HomeCelebs Update NewsKoreaအႀကီးအက်ယ္ ေ၀ဖန္ခံခဲ့ရတဲ့ Idol အဖြဲ႕ေတြရဲ႕ စတိတ္ဖက္ရွင္အဆန္းမ်ား

အႀကီးအက်ယ္ ေ၀ဖန္ခံခဲ့ရတဲ့ Idol အဖြဲ႕ေတြရဲ႕ စတိတ္ဖက္ရွင္အဆန္းမ်ား

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

K-pop ကို လူႀကိဳက္မ်ားေစတဲ့အထဲမွာ ျမဴးၾကြတဲ့ စည္းခ်က္ေတြ၊ လွပတဲ့ ကကြက္ေတြအျပင္ စမတ္က်ၿပီး ဆြဲေဆာင္မႈရိွတဲ့ ဖက္ရွင္ေတြလည္း ပါ၀င္ပါတယ္။ သို႔ေပမယ့္ မမွားေသာေရွ႕ေန၊ မေသေသာ ေဆးသမားဆိုတဲ့ စကားအတိုင္း ဖက္ရွင္ေတြအကုန္လုံးဟာ အၿမဲတမ္းေတာ့ ေျခာက္ျပစ္ကင္း သဲလဲစင္ ျဖစ္မေနခဲ့ပါဘူး။ ဆန္းမယ္ထင္လို႔ ထြင္လိုက္ေပမယ့္ ေၾကာင္ေၾကာင္က်ားက်ား ျဖစ္သြားတာေၾကာင့္ ေသာက္ေသာက္လဲ ေ၀ဖန္ခံခဲ့ရတဲ့ ဖက္ရွင္ေတြလည္း ရိွခဲ့ပါတယ္။ ဒီထဲက နာမည္အႀကီးဆုံး၊ ေ၀ဖန္ခံရဆုံး ဖက္ရွင္ေတြကို ၀တ္ဆင္ခဲ့တဲ့ Idol အဖြဲ႔ (၁၀)ဖြဲ႕ ရိွခဲ့ပါတယ္။

(၁) Girl’s Day အဖြဲ႕ရဲ႕ မလုံ႕တလုံဖက္ရွင္
Photo: koreaboo

၂၀၁၁ခုႏွစ္တုန္းက Girl’s Day အဖြဲ႔ ၀တ္ဆင္ခဲ့တဲ့ စတိတ္၀တ္စုံတစ္ခုဟာ ေ၀ဖန္မႈမ်ားစြာကို ဆိုးရြားစြာ ရရိွခဲ့ပါတယ္။ သူတို႔၀တ္ဆင္ခဲ့တဲ့ ဖက္ရွင္ကေတာ့ ေအာက္က အတြင္းခံ အျဖဴေရာင္ကိုပါ ျမင္ေနရတဲ့အထိတိုတဲ့ အ၀ါေရာင္ဂါ၀န္အတိုေလး ျဖစ္ပါတယ္။ ဒီ၀တ္စုံကို အခ်ိဳ႕ကေတာ့ ဒိုင္ပါဖက္ရွင္လို႔ ေခၚခဲ့ၾကၿပီး အျမင္မသင့္ေတာ္တာေၾကာင့္ မီဒီယာမွာေရာ၊ လူထုၾကားမွာပါ ေျပာစရာ ျဖစ္ခဲ့ပါတယ္။

(၂) SISTAR အဖြဲ႕ရဲ႕ ဆက္ဆီက်လြန္းတဲ့ ဖက္ရွင္
Photo: koreaboo

၂၀၁၁ခုႏွစ္ရဲ႕ KBS ဂီတေဖ်ာ္ေျဖပြဲေတာ္မွာ SISTAR အဖြဲ႔က ၀တ္ဆင္ၿပီး ေဖ်ာ္ေျဖခဲ့တဲ့ ဖက္ရွင္ဟာလည္း အေတာ္ေလး ေ၀ဖန္သံေတြ ထြက္ခဲ့ပါတယ္။ “So Cool” သီခ်င္းကို ေဖ်ာ္ေျဖခဲ့တဲ့ သူတို႔ရဲ႕ဖက္ရွင္ဟာ အခ်ိဳ႕လူေတြအတြက္ေတာ့ ေတာ္ေတာ္ႀကီးကို ဆက္ဆီက်လြန္းေနတာ ေတြ႕ရပါတယ္။

(၃) D&G ဖက္ရွင္နဲ႔ တစ္ပုံစံတည္းတူတဲ့ Girls’ Generation ရဲ႕ စတိတ္ဖက္ရွင္
Photo: koreaboo
Photo: koreaboo

Girls’ Generation အဖြဲ႔က ေဖ်ာ္ေျဖပြဲတစ္ခုမွာ ၀တ္ဆင္ခဲ့တဲ့ ဖက္ရွင္ကေတာ့ လုံး၀ရင္သပ္ရႈေမာဖြယ္ရာ လွပပါတယ္။ ေ၀ဖန္ခံခဲ့ရတဲ့ အဓိကအခ်က္ကေတာ့ ၀တ္စုံရဲ႕ဒီဇိုင္းဟာ ကမာၻေက်ာ္ နာမည္ႀကီးဖက္ရွင္ အမွတ္တံဆိပ္တစ္ခုျဖစ္တဲ့ Dolce & Gabbana က ဖက္ရွင္နဲ႔ ထပ္တူက်ေနခဲ့လို႔ပဲ ျဖစ္ပါတယ္။ ဒီကိစၥနဲ႔ ပတ္သက္ၿပီးေတာ့ ပရိသတ္ေတြၾကားမွာလည္း အျမင္က ႏွစ္မ်ိဳး ကြဲထြက္ခဲ့ပါတယ္။ ဒါဟာ D&G brand အေပၚ ေလးစားႏွစ္ၿခိဳက္လြန္းလို႔ ၀တ္ဆင္မိလိုက္တာသာျဖစ္တယ္လို႔ အခ်ိဳ႕က ထင္ျမင္ၾကၿပီး အခ်ိဳ႕ကေတာ့ ဒါဟာ လုံး၀ႀကီး ပုံတူကူးခ်တဲ့ ခိုးယူမႈလို႔ မွတ္ခ်က္ေပးခဲ့ၾကပါတယ္။

(၄) PRITZ  အဖြဲ႕ရဲ႕ နာဇီဖက္ရွင္
Photo: koreaboo

PRITZ အဖြဲ႔ဟာ အဖြဲ႕အသစ္အျဖစ္ ပြဲထြက္ၿပီးမၾကာခင္ေလးမွာပဲ စတိတ္ဖက္ရွင္တစ္ခုေၾကာင့္  ေ၀ဖန္သူေတြရဲ႕ ပါးစပ္ဖ်ားမွာ ေရပန္းစားသြားခဲ့ပါေသးတယ္။ အဖြဲ႔၀င္ေတြ ၀တ္ဆင္ခဲ့တဲ့ စတိတ္ဖက္ရွင္ကေတာ့ ရွပ္အက်ႌအနက္နဲ႔ ဂါ၀န္အတိုအနက္ေလးေတြ ျဖစ္ၿပီး လက္ေမာင္းမွာေတာ့ နာဇီအလံနဲ႔ ဆင္တူတဲ့ အလံပုံစံမ်ိဳးကို လက္ေမာင္းပတ္အျဖစ္ ၀တ္ဆင္ခဲ့ၾကတာပါ။ ဒီကိစၥနဲ႔ပတ္သက္ၿပီး ေ၀ဖန္သံေတြ က်ယ္က်ယ္ေလာင္ေလာင္ ထြက္လာခဲ့တာေၾကာင့္ PRITZ အဖြဲ႕ရဲ႕ ေအဂ်င္စီ Pandagram က ေျဖရွင္းခ်က္ ထုတ္ျပန္ခဲ့ရၿပီး နာဇီယူနီေဖာင္းပုံစံမ်ိဳး ရည္ရြယ္ခ်က္ရိွရိွနဲ႔ ပုံစံတူျပဳလုပ္ခဲ့တာ မဟုတ္ပါဘူးလို႔ ရွင္းျပခဲ့ရပါတယ္။ (နာဇီအလံ၊ နာဇီယူနီေဖာင္းေတြနဲ႔ ပတ္သက္ၿပီး ႏိုင္ငံတကာမွာ ထိခိုက္မခံရတဲ့ အေၾကာင္းရင္းကေတာ့ ဟစ္တလာဦးေဆာင္တဲ့ နာဇီစစ္တပ္ေတြေၾကာင့္ ဒုတိယကမာၻစစ္လည္း ျဖစ္ပြားခဲ့ရၿပီး အျပစ္မဲ့ျပည္သူ သန္းေပါင္းမ်ားစြာ အသက္ဆုံးရႈံးခဲ့ရလို႔ပဲ ျဖစ္ပါတယ္။)

(၅) Girls’ Generation အဖြဲ႔က Tiffany နဲ႔ Taeyeon တို႔ရဲ႕ အတြင္းခံဖက္ရွင္
Photo: koreaboo
Photo: koreaboo

Tiffany နဲ႔ Taeyeon တို႔ဟာ Lady Marmalade သီခ်င္းကို ေဖ်ာ္ေျဖရာမွာ ၀တ္ဆင္ခဲ့တဲ့ စတိတ္ဖက္ရွင္ေၾကာင့္ လူအမ်ားအျပားရဲ႕ အာရုံစိုက္မႈကို ရရိွခဲ့ၾကပါတယ္။ သူတို႔ႏွစ္ေယာက္ ၀တ္ဆင္ခဲ့တဲ့ ဖက္ရွင္ကေတာ့ ၁၉၀၀ခုႏွစ္၀န္းက်င္ေလာက္က အမ်ိဳးသမီး ဥေရာပဖက္ရွင္ေတြရဲ႕ အတြင္းခံပုံစံမ်ိဳး ျဖစ္ေနတာေၾကာင့္ အျမင္မသင့္ေတာ္သလို ျဖစ္ခဲ့ရတာပါ။ အခ်ိဳ႕ကလည္း သူတို႔၀တ္ထားတဲ့ ဖက္ရွင္ဟာ မေတာ္တေရာ္ျဖစ္တယ္လို႔ ေ၀ဖန္ၾကသလို ပရိသတ္အမ်ားစုကေတာ့ ဒီစတိုင္လ္ကို ႀကိဳက္ႏွစ္သက္ခဲ့ၾကပါတယ္။

(၆) SIXBOMB ရဲ႕ အသားကပ္ဖက္ရွင္
Photo: koreaboo
Photo: koreaboo

SIXBOMB အဖြဲ႕က သူတို႔ရဲ႕ Wait 10 Years Baby MV ထဲမွာ ၀တ္ဆင္ခဲ့တဲ့ အသားကပ္ ပန္းေရာင္ jumpsuit ေတြကေတာ့ အေျခအေန အေတာ္ေလး ဆိုးရြားခဲ့လို႔ ေ၀ဖန္မႈမ်ားစြာလည္း ခံခဲ့ရပါတယ္။ ဒီဖက္ရွင္ကို ၀တ္ဆင္မိလိုက္လို႔ပဲ အျမင္မသင့္ေတာ္ဘူးလို႔ သတ္မွတ္ခံရၿပီး ဂီတေဖ်ာ္ေျဖပြဲအားလုံးမွာ ေဖ်ာ္ေျဖခြင့္ အၿပီးတိုင္ ပိတ္သိမ္းခံလိုက္ရပါတယ္။

