ရောက်လာရင် အချက်ပြပေးတဲ့အစွမ်း ရှိပါတယ်။ မွန်းစတားတွေနဲ့ ကျိန်စာတွေလိုမျိူး ပုံမှန်မဟုတ်တဲ့ အရာတွေက ဒီလည်ဆွဲအနားကို ရောက်လာရင် လည်ဆွဲဟာ တုန်ခါလာပါတယ်။

ဒီထွေလာထဲက ဇာတ်ဝင်ခန်းတစ်ခုမှာတော့ မီးပုံဘေးမှာ လည်ဆွဲတွေကို ချိတ်ဆွဲထားပြီး အဲ့ဒီလည်ဆွဲတွေအားလုံးက တပြိုင်နက်တည်း တုန်ခါလာတာကို မြင်တွေ့ခဲ့ရပါတယ်။ ဒါကြောင့်ပဲ အပေါ်မှာ ဖော်ပြခဲ့သလို Kaer Monhen ကို တစ်ခုခုက လာရောက်တိုက်ခိုက်တာကြောင့် Geralt က ပြန်လည် တိုက်ထုတ်နေရတာ ဖြစ်နိုင်ပါတယ်။

(8) Vesemir
photo via screenrant

Witcher ဂိမ်းတွေနဲ့ စာအုပ်တွေထဲက အဓိကဇာတ်ကောင်တစ်ယောက် ဖြစ်တဲ့ Vesemir ဟာ Season 1 ထဲမှာတော့ မပါဝင်ခဲ့ပါဘူး။ ဒါပေမယ့်လည်း ဒီထွေလာထဲမှာတော့ Vesemir ကို ပထမဆုံးအဖြစ် မြင်တွေ့လိုက်ရပါတယ်။ သူဟာ အသက်အကြီးဆုံး Witcher တစ်ယောက်ဖြစ်သလို Geralt ရဲ့ ဆရာလည်း ဖြစ်ပါတယ်။

ဇာတ်ဝင်ခန်းတစ်ခုမှာဆိုရင် Vesemir နဲ့ Geralt တို့နှစ်ယောက် ကျောချင်းကပ်ပြီး တိုက်ခိုက်နေတာကိုလည်း တွေ့ရပါတယ်။ ဒါ့အပြင် Geralt က ” ဒီနံရံတွေရဲ့ အပြင်ဘက်က ကမ္ဘာကြီးဟာ အန္တရာယ်များတဲ့နေရာပဲလို့ Vesemir က ပြောခဲ့ဖူးတယ် … ” ဆိုပြီး Ciri ကို ပြန်လည် ပြောပြခဲ့ပါတယ်။

(9) Jaskier ရဲ့ ငှက်မွှေးဦးထုပ်
photo via screenrant

Jaskier ဟာ Geralt ရဲ့ မိတ်ဆွေဟောင်းတစ်ယောက် ဖြစ်ပြီး “Toss A Coin To Your Witcher” သီချင်းကို ဖန်တီးခဲ့သူလည်း ဖြစ်ပါတယ်။ ဒီထွေလာထဲမှာတော့ Jaskier ဟာ အသက်အနည်းငယ် ကြီးလာတာကို တွေ့ရပြီး ငှက်မွှေးဦးထုပ် ဆောင်းထားတာကိုလည်း တွေ့ရပါတယ်။ ဂိမ်းတွေ၊ စာအုပ်တွေထဲမှာတော့ Jaskier ရဲ့ အထင်ကရဖက်ရှင်ဟာ  အဲ့ဒီငှက်မွှေးဦးထုပ်ပဲ ဖြစ်ပါတယ်။ Season 1 တုန်းကလည်း Jaskier အတွက် ငှက်မွှေးဦးထုပ် စီစဉ်ခဲ့ပေမယ့် အသုံးမပြုဖြစ်လိုက်ပါဘူး။

(10) အဖမ်းခံလိုက်ရတဲ့ Yennefer
photo via screenrant

Season 1 ရဲ့ အဆုံးသတ်မှာတော့ Yennefer ဟာ ပျောက်ဆုံးသွားပြီး အသက်ရှင်ရဲ့လား ဆိုတာကိုတောင် မသိခဲ့ရပါဘူး။ ဒါပေမယ့်လည်း ဒီထွေလာထဲမှာတော့ Yennefer ဘာဖြစ်သွားတယ် ဆိုတာကို ပြသထားပါတယ်။ Nilfgaard ရဲ့ နောက်လိုက် ဖြစ်ပြီး သူတို့စစ်တပ်ရဲ့ မှော်ပညာရှင်တွေကို ဦးဆောင်တဲ့ Fringilla က Yennefer ကို ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ သူတို့ရဲ့ ကောင်းကျိူးအတွက် Yennefer ရဲ့ စွမ်းအားတွေကို အသုံးပြုလာနိုင်ပါတယ်။

ဒါကတော့ Witcher Season 2 ထွေလာမှာ မြင်တွေ့ခဲ့ရတဲ့ စိတ်ဝင်စားစရာ အချက်တွေပဲ ဖြစ်ပါတယ်။ ဒီလိုဆောင်းပါးတွေ ဖတ်ရတာ နှစ်သက်တယ်ဆိုရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ထားပေးပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

၂၀၁၉ ခုႏွစ္မွာ စတင္ထြက္ရွိခဲ့တဲ့ The Witcher ဇာတ္လမ္းတြဲရဲ႕ Season 2 ဟာ ယခုႏွစ္ ဒီဇင္ဘာလ (၁၇)ရက္ေန႔မွာေတာ့ Netflix က ျပသေတာ့မွာ ျဖစ္ပါတယ္။ ဒီဇာတ္လမ္းတြဲရဲ႕ ပရိသတ္ေတြကေတာ့ Season 2 ထြက္ရွိလာဖို႔အတြက္ အခ်ိန္အေတာ္ၾကာ ေစာင့္ဆိုင္းခဲ့ရတာ ျဖစ္ၿပီး ယခုႏွစ္ ေႏွာင္းပိုင္းမွာေတာ့ ၾကည့္ရႈရေတာ့မွာပါ။ မၾကာေသးခင္ကပဲ Netflix ဟာ Season 2 ရဲ႕ ေထြလာနဲ႔ ပိုစတာကိုပါ ထုတ္ျပေပးလိုက္ပါတယ္။ အဲ့ဒီေထြလာနဲ႔ ပတ္သက္တဲ့ စိတ္ဝင္စားစရာအခ်က္ေတြကိုေတာ့ ေအာက္မွာ ဆက္လက္ဖတ္ရႈႏိုင္ပါတယ္။

(1) ကံတရားထက္ အမ်ားႀကီးပိုပါတယ္။
photo via screenrant

Season 1 ထဲမွာေတာ့ Geralt ဟာ Ciri ရဲ႕ အေဖ Duny ကို အသက္အႏၲရာယ္ကေန ကယ္တင္ေပးခဲ့ပါတယ္။ ဒါေၾကာင့္ပဲ Duny ဟာ Geralt ကို ဘာလိုခ်င္လည္းလို႔ ေမးတဲ့အခ်ိန္မွာေတာ့ Geralt က Law of Surprise အတိုင္းပဲ ျပဳလုပ္မယ္လို႔ ေျပာခဲ့ပါတယ္။ Law of Surprise ဆိုတာကေတာ့ လူတစ္ေယာက္က ကိုယ့္ကို ကူညီလိုက္တဲ့အခ်ိန္မွာ ျပန္လည္ ေက်းဇူးဆပ္တဲ့အေနနဲ႔ ကိုယ့္မွာရွိေနမွန္း မသိတဲ့ အရာတစ္ခုကို ေပးရတာပဲ ျဖစ္ပါတယ္။

