HomeEntertainmentFilmနိုင်ငံတကာမှာ box office အခြေအနေမကောင်း ဖြစ်နေတဲ့ Wonder Woman 1984

နိုင်ငံတကာမှာ box office အခြေအနေမကောင်း ဖြစ်နေတဲ့ Wonder Woman 1984

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Wonder Woman 1984 ဟာ အခုချိန်မှာတော့ တချို့နိုင်ငံတွေမှာ စတင်ပြသနေပြီ ဖြစ်ပြီးတော့ box office ကတော့ Warner Bros မျှော်လင့်ထားသလောက် ဖြစ်မလာခဲ့ပါဘူး။ ဒီရုပ်ရှင်ဟာ ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ ဇာတ်လမ်းတစ်ခု ဖြစ်ပေမယ့်လည်း ထွက်ရှိလာဖို့အတွက်တော့ အချိန်အကြာကြီး စောင့်ခဲ့ရပါတယ်။ အစတုန်းက ၂၀၁၉ မှာကတည်းက ထွက်ဖို့စီစဉ်ထားတာ ဖြစ်ပေမယ့်လည်း WB ဟာ ၂၀၂၀ ဇွန်ကို ရုံတင်ရက် ရွှေ့လိုက်ပါတယ်။ အဲ့ဒီအချိန်မှာတော့ ကိုရိုနာဗိုင်းရပ်စ် ဖြစ်လာတာကြောင့် ရုံတင်ရက်တွေကို အကြိမ်ကြိမ် ရွှေ့ပြောင်းခဲ့ရပါတယ်။

photo via screenrant

Variety သတင်းဌာနရဲ့ ဖော်ပြချက်အရဆိုရင် WW84 ရဲ့ box office ဟာ အခုချိန်ထိတော့ အခြေအနေ မကောင်းဘူး ဖြစ်နေပါတယ်။ လောလောဆယ်မှာတော့ တရုတ်တစ်နိုင်ငံတည်းမှာတောင် (၁၈.၈) သန်းပဲ ရရှိထားပြီး ရုံတင်ထားတဲ့ (၃၂) နိုင်ငံပေါင်းလိုက်ရင်တောင် ဒေါ်လာ (၃၈.၅) သန်းပဲ ရရှိထားပါတယ်။ ၂၀၁၇ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ Wonder Woman ဆိုရင် ရုံတင်တဲ့ ပထမဦးဆုံးအပတ်မှာတင် တရုတ်တစ်နိုင်ငံတည်းအတွက် (၃၈) သန်း ရရှိခဲ့ပါတယ်။ နောက်ဆုံးမှာတော့ တရုတ်တစ်နိုင်ငံတည်းတင် တဖြည်းဖြည်းနဲ့ (၉၀.၅) သန်း ရရှိခဲ့ပါတယ်။ WW84 ကတော့ အခုအခြေအနေအတိုင်းဆိုရင် ပထမရုပ်ရှင်လောက် ဝင်ငွေကောင်းမယ်လို့ မထင်ပါဘူး။

photo via screenrant

အားလုံးသိကြတဲ့အတိုင်း ၂၀၂၀ ခုနှစ်ဟာ လူတွေအားလုံးအတွက် ခက်ခဲတဲ့နှစ်တစ်နှစ် ဖြစ်ပါတယ်။ ပုံမှန်လူတွေ ဆိုရင်လည်း စားဝတ်နေရေး ကြပ်တည်းကြတဲ့အပြင် ကိုရိုနာဗိုင်းရပ်စ်ကိုလည်း ကြောက်နေရပါတယ်။ ရုပ်ရှင်လောကမှာ ဆိုရင်လည်း ရုပ်ရှင်တွေအများစုဟာ ရုံတင်ရက်တွေ ရွှေ့ဆိုင်းခဲ့ရပြီး ၂၀၂၀ ခုနှစ်မှာ ထွက်ခဲ့တဲ့ ရုပ်ရှင်တိုင်းဟာလည်း ဝင်ငွေတွေ ရသင့်သလောက် မရခဲ့ကြပါဘူး။ WW84 ကလည်း လောလောဆယ်မှာ box office အခြေအနေဟာ WB မျှော်လင့်ထားသလောက် ဖြစ်မလာပေမယ့်လည်း အခုမှ ရုံစတင်တာ ဖြစ်တာကြောင့် ခန့်မှန်းလို့တော့ ခက်ပါတယ်။ သေချာတာတစ်ခုကတော့ ဒီရုပ်ရှင်ဟာ အခုချိန်မှာမဟုတ်ဘဲ ၂၀၁၉ ခုနှစ်ကတည်းက ရုံတင်ဖြစ်ခဲ့မယ် ဆိုရင်တော့ အခုထက်ဝင်ငွေများမယ် ဆိုတာကို ပြောစရာမလိုပါဘူး။

Legos

Source : Screenrant

(Zawgyi Version)

Wonder Woman 1984 ဟာ အခုခ်ိန္မွာေတာ့ တခ်ိဳ႕ႏိုင္ငံေတြမွာ စတင္ျပသေနၿပီ ျဖစ္ၿပီးေတာ့ box office ကေတာ့ Warner Bros ေမွ်ာ္လင့္ထားသေလာက္ ျဖစ္မလာခဲ့ပါဘူး။ ဒီ႐ုပ္ရွင္ဟာ ပရိသတ္ေတြ ေစာင့္ေမွ်ာ္ေနၾကတဲ့ ဇာတ္လမ္းတစ္ခု ျဖစ္ေပမယ့္လည္း ထြက္ရွိလာဖို႔အတြက္ေတာ့ အခ်ိန္အၾကာႀကီး ေစာင့္ခဲ့ရပါတယ္။ အစတုန္းက ၂၀၁၉ မွာကတည္းက ထြက္ဖို႔စီစဥ္ထားတာ ျဖစ္ေပမယ့္လည္း WB ဟာ ၂၀၂၀ ဇြန္ကို ႐ုံတင္ရက္ ေ႐ႊ႕လိုက္ပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ ကို႐ိုနာဗိုင္းရပ္စ္ ျဖစ္လာတာေၾကာင့္ ႐ုံတင္ရက္ေတြကို အႀကိမ္ႀကိမ္ ေ႐ႊ႕ေျပာင္းခဲ့ရပါတယ္။

photo via screenrant

Variety သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရဆိုရင္ WW84 ရဲ႕ box office ဟာ အခုခ်ိန္ထိေတာ့ အေျခအေန မေကာင္းဘူး ျဖစ္ေနပါတယ္။ ေလာေလာဆယ္မွာေတာ့ တ႐ုတ္တစ္ႏိုင္ငံတည္းမွာေတာင္ (၁၈.၈) သန္းပဲ ရရွိထားၿပီး ႐ုံတင္ထားတဲ့ (၃၂) ႏိုင္ငံေပါင္းလိုက္ရင္ေတာင္ ေဒၚလာ (၃၈.၅) သန္းပဲ ရရွိထားပါတယ္။ ၂၀၁၇ ခုႏွစ္တုန္းက ထြက္ခဲ့တဲ့ Wonder Woman ဆိုရင္ ႐ုံတင္တဲ့ ပထမဦးဆုံးအပတ္မွာတင္ တ႐ုတ္တစ္ႏိုင္ငံတည္းအတြက္ (၃၈) သန္း ရရွိခဲ့ပါတယ္။ ေနာက္ဆုံးမွာေတာ့ တ႐ုတ္တစ္ႏိုင္ငံတည္းတင္ တျဖည္းျဖည္းနဲ႔ (၉၀.၅) သန္း ရရွိခဲ့ပါတယ္။ WW84 ကေတာ့ အခုအေျခအေနအတိုင္းဆိုရင္ ပထမ႐ုပ္ရွင္ေလာက္ ဝင္ေငြေကာင္းမယ္လို႔ မထင္ပါဘူး။

photo via screenrant

အားလုံးသိၾကတဲ့အတိုင္း ၂၀၂၀ ခုႏွစ္ဟာ လူေတြအားလုံးအတြက္ ခက္ခဲတဲ့ႏွစ္တစ္ႏွစ္ ျဖစ္ပါတယ္။ ပုံမွန္လူေတြ ဆိုရင္လည္း စားဝတ္ေနေရး ၾကပ္တည္းၾကတဲ့အျပင္ ကို႐ိုနာဗိုင္းရပ္စ္ကိုလည္း ေၾကာက္ေနရပါတယ္။ ႐ုပ္ရွင္ေလာကမွာ ဆိုရင္လည္း ႐ုပ္ရွင္ေတြအမ်ားစုဟာ ႐ုံတင္ရက္ေတြ ေ႐ႊ႕ဆိုင္းခဲ့ရၿပီး ၂၀၂၀ ခုႏွစ္မွာ ထြက္ခဲ့တဲ့ ႐ုပ္ရွင္တိုင္းဟာလည္း ဝင္ေငြေတြ ရသင့္သေလာက္ မရခဲ့ၾကပါဘူး။ WW84 ကလည္း ေလာေလာဆယ္မွာ box office အေျခအေနဟာ WB ေမွ်ာ္လင့္ထားသေလာက္ ျဖစ္မလာေပမယ့္လည္း အခုမွ ႐ုံစတင္တာ ျဖစ္တာေၾကာင့္ ခန႔္မွန္းလို႔ေတာ့ ခက္ပါတယ္။ ေသခ်ာတာတစ္ခုကေတာ့ ဒီ႐ုပ္ရွင္ဟာ အခုခ်ိန္မွာမဟုတ္ဘဲ ၂၀၁၉ ခုႏွစ္ကတည္းက ႐ုံတင္ျဖစ္ခဲ့မယ္ ဆိုရင္ေတာ့ အခုထက္ဝင္ေငြမ်ားမယ္ ဆိုတာကို ေျပာစရာမလိုပါဘူး။

Legos

Source : Screenrant

RELATED ARTICLES

Most Popular