HomeCelebs Update NewsKoreaLeeteuk နဲ့ Jang Won Young တို့ host လုပ်သွားမယ့် 2021 Asia Artist Awards...

Leeteuk နဲ့ Jang Won Young တို့ host လုပ်သွားမယ့် 2021 Asia Artist Awards ဆုပေးပွဲ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

၂၀၂၁ ခုနှစ်အတွက် ကျင်းပပြုလုပ်သွားမယ့် Asia Artist Awards ဆုပေးပွဲရဲ့ အခမ်းအနားနဲ့ ပတ်သက်ပြီး အတည်ပြုထားတဲ့ အချက်အလက်တွေ ထွက်ရှိလာပြီ ဖြစ်ပါတယ်။

ဒီဆုပေးပွဲ အခမ်းအနားကြီးကိုတော့ လာမယ့် ဒီဇင်ဘာလ(၂)ရက်နေ့မှာ KBS Arena Hall မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ အခမ်းအနားရဲ့ MC တွေအဖြစ် Super Junior ရဲ့ Leeteuk နဲ့ IZ*ONE အဖွဲ့ဝင်ဟောင်း Jang Won Young တို့က တာဝန်ယူပေးသွားမယ်လို့ သိရပါတယ်။ ဒါဟာ Leeteuk အတွက်တော့ ခြောက်နှစ်မြောက် MC အဖြစ် ဆောင်ရွက်ပေးရမှာလည်း ဖြစ်ပါတယ်။

Photo: xxteukxx/ Instagram

ဒီဆုပေးပွဲကိုတော့ Star News နဲ့ Star Continent တို့က စီစဉ်ကျင်းပတာဖြစ်ပြီး နှစ်စဉ်ကျင်းပတဲ့ ပွဲအခမ်းအနားကိုတော့ ၂၀၁၆ ခုနှစ်မှာ စတင်ခဲ့တာ ဖြစ်ပါတယ်။ ဒီဆုပေးပွဲဟာ အာရှတိုက်တလွှားက သရုပ်ဆောင်တွေနဲ့ အဆိုတော်တွေကို ဂုဏ်ပြုဆုတွေ ချီးမြှင့်ပေးအပ်နေတာလည်း ဖြစ်ပါတယ်။

Photo: for_everyoung10/ Instagram

ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်ရဲ့ ဆုပေးပွဲကိုတော့ ကိုဗစ်ကပ်ရောဂါကြောင့် ဧည့်ပရိသတ်မပါဝင်ဘဲ ကျင်းပခဲ့ရပြီး အွန်လိုင်းကနေပဲ တိုက်ရိုက်ထုတ်လွှင့်ပေးခဲ့တာ ဖြစ်ပါတယ်။ ယခုနှစ်ရဲ့ ဆုပေးပွဲကြီးမှာတော့ ဘယ် artist တွေက ထိုက်တန်စွာ ဆွတ်ခူးသွားမလည်းလို့ ရင်ခုန်စွာ စောင့်မျှော်ကြည့်ရှုရမှာ ဖြစ်ပါတယ်။

Linda December

Source: soompi

(Zawgyi Version)

၂၀၂၁ ခုႏွစ္အတြက္ က်င္းပျပဳလုပ္သြားမယ့္ Asia Artist Awards ဆုေပးပြဲရဲ့ အခမ္းအနားနဲ႔ ပတ္သက္ၿပီး အတည္ျပဳထားတဲ့ အခ်က္အလက္ေတြ ထြက္ရွိလာၿပီ ျဖစ္ပါတယ္။

ဒီဆုေပးပြဲ အခမ္းအနားႀကီးကိုေတာ့ လာမယ့္ ဒီဇင္ဘာလ(၂)ရက္ေန႔မွာ KBS Arena Hall မွာ က်င္းပျပဳလုပ္သြားမွာ ျဖစ္ပါတယ္။ အခမ္းအနားရဲ့ MC ေတြအျဖစ္ Super Junior ရဲ့ Leeteuk နဲ႔ IZ*ONE အဖြဲ႕ဝင္ေဟာင္း Jang Won Young တို႔က တာဝန္ယူေပးသြားမယ္လို႔ သိရပါတယ္။ ဒါဟာ Leeteuk အတြက္ေတာ့ ေျခာက္ႏွစ္ေျမာက္ MC အျဖစ္ ေဆာင္ရြက္ေပးရမွာလည္း ျဖစ္ပါတယ္။

Photo: xxteukxx/ Instagram

ဒီဆုေပးပြဲကိုေတာ့ Star News နဲ႔ Star Continent တို႔က စီစဥ္က်င္းပတာျဖစ္ၿပီး ႏွစ္စဥ္က်င္းပတဲ့ ပြဲအခမ္းအနားကိုေတာ့ ၂၀၁၆ ခုႏွစ္မွာ စတင္ခဲ့တာ ျဖစ္ပါတယ္။ ဒီဆုေပးပြဲဟာ အာရွတိုက္တလႊားက သ႐ုပ္ေဆာင္ေတြနဲ႔ အဆိုေတာ္ေတြကို ဂုဏ္ျပဳဆုေတြ ခ်ီးျမႇင့္ေပးအပ္ေနတာလည္း ျဖစ္ပါတယ္။

Photo: for_everyoung10/ Instagram

ၿပီးခဲ့တဲ့ ၂၀၂၀ ခုႏွစ္ရဲ့ ဆုေပးပြဲကိုေတာ့ ကိုဗစ္ကပ္ေရာဂါေၾကာင့္ ဧည့္ပရိသတ္မပါဝင္ဘဲ က်င္းပခဲ့ရၿပီး အြန္လိုင္းကေနပဲ တိုက္ရိုက္ထုတ္လႊင့္ေပးခဲ့တာ ျဖစ္ပါတယ္။ ယခုႏွစ္ရဲ့ ဆုေပးပြဲႀကီးမွာေတာ့ ဘယ္ artist ေတြက ထိုက္တန္စြာ ဆြတ္ခူးသြားမလည္းလို႔ ရင္ခုန္စြာ ေစာင့္ေမၽွာ္ၾကည့္ရွုရမွာ ျဖစ္ပါတယ္။

Linda December

Source: soompi

RELATED ARTICLES

Most Popular