အဲ့ဒီအခ်ိန္မွာေတာ့ Duny ဟာ သူ႔ရဲ႕အမ်ိဴးသမီးက ကိုယ္ဝန္ရွိေနတာကို မသိေသးတာေၾကာင့္ ေမြးလာတဲ့ Ciri ဟာ Law of Surprise အရ Geralt ရဲ႕ ပိုင္ဆိုင္မႈ ျဖစ္သြားပါတယ္။ ဒါေပမယ့္လည္း Season 1 ထဲမွာေတာ့ Geralt ဟာ Ciri ကို သူ႔ရဲ႕ပိုင္ဆိုင္မႈအျဖစ္ ရယူဖို႔ ျငင္းဆန္ခဲ့တာေၾကာင့္ မေကာင္းတဲ့ အျဖစ္အပ်က္ေတြ ျဖစ္လာတာကိုလည္း ျမင္ေတြ႕ခဲ့ရပါတယ္။

Season 1 ရဲ႕ ေနာက္ဆုံးမွာေတာ့ Geralt နဲ႔ Ciri တို႔ ေတြ႕ဆုံသြားၿပီး Season 2 ထဲမွာေတာ့ သူတို႔ႏွစ္ေယာက္ရဲ႕ စြန႔္စားခန္းေတြကို ဆက္လက္ျမင္ေတြ႕ရဦးမွာပါ။ ဒီေထြလာထဲမွာေတာ့ Ciri က “ကြၽန္မက ရွင့္ရဲ႕ ကံၾကမၼာလား ?” လို႔ ေမးျမန္းခဲ့ၿပီး Geralt ကေတာ့ “အဲ့ဒါထက္ အမ်ားႀကီးပိုတယ္ … ” လို႔ ျပန္လည္ေျဖၾကားခဲ့ပါတယ္။

(2) Kaer Morhen
photo via screenrant

Season 1 ထဲမွာေတာ့ Geralt ဟာ ေနရာအႏွံ႔ကို ေလွ်ာက္သြားေနၿပီး ဘယ္ေနရာမွာမွ အတည္တက် မေနထိုင္ခဲ့ေပမယ့္လည္း Kaer Morhen လို႔ေခၚတဲ့ သူ႔ရဲ႕အိမ္ေတာ့ ရွိေနပါေသးတယ္။ Kaer Morhen ကေတာ့ Witcher ေတြရဲ႕ ခံတပ္လို႔ေတာင္ ေျပာလို႔ရၿပီး Geralt ကို Witcher ျဖစ္လာေအာင္ ေလ့က်င့္ေပးခဲ့တဲ့ School of the Wolf ကလည္း အဲ့ဒီေနရာမွာပဲ တည္ရွိတာပါ။

Witcher တစ္ေယာက္ ျဖစ္လာဖို႔အတြက္ ကေလးဘဝကတည္းက ဒီေနရာမွာ ေလ့က်င့္ခဲ့ရတာျဖစ္ၿပီး အမ်ားစုကေတာ့ ျပင္းထန္လြန္းတဲ့ ေလ့က်င့္မႈေတြေၾကာင့္ ေသဆုံးကုန္ၾကပါတယ္။ ဒါေပမယ့္လည္း အသက္ရွင္က်န္ခဲ့တဲ့သူေတြကေတာ့ အလြန္စြမ္းအားႀကီးတဲ့ Witcher ေတြ ျဖစ္လာၾကပါတယ္။ ဒီေထြလာထဲမွာေတာ့ Geralt ဟာ Ciri ကို လိုက္လံ ဖမ္းဆီးေနသူေတြရဲ႕ လက္က လြတ္ေျမာက္ေအာင္ Kaer Morhen ကို ေခၚလာခဲ့ပါတယ္။

(3) တျခား Witcher မ်ား
photo via screenrant

Kaer Morhen ကို Geralt ေရာက္လာတဲ့အခ်ိန္မွာေတာ့ တျခား Witcher ေတြဟာ သူ႔ကို ဝမ္းပန္းတသာနဲ႔ ႏႈတ္ဆက္ၾကတာကို ျမင္ေတြ႕ရပါတယ္။ Geralt နဲ႔ တင္းတင္းၾကပ္ၾကပ္ ေပြ႕ဖက္ထားတဲ့ တစ္ေယာက္ကေတာ့ Lambert ျဖစ္ၿပီး Ciri ကို ဘယ္သူလည္းလို႔ ေမးျမန္းလိုက္တဲ့ မ်က္ႏွာမွာ အမာ႐ြတ္နဲ႔ တစ္ေယာက္ကေတာ့ Eskel ျဖစ္ပါတယ္။

ေနာက္ထပ္တစ္ေယာက္ကေတာ့ Coen ပဲ ျဖစ္ပါတယ္။ ဒီအခ်က္ေၾကာင့္ပဲ Season 2 ထဲမွာေတာ့ တျခား Witcher ေတြလည္း ပါဝင္လာမွာ ျဖစ္ၿပီး Geralt ကိုလည္း သူ႔ရဲ႕မိတ္ေဆြေတြၾကားမွာ ဘယ္လိုမ်ိဴး ေနထိုင္လည္း ဆိုတာကိုပါ ျမင္ေတြ႕ရမွာပါ။

(4) The Witcher 3: Wild Hunt ထဲက ဓားမ်ား
photo via screenrant

Kaer Morhen ကို ေရာက္ေနတဲ့အခ်ိန္မွာေတာ့ Ciri ကို လက္နက္ေတြနဲ႔ စာအုပ္ေတြ ထားရွိတဲ့ အခန္းတစ္ခန္းဆီ ျပသခဲ့ပါတယ္။ အဲ့ဒီအခန္းထဲမွာ ခ်ိတ္ဆြဲထားတဲ့ ဓားႏွစ္ေခ်ာင္းကေတာ့ The Witcher 3: Wild Hunt ဂိမ္းထဲက ဓားေတြပဲ ျဖစ္ပါတယ္။ Witcher ေတြဟာ အၿမဲတမ္း ဓားႏွစ္ေခ်ာင္း ေဆာင္ထားၿပီး စတီးဓားကေတာ့ လူေတြကို သတ္ဖို႔နဲ႔ ေငြဓားကေတာ့ မြန္းစတားေတြကို သတ္ဖို႔ပဲ ျဖစ္ပါတယ္။

အဲ့ဒီဓားႏွစ္ေခ်ာင္းထဲက ေအာက္ကဓားကေတာ့ The Witcher 3: Wild Hunt ထဲက Geralt ရဲ႕ စတီးဓားျဖစ္ၿပီး အေပၚကဓားကေတာ့ Viper လို႔ေခၚတဲ့ ေငြဓား ျဖစ္ပါတယ္။ The Witcher ဇာတ္လမ္းတြဲဟာ ဗြီဒီယိုဂိမ္းထက္ စာအုပ္ေတြထဲက အေၾကာင္းအရာေတြကို ပိုမိုအေျခခံထားတာေၾကာင့္ အခုလိုမ်ိဴး ဗြီဒီယိုဂိမ္းထဲက အခ်က္ေတြကိုလည္း Easter Egg အေနနဲ႔ ထည့္သြင္းထားတာ ျဖစ္ပါတယ္။

(5) Ciri ရဲ႕ စြမ္းအား
photo via screenrant

Season 1 ထဲမွာေတာ့ Ciri ရဲ႕ ပုန္းကြယ္ေနတဲ့ စြမ္းအားေတြကို အနည္းငယ္ ျပသသြားပါတယ္။ Cintra ကေန ထြက္ေျပးေနၿပီး Black Knight of gNilfgaard က လိုက္ဖမ္းဆီးတာကို ခံေနရခ်ိန္မွာေတာ့ Ciri ဟာ သူမရဲ႕စြမ္းအားေတြကို ထုတ္လႊတ္မိသြားပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ Ciri ရဲ႕ စြမ္းအားေတြေၾကာင့္ သူမနဲ႔ Nilfgaard ရဲ႕ Black Knight တို႔ၾကားမွာရွိတဲ့ ေျမႀကီးဟာ အက္ကြဲသြားပါတယ္။

အဲဒီေနာက္ပိုင္း ေၾကးစားေတြဟာ Ciri ကို ဖမ္းဖို႔ႀကိဳးစားတဲ့အခ်ိန္မွာလည္း သူမရဲ႕ စြမ္းအားေတြက ေနာက္တစ္ႀကိမ္ ထြက္ေပၚလာခဲ့ပါတယ္။ သူမအသိစိတ္ ျပန္ဝင္လာတဲ့အခ်ိန္မွာေတာ့ ေၾကးစားေတြအကုန္လုံး ေသဆုံးေနတာကို ေတြ႕ရပါတယ္။ ဒီေထြလာထဲမွာေတာ့ Ciri ဟာ “အရမ္းေၾကာက္လာတဲ့အခ်ိန္မွာ တစ္ကမာၻလုံးကိုေတာင္ မီးရႈိ႕ပစ္ႏိုင္တယ္လို႔ ခံစားရတယ္ … ” ဆိုၿပီး Geralt ကို ရင္ဖြင့္ခဲ့ပါတယ္။ Season 2 ထဲမွာေတာ့ Geralt ဟာ Ciri ကို အစြမ္းကုန္ ကာကြယ္သြားမွာ ျဖစ္ေပမယ့္လည္း သူမရဲ႕ စြမ္းအားေတြကို ထပ္မံ ျမင္ေတြ႕ရႏိုင္ပါေသးတယ္။

(6) အနက္ေရာင္မ်က္လုံးနဲ႔ Geralt
photo via screenrant

တျခား Witcher ေတြအားလုံးလိုပဲ Geralt ဟာလည္း ေဆးရည္ေတြကို အသုံးျပဳၿပီး သူ႔ခႏၶာကိုယ္ရဲ႕ လုပ္ေဆာင္ႏိုင္စြမ္းေတြကို ျမႇင့္တင္ႏိုင္ပါတယ္။ ဒီေထြလာထဲမွာေတာ့ Geralt ကို အနက္ေရာင္မ်က္လုံးနဲ႔ ျမင္ေတြ႕ခဲ့ရပါတယ္။ ေတြ႕ရသေလာက္ဆိုရင္ေတာ့ Geralt ဟာ မြန္းစတားတစ္ေကာင္ေကာင္ရဲ႕ တိုက္ခိုက္မႈကေန Kaer Monhen ကို ကာကြယ္ေနပုံရပါတယ္။ Geralt ရဲ႕ ဒီပုံစံကိုေတာ့ Season 1 က ပထမပိုင္းမွာ ျမင္ေတြ႕ခဲ့ရပါေသးတယ္။

(7) တုန္ခါေနတဲ့ လည္ဆြဲမ်ာ
photo via screenrant

Geralt ရဲ႕ ဝံပုေလြလည္ဆြဲဟာ အလွသက္သက္ပဲ မဟုတ္ဘဲ ေမွာ္ပညာနဲ႔ ပတ္သက္တဲ့အရာေတြ သူ႔အနားမွာ ေရာက္လာရင္ အခ်က္ျပေပးတဲ့အစြမ္း ရွိပါတယ္။ မြန္းစတားေတြနဲ႔ က်ိန္စာေတြလိုမ်ိဴး ပုံမွန္မဟုတ္တဲ့ အရာေတြက ဒီလည္ဆြဲအနားကို ေရာက္လာရင္ လည္ဆြဲဟာ တုန္ခါလာပါတယ္။

ဒီေထြလာထဲက ဇာတ္ဝင္ခန္းတစ္ခုမွာေတာ့ မီးပုံေဘးမွာ လည္ဆြဲေတြကို ခ်ိတ္ဆြဲထားၿပီး အဲ့ဒီလည္ဆြဲေတြအားလုံးက တၿပိဳင္နက္တည္း တုန္ခါလာတာကို ျမင္ေတြ႕ခဲ့ရပါတယ္။ ဒါေၾကာင့္ပဲ အေပၚမွာ ေဖာ္ျပခဲ့သလို Kaer Monhen ကို တစ္ခုခုက လာေရာက္တိုက္ခိုက္တာေၾကာင့္ Geralt က ျပန္လည္ တိုက္ထုတ္ေနရတာ ျဖစ္ႏိုင္ပါတယ္။

(8) Vesemir
photo via screenrant

Witcher ဂိမ္းေတြနဲ႔ စာအုပ္ေတြထဲက အဓိကဇာတ္ေကာင္တစ္ေယာက္ ျဖစ္တဲ့ Vesemir ဟာ Season 1 ထဲမွာေတာ့ မပါဝင္ခဲ့ပါဘူး။ ဒါေပမယ့္လည္း ဒီေထြလာထဲမွာေတာ့ Vesemir ကို ပထမဆုံးအျဖစ္ ျမင္ေတြ႕လိုက္ရပါတယ္။ သူဟာ အသက္အႀကီးဆုံး Witcher တစ္ေယာက္ျဖစ္သလို Geralt ရဲ႕ ဆရာလည္း ျဖစ္ပါတယ္။

ဇာတ္ဝင္ခန္းတစ္ခုမွာဆိုရင္ Vesemir နဲ႔ Geralt တို႔ႏွစ္ေယာက္ ေက်ာခ်င္းကပ္ၿပီး တိုက္ခိုက္ေနတာကိုလည္း ေတြ႕ရပါတယ္။ ဒါ့အျပင္ Geralt က ” ဒီနံရံေတြရဲ႕ အျပင္ဘက္က ကမာၻႀကီးဟာ အႏၲရာယ္မ်ားတဲ့ေနရာပဲလို႔ Vesemir က ေျပာခဲ့ဖူးတယ္ … ” ဆိုၿပီး Ciri ကို ျပန္လည္ ေျပာျပခဲ့ပါတယ္။

(9) Jaskier ရဲ႕ ငွက္ေမႊးဦးထုပ္
photo via screenrant

Jaskier ဟာ Geralt ရဲ႕ မိတ္ေဆြေဟာင္းတစ္ေယာက္ ျဖစ္ၿပီး “Toss A Coin To Your Witcher” သီခ်င္းကို ဖန္တီးခဲ့သူလည္း ျဖစ္ပါတယ္။ ဒီေထြလာထဲမွာေတာ့ Jaskier ဟာ အသက္အနည္းငယ္ ႀကီးလာတာကို ေတြ႕ရၿပီး ငွက္ေမႊးဦးထုပ္ ေဆာင္းထားတာကိုလည္း ေတြ႕ရပါတယ္။ ဂိမ္းေတြ၊ စာအုပ္ေတြထဲမွာေတာ့ Jaskier ရဲ႕ အထင္ကရဖက္ရွင္ဟာ  အဲ့ဒီငွက္ေမႊးဦးထုပ္ပဲ ျဖစ္ပါတယ္။ Season 1 တုန္းကလည္း Jaskier အတြက္ ငွက္ေမႊးဦးထုပ္ စီစဥ္ခဲ့ေပမယ့္ အသုံးမျပဳျဖစ္လိုက္ပါဘူး။

(10) အဖမ္းခံလိုက္ရတဲ့ Yennefer
photo via screenrant

Season 1 ရဲ႕ အဆုံးသတ္မွာေတာ့ Yennefer ဟာ ေပ်ာက္ဆုံးသြားၿပီး အသက္ရွင္ရဲ႕လား ဆိုတာကိုေတာင္ မသိခဲ့ရပါဘူး။ ဒါေပမယ့္လည္း ဒီေထြလာထဲမွာေတာ့ Yennefer ဘာျဖစ္သြားတယ္ ဆိုတာကို ျပသထားပါတယ္။ Nilfgaard ရဲ႕ ေနာက္လိုက္ ျဖစ္ၿပီး သူတို႔စစ္တပ္ရဲ႕ ေမွာ္ပညာရွင္ေတြကို ဦးေဆာင္တဲ့ Fringilla က Yennefer ကို ဖမ္းဆီးသြားခဲ့တာ ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ သူတို႔ရဲ႕ ေကာင္းက်ိဴးအတြက္ Yennefer ရဲ႕ စြမ္းအားေတြကို အသုံးျပဳလာႏိုင္ပါတယ္။

ဒါကေတာ့ Witcher Season 2 ေထြလာမွာ ျမင္ေတြ႕ခဲ့ရတဲ့ စိတ္ဝင္စားစရာ အခ်က္ေတြပဲ ျဖစ္ပါတယ္။ ဒီလိုေဆာင္းပါးေတြ ဖတ္ရတာ ႏွစ္သက္တယ္ဆိုရင္ေတာ့ ဆံရစ္ဝိုင္းေပ့ခ်္ကို Like & Follow လုပ္ထားေပးပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular