HomeEntertainmentMusic2021 အောက်တိုဘာ ပထမပတ်အတွင်း အသစ်ထွက်ရှိထားတဲ့ သီချင်းကောင်းများ 

2021 အောက်တိုဘာ ပထမပတ်အတွင်း အသစ်ထွက်ရှိထားတဲ့ သီချင်းကောင်းများ 

ဆံရစ်ဝိုင်းက မလုပ်ဖြစ်တာ ကြာနေပြီဖြစ်တဲ့ ရက်သတ္တပတ်အလိုက် တေးသီချင်းသစ် စုစည်းတင်ဆက်ပေးမှုကဏ္ဍကို ပြန်လည်တင်ဆက်ပေးသွားပါတော့မယ်။  ၂၀၂၁ ခုနှစ် အောက်တိုဘာလရဲ့ ပထမပတ်အတွင်း ထွက်ရှိထားတဲ့ နိုင်ငံတကာက သီချင်းသစ်များစွာထဲက ပရိသတ်တွေ အကြိုက်တွေ့မယ့် ကောင်းနိုးရာရာများကို စုစည်းတင်ဆက်ပေးလိုက်ပါတယ်။

Justin Bieber – Ghost

ဒီသီချင်းကတော့ Justin ရဲ့ ခြောက်ခွေမြောက် စတူဒီယိုအယ်လ်ဘမ် Justice ထဲက (၁၁)ပုဒ်မြောက်သီချင်း ဖြစ်ပါတယ်။ တကယ်တော့ ဒီသီချင်းဟာ ပြီးခဲ့တဲ့ မတ်လတည်းက ထွက်ရှိခဲ့တာ ဖြစ်ပြီး အောက်တိုဘာလ(၈)ရက်နေ့မှာတော့ သီချင်းရဲ့ music video ထပ်မံ ထွက်ရှိလာတာ ဖြစ်ပါတယ်။

သီချင်းရဲ့ အဓိပ္ပာယ်ကတော့ ချစ်ခင်ရသူတွေကို ဘဝထဲက အပြီးဆုံးရှုံးလိုက်ရတဲ့ ဝမ်းနည်းမှုအကြောင်း သီဆိုထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ကိုဗစ်ကာလအတွင်း မိသားစု ဆွေမျိုး၊မိတ်ဆွေတွေ တစ်ယောက်နဲ့တစ်ယောက် တွေ့ဆုံဖို့ မလွယ်ကူကြတဲ့ ခံစားချက်ကိုလည်း ရည်ညွှန်းထားပါသေးတယ်။

ဒီသီချင်းရဲ့ ထူးခြားချက်ကတော့ Justin ရဲ့ အဖေ့ဘက်က အဘိုးဖြစ်သူရဲ့ ကွယ်လွန်မှုနဲ့လည်း ပတ်သက်နေပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၂၆)ရက်နေ့ရက်မှာ Justin က သူ့ရဲ့ အယ်လ်ဘမ်သစ် Justice ထွက်ရှိလာတော့မယ်လို့ ကြေညာလိုက်ချိန်မှာပဲ အဘိုးဖြစ်သူဟာလည်း အဲဒီနေ့မှာ ကွယ်လွန်သွားခဲ့ပါတယ်။

ယခုထွက်ရှိထားတဲ့ MV ထဲမှာတော့ Justin ရဲ့ အဘွားအဖြစ် အမေရိကန် မင်းသမီးကြီး Diane Keaton က သရုပ်ဆောင်ပေးထားပါတယ်။ လက်ရှိအချိန်အထိ ကြည့်ရှုနားဆင်သူပေါင်း (၆.၇)သန်း ရှိပါတယ်။

Lana Del Rey – Arcadia

Arcadia ကတော့ Lana ရဲ့ ရှစ်ခွေမြောက် စတူဒီယိုအယ်လ်ဘမ် Blue Banisters ထဲက လေးပုဒ်မြောက် ဆင်ဂယ်လ်သီချင်း ဖြစ်ပါတယ်။ ဒီသီချင်းထဲမှာတော့ Lana ဟာ ကယ်လီဖိုးနီးယားရဲ့ လမ်းပြမြေပုံကို သူမရဲ့ ခန္ဓာကိုယ်နဲ့ နှိုင်းယှဉ်ပြီး သီဆိုထားတာ တွေ့ရပါတယ်။ ဒီသီချင်းဟာ စက်တင်ဘာလ(၈)ရက်နေ့မှာ ထွက်ရှိခဲ့တာ ဖြစ်ပြီး official music video ပါ ထွက်ရှိထားပြီး ဖြစ်ပါတယ်။

ထပ်မံပြီး အောက်တိုဘာလ(၇)ရက်နေ့မှာပဲ Alternate Video ဆိုပြီး နောက်ထပ် music video တစ်ခု ထွက်ရှိထားပါတယ်။ လက်ရှိအချိန်အထိ ကြည့်ရှုနားဆင်သူပေါင်း (၇)သိန်းကျော် ရှိပါတယ်။

Calum Scott – Rise

မြန်မာပရိသတ်တွေကြားမှာ Dancing On My Own သီချင်းနဲ့ လူသိများတဲ့ Calum Scott ကတော့ စိတ်ဓာတ်ခွန်အားဖြစ်စေမယ့် ဆင်ဂယ်လ်တစ်ပုဒ် ထွက်ရှိထားပါတယ်။ သီချင်းနာမည်ကတော့ Rise ဖြစ်ပြီး အောက်တိုဘာလ(၁)ရက်နေ့ကပဲ ထွက်ရှိထားတာ ဖြစ်ပါတယ်။ ဒါဟာ မကြာခင်မှာ ထွက်ရှိလာတော့မယ့် သူ့ရဲ့ ဒုတိယမြောက် စတူဒီယိုအယ်လ်ဘမ်မှာ ပါဝင်သွားမယ့် ဆင်ဂယ်လ်သီချင်းလည်း ဖြစ်ပါတယ်။

Rise သီချင်းကိုတော့ လက်ရှိအချိန်အထိ Lyrics Video အနေနဲ့ပဲ ထွက်ရှိထားပါတယ်။ သီချင်းအကြောင်းအရာကတော့ လူတွေအားလုံးဟာ ဘဝရဲ့ အချိုးအကွေ့တစ်နေရာမှာ စိတ်ဓာတ်ကျတာ၊ ပိတ်မိနေတာ၊ ရှေ့ဆက်ဖို့ ခက်နေတာ စတဲ့အတားအဆီးတွေနဲ့ ကြုံတွေ့ရလေ့ ရှိပြီး ဒါတွေအားလုံးကို ဖြတ်ကျော်ပြီး ဘဝရဲ့ ပန်းတိုင်ကို အရောက်သွားဖို့ ခွန်အားပေးထားတဲ့ သီချင်းလေး ဖြစ်ပါတယ်။ လက်ရှိအချိန်အထိ နားဆင်သူပေါင်း (၅)သိန်းကျော် ရှိပါတယ်။

Tainy, Bad Bunny, Julieta Venegas – Lo Siento BB

YouTube ရဲ့ Music Trending မှာ နံပါတ်(၃)နေရာက ရပ်တည်နေတဲ့ သီချင်းကတော့ Tainy ၊ Bad Bunny ၊ Julieta Venegas တို့ သီဆိုထားတဲ့ Lo Siento BB ပဲ ဖြစ်ပါတယ်။ Lo Siento BB ရဲ့ အဓိပ္ပာယ်ကတော့ I’m Sorry Baby ပဲ ဖြစ်ပါတယ်။ ဒီသီချင်းကတော့ လက်တင်သီချင်းတစ်ပုဒ် ဖြစ်ပြီး အောက်တိုဘာလ(၅)ရက်နေ့မှာ ထွက်ရှိထားတာ ဖြစ်ပါတယ်။ လက်ရှိအချိန်အထိ ကြည့်ရှုနားဆင်သူပေါင်း (၁၁.၈)သန်းကျော် ရှိပါတယ်။

Meek Mill – Expensive Pain

Music Trending မှာ နံပါတ်(၂)နေရာက ရပ်တည်နေတဲ့ သီချင်းကတော့ Meek Mill ရဲ့ Expensive Pain ပဲ ဖြစ်ပါတယ်။ ဒီသီချင်းကတော့ Meek Mill ရဲ့ ငါးခွေမြောက် စတူဒီယိုအယ်လ်ဘမ်ထဲက ငါးပုဒ်မြောက် သီချင်းပဲ ဖြစ်ပါတယ်။ အယ်လ်ဘမ်အမည်ကလည်း Expensive Pain ပဲ ဖြစ်လို့ ခေါင်းစီးတေးလို့ ခေါ်ရမှာပါ။

အောက်တိုဘာလ(၁)ရက်နေ့က ထွက်ရှိထားပြီး ကြည့်ရှုခံစားသူပေါင်း (၃)သန်းကျော် ရှိနေပါတယ်။

Lil Wayne, Rich the Kid – Feelin’ Like Tunechi

ဒီသီချင်းကတော့ Lil Wayne ရဲ့ Trust Fund Babies mixtape ထဲက သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။ အောက်တိုဘာလ(၁)ရက်နေ့က ထွက်ရှိထားတာဖြစ်ပြီး လက်ရှိအချိန်အထိ ကြည့်ရှုနားဆင်သူပေါင်း (၂.၅)သန်းကျော် ရှိနေပါတယ်။

Jesy Nelson Featuring Nicki Minaj – Boyz

ဒီသီချင်းကတော့ Little Mix အဖွဲ့ဝင်ဟောင်း Jesy Nelson ရဲ့ ပွဲဦးထွက် ဆိုလိုဆင်ဂယ်လ် သီချင်းလည်း ဖြစ်ပါတယ်။ Featuring အနေနဲ့ကတော့ နာမည်ကျော် rapper Nicki Minaj က သီဆိုပေးထားပါတယ်။ အောက်တိုဘာလ(၈)ရက်နေ့မှာ ထွက်ရှိထားပြီး လက်ရှိအချိန်အထိ ကြည့်ရှုနားဆင်သူပေါင်း (၄.၇)သန်းကျော် ရှိနေပါတယ်။

Tech N9ne – Face Off (Feat. Joey Cool, King Iso & Dwayne Johnson)

Face Off ကတော့ မနေ့က အောက်တိုဘာလ(၉)ရက်နေ့မှာမှ ထွက်ရှိထားတဲ့ Tech N9ne ရဲ့ ဆင်ဂယ်လ်သီချင်း ဖြစ်ပါတယ်။ ဒီသီချင်းထဲမှာ Joey Cool ၊ King Iso တို့နဲ့အတူ နာမည်ကျော်မင်းသား Dwayne Johnson ကလည်း ပွဲဦးထွက် rap ဝင်ရွတ်ထားပါသေးတယ်။ လက်ရှိအချိန်အထိ ကြည့်ရှုနားဆင်သူပေါင်း (၁.၄)သန်းကျော် ရှိနေပါတယ်။

TWICE – The Feels

The Feels ကတော့ TWICE အဖွဲ့ရဲ့ ထူးခြားတဲ့သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။ ဒီသီချင်းဟာ TWICE အဖွဲ့ရဲ့ အင်္ဂလိပ်ဘာသာနဲ့ သီဆိုထားတဲ့ ပထမဆုံးသီချင်းဖြစ်ပြီး အောက်တိုဘာလ(၁)ရက်နေ့မှာ ထွက်ရှိထားပါတယ်။ လက်ရှိအချိန်အထိ ကြည့်ရှုနားဆင်သူပေါင်း (၆၁.၈)သန်းကျော် ရှိနေပါတယ်။

aespa – Savage

ဒီသီချင်းကတော့ aespa အဖွဲ့ရဲ့ ပထမဆုံး ပွဲဦးထွက် မီနီအယ်လ်ဘမ် “Savage” ထဲက ခေါင်းစီးတေး ဖြစ်ပါတယ်။ အောက်တိုဘာလ(၅)ရက်နေ့က ထွက်ရှိခဲ့တာ ဖြစ်ပြီး လက်ရှိအချိန်အထိ ကြည့်ရှုနားဆင်သူပေါင်း (၆၃)သန်းကျော် ရှိနေပါတယ်။

Jo Yuri – Glassy

Glassy ကတော့ IZ*ONE အဖွဲ့ဝင်တစ်ယောက် ဖြစ်ခဲ့တဲ့ Jo Yuri ရဲ့ ပထမဆုံး ပွဲဦးထွက် ဆိုလိုသီချင်းလေး ဖြစ်ပါတယ်။ အောက်တိုဘာလ(၇)ရက်နေ့က ထွက်ရှိထားပြီး လက်ရှိအချိန်အထိ ကြည့်ရှုနားဆင်သူပေါင်း (၁.၆)သန်းကျော် ရှိနေပါတယ်။

ဒါကတော့ အောက်တိုဘာလ ပထမပတ်အတွင်း ထွက်ရှိထားတဲ့ နိုင်ငံတကာက သီချင်းသစ်အချို့ ဖြစ်ပါတယ်။ ဘယ်တေးသီချင်းတွေကို လက်ရှိနားဆင်ဖြစ်နေလည်းဆိုတာ ပြောခဲ့ပါဦး။

Linda December

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular