HomeEntertainmentMusic2021 Billboard Music Awards မှာ ဆွတ်ခူးသွားကြတဲ့ ဂီတအကျော်အမော်များ

2021 Billboard Music Awards မှာ ဆွတ်ခူးသွားကြတဲ့ ဂီတအကျော်အမော်များ

2021 Billboard Music Awards ကိုတော့ မေလ(၂၃)ရက်နေ့ညက လော့စ်အိန်ဂျလိစ်မြို့ရဲ့ Microsoft Theatre မှာ ကျင်းပခဲ့ပါတယ်။ ဆုချီးမြှင့်ပွဲရဲ့ ပုံရိပ်တွေကိုတော့ NBC ရုပ်သံလိုင်းကနေ တိုက်ရိုက် ထုတ်လွှင့်ခဲ့ပါတယ်။

ယခုနှစ်အတွက် BBMAs ဆုပေးပွဲမှာတော့ The Weeknd က စံကာတင်(၁၆)ခုနဲ့ ရှေ့ဆုံးက ဦးဆောင်ခဲ့ပါတယ်။ အဲဒီနောက် ဒုတိယစံကာတင်အများဆုံးနေရာကိုတော့ DaBaby က စံကာတင်(၁၁)ခုနဲ့ ရပ်တည်ခဲ့ပြီး ကွယ်လွန်သွားပြီဖြစ်တဲ့ ရက်ပ်ပါ Pop Smoke ကတော့ စံကာတင်(၁၀)ခုနဲ့ တတိယနေရာက ရပ်တည်ခဲ့ပါတယ်။

Photo: pink/ Instagram

ပြီးခဲ့တဲ့နှစ်က ဆုပေးပွဲမှာတော့ Post Malone က စံကာတင်(၁၆)ခုမှာ (၉)ခု ရရှိပြီး ဆုအများဆုံးနဲ့ အိမ်ပြန်သွားနိုင်ခဲ့ပါတယ်။ ယခုနှစ်မှာတော့ Pink က Billboard Icon Award ကို ရရှိသွားပြီး Trae The Truth ကတော့ Change Maker ဆုကို ရရှိသွားကာ Drake ကတော့ Artist of the Decade ဆုကို အသီးသီး ရရှိသွားကြပါတယ်။

Nick Jonas က အစီအစဉ်တင်ဆက်သူအဖြစ် တင်ဆက်ပေးခဲ့တဲ့ ယခုနှစ်ရဲ့ BBMAs ဆုပေးပွဲမှာတော့ အောက်ပါအတိုင်း ဆွတ်ခူးသွားကြပါတယ်။

Photo: theweeknd/ Instagram

Top Artist :  ဒီဆုကိုတော့ Drake ၊ Juice WRLD ၊ Pop Smoke ၊ Taylor Swift တို့ကို ကျော်တက်ပြီး The Weeknd က ရရှိသွားပါတယ်။

Top New Artist :  ဒီဆုကိုတော့ Gabby Barrett ၊ Doja Cat ၊ Jack Harlow ၊ Rod Wave တို့ကို ကျော်တက်ပြီး ကွယ်လွန်သွားပြီဖြစ်တဲ့ Pop Smoke က ဆွတ်ခူးသွားပါတယ်။

Top Male Artist :  ဒီဆုကိုလည်း The Weeknd က ဆွတ်ခူးသွားပါတယ်။ Top Male Artist ဆုကို စံကာတင်ဝင်ခဲ့ကြသူတွေကတော့ Drake ၊ Juice WRLD ၊ Lil Baby နဲ့ Pop Smoke တို့ ဖြစ်ပါတယ်။

Top Female Artist :  Top Female Artist ဆုကိုတော့ Billie Eilish ၊ Ariana Grande ၊ Dua Lipa ၊ Megan Thee Stallion တို့ကို ကျော်တက်ပြီး Taylor Swift က ဆွတ်ခူးသွားပါတယ်။

Photo: taylorswift/ Instagram

Top Duo/ Group :  ဒီဆုမှာ စံကာတင်ဝင်ခဲ့ကြတဲ့ အဖွဲ့တွေကတော့ AC/DC ၊ AJR ၊ Dan + Shay ၊ Maroon 5 နဲ့ BTS တို့ ဖြစ်ပြီး BTS အဖွဲ့က ရရှိသွားပါတယ်။

Top Billboard 200 Artist :  ဒီဆုကိုတော့ Taylor Swift က ရရှိသွားပါတယ်။ စံကာတင်ဝင်ခဲ့ကြသူတွေကတော့ Drake ၊ Juice WRLD ၊ Pop Smoke နဲ့ Post Malone တို့ ဖြစ်ပါတယ်။

Top Hot 100 Artist :  ဒီဆုကိုတော့ The Weeknd က ဆွတ်ခူးသွားပါတယ်။ စံကာတင်ဝင်ခဲ့ကြသူတွေကတော့ DaBaby ၊ Drake ၊ Dua Lipa နဲ့ Pop Smoke တို့ ဖြစ်ပါတယ်။

Top Streaming Songs Artist :  ဒီဆုကိုတော့ DaBaby ၊ Lil Baby ၊ Pop Smoke ၊ The Weeknd တို့ကို ကျော်တက်ပြီး Drake က ဆွတ်ခူးသွားပါတယ်။

Photo: champagnepapi/ Instagram

Top Song Sales Artist :  ဒီဆုကိုတော့ Justin Bieber ၊ Megan Thee Stallion ၊ Morgan Wallen ၊ The Weeknd တို့ကို ကျော်တက်ပြီး BTS က ရရှိသွားပါတယ်။

Top Radio Songs Artist :  ဒီဆုကိုတော့ The Weeknd က ဆွတ်ခူးသွားပါတယ်။ စံကာတင်ဝင်ခဲ့ကြသူတွေကတော့ Justin Bieber ၊ Lewis Capaldi ၊ Dua Lipa နဲ့ Harry Styles တို့ ဖြစ်ပါတယ်။

Top Social Artist (Fan Voted) :  ဒီဆုကိုတော့ BTS အဖွဲ့က ရရှိသွားပါတယ်။ စံကာတင်ဝင်ခဲ့ကြသူတွေကတော့ BLACKPINK ၊ Ariana Grande ၊ SB19 ၊ Seventeen တို့ ဖြစ်ပါတယ်။

Top R&B Artist :  ဒီဆုကိုတော့ Jhene Aiko ၊ Justin Bieber ၊ Chris Brown နဲ့ Doja Cat တို့ကို ကျော်တက်ပြီး The Weeknd က ဆွတ်ခူးသွားပါတယ်။

Photo: theweeknd/ Instagram

Top R&B Male Artist :  ဒီဆုကိုလည်း The Weeknd ကပဲ ဆွတ်ခူးသွားပါတယ်။ စံကာတင်ဝင်ခဲ့ကြသူတွေကတော့ Justin Bieber နဲ့ Chris Brown တို့ ဖြစ်ပါတယ်။

Top R&B Female Artist :  ဒီဆုကိုတော့ Jhene Aiko နဲ့ SZA တို့ကို ကျော်တက်ပြီး Doja Cat က ဆွတ်ခူးသွားပါတယ်။

Top Rap Artist :  ကွယ်လွန်သူ ရက်ပ်ပါ Pop Smoke က Top Rap Artist ဆုကို ဆွတ်ခူးသွားပါတယ်။ စံကာတင်ဝင်ခဲ့ကြသူတွေကတော့ DaBaby ၊ Drake ၊ Juice WRLD ၊ Lil Baby တို့ ဖြစ်ပါတယ်။

Top Rap Male Artist :  ဒီဆုကိုလည်း Juice WRLD နဲ့ Lil Baby တို့ကို ကျော်တက်ပြီး Pop Smoke က ဆွတ်ခူးသွားပါတယ်။

Photo: realpopsmoke/ Instagram

Top Rap Female Artist : ဒီဆုကိုတော့ Cardi B နဲ့ Saweetie တို့ကို ကျော်တက်ပြီး Megan Thee Stallion က ဆွတ်ခူးသွားပါတယ်။

Top Country Artist :  ဒီဆုကိုတော့ Morgan Wallen က ဆွတ်ခူးသွားပါတယ်။ စံကာတင်ဝင်ခဲ့ကြသူတွေကတော့ Gabby Barrett ၊ Kane Brown ၊ Luke Combs နဲ့ Chris Stapleton တို့ ဖြစ်ပါတယ်။

Top Country Male Artist :  ဒီဆုကိုလည်း Luke Combs နဲ့ Chris Stapleton တို့ကို ကျော်တက်ပြီး Morgan Wallen က ဆွတ်ခူးသွားပါတယ်။

Top Country Female Artist :  ဒီဆုကိုတော့ Maren Morris နဲ့ Carrie Underwood တို့ကို ကျော်တက်ပြီး Gabby Barrett က ဆွတ်ခူးသွားပါတယ်။

Photo: gabbybarrett_ / Instagram

Top Country Duo/Group :  ဒီဆုကိုတော့ Maddie & Tae ၊ Dan + Shay တို့ကို ကျော်တက်ပြီး Florida Georgia Line က ရရှိသွားပါတယ်။

Top Rock Artist :  ဒီဆုကိုတော့ AC/DC ၊ AJR ၊ Five Finger Death Punch ၊ twenty one pilots တို့ကို ကျော်တက်ပြီး Machine Gun Kelly က ဆွတ်ခူးသွားပါတယ်။

Top Latin Artist :  ဒီဆုကိုတော့ Bad Bunny က ဆွတ်ခူးသွားပါတယ်။ စံကာတင်ဝင်ခဲ့ကြသူတွေကတော့ Anuel AA ၊ J Balvin ၊ Maluma နဲ့ Ozuna တို့ ဖြစ်ပါတယ်။

Top Latin Male Artist :  ဒီဆုကိုတော့ J Balvin နဲ့ Ozuna တို့ကို ကျော်တက်ပြီး Bad Bunny ကပဲ ထပ်မံဆွတ်ခူးသွားပါတယ်။

Photo: badbunnypr/ Instagram

Top Latin Female Artist :  ဒီဆုကိုတော့ Becky G နဲ့ Rosalia တို့ကို ကျော်တက်ပြီး Karol G က ဆွတ်ခူးသွားပါတယ်။

Top Latin Duo/Group :  ဒီဆုကိုတော့ Banda MS de Sergio Lizaraaga နဲ့ Los Dos Carnales တို့ကို ကျော်တက်ပြီး Eslabon Armado က ဆွတ်ခူးသွားပါတယ်။

Top Dance/Electronic Artist :  ဒီဆုကိုတော့ The Chainsmokers ၊ Kygo ၊ Marshmello နဲ့ Surf Mesa တို့ကို ကျော်တက်ပြီး Lady Gaga က ရရှိသွားပါတယ်။

Top Gospel Artist :  ဒီဆုကိုတော့ Kanye West က ရရှိသွားပါတယ်။ စံကာတင်ဝင်ခဲ့ကြသူတွေကတော့ Kirk Franklin ၊ Koryn Hawthorne ၊ Tasha Cobbs Leonard နဲ့ Maverick City Music တို့ ဖြစ်ပါတယ်။

Photo: kanyethegoatwest/ Instagram

Top Billboard 200 Album :  ဒီဆုကိုတော့ Pop Smoke ရဲ့ Shoot for the Stars, Aim for the Moon အယ်လ်ဘမ်က ရရှိသွားပါတယ်။ စံကာတင်ဝင်ခဲ့ကြတဲ့ အယ်လ်ဘမ်တွေကတော့ Juice WRLD ရဲ့ Legends Never Die ၊ Lil Baby ရဲ့ My Turn ၊ Taylor Swift ရဲ့ Folklore နဲ့ The Weeknd ရဲ့ After Hours တို့ ဖြစ်ပါတယ်။

Top R&B Album :  ဒီဆုကိုတော့ The Weeknd ရဲ့ After Hours က ရရှိသွားပါတယ်။ စံကာတင်ဝင်ခဲ့ကြတဲ့ R&B အယ်လ်ဘမ်တွေကတော့ Jhene Aiko ရဲ့ Chilombo ၊ Chris Brown & Young Thug ရဲ့ Slime & B ၊ Doja Cat ရဲ့ Hot Pink ၊ Kelhlani ရဲ့ It Was Good Until It Wasn’t တို့ ဖြစ်ပါတယ်။

Top Rap Album :  ဒီဆုကိုလည်း Pop Smoke ရဲ့ Shoot for the Stars, Aim for the Moon အယ်လ်ဘမ်ကပဲ ဆွတ်ခူးသွားပါတယ်။ စံကာတင်ဝင်ခဲ့ကြတဲ့ ရက်ပ် အယ်လ်ဘမ်တွေကတော့ DaBaby ရဲ့ Blame It On Baby ၊ Juice WRLD ရဲ့ Legends Never Die ၊ Lil Baby ရဲ့ My Turn ၊ Lil Uzi Vert ရဲ့ Eternal Atake တို့ ဖြစ်ပါတယ်။

Photo: realpopsmoke/ Instagram

Top Country Album :  ဒီဆုကိုတော့ Morgan Wallen ရဲ့ Dangerous: The Double Album က ရရှိသွားပါတယ်။ စံကာတင်ဝင်ခဲ့ကြတဲ့ ကျေးလက်အယ်လ်ဘမ်တွေကတော့ Gabby Barrett ရဲ့ Goldmine ၊ Sam Hunt ရဲ့ Southside ၊ Chris Stapleton ရဲ့ Starting Over ၊ Carrie Underwood ရဲ့ My Gift တို့ ဖြစ်ပါတယ်။

Top Rock Album :  ဒီဆုကိုတော့ Machine Gun Kelly ရဲ့ Ticket to My Downfall အယ်လ်ဘမ်က ရရှိသွားပါတယ်။ စံကာတင်ဝင်ခဲ့ကြသူတွေကတော့ AC/DC ရဲ့ Power Up ၊ Miley Cyrus ရဲ့ Plastic Hearts ၊ Glass Animals ရဲ့ Dreamland ၊ Bruce Springsteen ရဲ့ Letter To You တို့ ဖြစ်ပါတယ်။

Top Latin AlbumBad Bunny ရဲ့ YHLQMDLG အယ်လ်ဘမ်က ရရှိသွားပါတယ်။ စံကာတင်ဝင်ခဲ့ကြတဲ့ လက်တင် တေးအယ်လ်ဘမ်တွေကတော့ Anuel AA ရဲ့ Emmanuel ၊ Bad Bunny ရဲ့ El Ultimo Tour Del Mundo ၊ Bad Bunny ရဲ့ Las que no iban a salir ၊ J Balvin ရဲ့ Colores တို့ ဖြစ်ပါတယ်။

Photo: machinegunkelly/ Instagram

Top Dance/ Electronic Album :  ဒီဆုကိုတော့ Lady Gaga ရဲ့ Chromatica အယ်လ်ဘမ်က ရရှိသွားပါတယ်။ စံကာတင်ဝင်ခဲ့ကြတဲ့ အယ်လ်ဘမ်ကတော့ DJ Snake ရဲ့ Carte Blanche ၊ Gryffin ရဲ့ Gravity ၊ Kygo ရဲ့ Golden Hour ၊ Kylie Minogue ရဲ့ Disco တို့ ဖြစ်ပါတယ်။

Top Christian Album :  ဒီဆုကိုတော့ Carrie Underwood ရဲ့ My Gift အယ်လ်ဘမ်က ရရှိသွားပါတယ်။ စံကာတင်ဝင်ခဲ့ကြတဲ့ အယ်လ်ဘမ်တွေကတော့ Bethel Music ရဲ့ Peace ၊ Elevation Worship ရဲ့ Grave Into Gardens ၊ We The Kingdom ရဲ့ Holy Water ၊ Zac Williams ရဲ့ Rescue Story တို့ ဖြစ်ပါတယ်။

Top Streaming Song :  ဒီဆုကိုတော့ DaBaby နဲ့ Roddy Ricch တို့ရဲ့ ROCKSTAR က ရရှိသွားပါတယ်။ စံကာတင်ဝင်ခဲ့ကြတဲ့ တေးသီချင်းတွေကတော့ Cardi B နဲ့ Megan Thee Stallion တို့ရဲ့ WAP ၊ Future နဲ့ Drake တို့ရဲ့ Life is Good ၊ Jack Harlow နဲ့ DaBaby ၊ Tory Lanez ၊ Lil’ Wayne တို့ featuring သီဆိုထားတဲ့ WHATS POPPIN ၊ The Weeknd ရဲ့ Blinding Lights တို့ ဖြစ်ပါတယ်။

Photo: bts.bighitofficial/ Instagram

Top Selling Song :  ဒီဆုကိုတော့ BTS ရဲ့ Dynamite က ရရှိသွားပါတယ်။ စံကာတင်ဝင်ခဲ့ကြတဲ့ တေးသီချင်းတွေကတော့ Gabby Barrett ft. Charlie Puth တို့ရဲ့ I Hope ၊ Cardi B ft. Megan Thee Stallion တို့ရဲ့ WAP ၊ Megan Thee Stallion ft. Beyonce တို့ရဲ့ Savage ၊ The Weeknd ရဲ့ Blinding Lights တို့ ဖြစ်ပါတယ်။

Top Radio Song :  ဒီဆုကိုတော့ The Weeknd ရဲ့ Blinding Lights က ရရှိသွားပါတယ်။ စံကာတင်ဝင်ခဲ့ကြတဲ့ တေးသီချင်းတွေကတော့ Gabby Barrett ft. Charlie Puth တို့ရဲ့ I Hope ၊ Chris Brown & Young Thug တို့ရဲ့ Go Crazy ၊ Dua Lipa ရဲ့ Don’t Start Now ၊ Harry Styles ရဲ့ Adore You တို့ ဖြစ်ပါတယ်။

Photo: dababy/ Instagram

Top R&B Song :  ဒီဆုကိုလည်း The Weeknd ရဲ့ Blinding Lights က ရရှိသွားပါတယ်။ စံကာတင်ဝင်ခဲ့ကြတဲ့ R&B တေးသီချင်းတွေကတော့ Jhene Aiko ft. H.E.R ရဲ့ B.S ၊ Justin Bieber ft. Quavo တို့ရဲ့ Intentions ၊ Chris Brown & Young Thug တို့ရဲ့ Go Crazy ၊ Doja Cat ရဲ့ Say So တို့ ဖြစ်ပါတယ်။

Top Rap Song :  ဒီဆုကိုတော့ DaBaby ft. Roddy Ricch တို့ရဲ့ ROCKSTAR သီချင်းက ရရှိသွားပါတယ်။ စံကာတင်ဝင်ခဲ့ကြတဲ့ တေးသီချင်းတွေကတော့ 24KGoldn ft. iann dior တို့ရဲ့ Mood ၊ Cardi B ft. Megan Thee Stallion တို့ရဲ့ WAP ၊ Jack Harlow နဲ့ DaBaby ၊ Tory Lanez ၊ Lil’ Wayne တို့ featuring သီဆိုထားတဲ့ WHATS POPPIN ၊ Megan Thee Stallion ft. Beyonce တို့ရဲ့ Savage တို့ ဖြစ်ပါတယ်။

Glasgow

Source: vulture

 

RELATED ARTICLES

Most Popular