HomeEntertainmentMusic2022 Grammy ဆုပေးပွဲမှာ ဆွတ်ခူးသွားကြတဲ့ Artist များ

2022 Grammy ဆုပေးပွဲမှာ ဆွတ်ခူးသွားကြတဲ့ Artist များ

၂၀၂၂ ခုနှစ် ဧပြီလ(၃)ရက်နေ့မှာ ကျင်းပ ပြုလုပ်တဲ့ (၆၄)ကြိမ်မြောက် ဂရမ်မီဆုပေးပွဲကြီးကတော့ အောင်မြင်စွာနဲ့ ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။ ဂရမ်မီဆုပေးပွဲကတော့ ကမ္ဘာ့ဂီတလောကရဲ့ ထင်ရှားပြီး ဩဇာအရှိန်အဝါ ကြီးမားတဲ့ ဆုတစ်ခု ဖြစ်ပါတယ်။ ယခုနှစ်ရဲ့ အခမ်းအနားကိုတော့ လက်စ်ဗေးဂက်စ်မြို့က MGM Grand Garden Arena မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ပွဲရဲ့ host အဖြစ် နာမည်ကျော် တင်ဆက်သူ Trevor Noah က တင်ဆက်ပေးခဲ့ပြီး အခြားသော နာမည်ကျော် artist များ ဖြစ်တဲ့ Avril Lavigne ၊ Jared Leto ၊ Dua Lipa ၊ Luda Chris ၊ Anthony Mackie ၊ Megan Thee Stallion ၊ Keith Urban ၊ Questlove အစရှိတဲ့ artist တွေက presenter အဖြစ် ဆောင်ရွက်ပေးခဲ့ကြပါတယ်။

Photo: recordingacademy/ Instagram

ယခုနှစ်ရဲ့ ဂရမ်မီဆုပေးပွဲမှာ category အလိုက် ဆွတ်ခူးသွားကြသူတွေကတော့ …

Record of the Year – ဒီဆုကိုတော့ Silk Sonic ရဲ့ Leave The Door Open သီချင်းက ရရှိသွားပါတယ်။ Silk Sonic အဖွဲ့ကတော့ Bruno Mars နဲ့ Anderson .Paak တို့ရဲ့ နှစ်ယောက်တွဲအဖွဲ့ ဖြစ်ပါတယ်။ Record of the Year ဆုကတော့ artist အပါအဝင် ထုတ်လုပ်သူတွေ၊ အသံဖမ်း အင်ဂျင်နီယာတွေ၊ mixer တွေ၊ mastering အင်ဂျင်နီယာတွေကို ချီးမြှင့် ပေးအပ်တာ ဖြစ်ပါတယ်။

Album of the Year – ဂရမ်မီဆုပေးပွဲက အရေးပါဆုံး ဆုတစ်ခုဖြစ်တဲ့ Album of the Year ဆုကိုတော့ Jon Batiste ရဲ့ We Are အယ်လ်ဘမ်က ရရှိသွားပါတယ်။ Jon Batiste ဟာ အခြားသော နာမည်ကျော် artist များ ဖြစ်ကြတဲ့ Taylor Swift ၊ Billie Eilish ၊ Kanye West ၊ Justin Bieber ၊ Lil Nas X အစရှိသူတို့ရဲ့ အယ်လ်ဘမ်တွေကို ကျော်တက်ပြီး ဒီဆုကို ဆွတ်ခူးသွားတာ ဖြစ်ပါတယ်။

Photo: recordingacademy/ Instagram

Song of the Year – တစ်နှစ်တာအတွင်း အကောင်းဆုံး သီချင်းဆုကိုတော့ Silk Sonic ရဲ့ Leave The Door Open ကပဲ ထပ်မံ ရရှိသွားပါတယ်။ ဒီဆုကတော့ တေးသီချင်းကို ရေးစပ်သီကုံးထားတဲ့ တေးရေးဆရာတွေအားလုံးကို ချီးမြှင့်တာ ဖြစ်ပါတယ်။

Best New Artist – အကောင်းဆုံး မျက်နှာသစ် artist ဆုကိုတော့ အပြိုင်အဆိုင်တွေ ကြားကပဲ Olivia Rodrigo က ရရှိသွားပါတယ်။

Photo: recordingacademy/ Instagram

POP

Best Pop Solo Performance – ပေါ့ပ်ဂီတမှာ အကောင်းဆုံး တစ်ကိုယ်တော် ဖျော်ဖြေမှုဆုကိုတော့ Olivia Rodrigo ကပဲ drivers license သီချင်းနဲ့ ရရှိသွားပါတယ်။

Best Pop Duo/Group Performance – ပေါ့ပ်ဂီတရဲ့ နှစ်ယောက်တွဲ (သို့မဟုတ်) အဖွဲ့လိုက် ဖျော်ဖြေမှုမှာ အကောင်းဆုံး တင်ဆက်မှုအဖြစ် ရရှိသွားသူကတော့ Doja Cat နဲ့ SZA တို့ဖြစ်ပြီး Kiss Me More သီချင်းနဲ့ ဆွတ်ခူးသွားတာ ဖြစ်ပါတယ်။

Photo: recordingacademy/ Instagram

Best Traditional Pop Vocal Album – ဒီဆုကိုတော့ Lady Gaga နဲ့ Tony Bennett တို့ရဲ့ Love For Sale အယ်လ်ဘမ်က ရရှိသွားပါတယ်။

Best Pop Vocal Album – အကောင်းဆုံး ပေါ့ပ်တေးအယ်လ်ဘမ် ဆုကိုတော့ Olivia Rodrigo ရဲ့ Sour အယ်လ်ဘမ်က ရရှိသွားပါတယ်။ သူမဟာ ယခုနှစ် ဂရမ်မီမှာ စုစုပေါင်း ဆုသုံးဆု ဆွတ်ခူးသွားတာလည်း ဖြစ်ပါတယ်။

Photo: recordingacademy/ Instagram

DANCE/ELECTRONIC MUSIC

Best Dance/Electronic Recording – ဒီဆုကိုတော့ Rüfüs Du Sol ရဲ့ Alive က ရရှိသွားပါတယ်။

Best Dance/Electronic Music Album – ဒီဆုကိုတော့ DJ Black Coffee ရဲ့ Subconsciously အယ်လ်ဘမ်က ရရှိသွားပါတယ်။

Photo: recordingacademy/ Instagram

CONTEMPORARY INSTRUMENTAL MUSIC

Best Contemporary Instrumental Album – ဒီဆုကိုတော့ Taylor Eigsti ရဲ့ Tree Falls အယ်လ်ဘမ်က ရရှိသွားပါတယ်။

ROCK

Best Rock Performance – ရော့ခ်ဂီတရဲ့ အကောင်းဆုံး ဖျော်ဖြေမှု ဆုကိုတော့ Foo Fighters အဖွဲ့ရဲ့ Making A Fire သီချင်းက ရရှိသွားပါတယ်။

Best Rock Album – အကောင်းဆုံး ရော့ခ်တေးအယ်လ်ဘမ် ဆုကိုလည်း Foo Fighters အဖွဲ့ရဲ့ Medicine At Midnight အယ်လ်ဘမ်က ရရှိသွားပါတယ်။

Photo: foofighters/ Instagram

Best Rock Song – အကောင်းဆုံး ရော့ခ်တေးသီချင်းဆုကိုလည်း Foo Fighters အဖွဲ့ရဲ့ Waiting On A War သီချင်းက ရရှိသွားပါတယ်။

Best Metal Performance – မက်တယ်လ် တေးဂီတရဲ့ အကောင်းဆုံး ဖျော်ဖြေမှုအဖြစ် Dream Theater အဖွဲ့ရဲ့ The Alien သီချင်းက ရရှိသွားပါတယ်။

Photo: dreamtheaterofficial/ Instagram

ALTERNATIVE

Best Alternative Music Album – အော်လ်တာနေးတစ် တေးဂီတရဲ့ အကောင်းဆုံး တေးအယ်လ်ဘမ်ဆုကိုတော့ St. Vincent ရဲ့ Daddy’s Home က ဆွတ်ခူးသွားပါတယ်။

R&B

Best R&B Performance – R&B တေးဂီတရဲ့ အကောင်းဆုံး ဖျော်ဖြေတင်ဆက်မှုကိုတော့ Jazmine Sullivan ရဲ့ Pick Up Your Feelings သီချင်းက ရရှိသွားပါတယ်။

Best Traditional R&B Performance – ဒီဆုကိုတော့ H.E.R ရဲ့ Fight For You က ရရှိသွားပါတယ်။

Photo: recordingacademy/ Instagram

Best R&B Song – အကောင်းဆုံး R&B တေးသီချင်းဆုကိုတော့ Silk Sonic ရဲ့ Leave The Door Open ကပဲ ထပ်မံ ရရှိသွားပါတယ်။

Best Progressive R&B Album – ဒီဆုကိုတော့ Lucky Daye ရဲ့ Table For Two အယ်လ်ဘမ်က ဆွတ်ခူးသွားပါတယ်။

Best R&B Album – အကောင်းဆုံး R&B တေးအယ်လ်ဘမ်ဆုကိုတော့ Jazmine Sullivan ရဲ့ Heaux Tales အယ်လ်ဘမ်က ရရှိသွားပါတယ်။ ဒီဆုကတော့ အယ်လ်ဘမ်ထဲက (၅၁)ရာခိုင်နှုန်းကျော်ဟာ R&B တေးဂီတအမျိုးအစား ဖြစ်တဲ့ တေးအယ်လ်ဘမ်တွေကို ရွေးချယ် ချီးမြှင့်ပေးတာ ဖြစ်ပါတယ်။

RAP

Best Rap Performance – အကောင်းဆုံး rap ဖျော်ဖြေမှုကိုတော့ Baby Keem နဲ့ Kendrick Lamar တို့ရဲ့ Family Ties သီချင်းက ရရှိသွားပါတယ်။

Best Melodic Rap Performance – အကောင်းဆုံး melodic rap ဖျော်ဖြေမှုမှာတော့ Kanye West နