HomeBiographyငယ္ငယ္ေလးနဲ႔ က်ိက်ိတက္ခ်မ္းသာေနတဲ့ ကိုရီးယား ဆယ္လီမိန္းကေလး(၁၀)ေယာက္

ငယ္ငယ္ေလးနဲ႔ က်ိက်ိတက္ခ်မ္းသာေနတဲ့ ကိုရီးယား ဆယ္လီမိန္းကေလး(၁၀)ေယာက္

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

Dish Insider လို႔ေခၚတဲ့ အဖြဲ႕အစည္းဟာ ကိုရီးယားအင္တာနက္ သုံးစြဲသူေတြၾကားမွာ စစ္တမ္းတစ္ခု ေကာက္ယူခဲ့ပါတယ္။ အဲ့ဒါကေတာ့ ကိုရီးယားရဲ႕ ဆယ္လီမိန္းကေလးေတြထဲက ငယ္ငယ္ရြယ္ရြယ္နဲ႔ ေအာင္ျမင္ကာ ခ်မ္းသာေနတဲ့ မိန္းကေလး(၁၀)ေယာက္ကို မဲေပးခိုင္းခဲ့တာ ျဖစ္ပါတယ္။ အဆိုပါ စစ္တမ္းကို ၂၀၁၉ခုႏွစ္ ဇူလိုင္လ(၇)ရက္ေန႔မွ (၁၃)ရက္ေန႔အထိ ျပဳလုပ္ခဲ့ၿပီး ကိုရီးယားရဲ႕ အင္တာနက္သုံးစြဲသူမ်ားရဲ႕ မဲေပးခ်က္အရ ငယ္ရြယ္ၿပီး အခ်မ္းသာဆုံး မိန္းကေလး(၁၀)ေယာက္ ထြက္ရိွလာခဲ့ပါတယ္။

နံပါတ္(၁၀) Kim Yoo Jung

https://www.instagram.com/p/Bxre8qNnxwY/

စစ္တမ္းေကာက္ယူမႈရဲ႕ (၂.၆)%ကို ရရိွခဲ့ၿပီး နံပါတ္(၁၀)ေနရာမွာ ရပ္တည္ေနသူေလးကေတာ့ မင္းသမီးငယ္ေလး Kim Yoo Jung ျဖစ္ပါတယ္။ သူမဟာ ကေလးသရုပ္ေဆာင္အျဖစ္ ၂၀၀၃ခုႏွစ္တည္းက စတင္ပြဲထြက္ခဲ့တာျဖစ္ၿပီး ကိုရီးယားရဲ႕ နာမည္အေက်ာ္ၾကားဆုံး ကေလးသရုပ္ေဆာင္တစ္ေယာက္အျဖစ္ လူသိမ်ားခဲ့ပါတယ္။ ဒါ့အျပင္ Forbes မဂၢဇင္းက ထုတ္ျပန္တဲ့ ၂၀၁၇ခုႏွစ္ရဲ႕ ၾသဇာအရိွဆုံးေသာ ကိုရီးယားဆယ္လီ(၁၀)ေယာက္စာရင္းမွာ အသက္အငယ္ဆုံးနဲ႔ နံပါတ္(၈)ေနရာကို ခ်ိတ္ခဲ့ပါေသးတယ္။

နံပါတ္(၉) HyunA

https://www.instagram.com/p/BzPFmF6lRtD/

HyunA ကေတာ့ မဲေပးသူ (၃.၂)% ရရိွၿပီး နံပါတ္(၉)ေနရာမွာ ရပ္တည္ေနပါတယ္။ HyunA ဟာ သူမရဲ႕ငယ္ရြယ္ႏုနယ္ၿပီး ေအာင္ျမင္ခ်မ္းသာေနတဲ့ lifestyle ေၾကာင့္လည္း အေတာ္ေလး လူႀကိဳက္မ်ားပါတယ္။ 4MINUTE ၊ TROUBLEMAKER ၊ Triple H တို႔ရဲ႕ အဖြဲ႕၀င္တစ္ေယာက္ ျဖစ္ရုံမက solo artist တစ္ေယာက္လည္း ျဖစ္တာေၾကာင့္ သူမရဲ႕၀င္ေငြေတြကေတာ့ ေတာင္လိုပုံေနမွာ မလြဲပါပဲ။

နံပါတ္(၈) MAMAMOO ရဲ႕ Hwasa

https://www.instagram.com/p/ByY1qfBhi6F/

Hwasa ကေတာ့ မဲ(၃.၃)%ကို ရရိွထားၿပီး ငယ္ရြယ္ခ်မ္းသာတဲ့ ဆယ္လီမိန္းကေလးစာရင္းမွာ နံပါတ္(၈) ခ်ိတ္ေနပါတယ္။ သူမဟာ MAMAMOO အဖြဲ႕ရဲ႕ အငယ္ဆုံးအဖြဲ႕၀င္ျဖစ္ၿပီး solo နဲ႔ အဖြဲ႕လိုက္ လႈပ္ရွားမႈေတြကေန ၀င္ေငြေတြ အမ်ားဆုံး ရရိွေနပါတယ္။ သူမဟာ solo သီခ်င္းေတြလည္း ထြက္ရိွထားၿပီး အျခားအဆိုေတာ္ေတြရဲ႕ သီခ်င္းေတြမွာလည္း featuring ပါ၀င္သီဆိုေပးတာေတြ ရိွပါတယ္။ I Live Alone ဆိုတဲ့ အစီအစဥ္မွာ Hwasa ရဲ႕ ေနထိုင္မႈပုံစံကို Live ၾကည့္ၿပီးကတည္းက ပရိသတ္ေတြဟာ သူမရဲ႕အပ်ံစားေနထိုင္မႈကို မွင္သက္သြားခဲ့ၾကတာပါ။

နံပါတ္(၇) TWICE ရဲ႕ Tzuyu

https://www.instagram.com/p/BzFL7QVlFs0/

TWICE အဖြဲ႕ရဲ႕ အငယ္ဆုံးအဖြဲ႕၀င္ျဖစ္တဲ့ Tzuyu ဟာ မဲ (၃.၉)%နဲ႔ နံပါတ္(၇)ေနရာမွာ ရပ္တည္ေနပါတယ္။ Tzuyu ကိုေတာ့ လူသစ္တမ္းအျဖစ္ စတင္ပြဲထြက္ခ်ိန္ကတည္းက ခ်မ္းသာတဲ့ မိသားစုက ဆင္းသက္လာမွန္း ပရိသတ္ေတြက သိေနခဲ့ၾကပါတယ္။ Tzuyu ရဲ႕အေမဟာ နာမည္ႀကီး ေအာင္ျမင္ေနတဲ့ ပလတ္စတစ္ ဆာဂ်ရီေဆးခန္းေတြကို ပိုင္ဆိုင္ၿပီး ထိုင္၀မ္ႏိုင္ငံမွာ ရိွတဲ့ ကေဖးဆိုင္ေတြကိုလည္း ပိုင္ဆိုင္ပါေသးတယ္။ သူမရဲ႕မိဘေတြဟာ ေအာင္ျမင္ေနတဲ့ ေဆးရုံ(၃)ရုံကို ဖြင့္လွစ္ထားၿပီး နာမည္ႀကီးေနတဲ့ ညေစ်း (night market) တစ္ခုကိုလည္း ဖြင့္လွစ္ထားပါေသးတယ္။

နံပါတ္(၆) CHUNG HA

https://www.instagram.com/p/BysFHz3H7k5/

CHUNG HA ကေတာ့ မဲ (၅.၉)%ကို ရရိွၿပီး နံပါတ္(၆)ေနရာမွာ ရိွေနပါတယ္။ အစပိုင္းမွာ I.O.I အဖြဲ႕၀င္အျဖစ္ ပြဲထြက္ခဲ့ေပမယ့္ လက္ရိွမွာေတာ့ solo artist အေနနဲ႔ ရပ္တည္ေနပါတယ္။ Omniscient Interfering View အစီအစဥ္မွာ ေတြ႕လိုက္ရတဲ့ သူမရဲ႕သုံးထပ္အိမ္ႀကီးေၾကာင့္ ငယ္ငယ္ေလးနဲ႔ ခ်မ္းသာေနတဲ့ဘ၀ကို ရရိွထားတယ္လို႔ ပရိသတ္ေတြက ပိုၿပီးယုံၾကည္ထားၾကပါတယ္။

နံပါတ္(၅) IZ*ONE ရဲ႕ Jang Wonyoung

https://www.instagram.com/p/BzYjvhRl3Xy/

IZ*ONE အဖြဲ႕ရဲ႕ အငယ္ဆုံးအဖြဲ႕ေလးကေတာ့ မဲ (၆.၀)%နဲ႔ နံပါတ္(၅)ေနရာကို ရရိွထားပါတယ္။ သူမနဲ႔ ပတ္သက္လို႔ ငယ္ရြယ္လွပတဲ့ ရုပ္သြင္အျပင္ စည္းစိမ္ဥစၥာ ေတာင့္တင္းမႈကလည္း ပရိသတ္ေတြ အားက်ရတဲ့အခ်က္တစ္ခုပါ။ Problematic Men ဆိုတဲ့ ရုပ္သံအစီအစဥ္မွာ IZ*ONE အဖြဲ႕နဲ႔အတူ ပါ၀င္ခဲ့တုန္းက Jang Wonyoung ဟာ ငယ္စဥ္တုန္းက အဂၤလိပ္စကားေျပာတဲ့ မူႀကိဳေက်ာင္းမွာ တက္ခဲ့တယ္လို႔ ေျပာလိုက္တည္းက ပရိသတ္ေတြက သူမရဲ႕ ေနာက္ခံအသိုင္းအ၀ိုင္းကို အထင္ႀကီးခဲ့ၾကတာပါ။ အေၾကာင္းကေတာ့ အဂၤလိပ္စကားေျပာတဲ့ မူႀကိဳေက်ာင္းေတြဟာ ကိုရီးယားမွာ တအားေစ်းႀကီးတာေၾကာင့္ပါ။

နံပါတ္(၄) BLACKPINK ရဲ႕ Jennie

https://www.instagram.com/p/BuoUjE9nEYE/

နာမည္ေက်ာ္ BLACKPINK အဖြဲ႕ရဲ႕ အဖြဲ႕၀င္ Jennie ကေတာ့ မဲ (၆.၆)% ကို ရရိွၿပီး နံပါတ္(၄)ေနရာမွာ ရပ္တည္ေနပါတယ္။ သူမဟာ BLACKPINK ရဲ႕ main rapper အျဖစ္နဲ႔ ပြဲထြက္ခဲ့ၿပီး လက္ရိွအခ်ိန္မွာ BLACKPINK အဖြဲ႕ဟာ ကိုရီးယားမွာသာမက ယူအက္စ္မွာပါ တစ္ၿပိဳင္တည္း လႈပ္ရွားေနပါၿပီ။ BLACKPINK ဟာ သီခ်င္းေတြတင္ လူႀကိဳက္မ်ားေနရုံမဟုတ္ဘဲ စီးပြားေရးအရလည္း အျမတ္အစြန္း မ်ားစြာရရိွေနတာပါ။ Jennie ကေတာ့ “Walking Chanel” လို႔ တင္စားရေလာက္တဲ့အထိ အထက္တန္းက်ၿပီး ခ်မ္းသာေနသူျဖစ္ၿပီး နာမည္ႀကီး ဒီဇိုင္နာ အမွတ္တံဆိပ္ေတြရဲ႕ စပြန္ဆာေတြ ရရိွထားသူလည္း ျဖစ္ပါတယ္။

နံပါတ္(၃) Suzy

https://www.instagram.com/p/Bz9pip5AJnb/

ငယ္ရြယ္ၿပီး ခ်မ္းသာၾကြယ္၀ေနတဲ့ မိန္းကေလးဆယ္လီ(၁၀)ေယာက္ရဲ႕ တတိယေနရာမွာ ရပ္တည္ေနသူကေတာ့ မဲ (၉.၉)% ကို ရရိွထားတဲ့ Suzy ျဖစ္ပါတယ္။ ကနဦးမွာေတာ့ သူမဟာ JYP Entertainment က ပြဲထုတ္ခဲ့တဲ့ MissA အဖြဲ႕ရဲ႕ အဖြဲ႕၀င္တစ္ေယာက္ျဖစ္ခဲ့ၿပီး ကိုရီးယားရဲ႕အခ်စ္ေတာ္ အႏုပညာရွင္စာရင္းမွာ ပါ၀င္ခဲ့သူပါ။ လက္ရိွမွာေတာ့ သရုပ္ေဆာင္ မင္းသမီးတစ္ေယာက္အျဖစ္ လႈပ္ရွားေနပါတယ္။

နံပါတ္(၂) Kim Yuna

https://www.instagram.com/p/BCMyqg4JeBn/

စကိတ္အားကစားမယ္ေဟာင္း Kim Yuna ကေတာ့ မဲ (၂၁.၁)%နဲ႔  နံပါတ္(၂)ေနရာမွာ ရပ္တည္ေနပါတယ္။ စကိတ္အားကစားရဲ႕ ဘုရင္မတစ္ပါးအျဖစ္ လူသိမ်ားၿပီး ထူးျခားလွတဲ့ စြမ္းရည္ပိုင္ဆိုင္သူ ျဖစ္တာေၾကာင့္ အားကစားနယ္ပယ္မွာ အေက်ာ္ၾကားဆုံး စတားတစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။ ပရဟိတလုပ္ငန္းမ်ားစြာမွာ ပါ၀င္တတ္တာေလးနဲ႔ ဂ်ဴနီယာေလးေတြေပၚမွာ ၾကင္နာမႈရိွတာေလးေတြကလည္း သူမကို ပိုၿပီးလူႀကိဳက္မ်ားေစတဲ့ အခ်က္ပါ။

နံပါတ္(၁) IU

https://www.instagram.com/p/BzcUVJwB3QK/

မဲ (၂၂.၅)% နဲ႔ နံပါတ္(၁)ေနရာကို ရရိွထားသူေလးကေတာ့ IU  ျဖစ္ပါတယ္။ သူမဟာ နာမည္ႀကီး ေတးသီခ်င္းမ်ားစြာကို ေရးစပ္၊ သီဆိုထားသူျဖစ္ၿပီး ဒရာမာကားေကာင္းမ်ားစြာမွာ ပါ၀င္ထားကာ သူမရဲ႕ ၾသခ်ေလာက္တဲ့ သရုပ္ေဆာင္စြမ္းရည္ကို ျပသထားသူ ျဖစ္ပါတယ္။ ဂီတနဲ႔ ရုပ္ရွင္ နယ္ပယ္ႏွစ္ခုလုံးမွာ လႊမ္းမိုးႏိုင္တဲ့ သူမအေနနဲ႔ ေငြေၾကးဥစၥာပိုင္းမွာလည္း ေျပာစရာမလိုေအာင္ ထိပ္ဆုံးေနရာမွာ ရိွေနပါတယ္။ သူမရဲ႕ ဆိုရွယ္မီဒီယာေပၚမွာ လႊမ္းမိုးႏိုင္စြမ္းကလည္း သူမကိုပိုၿပီး ၾကြယ္၀ခ်မ္းသာေစတဲ့ အခ်က္တစ္ခုပါ။

Xei

Ref: koreaboo

(Unicode Version)

Dish Insider လို့ခေါ်တဲ့ အဖွဲ့အစည်းဟာ ကိုရီးယားအင်တာနက် သုံးစွဲသူတွေကြားမှာ စစ်တမ်းတစ်ခု ကောက်ယူခဲ့ပါတယ်။ အဲ့ဒါကတော့ ကိုရီးယားရဲ့ ဆယ်လီမိန်းကလေးတွေထဲက ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်ကာ ချမ်းသာနေတဲ့ မိန်းကလေး(၁၀)ယောက်ကို မဲပေးခိုင်းခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ စစ်တမ်းကို ၂၀၁၉ခုနှစ် ဇူလိုင်လ(၇)ရက်နေ့မှ (၁၃)ရက်နေ့အထိ ပြုလုပ်ခဲ့ပြီး ကိုရီးယားရဲ့ အင်တာနက်သုံးစွဲသူများရဲ့ မဲပေးချက်အရ ငယ်ရွယ်ပြီး အချမ်းသာဆုံး မိန်းကလေး(၁၀)ယောက် ထွက်ရှိလာခဲ့ပါတယ်။

နံပါတ်(၁၀) Kim Yoo Jung

https://www.instagram.com/p/Bxre8qNnxwY/

စစ်တမ်းကောက်ယူမှုရဲ့ (၂.၆)%ကို ရရှိခဲ့ပြီး နံပါတ်(၁၀)နေရာမှာ ရပ်တည်နေသူလေးကတော့ မင်းသမီးငယ်လေး Kim Yoo Jung ဖြစ်ပါတယ်။ သူမဟာ ကလေးသရုပ်ဆောင်အဖြစ် ၂၀၀၃ခုနှစ်တည်းက စတင်ပွဲထွက်ခဲ့တာဖြစ်ပြီး ကိုရီးယားရဲ့ နာမည်အကျော်ကြားဆုံး ကလေးသရုပ်ဆောင်တစ်ယောက်အဖြစ် လူသိများခဲ့ပါတယ်။ ဒါ့အပြင် Forbes မဂ္ဂဇင်းက ထုတ်ပြန်တဲ့ ၂၀၁၇ခုနှစ်ရဲ့ သြဇာအရှိဆုံးသော ကိုရီးယားဆယ်လီ(၁၀)ယောက်စာရင်းမှာ အသက်အငယ်ဆုံးနဲ့ နံပါတ်(၈)နေရာကို ချိတ်ခဲ့ပါသေးတယ်။

နံပါတ်(၉) HyunA

https://www.instagram.com/p/BzPFmF6lRtD/

HyunA ကတော့ မဲပေးသူ (၃.၂)% ရရှိပြီး နံပါတ်(၉)နေရာမှာ ရပ်တည်နေပါတယ်။ HyunA ဟာ သူမရဲ့ငယ်ရွယ်နုနယ်ပြီး အောင်မြင်ချမ်းသာနေတဲ့ lifestyle ကြောင့်လည်း အတော်လေး လူကြိုက်များပါတယ်။ 4MINUTE ၊ TROUBLEMAKER ၊ Triple H တို့ရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်ရုံမက solo artist တစ်ယောက်လည်း ဖြစ်တာကြောင့် သူမရဲ့ဝင်ငွေတွေကတော့ တောင်လိုပုံနေမှာ မလွဲပါပဲ။

နံပါတ်(၈) MAMAMOO ရဲ့ Hwasa

https://www.instagram.com/p/ByY1qfBhi6F/

Hwasa ကတော့ မဲ(၃.၃)%ကို ရရှိထားပြီး ငယ်ရွယ်ချမ်းသာတဲ့ ဆယ်လီမိန်းကလေးစာရင်းမှာ နံပါတ်(၈) ချိတ်နေပါတယ်။ သူမဟာ MAMAMOO အဖွဲ့ရဲ့ အငယ်ဆုံးအဖွဲ့ဝင်ဖြစ်ပြီး solo နဲ့ အဖွဲ့လိုက် လှုပ်ရှားမှုတွေကနေ ဝင်ငွေတွေ အများဆုံး ရရှိနေပါတယ်။ သူမဟာ solo သီချင်းတွေလည်း ထွက်ရှိထားပြီး အခြားအဆိုတော်တွေရဲ့ သီချင်းတွေမှာလည်း featuring ပါဝင်သီဆိုပေးတာတွေ ရှိပါတယ်။ I Live Alone ဆိုတဲ့ အစီအစဉ်မှာ Hwasa ရဲ့ နေထိုင်မှုပုံစံကို Live ကြည့်ပြီးကတည်းက ပရိသတ်တွေဟာ သူမရဲ့အပျံစားနေထိုင်မှုကို မှင်သက်သွားခဲ့ကြတာပါ။

နံပါတ်(၇) TWICE ရဲ့ Tzuyu

https://www.instagram.com/p/BzFL7QVlFs0/

TWICE အဖွဲ့ရဲ့ အငယ်ဆုံးအဖွဲ့ဝင်ဖြစ်တဲ့ Tzuyu ဟာ မဲ (၃.၉)%နဲ့ နံပါတ်(၇)နေရာမှာ ရပ်တည်နေပါတယ်။ Tzuyu ကိုတော့ လူသစ်တမ်းအဖြစ် စတင်ပွဲထွက်ချိန်ကတည်းက ချမ်းသာတဲ့ မိသားစုက ဆင်းသက်လာမှန်း ပရိသတ်တွေက သိနေခဲ့ကြပါတယ်။ Tzuyu ရဲ့အမေဟာ နာမည်ကြီး အောင်မြင်နေတဲ့ ပလတ်စတစ် ဆာဂျရီဆေးခန်းတွေကို ပိုင်ဆိုင်ပြီး ထိုင်ဝမ်နိုင်ငံမှာ ရှိတဲ့ ကဖေးဆိုင်တွေကိုလည်း ပိုင်ဆိုင်ပါသေးတယ်။ သူမရဲ့မိဘတွေဟာ အောင်မြင်နေတဲ့ ဆေးရုံ(၃)ရုံကို ဖွင့်လှစ်ထားပြီး နာမည်ကြီးနေတဲ့ ညဈေး (night market) တစ်ခုကိုလည်း ဖွင့်လှစ်ထားပါသေးတယ်။

နံပါတ်(၆) CHUNG HA

https://www.instagram.com/p/BysFHz3H7k5/

CHUNG HA ကတော့ မဲ (၅.၉)%ကို ရရှိပြီး နံပါတ်(၆)နေရာမှာ ရှိနေပါတယ်။ အစပိုင်းမှာ I.O.I အဖွဲ့ဝင်အဖြစ် ပွဲထွက်ခဲ့ပေမယ့် လက်ရှိမှာတော့ solo artist အနေနဲ့ ရပ်တည်နေပါတယ်။ Omniscient Interfering View အစီအစဉ်မှာ တွေ့လိုက်ရတဲ့ သူမရဲ့သုံးထပ်အိမ်ကြီးကြောင့် ငယ်ငယ်လေးနဲ့ ချမ်းသာနေတဲ့ဘဝကို ရရှိထားတယ်လို့ ပရိသတ်တွေက ပိုပြီးယုံကြည်ထားကြပါတယ်။

နံပါတ်(၅) IZ*ONE ရဲ့ Jang Wonyoung

https://www.instagram.com/p/BzYjvhRl3Xy/

IZ*ONE အဖွဲ့ရဲ့ အငယ်ဆုံးအဖွဲ့လေးကတော့ မဲ (၆.ဝ)%နဲ့ နံပါတ်(၅)နေရာကို ရရှိထားပါတယ်။ သူမနဲ့ ပတ်သက်လို့ ငယ်ရွယ်လှပတဲ့ ရုပ်သွင်အပြင် စည်းစိမ်ဥစ္စာ တောင့်တင်းမှုကလည်း ပရိသတ်တွေ အားကျရတဲ့အချက်တစ်ခုပါ။ Problematic Men ဆိုတဲ့ ရုပ်သံအစီအစဉ်မှာ IZ*ONE အဖွဲ့နဲ့အတူ ပါဝင်ခဲ့တုန်းက Jang Wonyoung ဟာ ငယ်စဉ်တုန်းက အင်္ဂလိပ်စကားပြောတဲ့ မူကြိုကျောင်းမှာ တက်ခဲ့တယ်လို့ ပြောလိုက်တည်းက ပရိသတ်တွေက သူမရဲ့ နောက်ခံအသိုင်းအဝိုင်းကို အထင်ကြီးခဲ့ကြတာပါ။ အကြောင်းကတော့ အင်္ဂလိပ်စကားပြောတဲ့ မူကြိုကျောင်းတွေဟာ ကိုရီးယားမှာ တအားဈေးကြီးတာကြောင့်ပါ။

နံပါတ်(၄) BLACKPINK ရဲ့ Jennie

https://www.instagram.com/p/BuoUjE9nEYE/

နာမည်ကျော် BLACKPINK အဖွဲ့ရဲ့ အဖွဲ့ဝင် Jennie ကတော့ မဲ (၆.၆)% ကို ရရှိပြီး နံပါတ်(၄)နေရာမှာ ရပ်တည်နေပါတယ်။ သူမဟာ BLACKPINK ရဲ့ main rapper အဖြစ်နဲ့ ပွဲထွက်ခဲ့ပြီး လက်ရှိအချိန်မှာ BLACKPINK အဖွဲ့ဟာ ကိုရီးယားမှာသာမက ယူအက်စ်မှာပါ တစ်ပြိုင်တည်း လှုပ်ရှားနေပါပြီ။ BLACKPINK ဟာ သီချင်းတွေတင် လူကြိုက်များနေရုံမဟုတ်ဘဲ စီးပွားရေးအရလည်း အမြတ်အစွန်း များစွာရရှိနေတာပါ။ Jennie ကတော့ “Walking Chanel” လို့ တင်စားရလောက်တဲ့အထိ အထက်တန်းကျပြီး ချမ်းသာနေသူဖြစ်ပြီး နာမည်ကြီး ဒီဇိုင်နာ အမှတ်တံဆိပ်တွေရဲ့ စပွန်ဆာတွေ ရရှိထားသူလည်း ဖြစ်ပါတယ်။

နံပါတ်(၃) Suzy

https://www.instagram.com/p/Bz9pip5AJnb/

ငယ်ရွယ်ပြီး ချမ်းသာကြွယ်ဝနေတဲ့ မိန်းကလေးဆယ်လီ(၁၀)ယောက်ရဲ့ တတိယနေရာမှာ ရပ်တည်နေသူကတော့ မဲ (၉.၉)% ကို ရရှိထားတဲ့ Suzy ဖြစ်ပါတယ်။ ကနဦးမှာတော့ သူမဟာ JYP Entertainment က ပွဲထုတ်ခဲ့တဲ့ MissA အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်ခဲ့ပြီး ကိုရီးယားရဲ့အချစ်တော် အနုပညာရှင်စာရင်းမှာ ပါဝင်ခဲ့သူပါ။ လက်ရှိမှာတော့ သရုပ်ဆောင် မင်းသမီးတစ်ယောက်အဖြစ် လှုပ်ရှားနေပါတယ်။

နံပါတ်(၂) Kim Yuna

https://www.instagram.com/p/BCMyqg4JeBn/

စကိတ်အားကစားမယ်ဟောင်း Kim Yuna ကတော့ မဲ (၂၁.၁)%နဲ့  နံပါတ်(၂)နေရာမှာ ရပ်တည်နေပါတယ်။ စကိတ်အားကစားရဲ့ ဘုရင်မတစ်ပါးအဖြစ် လူသိများပြီး ထူးခြားလှတဲ့ စွမ်းရည်ပိုင်ဆိုင်သူ ဖြစ်တာကြောင့် အားကစားနယ်ပယ်မှာ အကျော်ကြားဆုံး စတားတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ပရဟိတလုပ်ငန်းများစွာမှာ ပါဝင်တတ်တာလေးနဲ့ ဂျူနီယာလေးတွေပေါ်မှာ ကြင်နာမှုရှိတာလေးတွေကလည်း သူမကို ပိုပြီးလူကြိုက်များစေတဲ့ အချက်ပါ။

နံပါတ်(၁) IU

https://www.instagram.com/p/BzcUVJwB3QK/

မဲ (၂၂.၅)% နဲ့ နံပါတ်(၁)နေရာကို ရရှိထားသူလေးကတော့ IU  ဖြစ်ပါတယ်။ သူမဟာ နာမည်ကြီး တေးသီချင်းများစွာကို ရေးစပ်၊ သီဆိုထားသူဖြစ်ပြီး ဒရာမာကားကောင်းများစွာမှာ ပါဝင်ထားကာ သူမရဲ့ သြချလောက်တဲ့ သရုပ်ဆောင်စွမ်းရည်ကို ပြသထားသူ ဖြစ်ပါတယ်။ ဂီတနဲ့ ရုပ်ရှင် နယ်ပယ်နှစ်ခုလုံးမှာ လွှမ်းမိုးနိုင်တဲ့ သူမအနေနဲ့ ငွေကြေးဥစ္စာပိုင်းမှာလည်း ပြောစရာမလိုအောင် ထိပ်ဆုံးနေရာမှာ ရှိနေပါတယ်။ သူမရဲ့ ဆိုရှယ်မီဒီယာပေါ်မှာ လွှမ်းမိုးနိုင်စွမ်းကလည်း သူမကိုပိုပြီး ကြွယ်ဝချမ်းသာစေတဲ့ အချက်တစ်ခုပါ။

Xei

Ref: koreaboo

RELATED ARTICLES

Most Popular