HomeEntertainmentFilm၂၀၂၀ ခုနှစ်မှာ ထွက်ရှိလာမယ့် ခရစ်စမတ် horror ရုပ်ရှင်ကားများ

၂၀၂၀ ခုနှစ်မှာ ထွက်ရှိလာမယ့် ခရစ်စမတ် horror ရုပ်ရှင်ကားများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

နှစ်တိုင်းမှာ ခရစ်စမတ်ကာလကို နီးကပ်လာတာနဲ့အမျှ ခရစ်စမတ်ရုပ်ရှင်ကားတွေလည်း အများကြီး ထွက်လေ့ရှိပါတယ်။ များသောအားဖြင့်တော့ ခရစ်စမတ်ရုပ်ရှင်ကားတွေဟာ ပေါ့ပေါ့ပါးပါးနဲ့ fancy ပုံစံမျိူးတွေကို တွေ့ရတာ များပါတယ်။ ဒါပေမယ့်လည်း အများနဲ့မတူဘဲ ကွဲထွက်နေတဲ့ ခရစ်စမတ် horror ရုပ်ရှင်တွေလည်း ရှိပါသေးတယ်။ အဲ့ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ ၂၀၂၀ မှာ ထွက်ရှိလာမယ့် ခရစ်စမတ် horror ရုပ်ရှင်ကားတွေကို ဖော်ပြပေးချင်ပါတယ်။

Deathcember
photo via screenrant

ဒီရုပ်ရှင်ကတော့ ပရိသတ်တွေအများအပြား စောင့်မျှော်နေကြတဲ့ ခရစ်စမတ် horror ရုပ်ရှင်တစ်ကားပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ ရုပ်ရှင်အတိုလေးတွေ (၂၄) ကားကို စုပေါင်းပြီးတော့ ဖန်တီးထားတာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပဲ အရင်တုန်းက မမြင်ခဲ့ဖူးတဲ့ ခရစ်စမတ် horror ရုပ်ရှင်အမျိူးအစား ပုံစံမျိူးကိုလည်း မြင်ရနိုင်ချေ ရှိပါတယ်။ ဒီရုပ်ရှင်ကတော့ ၂၀၂၀ ခုနှစ် နိုဝင်ဘာ (၂၄) ရက်နေ့တုန်းက အမေရိကန်နဲ့ ကနေဒါနိုင်ငံတို့မှာ ရရှိတဲ့ digital streaming platforms တွေမှာ ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။

All The Creatures Were Stirring
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၈ ခုနှစ်ကတည်းက ထွက်ခဲ့တာ ဖြစ်ပေမယ့်လည်း လူသိပ်မသိခဲ့ကြပါဘူး။ အဲ့ဒါကြောင့်ပဲ အခုချိန်မှာတော့ Shudder streaming service ဟာ ၂၀၂၀ ခုနှစ် နိုဝင်ဘာ (၃၀) ရက်နေ့မှာ ထပ်မံပြသဖို့အတွက် စီစဉ်ခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အတွဲတစ်တွဲဟာ ခရစ်စမတ်နေ့မှာ ထူးဆန်းတဲ့ ပြဇာတ်ရုံတစ်ခုကို ရောက်သွားပြီး ခရစ်စမတ်နဲ့ ပတ်သက်တဲ့ ကြောက်စရာဇာတ်လမ်းတွေကို မြင်တွေ့ခဲ့ရပါတယ်။ ဒီဇာတ်လမ်းဟာ တစ်ခြား horror ရုပ်ရှင်တွေလို အရမ်းကြီးကြောက်ဖို့မကောင်းရင်တော့ အပျင်းပြေတော့ ကြည့်လို့ကောင်းမယ့် ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။

Christmas Presence
photo via screenrant

ဒီရုပ်ရှင်ကလည်း အပေါ်မှာဖော်ပြခဲ့တဲ့ ရုပ်ရှင်လိုပဲ ၂၀၁၈ ကတည်းက ထွက်ခဲ့တာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကိုတော့ ၂၀၂၀ ခုနှစ် နိုဝင်ဘာ (၃၀) ရက်မှာပဲ Shudder ကနေ ပြသသွားမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ သူငယ်ချင်းအုပ်စု တစ်ခုဟာ ခရစ်စမတ်ကာလမှာ သူတို့ရဲ့မိသားစုနဲ့အတူ မနေကြဘဲ လူသူမနီးတဲ့ နေရာတစ်ခုက အိမ်တစ်လုံးကို ငှားပြီး နေထိုင်ဖို့ စီစဉ်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း သိပ်မကြာခင်မှာပဲ သူတို့ထဲက တစ်ယောက်က ပျောက်ဆုံးသွားတဲ့အချိန်မှာတော့ ဘယ်သူမှ မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တွေ ဖြစ်လာပါတော့တယ်။

The Nights Before Christmas
photo via screenrant

ဒီရုပ်ရှင်ထဲမှာတော့ Santa Claus ကို လူသတ်သမား တစ်ယောက်အနေနဲ့ မြင်တွေ့ရမှာ ဖြစ်တဲ့အပြင် Joker နဲ့ Harley Quinn လိုမျိူးပဲ Santa နဲ့ Mrs. Claus တို့ကိုလည်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ FBI ဆီက ထွက်ပြေးနေရင်းနဲ့ လူတွေကို သတ်ဖြတ်နေတဲ့ ရာဇဝတ်ကောင်တွေလည်း ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကိုတော့ ၂၀၂၀ ခုနှစ် ဒီဇင်ဘာ (၆) ရက်နေ့မှာ ကြည့်ရှုလို့ရမှာ ဖြစ်ပါတယ်။

တစ်ခြားရုပ်ရှင်တွေနဲ့ အဲ့ဒီရုပ်ရှင်တွေရဲ့ ဖြစ်နိုင်ချေရှိတဲ့ ထွက်ရှိမယ့် ရက်များ
photo via screenrant

၂၀၂၀ ခုနှစ်ဟာ ရုပ်ရှင်အများကြီးကို မရိုက်ကူးနိုင်ခဲ့တဲ့ ခုနှစ်တစ်ခု ဖြစ်တာကြောင့် အတော်များများကတော့ အရင်ကထွက်ထားတဲ့ ရုပ်ရှင်တွေကို ပြန်လည်ပြသဖို့အတွက် စီစဉ်ခဲ့ကြပါတယ်။ The Advent Calendar ရုပ်ရှင်ဆိုရင်တော့ တစ်ခြားနိုင်ငံတွေမှာ ဒီဇင်ဘာလအတွင်းမှာပဲ ကြည့်ရှုခွင့်ရသွားမှာပဲ ဖြစ်ပေမယ့်လည်း အမေရိကန်နိုင်ငံထဲမှာတော့ အခုချိန်ထိ ဘယ်အချိန်မှာ ပြသသွားမယ် ဆိုတာကို မသိသေးပါဘူး။ ဒါ့အပြင် ၂၀၁၉ ခုနှစ်က ထွက်ခဲ့တဲ့ Impetigore ကိုလည်း Shudder မှာ ပြန်လည်ပြသသွားမယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် ၂၀၁၅ ခုနှစ်မှာ ထွက်ခဲ့တဲ့ Krampus ကိုလည်း ပြန်လည်ပြသသွားမယ်လို့ သိရပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

ႏွစ္တိုင္းမွာ ခရစ္စမတ္ကာလကို နီးကပ္လာတာနဲ႔အမွ် ခရစ္စမတ္႐ုပ္ရွင္ကားေတြလည္း အမ်ားႀကီး ထြက္ေလ့ရွိပါတယ္။ မ်ားေသာအားျဖင့္ေတာ့ ခရစ္စမတ္႐ုပ္ရွင္ကားေတြဟာ ေပါ့ေပါ့ပါးပါးနဲ႔ fancy ပုံစံမ်ိဴးေတြကို ေတြ႕ရတာ မ်ားပါတယ္။ ဒါေပမယ့္လည္း အမ်ားနဲ႔မတူဘဲ ကြဲထြက္ေနတဲ့ ခရစ္စမတ္ horror ႐ုပ္ရွင္ေတြလည္း ရွိပါေသးတယ္။ အဲ့ဒါေၾကာင့္ပဲ ဒီတစ္ခါမွာေတာ့ ၂၀၂၀ မွာ ထြက္ရွိလာမယ့္ ခရစ္စမတ္ horror ႐ုပ္ရွင္ကားေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

Deathcember
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ပရိသတ္ေတြအမ်ားအျပား ေစာင့္ေမွ်ာ္ေနၾကတဲ့ ခရစ္စမတ္ horror ႐ုပ္ရွင္တစ္ကားပဲ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ကေတာ့ ႐ုပ္ရွင္အတိုေလးေတြ (၂၄) ကားကို စုေပါင္းၿပီးေတာ့ ဖန္တီးထားတာ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ပဲ အရင္တုန္းက မျမင္ခဲ့ဖူးတဲ့ ခရစ္စမတ္ horror ႐ုပ္ရွင္အမ်ိဴးအစား ပုံစံမ်ိဴးကိုလည္း ျမင္ရႏိုင္ေခ် ရွိပါတယ္။ ဒီ႐ုပ္ရွင္ကေတာ့ ၂၀၂၀ ခုႏွစ္ ႏိုဝင္ဘာ (၂၄) ရက္ေန႔တုန္းက အေမရိကန္နဲ႔ ကေနဒါႏိုင္ငံတို႔မွာ ရရွိတဲ့ digital streaming platforms ေတြမွာ ထြက္ရွိခဲ့တာ ျဖစ္ပါတယ္။

All The Creatures Were Stirring
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၂၀၁၈ ခုႏွစ္ကတည္းက ထြက္ခဲ့တာ ျဖစ္ေပမယ့္လည္း လူသိပ္မသိခဲ့ၾကပါဘူး။ အဲ့ဒါေၾကာင့္ပဲ အခုခ်ိန္မွာေတာ့ Shudder streaming service ဟာ ၂၀၂၀ ခုႏွစ္ ႏိုဝင္ဘာ (၃၀) ရက္ေန႔မွာ ထပ္မံျပသဖို႔အတြက္ စီစဥ္ခဲ့ပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ အတြဲတစ္တြဲဟာ ခရစ္စမတ္ေန႔မွာ ထူးဆန္းတဲ့ ျပဇာတ္႐ုံတစ္ခုကို ေရာက္သြားၿပီး ခရစ္စမတ္နဲ႔ ပတ္သက္တဲ့ ေၾကာက္စရာဇာတ္လမ္းေတြကို ျမင္ေတြ႕ခဲ့ရပါတယ္။ ဒီဇာတ္လမ္းဟာ တစ္ျခား horror ႐ုပ္ရွင္ေတြလို အရမ္းႀကီးေၾကာက္ဖို႔မေကာင္းရင္ေတာ့ အပ်င္းေျပေတာ့ ၾကည့္လို႔ေကာင္းမယ့္ ႐ုပ္ရွင္တစ္ကား ျဖစ္ပါတယ္။

Christmas Presence
photo via screenrant

ဒီ႐ုပ္ရွင္ကလည္း အေပၚမွာေဖာ္ျပခဲ့တဲ့ ႐ုပ္ရွင္လိုပဲ ၂၀၁၈ ကတည္းက ထြက္ခဲ့တာ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ကိုေတာ့ ၂၀၂၀ ခုႏွစ္ ႏိုဝင္ဘာ (၃၀) ရက္မွာပဲ Shudder ကေန ျပသသြားမွာ ျဖစ္ပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ သူငယ္ခ်င္းအုပ္စု တစ္ခုဟာ ခရစ္စမတ္ကာလမွာ သူတို႔ရဲ႕မိသားစုနဲ႔အတူ မေနၾကဘဲ လူသူမနီးတဲ့ ေနရာတစ္ခုက အိမ္တစ္လုံးကို ငွားၿပီး ေနထိုင္ဖို႔ စီစဥ္ခဲ့ၾကပါတယ္။ ဒါေပမယ့္လည္း သိပ္မၾကာခင္မွာပဲ သူတို႔ထဲက တစ္ေယာက္က ေပ်ာက္ဆုံးသြားတဲ့အခ်ိန္မွာေတာ့ ဘယ္သူမွ မေမွ်ာ္လင့္ထားတဲ့ အျဖစ္အပ်က္ေတြ ျဖစ္လာပါေတာ့တယ္။

The Nights Before Christmas
photo via screenrant

ဒီ႐ုပ္ရွင္ထဲမွာေတာ့ Santa Claus ကို လူသတ္သမား တစ္ေယာက္အေနနဲ႔ ျမင္ေတြ႕ရမွာ ျဖစ္တဲ့အျပင္ Joker နဲ႔ Harley Quinn လိုမ်ိဴးပဲ Santa နဲ႔ Mrs. Claus တို႔ကိုလည္း ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ သူတို႔ႏွစ္ေယာက္ဟာ FBI ဆီက ထြက္ေျပးေနရင္းနဲ႔ လူေတြကို သတ္ျဖတ္ေနတဲ့ ရာဇဝတ္ေကာင္ေတြလည္း ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ကိုေတာ့ ၂၀၂၀ ခုႏွစ္ ဒီဇင္ဘာ (၆) ရက္ေန႔မွာ ၾကည့္ရႈလို႔ရမွာ ျဖစ္ပါတယ္။

တစ္ျခား႐ုပ္ရွင္ေတြနဲ႔ အဲ့ဒီ႐ုပ္ရွင္ေတြရဲ႕ ျဖစ္ႏိုင္ေခ်ရွိတဲ့ ထြက္ရွိမယ့္ ရက္မ်ား
photo via screenrant

၂၀၂၀ ခုႏွစ္ဟာ ႐ုပ္ရွင္အမ်ားႀကီးကို မ႐ိုက္ကူးႏိုင္ခဲ့တဲ့ ခုႏွစ္တစ္ခု ျဖစ္တာေၾကာင့္ အေတာ္မ်ားမ်ားကေတာ့ အရင္ကထြက္ထားတဲ့ ႐ုပ္ရွင္ေတြကို ျပန္လည္ျပသဖို႔အတြက္ စီစဥ္ခဲ့ၾကပါတယ္။ The Advent Calendar ႐ုပ္ရွင္ဆိုရင္ေတာ့ တစ္ျခားႏိုင္ငံေတြမွာ ဒီဇင္ဘာလအတြင္းမွာပဲ ၾကည့္ရႈခြင့္ရသြားမွာပဲ ျဖစ္ေပမယ့္လည္း အေမရိကန္ႏိုင္ငံထဲမွာေတာ့ အခုခ်ိန္ထိ ဘယ္အခ်ိန္မွာ ျပသသြားမယ္ ဆိုတာကို မသိေသးပါဘူး။ ဒါ့အျပင္ ၂၀၁၉ ခုႏွစ္က ထြက္ခဲ့တဲ့ Impetigore ကိုလည္း Shudder မွာ ျပန္လည္ျပသသြားမယ္လို႔လည္း သိရပါတယ္။ ဒါ့အျပင္ ၂၀၁၅ ခုႏွစ္မွာ ထြက္ခဲ့တဲ့ Krampus ကိုလည္း ျပန္လည္ျပသသြားမယ္လို႔ သိရပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular