HomeCelebs Update NewsInternational2021 အတွက် Instagram မှာ ကြော်ငြာကြေးအမြင့်ဆုံး ရရှိနေတဲ့ ဆယ်လီများ 

2021 အတွက် Instagram မှာ ကြော်ငြာကြေးအမြင့်ဆုံး ရရှိနေတဲ့ ဆယ်လီများ 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ပရိသတ်တွေကြားမှာ နာမည်ကျော်ကြား အောင်မြင်တဲ့ ဆယ်လီတွေဟာ သူတို့ရဲ့ကျော်ကြားမှုနဲ့ ဆိုရှယ်မီဒီယာပေါ်မှာ ပိုက်ဆံအမြောက်အများ ရှာနိုင်ကြပါတယ်။ အလားတူပဲ ဆိုရှယ်မီဒီယာတွေပေါ်မှာ နာမည်ကျော်ကြားတဲ့ influencer တွေဟာလည်း ကြော်ငြာတွေကနေတဆင့် ဝင်ငွေအများအပြား ရရှိနေကြပါတယ်။ ဆယ်လီလည်းဖြစ်၊ ဆိုရှယ်မီဒီယာတွေပေါ်မှာလည်း ပရိသတ်ကို လွှမ်းမိုးမှုရှိတဲ့ ဆယ်လီ influencer တွေကတော့ ပိုလို့တောင် ပိုက်ဆံတွေ သောက်သောက်လဲ ရနေကြပါသေးတယ်။ ဒါကြောင့် Instagram မှာ အမြင့်ဆုံး ကြော်ငြာကြေး ရရှိနေကြတဲ့ ဆယ်လီ influencer (၈)ယောက်ကို ဖော်ပြပေးလိုက်ပါတယ်။

Neymar
Photo: neymarjr/ Instagram

Neymar ဟာ ဘရာဇီးလ်နိုင်ငံ ဘောလုံးအသင်းနဲ့ Paris Saint-Germain ကလပ်အသင်းတို့မှာ ကစားနေတဲ့ နာမည်ကျော် ဘောလုံးသမားတစ်ယောက် ဖြစ်ပါတယ်။ Neymar ဟာ အောင်မြင်ကျော်ကြားတဲ့ ဘောလုံးသမားတစ်ယောက် ဖြစ်တာကြောင့် ထုံးစံအတိုင်းပဲ ကြော်ငြာမော်ဒယ်လ်အဖြစ်နဲ့လည်း ဝင်ငွေတွေ ရရှိနေပါသေးတယ်။

သူဟာ ပြင်ပကြော်ငြာတွေအပြင် သူ့ရဲ့ ဆိုရှယ်မီဒီယာအကောင့်ကနေလည်း ကြော်ငြာခတွေ ရရှိနေတာပါ။ အကြောင်းကတော့ Neymar ဟာ သူ့ရဲ့ Instagram ကတဆင့် fitness နဲ့ ပတ်သက်တဲ့ အလေ့အထတွေ၊ အမျိုးသား အသုံးအဆောင်ပစ္စည်းတွေနဲ့ အားကစားပစ္စည်းတွေနဲ့ ပတ်သက်ပြီးတော့လည်း လူသန်းပေါင်းစွာကို လွှမ်းမိုးထားနိုင်တာကြောင့်ပါပဲ။

လက်ရှိအချိန်အထိ Neymar ဟာ IG မှာ ဖော်လိုဝါ (၁၅၂)သန်း ရရှိထားပြီး ပို့စ်တစ်ခုမှာ ကြော်ငြာ တင်ပေးရုံနဲ့ ဒေါ်လာ (၇၀၄,၀၀၀)ခန့် ရရှိနေတယ်လို့ စစ်တမ်းတွေအရ သိရပါတယ်။

Taylor Swift
Photo: taylorswift/ Instagram

Taylor Swift ကတော့ ပေါ့ပ်စူပါစတားတစ်ယောက် ဖြစ်ပြီး သူမရဲ့ ဂီတသက်တမ်းတလျှောက်မှာ မတူညီတဲ့ ဂီတအမျိုးအစားတွေကို ကူးပြောင်းဖန်တီးလာခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့်လည်း သူမဆီမှာ ပရိသတ်အမျိုးအစား ပေါင်းစုံကို သန်းပေါင်းများစွာ ပိုင်ဆိုင်ထားတာပါ။

သူမရဲ့ အမာခံ fan base တွေဟာလည်း အင်တာနက်ပေါ်မှာ အနှံ့အပြား ရှိနေပြီး Instagram မှာဆိုရင်တော့ လက်ရှိအချိန်အထိ ဖော်လိုဝါ (၁၆၄)သန်း ရှိနေပါတယ်။ IG ပေါ်က ကြော်ငြာပို့စ်တစ်ခုအတွက် သူမ ရရှိမယ့် ခန့်မှန်းချေ ကြော်ငြာကြေးကတော့ ဒေါ်လာ (၇၂၂,၀၀၀)ခန့် ရှိနေပါတယ်။

Justin Bieber
Photo: justinbieber/ Instagram

Justin Bieber ကတော့ ပေါ့ပ်စတားတစ်ယောက် ဖြစ်ပြီး ဆယ်ကျော်သက်ရွယ်တည်းက အောင်မြင်ကျော်ကြားတဲ့ အဆိုတော်တစ်ယောက် ဖြစ်လာခဲ့သူပါ။ JB ကတော့ နောက်ပိုင်း ငယ်ရွယ်တဲ့ မျိုးဆက်ကြားမှာ ပိုမိုအောင်မြင်နေသူ ဖြစ်ပြီး မော်ဒယ်လ် Hailey Baldwin နဲ့ ကြည်နူးစရာ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားတာကြောင့်လည်း ပရိသတ်တွေရဲ့ အချစ်ကို ရရှိနေသူ ဖြစ်ပါတယ်။

လက်ရှိအချိန်အထိ JB ဟာ IG ပေါ်မှာ ဖော်လိုဝါ (၁၇၈)သန်း ပိုင်ဆိုင်ထားပြီး သူ့အကောင့်မှာ ကြော်ငြာပို့စ်တစ်ခု တင်ပေးရုံနဲ့ ဒေါ်လာ (၇၄၇,၀၀၀)ခန့် ရရှိနေပါတယ်။

Beyonce
Photo: beyonce/ Instagram

Pop နဲ့ R&B လောကမှာ အချိန်ကြာမြင့်စွာ အောင်အောင်မြင်မြင် ရပ်တည်နေနိုင်တဲ့ Beyonce ကတော့ ပရိသတ်တွေ သည်းသည်းလှုပ် ချစ်ခင်အားပေးရသူ ဖြစ်ပြီး လက်ရှိအချိန်အထိ IG ဖော်လိုဝါ (၁၈၇)သန်း ရရှိထားပါတယ်။ Beyonce ကတော့ IG ပေါ်မှာ ကြော်ငြာပို့စ်တစ်ခု တင်ပေးတိုင်း ဒေါ်လာ (၇၇၀,၀၀၀)ခန့် ရရှိတယ်လို့ သိရပါတယ်။

Selena Gomez
Photo: selenagomez/ Instagram

Selena Gomez ကတော့ Disney ရှိုးတွေမှာ ကလေးသရုပ်ဆောင်ဘဝနဲ့ စတင်အောင်မြင်လာသူ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သရုပ်ဆောင်လောကမှာတင် မဟုတ်ဘဲ ဂီတလောကမှာလည်း အောင်မြင်တဲ့ အဆိုတော်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် သူမဟာ ထုတ်လုပ်သူတစ်ယောက်လည်း ဖြစ်ပါသေးတယ်။

Selena ဟာ Instagram တစ်ခုတည်းမှာတင် ဖော်လိုဝါ (၂၃၈)သန်း ရရှိထားပါတယ်။ သူမဟာ ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ အဝတ်အထည်၊ အလှကုန်တွေကိုလည်း ထုတ်လုပ် ရောင်းချနေတာကြောင့် ပြင်ပကုမ္ပဏီတွေရဲ့ ကြော်ငြာတွေအပြင် သူမကုမ္ပဏီက ကြော်ငြာတွေကိုလည်း IG အကောင့်မှာ တင်လေ့ရှိပါတယ်။ Selena ဟာ ကြော်ငြာပို့စ်တစ်ခု တင်တိုင်း ဒေါ်လာ (၈၄၈,၀၀၀)ခန့် ရရှိတယ်လို့ သိရပါတယ်။

Cristiano Ronaldo
Photo: cristiano/ Instagram

Ronaldo ဟာ ပရိသတ်တွေ လေးစားချစ်ခင် အားကျရတဲ့ နာမည်ကြီး ဘောလုံးသမားတစ်ယောက် ဖြစ်ပြီး ယခုလက်ရှိကမ္ဘာရဲ့ စွမ်းဆောင်ရည် အမြင့်ဆုံး ကစားသမားတစ်ယောက်လည်း ဖြစ်ပါတယ်။ သူဟာ ပေါ်တူဂီနိုင်ငံ ဘောလုံးအသင်းနဲ့ Juventus ကလပ်အသင်းမှာ လက်ရှိကစားနေတဲ့ ကစားသမားတစ်ယောက် ဖြစ်ပါတယ်။

Ronaldo ရဲ့ Instagram မှာတော့ လက်ရှိအချိန်ထိ ဖော်လိုဝါ (၃၀၂)သန်း ရရှိထားပြီး ကြော်ငြာပို့စ်တစ်ခု တင်ပေးတာနဲ့ ဒေါ်လာ (၈၈၉,၀၀၀)ခန့် ရရှိနေတယ်လို့ သိရပါတယ်။

Kylie Jenner
Photo: kyliejenner/ Instagram

Kylie Jenner ကတော့ ဆယ်လီ influencer မိသားစုက ပေါက်ဖွားလာသူပီပီ လူသန်းပေါင်းများစွာကို လွှမ်းမိုးနိုင်တဲ့ စွမ်းရည်က သူမရဲ့ သွေးသားထဲမှာ အလိုလျောက် စီးဝင်နေသူ ဖြစ်ပါတယ်။ Kylie ဟာ Keeping Up With The Kardashians အပါအဝင် နာမည်ကျော် reality show တွေမှာ ပါဝင်ထားသူ ဖြစ်ရုံသာမက ကိုယ်ပိုင်အလှကုန် အမှတ်တံဆိပ်တွေကို ကမ္ဘာအနှံ့ ထုတ်လုပ် ရောင်းချနေသူလည်း ဖြစ်ပါတယ်။

Kylie ဟာ လက်ရှိအချိန်အထိ IG မှာ ဖော်လိုဝါ (၂၄၂)သန်း ရရှိထားပြီး ကြော်ငြာပို့စ်တစ်ခု တင်ပေးလိုက်တိုင်း ဒေါ်လာ (၉၈၆,၀၀၀)ခန့် ရရှိနေသူ ဖြစ်ပါတယ်။ သူမဟာ ယခင်က Instagram မှာ ကြော်ငြာကြေး အမြင့်ဆုံး ရရှိခဲ့တဲ့ ဆယ်လီ influencer ဖြစ်ပါတယ်။

Dwayne Johnson
Photo: therock/ Instagram

Dwayne Johnson ဟာ လက်ရှိမှာ ဟောလိဝုဒ်ရဲ့ အမြင့်ဆုံး သရုပ်ဆောင်ကြေး ရရှိနေတဲ့ မင်းသားတစ်လက် ဖြစ်သလို ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Instagram မှာလည်း ကြော်ငြာကြေး အမြင့်ဆုံး ရရှိနေသူ ဖြစ်ပါတယ်။ ယခင်ကတော့ ဒီနေရာကို Kylie Jenner က ရရှိထားတာဖြစ်ပြီး အောင်မြင်တဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ ပရိသတ်ရဲ့ အားပေးချစ်ခင်မှုကို သိသိသာသာ တိုးမြင့်ရရှိလာတဲ့ Dwayne က ကျော်တက်သွားခဲ့တာ ဖြစ်ပါတယ်။

The Rock လို့လည်း လူသိများတဲ့ Dwayne ဟာ ရုပ်ရှင်လောကထဲ မဝင်ခင်ကတော့ WWE လောကရဲ့ စတားတစ်ယောက် ဖြစ်ပါတယ်။ နောက်ပိုင်း ရုပ်ရှင်လောကထဲ ဝင်လာတဲ့အခါမှာလည်း တစထက်တစ အောင်မြင်လာခဲ့တာပါ။ ဒါကြောင့်လည်း သူ့ရဲ့ ပရိသတ်တွေဟာ နယ်ပယ် အမျိုးအစားစုံလင်နေတာ ဖြစ်ပါတယ်။

Dwayne ဟာ လက်ရှိအချိန်အထိ ဖော်လိုဝါ (၂၄၇)သန်း ရရှိထားပြီး ကြော်ငြာပို့စ်တစ်ခု တင်လိုက်တိုင်း ဒေါ်လာ (၁,၀၁၅,၀၀၀)ခန့် ရရှိနေတာ ဖြစ်ပါတယ်။

တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ သုံးနေကြတဲ့ Instagram လို ဆိုရှယ်မီဒီယာတစ်ခုမှာ ကြော်ငြာပို့စ်လေး တင်ရုံနဲ့ ဒီလို အံ့ဩစရာ ငွေကြေးတွေ ရရှိနေကြတာဟာ သာမန်လူတွေအတွက်တော့ အားကျစရာ ဖြစ်ပါတယ်။ သို့ပေမယ့်လည်း လူပေါင်းစုံ အသုံးပြုနေကြတဲ့ ဒီပလက်ဖောင်းတစ်ခုမှာ ပရိသတ်အမျိုးအစား စုံလင်‌အောင် ဖော်လိုဝါ ရှိနေဖို့ဆိုတာ တကယ်တော့ မလွယ်ကူလှပါဘူး။ ဒီနောက်ကွယ်မှာ သာမန်လူတွေ မသိ၊ မမြင်ရတဲ့ အားထုတ်မှုများစွာ ရှိနေပါတယ်။ အသင်းအဖွဲ့လိုက် ကြိုးစားလုပ်ဆောင်ရမှုတွေလည်း ရှိပါတယ်။ ဒါကြောင့် သူတို့ ဒီလိုအံ့ဩစရာ ကြော်ငြာကြေးတွေ ရရှိနေတယ်ဆိုတာဟာ တကယ် ထိုက်တန်လို့ပါပဲလို့ ဆိုချင်ပါတယ်။

Linda December

Source: therichest

(Zawgyi Version)

ပရိသတ္ေတြၾကားမွာ နာမည္ေက်ာ္ၾကား ေအာင္ျမင္တဲ့ ဆယ္လီေတြဟာ သူတို႔ရဲ႕ေက်ာ္ၾကားမႈနဲ႔ ဆိုရွယ္မီဒီယာေပၚမွာ ပိုက္ဆံအေျမာက္အမ်ား ရွာႏိုင္ၾကပါတယ္။ အလားတူပဲ ဆိုရွယ္မီဒီယာေတြေပၚမွာ နာမည္ေက်ာ္ၾကားတဲ့ influencer ေတြဟာလည္း ေၾကာ္ျငာေတြကေနတဆင့္ ဝင္ေငြအမ်ားအျပား ရရွိေနၾကပါတယ္။ ဆယ္လီလည္းျဖစ္၊ ဆိုရွယ္မီဒီယာေတြေပၚမွာလည္း ပရိသတ္ကို လႊမ္းမိုးမႈရွိတဲ့ ဆယ္လီ influencer ေတြကေတာ့ ပိုလို႔ေတာင္ ပိုက္ဆံေတြ ေသာက္ေသာက္လဲ ရေနၾကပါေသးတယ္။ ဒါေၾကာင့္ Instagram မွာ အျမင့္ဆုံး ေၾကာ္ျငာေၾကး ရရွိေနၾကတဲ့ ဆယ္လီ influencer (၈)ေယာက္ကို ေဖာ္ျပေပးလိုက္ပါတယ္။

Neymar
Photo: neymarjr/ Instagram

Neymar ဟာ ဘရာဇီးလ္ႏိုင္ငံ ေဘာလုံးအသင္းနဲ႔ Paris Saint-Germain ကလပ္အသင္းတို႔မွာ ကစားေနတဲ့ နာမည္ေက်ာ္ ေဘာလုံးသမားတစ္ေယာက္ ျဖစ္ပါတယ္။ Neymar ဟာ ေအာင္ျမင္ေက်ာ္ၾကားတဲ့ ေဘာလုံးသမားတစ္ေယာက္ ျဖစ္တာေၾကာင့္ ထုံးစံအတိုင္းပဲ ေၾကာ္ျငာေမာ္ဒယ္လ္အျဖစ္နဲ႔လည္း ဝင္ေငြေတြ ရရွိေနပါေသးတယ္။

သူဟာ ျပင္ပေၾကာ္ျငာေတြအျပင္ သူ႔ရဲ႕ ဆိုရွယ္မီဒီယာအေကာင့္ကေနလည္း ေၾကာ္ျငာခေတြ ရရွိေနတာပါ။ အေၾကာင္းကေတာ့ Neymar ဟာ သူ႔ရဲ႕ Instagram ကတဆင့္ fitness နဲ႔ ပတ္သက္တဲ့ အေလ့အထေတြ၊ အမ်ိဳးသား အသုံးအေဆာင္ပစၥည္းေတြနဲ႔ အားကစားပစၥည္းေတြနဲ႔ ပတ္သက္ၿပီးေတာ့လည္း လူသန္းေပါင္းစြာကို လႊမ္းမိုးထားႏိုင္တာေၾကာင့္ပါပဲ။

လက္ရွိအခ်ိန္အထိ Neymar ဟာ IG မွာ ေဖာ္လိုဝါ (၁၅၂)သန္း ရရွိထားၿပီး ပို႔စ္တစ္ခုမွာ ေၾကာ္ျငာ တင္ေပး႐ုံနဲ႔ ေဒၚလာ (၇၀၄,၀၀၀)ခန႔္ ရရွိေနတယ္လို႔ စစ္တမ္းေတြအရ သိရပါတယ္။

Taylor Swift
Photo: taylorswift/ Instagram

Taylor Swift ကေတာ့ ေပါ့ပ္စူပါစတားတစ္ေယာက္ ျဖစ္ၿပီး သူမရဲ႕ ဂီတသက္တမ္းတေလွ်ာက္မွာ မတူညီတဲ့ ဂီတအမ်ိဳးအစားေတြကို ကူးေျပာင္းဖန္တီးလာခဲ့သူ ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း သူမဆီမွာ ပရိသတ္အမ်ိဳးအစား ေပါင္းစုံကို သန္းေပါင္းမ်ားစြာ ပိုင္ဆိုင္ထားတာပါ။

သူမရဲ႕ အမာခံ fan base ေတြဟာလည္း အင္တာနက္ေပၚမွာ အႏွံ႔အျပား ရွိေနၿပီး Instagram မွာဆိုရင္ေတာ့ လက္ရွိအခ်ိန္အထိ ေဖာ္လိုဝါ (၁၆၄)သန္း ရွိေနပါတယ္။ IG ေပၚက ေၾကာ္ျငာပို႔စ္တစ္ခုအတြက္ သူမ ရရွိမယ့္ ခန႔္မွန္းေခ် ေၾကာ္ျငာေၾကးကေတာ့ ေဒၚလာ (၇၂၂,၀၀၀)ခန႔္ ရွိေနပါတယ္။

Justin Bieber
Photo: justinbieber/ Instagram

Justin Bieber ကေတာ့ ေပါ့ပ္စတားတစ္ေယာက္ ျဖစ္ၿပီး ဆယ္ေက်ာ္သက္႐ြယ္တည္းက ေအာင္ျမင္ေက်ာ္ၾကားတဲ့ အဆိုေတာ္တစ္ေယာက္ ျဖစ္လာခဲ့သူပါ။ JB ကေတာ့ ေနာက္ပိုင္း ငယ္႐ြယ္တဲ့ မ်ိဳးဆက္ၾကားမွာ ပိုမိုေအာင္ျမင္ေနသူ ျဖစ္ၿပီး ေမာ္ဒယ္လ္ Hailey Baldwin နဲ႔ ၾကည္ႏူးစရာ အိမ္ေထာင္ေရးကို ပိုင္ဆိုင္ထားတာေၾကာင့္လည္း ပရိသတ္ေတြရဲ႕ အခ်စ္ကို ရရွိေနသူ ျဖစ္ပါတယ္။

လက္ရွိအခ်ိန္အထိ JB ဟာ IG ေပၚမွာ ေဖာ္လိုဝါ (၁၇၈)သန္း ပိုင္ဆိုင္ထားၿပီး သူ႔အေကာင့္မွာ ေၾကာ္ျငာပို႔စ္တစ္ခု တင္ေပး႐ုံနဲ႔ ေဒၚလာ (၇၄၇,၀၀၀)ခန႔္ ရရွိေနပါတယ္။

Beyonce
Photo: beyonce/ Instagram

Pop နဲ႔ R&B ေလာကမွာ အခ်ိန္ၾကာျမင့္စြာ ေအာင္ေအာင္ျမင္ျမင္ ရပ္တည္ေနႏိုင္တဲ့ Beyonce ကေတာ့ ပရိသတ္ေတြ သည္းသည္းလႈပ္ ခ်စ္ခင္အားေပးရသူ ျဖစ္ၿပီး လက္ရွိအခ်ိန္အထိ IG ေဖာ္လိုဝါ (၁၈၇)သန္း ရရွိထားပါတယ္။ Beyonce ကေတာ့ IG ေပၚမွာ ေၾကာ္ျငာပို႔စ္တစ္ခု တင္ေပးတိုင္း ေဒၚလာ (၇၇၀,၀၀၀)ခန႔္ ရရွိတယ္လို႔ သိရပါတယ္။

Selena Gomez
Photo: selenagomez/ Instagram

Selena Gomez ကေတာ့ Disney ရႈိးေတြမွာ ကေလးသ႐ုပ္ေဆာင္ဘဝနဲ႔ စတင္ေအာင္ျမင္လာသူ ျဖစ္ပါတယ္။ အဲဒီေနာက္မွာေတာ့ သ႐ုပ္ေဆာင္ေလာကမွာတင္ မဟုတ္ဘဲ ဂီတေလာကမွာလည္း ေအာင္ျမင္တဲ့ အဆိုေတာ္တစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။ ဒါ့အျပင္ သူမဟာ ထုတ္လုပ္သူတစ္ေယာက္လည္း ျဖစ္ပါေသးတယ္။

Selena ဟာ Instagram တစ္ခုတည္းမွာတင္ ေဖာ္လိုဝါ (၂၃၈)သန္း ရရွိထားပါတယ္။ သူမဟာ ကိုယ္ပိုင္အမွတ္တံဆိပ္နဲ႔ အဝတ္အထည္၊ အလွကုန္ေတြကိုလည္း ထုတ္လုပ္ ေရာင္းခ်ေနတာေၾကာင့္ ျပင္ပကုမၸဏီေတြရဲ႕ ေၾကာ္ျငာေတြအျပင္ သူမကုမၸဏီက ေၾကာ္ျငာေတြကိုလည္း IG အေကာင့္မွာ တင္ေလ့ရွိပါတယ္။ Selena ဟာ ေၾကာ္ျငာပို႔စ္တစ္ခု တင္တိုင္း ေဒၚလာ (၈၄၈,၀၀၀)ခန႔္ ရရွိတယ္လို႔ သိရပါတယ္။

Cristiano Ronaldo
Photo: cristiano/ Instagram

Ronaldo ဟာ ပရိသတ္ေတြ ေလးစားခ်စ္ခင္ အားက်ရတဲ့ နာမည္ႀကီး ေဘာလုံးသမားတစ္ေယာက္ ျဖစ္ၿပီး ယခုလက္ရွိကမာၻရဲ႕ စြမ္းေဆာင္ရည္ အျမင့္ဆုံး ကစားသမားတစ္ေယာက္လည္း ျဖစ္ပါတယ္။ သူဟာ ေပၚတူဂီႏိုင္ငံ ေဘာလုံးအသင္းနဲ႔ Juventus ကလပ္အသင္းမွာ လက္ရွိကစားေနတဲ့ ကစားသမားတစ္ေယာက္ ျဖစ္ပါတယ္။

Ronaldo ရဲ႕ Instagram မွာေတာ့ လက္ရွိအခ်ိန္ထိ ေဖာ္လိုဝါ (၃၀၂)သန္း ရရွိထားၿပီး ေၾကာ္ျငာပို႔စ္တစ္ခု တင္ေပးတာနဲ႔ ေဒၚလာ (၈၈၉,၀၀၀)ခန႔္ ရရွိေနတယ္လို႔ သိရပါတယ္။

Kylie Jenner
Photo: kyliejenner/ Instagram

Kylie Jenner ကေတာ့ ဆယ္လီ influencer မိသားစုက ေပါက္ဖြားလာသူပီပီ လူသန္းေပါင္းမ်ားစြာကို လႊမ္းမိုးႏိုင္တဲ့ စြမ္းရည္က သူမရဲ႕ ေသြးသားထဲမွာ အလိုေလ်ာက္ စီးဝင္ေနသူ ျဖစ္ပါတယ္။ Kylie ဟာ Keeping Up With The Kardashians အပါအဝင္ နာမည္ေက်ာ္ reality show ေတြမွာ ပါဝင္ထားသူ ျဖစ္႐ုံသာမက ကိုယ္ပိုင္အလွကုန္ အမွတ္တံဆိပ္ေတြကို ကမာၻအႏွံ႔ ထုတ္လုပ္ ေရာင္းခ်ေနသူလည္း ျဖစ္ပါတယ္။

Kylie ဟာ လက္ရွိအခ်ိန္အထိ IG မွာ ေဖာ္လိုဝါ (၂၄၂)သန္း ရရွိထားၿပီး ေၾကာ္ျငာပို႔စ္တစ္ခု တင္ေပးလိုက္တိုင္း ေဒၚလာ (၉၈၆,၀၀၀)ခန႔္ ရရွိေနသူ ျဖစ္ပါတယ္။ သူမဟာ ယခင္က Instagram မွာ ေၾကာ္ျငာေၾကး အျမင့္ဆုံး ရရွိခဲ့တဲ့ ဆယ္လီ influencer ျဖစ္ပါတယ္။

Dwayne Johnson
Photo: therock/ Instagram

Dwayne Johnson ဟာ လက္ရွိမွာ ေဟာလိဝုဒ္ရဲ႕ အျမင့္ဆုံး သ႐ုပ္ေဆာင္ေၾကး ရရွိေနတဲ့ မင္းသားတစ္လက္ ျဖစ္သလို ဆိုရွယ္မီဒီယာတစ္ခုျဖစ္တဲ့ Instagram မွာလည္း ေၾကာ္ျငာေၾကး အျမင့္ဆုံး ရရွိေနသူ ျဖစ္ပါတယ္။ ယခင္ကေတာ့ ဒီေနရာကို Kylie Jenner က ရရွိထားတာျဖစ္ၿပီး ေအာင္ျမင္တဲ့ ႐ုပ္ရွင္ဇာတ္ကားေတြနဲ႔ ပရိသတ္ရဲ႕ အားေပးခ်စ္ခင္မႈကို သိသိသာသာ တိုးျမင့္ရရွိလာတဲ့ Dwayne က ေက်ာ္တက္သြားခဲ့တာ ျဖစ္ပါတယ္။

The Rock လို႔လည္း လူသိမ်ားတဲ့ Dwayne ဟာ ႐ုပ္ရွင္ေလာကထဲ မဝင္ခင္ကေတာ့ WWE ေလာကရဲ႕ စတားတစ္ေယာက္ ျဖစ္ပါတယ္။ ေနာက္ပိုင္း ႐ုပ္ရွင္ေလာကထဲ ဝင္လာတဲ့အခါမွာလည္း တစထက္တစ ေအာင္ျမင္လာခဲ့တာပါ။ ဒါေၾကာင့္လည္း သူ႔ရဲ႕ ပရိသတ္ေတြဟာ နယ္ပယ္ အမ်ိဳးအစားစုံလင္ေနတာ ျဖစ္ပါတယ္။

Dwayne ဟာ လက္ရွိအခ်ိန္အထိ ေဖာ္လိုဝါ (၂၄၇)သန္း ရရွိထားၿပီး ေၾကာ္ျငာပို႔စ္တစ္ခု တင္လိုက္တိုင္း ေဒၚလာ (၁,၀၁၅,၀၀၀)ခန႔္ ရရွိေနတာ ျဖစ္ပါတယ္။

တစ္ကမာၻလုံး အတိုင္းအတာနဲ႔ သုံးေနၾကတဲ့ Instagram လို ဆိုရွယ္မီဒီယာတစ္ခုမွာ ေၾကာ္ျငာပို႔စ္ေလး တင္႐ုံနဲ႔ ဒီလို အံ့ဩစရာ ေငြေၾကးေတြ ရရွိေနၾကတာဟာ သာမန္လူေတြအတြက္ေတာ့ အားက်စရာ ျဖစ္ပါတယ္။ သို႔ေပမယ့္လည္း လူေပါင္းစုံ အသုံးျပဳေနၾကတဲ့ ဒီပလက္ေဖာင္းတစ္ခုမွာ ပရိသတ္အမ်ိဳးအစား စုံလင္‌ေအာင္ ေဖာ္လိုဝါ ရွိေနဖို႔ဆိုတာ တကယ္ေတာ့ မလြယ္ကူလွပါဘူး။ ဒီေနာက္ကြယ္မွာ သာမန္လူေတြ မသိ၊ မျမင္ရတဲ့ အားထုတ္မႈမ်ားစြာ ရွိေနပါတယ္။ အသင္းအဖြဲ႕လိုက္ ႀကိဳးစားလုပ္ေဆာင္ရမႈေတြလည္း ရွိပါတယ္။ ဒါေၾကာင့္ သူတို႔ ဒီလိုအံ့ဩစရာ ေၾကာ္ျငာေၾကးေတြ ရရွိေနတယ္ဆိုတာဟာ တကယ္ ထိုက္တန္လို႔ပါပဲလို႔ ဆိုခ်င္ပါတယ္။

Linda December

Source: therichest

 

RELATED ARTICLES

Most Popular