(၇) Year 7 Class 1 ရဲ႕ ၾကာပစ္တဲ့ဖက္ရွင္
Photo: koreaboo
Photo: koreaboo

ဒီမိန္းကေလးအဖြဲ႔က ၀တ္ဆင္ခဲ့တဲ့ ဖက္ရွင္ေတြဟာ လွ်ပ္ေပၚေလာ္လီၿပီး ကကြက္ေတြဟာလည္း လိင္စိတ္ႏိုးၾကြေအာင္ တမင္ျမဴဆြယ္ေနသလို ျဖစ္ေနတာေၾကာင့္ လူအေတာ္မ်ားမ်ားဟာ ယမ္းပုံမီးက် ေဒါသထြက္ခဲ့ၾကပါတယ္။ သူတို႔အဖြဲ႕ရဲ႕ တကယ့္ျပႆနာကေတာ့ အထက္တန္းေက်ာင္းသူေလးေတြရဲ႕ ပုံစံမ်ိဳးအသြင္ယူၿပီး ဆက္ဆီပုံစံမ်ိဳး တင္ဆက္ခဲ့လို႔ ျဖစ္ပါတယ္။

(၈) Beyoncé နဲ႔ ပုံစံတူဖက္ရွင္ ၀တ္ဆင္ခဲ့တဲ့ PSY
Photo: koreaboo

ေဖ်ာ္ေျဖပြဲတစ္ခုမွာ PSY ၀တ္ဆင္ခဲ့တဲ့ အနီေရာင္ jumpsuit ဟာ Beyoncé ၀တ္ဆင္ခဲ့ဖူးတဲ့ ဖက္ရွင္နဲ႔ သြားတူေနခဲ့ဖူးပါတယ္။ PSY တစ္ေယာက္ ဘယ္လိုအေတြးနဲ႔မ်ား ဒီလိုဖက္ရွင္ကို ၀တ္ဆင္လိုက္ရသလည္းလို႔ လူအမ်ားစုက ေတြးၾကရတဲ့အထိ ျဖစ္ခဲ့တာပါ။ ဒါေပမယ့္ လူေတြကို သို႔ေလာ သို႔ေလာ ေတြးရေအာင္ ဒီဇိုင္းကာလာအဆန္းေတြနဲ႔ စတိတ္ေပၚမွာ ေဖ်ာ္ေျဖခဲ့တာဟာ ဒါက ပထမဆုံးအႀကိမ္ေတာ့ မဟုတ္ခဲ့ပါဘူး။ သူဟာ လူေတြ မထင္မွတ္ထားေလာက္မယ့္ ဖက္ရွင္မ်ိဳးေတြကို ခဏခဏ ၀တ္ဆင္ျပၿပီး ပရိသတ္ေတြ အ့ံၾသသြားေအာင္ လုပ္ျပေနက်လူလည္း ျဖစ္ပါတယ္။

Photo: koreaboo
Photo: koreaboo
(၉) 2AM အဖြဲ႔၀င္ေဟာင္း Jo Kwon ရဲ႕ drag queen ဖက္ရွင္
Photo: koreaboo
Photo: koreaboo

Jo Kwon ဟာ Golden Tamborine သီခ်င္းနဲ႔ Priscilla သီခ်င္းႏွစ္ပုဒ္မွာ သူ၀တ္ဆင္ခဲ့တဲ့ ဖက္ရွင္ေတြဟာ ေနာက္ပိုင္းမွာ ဘယ္လိုအရႈပ္အေထြးေတြနဲ႔ ေျဖရွင္းခဲ့ရမယ္ဆိုတာ အစက ေတြးမိခဲ့ပုံ မရပါဘူး။ သူ႔ရဲ႕တင္ဆက္မႈပုံစံနဲ႔ ဖက္ရွင္ေတြက သိပ္ကိုပီျပင္လြန္းေနတာေၾကာင့္ တကယ့္ drag queen တစ္ေယာက္လို႔ လူအမ်ားစုက ထင္သြားခဲ့ၾကပါတယ္။ ဒီကိစၥနဲ႔ ပတ္သက္ၿပီးေတာ့ အႀကိမ္ေပါင္းမ်ားစြာ သူဟာ တကယ့္ drag queen မဟုတ္ေၾကာင္း ရွင္းျပခဲ့ရတဲ့အထိပါပဲ။

(၁၀) N.O.M
Photo: koreaboo
Photo: koreaboo

ေတြ႕လိုက္ရတာနဲ႔ လူေတြကို လန္႔သြားတဲ့အထိ ျဖစ္ေစခဲ့တဲ့ အဆိုးရြားဆုံး ဖက္ရွင္ေတြကို ၀တ္ဆင္ခဲ့တဲ့အဖြဲ႔ကေတာ့ N.O.M ပါ။ ခႏၶာကိုယ္အစိတ္အပိုင္း အမ်ားစုကို အထင္းသား ေပၚလြင္ေနေစတဲ့ သူတို႔ရဲ႕ ဖက္ရွင္ေတြေၾကာင့္ လူေတြမွာ ေ၀ဖန္ဖို႔ေတာင္ ေမ့ေလ်ာ႔သြားတဲ့အထိ ျဖစ္ခဲ့ၾကရပါတယ္။

ဒါကေတာ့ ထြင္ရင္းနဲ႔ တစ္ဖက္စြန္း ေရာက္သြားခဲ့ရတဲ့ Idol အဖြဲ႔ေတြရဲ႕ ဖက္ရွင္အထူးအဆန္းေတြပဲ ျဖစ္ပါတယ္။ ဘယ္တစ္ခုက စာဖတ္သူတို႔အတြက္ အျမင္မသင့္ေတာ္ဆုံးလည္းဆိုတာ ေျပာခဲ့ပါဦး။

Xei

(Unicode Version)

K-pop ကို လူကြိုက်များစေတဲ့အထဲမှာ မြူးကြွတဲ့ စည်းချက်တွေ၊ လှပတဲ့ ကကွက်တွေအပြင် စမတ်ကျပြီး ဆွဲဆောင်မှုရှိတဲ့ ဖက်ရှင်တွေလည်း ပါဝင်ပါတယ်။ သို့ပေမယ့် မမှားသောရှေ့နေ၊ မသေသော ဆေးသမားဆိုတဲ့ စကားအတိုင်း ဖက်ရှင်တွေအကုန်လုံးဟာ အမြဲတမ်းတော့ ခြောက်ပြစ်ကင်း သဲလဲစင် ဖြစ်မနေခဲ့ပါဘူး။ ဆန်းမယ်ထင်လို့ ထွင်လိုက်ပေမယ့် ကြောင်ကြောင်ကျားကျား ဖြစ်သွားတာကြောင့် သောက်သောက်လဲ ဝေဖန်ခံခဲ့ရတဲ့ ဖက်ရှင်တွေလည်း ရှိခဲ့ပါတယ်။ ဒီထဲက နာမည်အကြီးဆုံး၊ ဝေဖန်ခံရဆုံး ဖက်ရှင်တွေကို ဝတ်ဆင်ခဲ့တဲ့ Idol အဖွဲ့ (၁၀)ဖွဲ့ ရှိခဲ့ပါတယ်။

(၁) Girl’s Day အဖွဲ့ရဲ့ မလုံ့တလုံဖက်ရှင်
Photo: koreaboo

၂၀၁၁ခုနှစ်တုန်းက Girl’s Day အဖွဲ့ ဝတ်ဆင်ခဲ့တဲ့ စတိတ်ဝတ်စုံတစ်ခုဟာ ဝေဖန်မှုများစွာကို ဆိုးရွားစွာ ရရှိခဲ့ပါတယ်။ သူတို့ဝတ်ဆင်ခဲ့တဲ့ ဖက်ရှင်ကတော့ အောက်က အတွင်းခံ အဖြူရောင်ကိုပါ မြင်နေရတဲ့အထိတိုတဲ့ အဝါရောင်ဂါဝန်အတိုလေး ဖြစ်ပါတယ်။ ဒီဝတ်စုံကို အချို့ကတော့ ဒိုင်ပါဖက်ရှင်လို့ ခေါ်ခဲ့ကြပြီး အမြင်မသင့်တော်တာကြောင့် မီဒီယာမှာရော၊ လူထုကြားမှာပါ ပြောစရာ ဖြစ်ခဲ့ပါတယ်။

(၂) SISTAR အဖွဲ့ရဲ့ ဆက်ဆီကျလွန်းတဲ့ ဖက်ရှင်
Photo: koreaboo

၂၀၁၁ခုနှစ်ရဲ့ KBS ဂီတဖျော်ဖြေပွဲတော်မှာ SISTAR အဖွဲ့က ဝတ်ဆင်ပြီး ဖျော်ဖြေခဲ့တဲ့ ဖက်ရှင်ဟာလည်း အတော်လေး ဝေဖန်သံတွေ ထွက်ခဲ့ပါတယ်။ “So Cool” သီချင်းကို ဖျော်ဖြေခဲ့တဲ့ သူတို့ရဲ့ဖက်ရှင်ဟာ အချို့လူတွေအတွက်တော့ တော်တော်ကြီးကို ဆက်ဆီကျလွန်းနေတာ တွေ့ရပါတယ်။

(၃) D&G ဖက်ရှင်နဲ့ တစ်ပုံစံတည်းတူတဲ့ Girls’ Generation ရဲ့ စတိတ်ဖက်ရှင်
Photo: koreaboo
Photo: koreaboo

Girls’ Generation အဖွဲ့က ဖျော်ဖြေပွဲတစ်ခုမှာ ဝတ်ဆင်ခဲ့တဲ့ ဖက်ရှင်ကတော့ လုံးဝရင်သပ်ရှုမောဖွယ်ရာ လှပပါတယ်။ ဝေဖန်ခံခဲ့ရတဲ့ အဓိကအချက်ကတော့ ဝတ်စုံရဲ့ဒီဇိုင်းဟာ ကမ္ဘာကျော် နာမည်ကြီးဖက်ရှင် အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Dolce & Gabbana က ဖက်ရှင်နဲ့ ထပ်တူကျနေခဲ့လို့ပဲ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ပရိသတ်တွေကြားမှာလည်း အမြင်က နှစ်မျိုး ကွဲထွက်ခဲ့ပါတယ်။ ဒါဟာ D&G brand အပေါ် လေးစားနှစ်ခြိုက်လွန်းလို့ ဝတ်ဆင်မိလိုက်တာသာဖြစ်တယ်လို့ အချို့က ထင်မြင်ကြပြီး အချို့ကတော့ ဒါဟာ လုံးဝကြီး ပုံတူကူးချတဲ့ ခိုးယူမှုလို့ မှတ်ချက်ပေးခဲ့ကြပါတယ်။

(၄) PRITZ  အဖွဲ့ရဲ့ နာဇီဖက်ရှင်
Photo: koreaboo

PRITZ အဖွဲ့ဟာ အဖွဲ့အသစ်အဖြစ် ပွဲထွက်ပြီးမကြာခင်လေးမှာပဲ စတိတ်ဖက်ရှင်တစ်ခုကြောင့်  ဝေဖန်သူတွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားသွားခဲ့ပါသေးတယ်။ အဖွဲ့ဝင်တွေ ဝတ်ဆင်ခဲ့တဲ့ စတိတ်ဖက်ရှင်ကတော့ ရှပ်အင်္ကျီအနက်နဲ့ ဂါဝန်အတိုအနက်လေးတွေ ဖြစ်ပြီး လက်မောင်းမှာတော့ နာဇီအလံနဲ့ ဆင်တူတဲ့ အလံပုံစံမျိုးကို လက်မောင်းပတ်အဖြစ် ဝတ်ဆင်ခဲ့ကြတာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဝေဖန်သံတွေ ကျယ်ကျယ်လောင်လောင် ထွက်လာခဲ့တာကြောင့် PRITZ အဖွဲ့ရဲ့ အေဂျင်စီ Pandagram က ဖြေရှင်းချက် ထုတ်ပြန်ခဲ့ရပြီး နာဇီယူနီဖောင်းပုံစံမျိုး ရည်ရွယ်ချက်ရှိရှိနဲ့ ပုံစံတူပြုလုပ်ခဲ့တာ မဟုတ်ပါဘူးလို့ ရှင်းပြခဲ့ရပါတယ်။ (နာဇီအလံ၊ နာဇီယူနီဖောင်းတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာမှာ ထိခိုက်မခံရတဲ့ အကြောင်းရင်းကတော့ ဟစ်တလာဦးဆောင်တဲ့ နာဇီစစ်တပ်တွေကြောင့် ဒုတိယကမ္ဘာစစ်လည်း ဖြစ်ပွားခဲ့ရပြီး အပြစ်မဲ့ပြည်သူ သန်းပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရလို့ပဲ ဖြစ်ပါတယ်။)

(၅) Girls’ Generation အဖွဲ့က Tiffany နဲ့ Taeyeon တို့ရဲ့ အတွင်းခံဖက်ရှင်
Photo: koreaboo
Photo: koreaboo

Tiffany နဲ့ Taeyeon တို့ဟာ Lady Marmalade သီချင်းကို ဖျော်ဖြေရာမှာ ဝတ်ဆင်ခဲ့တဲ့ စတိတ်ဖက်ရှင်ကြောင့် လူအများအပြားရဲ့ အာရုံစိုက်မှုကို ရရှိခဲ့ကြပါတယ်။ သူတို့နှစ်ယောက် ဝတ်ဆင်ခဲ့တဲ့ ဖက်ရှင်ကတော့ ၁၉၀၀ခုနှစ်ဝန်းကျင်လောက်က အမျိုးသမီး ဥရောပဖက်ရှင်တွေရဲ့ အတွင်းခံပုံစံမျိုး ဖြစ်နေတာကြောင့် အမြင်မသင့်တော်သလို ဖြစ်ခဲ့ရတာပါ။ အချို့ကလည်း သူတို့ဝတ်ထားတဲ့ ဖက်ရှင်ဟာ မတော်တရော်ဖြစ်တယ်လို့ ဝေဖန်ကြသလို ပရိသတ်အများစုကတော့ ဒီစတိုင်လ်ကို ကြိုက်နှစ်သက်ခဲ့ကြပါတယ်။

(၆) SIXBOMB ရဲ့ အသားကပ်ဖက်ရှင်
Photo: koreaboo
Photo: koreaboo

SIXBOMB အဖွဲ့က သူတို့ရဲ့ Wait 10 Years Baby MV ထဲမှာ ဝတ်ဆင်ခဲ့တဲ့ အသားကပ် ပန်းရောင် jumpsuit တွေကတော့ အခြေအနေ အတော်လေး ဆိုးရွားခဲ့လို့ ဝေဖန်မှုများစွာလည်း ခံခဲ့ရပါတယ်။ ဒီဖက်ရှင်ကို ဝတ်ဆင်မိလိုက်လို့ပဲ အမြင်မသင့်တော်ဘူးလို့ သတ်မှတ်ခံရပြီး ဂီတဖျော်ဖြေပွဲအားလုံးမှာ ဖျော်ဖြေခွင့် အပြီးတိုင် ပိတ်သိမ်းခံလိုက်ရပါတယ်။

(၇) Year 7 Class 1 ရဲ့ ကြာပစ်တဲ့ဖက်ရှင်
Photo: koreaboo
Photo: koreaboo

ဒီမိန်းကလေးအဖွဲ့က ဝတ်ဆင်ခဲ့တဲ့ ဖက်ရှင်တွေဟာ လျှပ်ပေါ်လော်လီပြီး ကကွက်တွေဟာလည်း လိင်စိတ်နိုးကြွအောင် တမင်မြူဆွယ်နေသလို ဖြစ်နေတာကြောင့် လူအတော်များများဟာ ယမ်းပုံမီးကျ ဒေါသထွက်ခဲ့ကြပါတယ်။ သူတို့အဖွဲ့ရဲ့ တကယ့်ပြဿနာကတော့ အထက်တန်းကျောင်းသူလေးတွေရဲ့ ပုံစံမျိုးအသွင်ယူပြီး ဆက်ဆီပုံစံမျိုး တင်ဆက်ခဲ့လို့ ဖြစ်ပါတယ်။

(၈) Beyoncé နဲ့ ပုံစံတူဖက်ရှင် ဝတ်ဆင်ခဲ့တဲ့ PSY
Photo: koreaboo

ဖျော်ဖြေပွဲတစ်ခုမှာ PSY ဝတ်ဆင်ခဲ့တဲ့ အနီရောင် jumpsuit ဟာ Beyoncé ဝတ်ဆင်ခဲ့ဖူးတဲ့ ဖက်ရှင်နဲ့ သွားတူနေခဲ့ဖူးပါတယ်။ PSY တစ်ယောက် ဘယ်လိုအတွေးနဲ့များ ဒီလိုဖက်ရှင်ကို ဝတ်ဆင်လိုက်ရသလည်းလို့ လူအများစုက တွေးကြရတဲ့အထိ ဖြစ်ခဲ့တာပါ။ ဒါပေမယ့် လူတွေကို သို့လော သို့လော တွေးရအောင် ဒီဇိုင်းကာလာအဆန်းတွေနဲ့ စတိတ်ပေါ်မှာ ဖျော်ဖြေခဲ့တာဟာ ဒါက ပထမဆုံးအကြိမ်တော့ မဟုတ်ခဲ့ပါဘူး။ သူဟာ လူတွေ မထင်မှတ်ထားလောက်မယ့် ဖက်ရှင်မျိုးတွေကို ခဏခဏ ဝတ်ဆင်ပြပြီး ပရိသတ်တွေ အံ့သြသွားအောင် လုပ်ပြနေကျလူလည်း ဖြစ်ပါတယ်။

Photo: koreaboo
Photo: koreaboo
(၉) 2AM အဖွဲ့ဝင်ဟောင်း Jo Kwon ရဲ့ drag queen ဖက်ရှင်
Photo: koreaboo
Photo: koreaboo

Jo Kwon ဟာ Golden Tamborine သီချင်းနဲ့ Priscilla သီချင်းနှစ်ပုဒ်မှာ သူဝတ်ဆင်ခဲ့တဲ့ ဖက်ရှင်တွေဟာ နောက်ပိုင်းမှာ ဘယ်လိုအရှုပ်အထွေးတွေနဲ့ ဖြေရှင်းခဲ့ရမယ်ဆိုတာ အစက တွေးမိခဲ့ပုံ မရပါဘူး။ သူ့ရဲ့တင်ဆက်မှုပုံစံနဲ့ ဖက်ရှင်တွေက သိပ်ကိုပီပြင်လွန်းနေတာကြောင့် တကယ့် drag queen တစ်ယောက်လို့ လူအများစုက ထင်သွားခဲ့ကြပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အကြိမ်ပေါင်းများစွာ သူဟာ တကယ့် drag queen မဟုတ်ကြောင်း ရှင်းပြခဲ့ရတဲ့အထိပါပဲ။

(၁၀) N.O.M
Photo: koreaboo
Photo: koreaboo

တွေ့လိုက်ရတာနဲ့ လူတွေကို လန့်သွားတဲ့အထိ ဖြစ်စေခဲ့တဲ့ အဆိုးရွားဆုံး ဖက်ရှင်တွေကို ဝတ်ဆင်ခဲ့တဲ့အဖွဲ့ကတော့ N.O.M ပါ။ ခန္ဓာကိုယ်အစိတ်အပိုင်း အများစုကို အထင်းသား ပေါ်လွင်နေစေတဲ့ သူတို့ရဲ့ ဖက်ရှင်တွေကြောင့် လူတွေမှာ ဝေဖန်ဖို့တောင် မေ့လျော့သွားတဲ့အထိ ဖြစ်ခဲ့ကြရပါတယ်။

ဒါကတော့ ထွင်ရင်းနဲ့ တစ်ဖက်စွန်း ရောက်သွားခဲ့ရတဲ့ Idol အဖွဲ့တွေရဲ့ ဖက်ရှင်အထူးအဆန်းတွေပဲ ဖြစ်ပါတယ်။ ဘယ်တစ်ခုက စာဖတ်သူတို့အတွက် အမြင်မသင့်တော်ဆုံးလည်းဆိုတာ ပြောခဲ့ပါဦး။

Xei

 

 

 

RELATED ARTICLES

Most Popular