HomeCelebs Update NewsKorea၂၀၁၉ Melon Music Awards မှာ ဆွတ်ခူးခဲ့ကြတဲ့ ကေပေါ့ပ်စတားများ

၂၀၁၉ Melon Music Awards မှာ ဆွတ်ခူးခဲ့ကြတဲ့ ကေပေါ့ပ်စတားများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ကိုရီးယားနိုင်ငံရဲ့ ဂီတဆုပေးပွဲတစ်ခုဖြစ်တဲ့ Melon Music Awards ကို နိုဝင်ဘာလ(၃၀)ရက်နေ့က Gocheok Sky Dome မှာပြုလုပ်ကျင်းပခဲ့ပါတယ်။ ၂၀၁၉ခုနှစ်အတွက် ကျင်းပတဲ့ Melon Music Awards ဟာဆိုရင် ပြီးခဲ့တဲ့ တစ်နှစ်တာအတွင်းမှာ အတောက်ပဆုံး ထူးချွန်အောင်မြင်ခဲ့တဲ့ တေးဂီတအဖွဲ့တွေ၊ အနုပညာရှင်တွေကို ဆုချီးမြှင့်တဲ့ အခမ်းအနားတစ်ခု ဖြစ်ပါတယ်။

ကေပေါ့ပ်စတားတွေနဲ့ တလက်လက် တောက်ပခဲ့တဲ့ ဆုပေးပွဲညကြီးမှာ BTS အဖွဲ့က Grand Prize တွေအကုန်လုံးကို သိမ်းကျုံးယူသွားခဲ့ပါတယ်။ ဆုပေးပွဲအခမ်းအနား မစတင်ခင် Top Ten Artists of the Year မှာ ပါဝင်ခဲ့တဲ့ တေးဂီတအဖွဲ့တွေကို Melon က ရွေးချယ်ကြေငြာပေးခဲ့ပါသေးတယ်။ Melon က ရွေးချယ်ပေးတဲ့ Top Ten Artists of the Year မှာ ပါဝင်ခဲ့ကြသူတွေကတော့ BTS ၊ EXO ၊ BOL4 ၊ Taeyeon ၊ Chungha ၊ MAMAMOO ၊ Jang Beom June ၊ JANNABI ၊ Heize နဲ့ M.C the Max တို့ ဖြစ်ပါတယ်။

၂၀၁၉ခုနှစ်အတွက် Melon ဆုပေးပွဲမှာ ဆွတ်ခူးခဲ့ကြသူများကိုတော့ အောက်မှာ အပြည့်အစုံ ဖော်ပြပေးထားပါတယ်။

Best Artist of the Year – တစ်နှစ်တာအတွက် အကောင်းဆုံးသော Artist ဆုကိုတော့ BTS အဖွဲ့က ရရှိသွားပါတယ်။

Best Record of the Year – တစ်နှစ်တာအတွက် အကောင်းဆုံးသော တေးသံသွင်းဆုကိုလည်း BTS အဖွဲ့ကပဲ ရရှိသွားပါတယ်။

Photo Courtesy: 1theK

Best Album of the Year – တစ်နှစ်တာအတွက် အကောင်းဆုံးသော တေးအယ်လ်ဘမ်ဆုကိုလည်း “Map of the Soul: Persona” အယ်လ်ဘမ်နဲ့ BTS အဖွဲ့ကပဲ ထပ်မံရရှိသွားပါတယ်။

Best Song of the Year – တစ်နှစ်တာအတွက် အကောင်းဆုံးသော တေးသီချင်းဆုကိုလည်း “Boy With Luv” သီချင်းနဲ့ BTS အဖွဲ့ကပဲ သိမ်းပိုက်သွားခဲ့ပါတယ်။

Best New Artist (အမျိုးသား) –  အကောင်းဆုံးမျက်နှာသစ် အမျိုးသား Artist ဆုကိုတော့ TXT အဖွဲ့က ရရှိသွားပါတယ်။

Best New Artist (အမျိုးသမီး) – အကောင်းဆုံး အမျိုးသမီး မျက်နှာသစ် Artist ဆုကိုတော့ ITZY အဖွဲ့က ရရှိသွားပါတယ်။

Photo Courtesy: 1theK

Netizen’s Favorite Artist – အင်တာနက် အသုံးပြုသူတွေ အားပေးဆုံးဆုကိုတော့ BTS အဖွဲ့က ဆွတ်ခူးသွားပါတယ်။

Best Pop – အကောင်းဆုံး ပေါ့ပ်တေးသီချင်းဆုမှာတော့ ထူးထူးခြားခြားပဲ Billie Eilish က Bad Guy တေးသီချင်းနဲ့ ရရှိသွားပါတယ်။

Best Dance (အမျိုးသား) – အမျိုးသားတေးဂီတအဖွဲ့တွေထဲက အကောင်းဆုံးကကွက်ဆုကိုတော့ BTS အဖွဲ့က ရရှိသွားပါတယ်။ Boy With Luv သီချင်းနဲ့ ရရှိသွားတာ ဖြစ်ပါတယ်။

Best Dance (အမျိုးသမီး) – အကောင်းဆုံးကကွက်ဆုကို အမျိုးသမီး Artist တွေထဲက ဆွတ်ခူးသွားသူကတော့ Chungha ဖြစ်ပါတယ်။ Gotta Go သီချင်းနဲ့ ရရှိသွားတာပါ။

Best OST – အကောင်းဆုံး ဇာတ်ဝင်တေးသီချင်းဆုကိုတော့ Hotel Del Luna စီးရီးထဲက Remember Me တေးသီချင်းကို သီဆိုခဲ့တဲ့ Gummy က ဆွတ်ခူးသွားခဲ့ပါတယ်။

Best Music Video – အကောင်းဆုံး mtv ဆုကိုတော့ What Are You Up To သီချင်းနဲ့ Kang Daniel က ဆွတ်ခူးခဲ့ပါတယ်။

Photo Courtesy: 1theK

Stage of the Year – တစ်နှစ်တာအတွင်း အကောင်းဆုံး စတိတ်စင်တင်ဆက်နိုင်မှု ဆုကိုတော့ SEVENTEEN အဖွဲ့က ဆွတ်ခူးသွားခဲ့ပါတယ်။

Best Indie – အကောင်းဆုံး အင်ဒီးတေးဂီတအမျိုးအစား တေးသီချင်းဆုမှာတော့ Melomance က You & I သီချင်းနဲ့ ရရှိသွားပါတယ်။

Best Trot – အကောင်းဆုံး ထရော့တ်တေးသီချင်းဆုကိုတော့ Hong Jin Young က Love Tonight သီချင်းနဲ့ ရရှိသွားပါတယ်။

Best Rap/ Hip-Hop – အကောင်းဆုံး ရက်ပ်/ဟစ်ဟော့တေးဂီတဆုကိုတော့ Epik High အဖွဲ့က Lovedrunk သီချင်းနဲ့ ရရှိသွားပါတယ်။

Best Ballad – Ballad ဟာ အချစ်သီချင်း အနှေးတွေကို ခေါ်တဲ့ တေးဂီတတစ်မျိုးပါ။ ဒီ category အတွက် ဆွတ်ခူးသွားသူကတော့ Four Seasons သီချင်းကို သီဆိုခဲ့တဲ့ Taeyeon ဖြစ်ပါတယ်။

Best Rock – အကောင်းဆုံး ရော့ခ်တေးသီချင်းဆုကို‌တော့ N.Flying အဖွဲ့က Rooftop သီချင်းနဲ့ ရရှိသွားပါတယ်။

Best R&b/ Soul – အကောင်းဆုံး R&B တေးသီချင်းဆုကိုတော့ Heize က We Don’t Talk Together သီချင်းနဲ့ ဆွတ်ခူးသွားပါတယ်။

Photo Courtesy: 1theK

Songwriter Award – အကောင်းဆုံးတေးရေးဆုကိုတော့ BTS ရဲ့ Boy With Luv သီချင်းကို ရေးပေးခဲ့တဲ့ Pdogg က ဆွတ်ခူးသွားပါတယ်။

Hot Trend Award – ခေတ်အစားဆုံးဆုကိုတော့ AB6IX အဖွဲ့က ရရှိသွားပါတယ်။

Kakao Hot Star – ကာကာအိုမှာ ဟော့အဖြစ်ဆုံးဆုကိုတော့ BTS အဖွဲ့ကပဲ ရရှိသွားပြန်ပါတယ်။

1theK Performance Award – 1theK က ချီးမြှင့်တဲ့ အကောင်းဆုံးဖျော်ဖြေတင်ဆက်မှုဆုကိုတော့ The Boyz အဖွဲ့က ရရှိသွားပါတယ်။

LaNina

Ref: soompi

(Zawgyi Version)

ကိုရီးယားႏိုင္ငံရဲ႕ ဂီတဆုေပးပြဲတစ္ခုျဖစ္တဲ့ Melon Music Awards ကို ႏိုဝင္ဘာလ(၃၀)ရက္ေန႔က Gocheok Sky Dome မွာျပဳလုပ္က်င္းပခဲ့ပါတယ္။ ၂၀၁၉ခုႏွစ္အတြက္ က်င္းပတဲ့ Melon Music Awards ဟာဆိုရင္ ၿပီးခဲ့တဲ့ တစ္ႏွစ္တာအတြင္းမွာ အေတာက္ပဆုံး ထူးခြၽန္ေအာင္ျမင္ခဲ့တဲ့ ေတးဂီတအဖြဲ႕ေတြ၊ အႏုပညာရွင္ေတြကို ဆုခ်ီးျမႇင့္တဲ့ အခမ္းအနားတစ္ခု ျဖစ္ပါတယ္။

ေကေပါ့ပ္စတားေတြနဲ႔ တလက္လက္ ေတာက္ပခဲ့တဲ့ ဆုေပးပြဲညႀကီးမွာ BTS အဖြဲ႕က Grand Prize ေတြအကုန္လုံးကို သိမ္းက်ဳံးယူသြားခဲ့ပါတယ္။ ဆုေပးပြဲအခမ္းအနား မစတင္ခင္ Top Ten Artists of the Year မွာ ပါဝင္ခဲ့တဲ့ ေတးဂီတအဖြဲ႕ေတြကို Melon က ေ႐ြးခ်ယ္ေၾကျငာေပးခဲ့ပါေသးတယ္။ Melon က ေ႐ြးခ်ယ္ေပးတဲ့ Top Ten Artists of the Year မွာ ပါဝင္ခဲ့ၾကသူေတြကေတာ့ BTS ၊ EXO ၊ BOL4 ၊ Taeyeon ၊ Chungha ၊ MAMAMOO ၊ Jang Beom June ၊ JANNABI ၊ Heize နဲ႔ M.C the Max တို႔ ျဖစ္ပါတယ္။

၂၀၁၉ခုႏွစ္အတြက္ Melon ဆုေပးပြဲမွာ ဆြတ္ခူးခဲ့ၾကသူမ်ားကိုေတာ့ ေအာက္မွာ အျပည့္အစုံ ေဖာ္ျပေပးထားပါတယ္။

Best Artist of the Year – တစ္ႏွစ္တာအတြက္ အေကာင္းဆုံးေသာ Artist ဆုကိုေတာ့ BTS အဖြဲ႕က ရရွိသြားပါတယ္။

Best Record of the Year – တစ္ႏွစ္တာအတြက္ အေကာင္းဆုံးေသာ ေတးသံသြင္းဆုကိုလည္း BTS အဖြဲ႕ကပဲ ရရွိသြားပါတယ္။

Photo Courtesy: 1theK

Best Album of the Year – တစ္ႏွစ္တာအတြက္ အေကာင္းဆုံးေသာ ေတးအယ္လ္ဘမ္ဆုကိုလည္း “Map of the Soul: Persona” အယ္လ္ဘမ္နဲ႔ BTS အဖြဲ႕ကပဲ ထပ္မံရရွိသြားပါတယ္။

Best Song of the Year – တစ္ႏွစ္တာအတြက္ အေကာင္းဆုံးေသာ ေတးသီခ်င္းဆုကိုလည္း “Boy With Luv” သီခ်င္းနဲ႔ BTS အဖြဲ႕ကပဲ သိမ္းပိုက္သြားခဲ့ပါတယ္။

Best New Artist (အမ်ိဳးသား) –  အေကာင္းဆုံးမ်က္ႏွာသစ္ အမ်ိဳးသား Artist ဆုကိုေတာ့ TXT အဖြဲ႕က ရရွိသြားပါတယ္။

Best New Artist (အမ်ိဳးသမီး) – အေကာင္းဆုံး အမ်ိဳးသမီး မ်က္ႏွာသစ္ Artist ဆုကိုေတာ့ ITZY အဖြဲ႕က ရရွိသြားပါတယ္။

Photo Courtesy: 1theK

Netizen’s Favorite Artist – အင္တာနက္ အသုံးျပဳသူေတြ အားေပးဆုံးဆုကိုေတာ့ BTS အဖြဲ႕က ဆြတ္ခူးသြားပါတယ္။

Best Pop – အေကာင္းဆုံး ေပါ့ပ္ေတးသီခ်င္းဆုမွာေတာ့ ထူးထူးျခားျခားပဲ Billie Eilish က Bad Guy ေတးသီခ်င္းနဲ႔ ရရွိသြားပါတယ္။

Best Dance (အမ်ိဳးသား) – အမ်ိဳးသားေတးဂီတအဖြဲ႕ေတြထဲက အေကာင္းဆုံးကကြက္ဆုကိုေတာ့ BTS အဖြဲ႕က ရရွိသြားပါတယ္။ Boy With Luv သီခ်င္းနဲ႔ ရရွိသြားတာ ျဖစ္ပါတယ္။

Best Dance (အမ်ိဳးသမီး) – အေကာင္းဆုံးကကြက္ဆုကို အမ်ိဳးသမီး Artist ေတြထဲက ဆြတ္ခူးသြားသူကေတာ့ Chungha ျဖစ္ပါတယ္။ Gotta Go သီခ်င္းနဲ႔ ရရွိသြားတာပါ။

Best OST – အေကာင္းဆုံး ဇာတ္ဝင္ေတးသီခ်င္းဆုကိုေတာ့ Hotel Del Luna စီးရီးထဲက Remember Me ေတးသီခ်င္းကို သီဆိုခဲ့တဲ့ Gummy က ဆြတ္ခူးသြားခဲ့ပါတယ္။

Best Music Video – အေကာင္းဆုံး mtv ဆုကိုေတာ့ What Are You Up To သီခ်င္းနဲ႔ Kang Daniel က ဆြတ္ခူးခဲ့ပါတယ္။

Photo Courtesy: 1theK

Stage of the Year – တစ္ႏွစ္တာအတြင္း အေကာင္းဆုံး စတိတ္စင္တင္ဆက္ႏိုင္မႈ ဆုကိုေတာ့ SEVENTEEN အဖြဲ႕က ဆြတ္ခူးသြားခဲ့ပါတယ္။

Best Indie – အေကာင္းဆုံး အင္ဒီးေတးဂီတအမ်ိဳးအစား ေတးသီခ်င္းဆုမွာေတာ့ Melomance က You & I သီခ်င္းနဲ႔ ရရွိသြားပါတယ္။

Best Trot – အေကာင္းဆုံး ထေရာ့တ္ေတးသီခ်င္းဆုကိုေတာ့ Hong Jin Young က Love Tonight သီခ်င္းနဲ႔ ရရွိသြားပါတယ္။

Best Rap/ Hip-Hop – အေကာင္းဆုံး ရက္ပ္/ဟစ္ေဟာ့ေတးဂီတဆုကိုေတာ့ Epik High အဖြဲ႕က Lovedrunk သီခ်င္းနဲ႔ ရရွိသြားပါတယ္။

Best Ballad – Ballad ဟာ အခ်စ္သီခ်င္း အေႏွးေတြကို ေခၚတဲ့ ေတးဂီတတစ္မ်ိဳးပါ။ ဒီ category အတြက္ ဆြတ္ခူးသြားသူကေတာ့ Four Seasons သီခ်င္းကို သီဆိုခဲ့တဲ့ Taeyeon ျဖစ္ပါတယ္။

Best Rock – အေကာင္းဆုံး ေရာ့ခ္ေတးသီခ်င္းဆုကို‌ေတာ့ N.Flying အဖြဲ႕က Rooftop သီခ်င္းနဲ႔ ရရွိသြားပါတယ္။

Best R&b/ Soul – အေကာင္းဆုံး R&B ေတးသီခ်င္းဆုကိုေတာ့ Heize က We Don’t Talk Together သီခ်င္းနဲ႔ ဆြတ္ခူးသြားပါတယ္။

Photo Courtesy: 1theK

Songwriter Award – အေကာင္းဆုံးေတးေရးဆုကိုေတာ့ BTS ရဲ႕ Boy With Luv သီခ်င္းကို ေရးေပးခဲ့တဲ့ Pdogg က ဆြတ္ခူးသြားပါတယ္။

Hot Trend Award – ေခတ္အစားဆုံးဆုကိုေတာ့ AB6IX အဖြဲ႕က ရရွိသြားပါတယ္။

Kakao Hot Star – ကာကာအိုမွာ ေဟာ့အျဖစ္ဆုံးဆုကိုေတာ့ BTS အဖြဲ႕ကပဲ ရရွိသြားျပန္ပါတယ္။

1theK Performance Award – 1theK က ခ်ီးျမႇင့္တဲ့ အေကာင္းဆုံးေဖ်ာ္ေျဖတင္ဆက္မႈဆုကိုေတာ့ The Boyz အဖြဲ႕က ရရွိသြားပါတယ္။

LaNina

Ref: soompi

 

RELATED ARTICLES

Most Popular