HomeEntertainmentFilmWW84 သာ ၂၀၁၉ ခုနှစ်မှာ ထွက်ခဲ့ရင် အခုထက် ဆိုးရွားသွားနိုင်တယ်ဆိုတဲ့ ဒါရိုက်တာ Jenkins

WW84 သာ ၂၀၁၉ ခုနှစ်မှာ ထွက်ခဲ့ရင် အခုထက် ဆိုးရွားသွားနိုင်တယ်ဆိုတဲ့ ဒါရိုက်တာ Jenkins

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Wonder Woman 1984 ဟာ အစတုန်းက စီစဉ်ခဲ့တဲ့အတိုင်း ၂၀၁၉ ခုနှစ်မှာသာ ထွက်ရှိခဲ့မယ်ဆိုရင် အခုထက် ဆိုးရွားတဲ့ ရုပ်ရှင်တစ်ကား ဖြစ်သွားနိုင်ပါတယ်လို့ ဒါရိုက်တာ Patty Jenkins ကိုယ်တိုင်က ပြောပြလိုက်ပါတယ်။ ၂၀၁၇ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ Wonder Woman ရုပ်ရှင်ကလည်း ဒါရိုက်တာ Patty Jenkins ပဲ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ အစတုန်းကတော့ WW84 ဟာ ဒီဇင်ဘာ ၂၀၁၉ ခုနှစ်မှာ ထွက်မယ်လို့ ကြေညာခဲ့ပြီး သိပ်မကြာခင်မှာ နိုဝင်ဘာ ၂၀၁၉ ဆိုပြီး ရုံတင်ရက် ပြောင်းလဲခဲ့ပါတယ်။

ဒါပေမယ့်လည်း ဇွန် ၂၀၂၀ ကို ထပ်မံရွှေ့ပြောင်းခဲ့ပြီး ကိုဗစ်ကြောင့် ရုံတင်ရက်ကို အကြိိမ်များစွာ ထပ်မံပြောင်းလဲခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ ခရစ်စမတ်နေ့ ၂၀၂၀ မှာ ရပ်တန့်သွားပြီး လောလောဆယ်မှာတော့ တစ်ချို့နိုင်ငံတွေမှာ ရုံတင်နေပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကိုဗစ်ကာလ ဖြစ်နေတာကြောင့် အားလုံးသိကြတဲ့အတိုင်း ရုံတင်ဝင်ငွေတွေကလည်း အခြေအနေမကောင်း ဖြစ်နေပါတယ်။

photo via screenrant

WW84 သာ ရုံတင်ရက် မရွှေ့ပြောင်းခဲ့ဘဲ ၂၀၁၉ ခုနှစ်မှာသာ ရုံတင်ခဲ့မယ်ဆိုရင် အခုထက်အများကြီး အောင်မြင်လိမ့်မယ်လို့ လူအများစုက ထင်နေကြပါတယ်။ ဒါပေမယ့်လည်း ဒီဇာတ်လမ်းသာ ၂၀၁၉ ခုနှစ်မှာ ထွက်ခဲ့မယ်ဆိုရင် အခုထက်အများကြီး ဆိုးသွားနိုင်ကြောင်းကို ဒါရိုက်တာ Jenkins က New York Times သတင်းဌာနဲ့ အင်တာဗျူးမှာ ပြောပြသွားခဲ့ပါတယ်။

WB ဟာ WW84 ကို ၂၀၁၉ နှစ်ကုန်ပိုင်းမှာ ထွက်လာမယ်လို့ ကြေညာလိုက်တဲ့အချိန်မှာ ဒါရိုက်တာ Jenkins ဟာ ဒီဇာတ်လမ်းကို ဖန်တီးဖို့အတွက် အချိန်နည်းနည်းပဲ ရရှိခဲ့တာကြောင့် စိတ်ပျက်သွားခဲ့ပါတယ်။ ဒါ့အပြင် အဲ့ဒီအချိန်တုန်းက သူမဟာ တစ်ခြားဇာတ်လမ်းတွဲတစ်ခုကိုလည်း ဖန်တီးနေတဲ့အချိန် ဖြစ်တာကြောင့် ၂၀၁၉ နှစ်ကုန်ပိုင်းအမီ ရိုက်ကူးရမယ်ဆိုရင် ဒီဇာတ်လမ်းရဲ့ အရည်အသွေးဟာ လုံးဝဆိုးရွားသွားနိုင်ပါတယ်လို့ ပြောခဲ့ပါတယ်။

photo via screenrant

သူမပြောခဲ့တဲ့ စကားအပြည့်အစုံကတော့ ” ကျွန်မက ဒီဇာတ်လမ်းကို ဘယ်တုန်းကမှ ၂၀၁၉ ဆောင်းတွင်းမှာ ထွက်မလာစေချင်ခဲ့ပါဘူး။ ဒီရုပ်ရှင်ဟာ ၂၀၂၀ နွေရာသီရောက်မှသာ ထွက်လာရမှာ ဖြစ်တာကြောင့် အဲ့ဒီအချိန်တုန်းက ကျွန်မနဲ့ စတူဒီယို အငြင်းပွားခဲ့ရပါတယ်။ အဲ့လိုအငြင်းပွားရတာကတော့ ဒီဇာတ်လမ်းသာ ၂၀၂၀ မှာ ထွက်ခဲ့ရင် စတူဒီယိုအတွက် ၂၀၁၉ မှာ ထွက်စရာ ရုပ်ရှင်မရှိတာကြောင့်လည်း ပါပါတယ်။ အဲ့ဒီအချိန်တုန်းက ကျွန်မက ဇာတ်လမ်းတွဲတစ်ခုကို ဖန်တီးနေတဲ့အချိန် ဖြစ်ပြီး သူတို့က ရုတ်တရက် WW84 ရဲ့ ရုံတင်ရက်ကို (၇) လစောပြီး သတ်မှတ်လိုက်တာကို သိလိုက်ရပါတယ် ” လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် ” အဲ့ဒီအတိုင်းဆိုရင် ဒီဇာတ်လမ်းကို ဖန်တီးဖို့အတွက် ကျွန်မမှာ အချိန်နည်းနည်းပဲ ရှိပြီးတော့ ဇာတ်လမ်းရဲ့အရည်အသွေးကလည်း ဆိုးရွားသွားပါလိမ့်မယ်။ အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်မနဲ့ စတူဒီယိုတို့ဟာ တစ်နှစ်လုံး အငြင်းပွားခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ ရုံတင်ရက်ကို ထပ်မံရွှေ့ခဲ့ကြတာကြောင့် ဖန်တီးရတဲ့ ကျွန်မအတွက်ရော ကြည့်ရှုရတဲ့ ပရိသတ်တွေအတွက်ပါ ကံကောင်းသွားခဲ့ပါတယ်။ အစတုန်းက စီစဉ်ခဲ့သလို ၂၀၁၉ မှာ ထွက်ခဲ့မယ်ဆိုရင်တော့ ဒီဇာတ်လမ်းဟာ တော်တော်ဆိုးရွားတဲ့ ဇာတ်လမ်းတစ်ခု ဖြစ်နေမှာပါ ” ဆိုပြီးတော့ ပြောပြခဲ့ပါတယ်။

photo via screenrant

ဘယ်လိုပဲဖြစ်ဖြစ် အခုချိန်မှာတော့ WW84 ဟာ IMDb (6.9) ရရှိထားသလို Rotten Tomatoes 81% လည်း ရရှိထားပါတယ်။ မြန်မာနိုင်ငံအပါအဝင် နိုင်ငံအများစုဟာ ရုပ်ရှင်ရုံတွေ မဖွင့်ကြသေးပေမယ့်လည်း သိပ်မကြာခင်မှာတော့ HBO Max ပြသတော့မှာ ဖြစ်ပြီး ကျွန်တော်တို့အတွက်လည်း ဒီရုပ်ရှင်ကို ကြည့်ရှုဖို့အတွက် သိပ်ပြီးတော့ စောင့်နေစရာ မလိုတော့ပါဘူး။

Legos

Source : Screenrant

(Zawgyi Version)

Wonder Woman 1984 ဟာ အစတုန္းက စီစဥ္ခဲ့တဲ့အတိုင္း ၂၀၁၉ ခုႏွစ္မွာသာ ထြက္ရွိခဲ့မယ္ဆိုရင္ အခုထက္ ဆိုး႐ြားတဲ့ ႐ုပ္ရွင္တစ္ကား ျဖစ္သြားႏိုင္ပါတယ္လို႔ ဒါ႐ိုက္တာ Patty Jenkins ကိုယ္တိုင္က ေျပာျပလိုက္ပါတယ္။ ၂၀၁၇ ခုႏွစ္တုန္းက ထြက္ခဲ့တဲ့ Wonder Woman ႐ုပ္ရွင္ကလည္း ဒါ႐ိုက္တာ Patty Jenkins ပဲ ႐ိုက္ကူးခဲ့တာ ျဖစ္ပါတယ္။ အစတုန္းကေတာ့ WW84 ဟာ ဒီဇင္ဘာ ၂၀၁၉ ခုႏွစ္မွာ ထြက္မယ္လို႔ ေၾကညာခဲ့ၿပီး သိပ္မၾကာခင္မွာ ႏိုဝင္ဘာ ၂၀၁၉ ဆိုၿပီး ႐ုံတင္ရက္ ေျပာင္းလဲခဲ့ပါတယ္။

ဒါေပမယ့္လည္း ဇြန္ ၂၀၂၀ ကို ထပ္မံေ႐ႊ႕ေျပာင္းခဲ့ၿပီး ကိုဗစ္ေၾကာင့္ ႐ုံတင္ရက္ကို အႀကိိမ္မ်ားစြာ ထပ္မံေျပာင္းလဲခဲ့ရပါတယ္။ ေနာက္ဆုံးမွာေတာ့ ခရစ္စမတ္ေန႔ ၂၀၂၀ မွာ ရပ္တန႔္သြားၿပီး ေလာေလာဆယ္မွာေတာ့ တစ္ခ်ိဳ႕ႏိုင္ငံေတြမွာ ႐ုံတင္ေနၿပီ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ကိုဗစ္ကာလ ျဖစ္ေနတာေၾကာင့္ အားလုံးသိၾကတဲ့အတိုင္း ႐ုံတင္ဝင္ေငြေတြကလည္း အေျခအေနမေကာင္း ျဖစ္ေနပါတယ္။

photo via screenrant

WW84 သာ ႐ုံတင္ရက္ မေ႐ႊ႕ေျပာင္းခဲ့ဘဲ ၂၀၁၉ ခုႏွစ္မွာသာ ႐ုံတင္ခဲ့မယ္ဆိုရင္ အခုထက္အမ်ားႀကီး ေအာင္ျမင္လိမ့္မယ္လို႔ လူအမ်ားစုက ထင္ေနၾကပါတယ္။ ဒါေပမယ့္လည္း ဒီဇာတ္လမ္းသာ ၂၀၁၉ ခုႏွစ္မွာ ထြက္ခဲ့မယ္ဆိုရင္ အခုထက္အမ်ားႀကီး ဆိုးသြားႏိုင္ေၾကာင္းကို ဒါ႐ိုက္တာ Jenkins က New York Times သတင္းဌာနဲ႔ အင္တာဗ်ဴးမွာ ေျပာျပသြားခဲ့ပါတယ္။

WB ဟာ WW84 ကို ၂၀၁၉ ႏွစ္ကုန္ပိုင္းမွာ ထြက္လာမယ္လို႔ ေၾကညာလိုက္တဲ့အခ်ိန္မွာ ဒါ႐ိုက္တာ Jenkins ဟာ ဒီဇာတ္လမ္းကို ဖန္တီးဖို႔အတြက္ အခ်ိန္နည္းနည္းပဲ ရရွိခဲ့တာေၾကာင့္ စိတ္ပ်က္သြားခဲ့ပါတယ္။ ဒါ့အျပင္ အဲ့ဒီအခ်ိန္တုန္းက သူမဟာ တစ္ျခားဇာတ္လမ္းတြဲတစ္ခုကိုလည္း ဖန္တီးေနတဲ့အခ်ိန္ ျဖစ္တာေၾကာင့္ ၂၀၁၉ ႏွစ္ကုန္ပိုင္းအမီ ႐ိုက္ကူးရမယ္ဆိုရင္ ဒီဇာတ္လမ္းရဲ႕ အရည္အေသြးဟာ လုံးဝဆိုး႐ြားသြားႏိုင္ပါတယ္လို႔ ေျပာခဲ့ပါတယ္။

photo via screenrant

သူမေျပာခဲ့တဲ့ စကားအျပည့္အစုံကေတာ့ ” ကြၽန္မက ဒီဇာတ္လမ္းကို ဘယ္တုန္းကမွ ၂၀၁၉ ေဆာင္းတြင္းမွာ ထြက္မလာေစခ်င္ခဲ့ပါဘူး။ ဒီ႐ုပ္ရွင္ဟာ ၂၀၂၀ ေႏြရာသီေရာက္မွသာ ထြက္လာရမွာ ျဖစ္တာေၾကာင့္ အဲ့ဒီအခ်ိန္တုန္းက ကြၽန္မနဲ႔ စတူဒီယို အျငင္းပြားခဲ့ရပါတယ္။ အဲ့လိုအျငင္းပြားရတာကေတာ့ ဒီဇာတ္လမ္းသာ ၂၀၂၀ မွာ ထြက္ခဲ့ရင္ စတူဒီယိုအတြက္ ၂၀၁၉ မွာ ထြက္စရာ ႐ုပ္ရွင္မရွိတာေၾကာင့္လည္း ပါပါတယ္။ အဲ့ဒီအခ်ိန္တုန္းက ကြၽန္မက ဇာတ္လမ္းတြဲတစ္ခုကို ဖန္တီးေနတဲ့အခ်ိန္ ျဖစ္ၿပီး သူတို႔က ႐ုတ္တရက္ WW84 ရဲ႕ ႐ုံတင္ရက္ကို (၇) လေစာၿပီး သတ္မွတ္လိုက္တာကို သိလိုက္ရပါတယ္ ” လို႔ ေျပာခဲ့ပါတယ္။

ဒါ့အျပင္ ” အဲ့ဒီအတိုင္းဆိုရင္ ဒီဇာတ္လမ္းကို ဖန္တီးဖို႔အတြက္ ကြၽန္မမွာ အခ်ိန္နည္းနည္းပဲ ရွိၿပီးေတာ့ ဇာတ္လမ္းရဲ႕အရည္အေသြးကလည္း ဆိုး႐ြားသြားပါလိမ့္မယ္။ အဲ့ဒီကိစၥနဲ႔ ပတ္သက္ၿပီး ကြၽန္မနဲ႔ စတူဒီယိုတို႔ဟာ တစ္ႏွစ္လုံး အျငင္းပြားခဲ့ရပါတယ္။ ေနာက္ဆုံးမွာေတာ့ ႐ုံတင္ရက္ကို ထပ္မံေ႐ႊ႕ခဲ့ၾကတာေၾကာင့္ ဖန္တီးရတဲ့ ကြၽန္မအတြက္ေရာ ၾကည့္ရႈရတဲ့ ပရိသတ္ေတြအတြက္ပါ ကံေကာင္းသြားခဲ့ပါတယ္။ အစတုန္းက စီစဥ္ခဲ့သလို ၂၀၁၉ မွာ ထြက္ခဲ့မယ္ဆိုရင္ေတာ့ ဒီဇာတ္လမ္းဟာ ေတာ္ေတာ္ဆိုး႐ြားတဲ့ ဇာတ္လမ္းတစ္ခု ျဖစ္ေနမွာပါ ” ဆိုၿပီးေတာ့ ေျပာျပခဲ့ပါတယ္။

photo via screenrant

ဘယ္လိုပဲျဖစ္ျဖစ္ အခုခ်ိန္မွာေတာ့ WW84 ဟာ IMDb (6.9) ရရွိထားသလို Rotten Tomatoes 81% လည္း ရရွိထားပါတယ္။ ျမန္မာႏိုင္ငံအပါအဝင္ ႏိုင္ငံအမ်ားစုဟာ ႐ုပ္ရွင္႐ုံေတြ မဖြင့္ၾကေသးေပမယ့္လည္း သိပ္မၾကာခင္မွာေတာ့ HBO Max ျပသေတာ့မွာ ျဖစ္ၿပီး ကြၽန္ေတာ္တို႔အတြက္လည္း ဒီ႐ုပ္ရွင္ကို ၾကည့္ရႈဖို႔အတြက္ သိပ္ၿပီးေတာ့ ေစာင့္ေနစရာ မလိုေတာ့ပါဘူး။

Legos

Source : Screenrant

RELATED ARTICLES

Most Popular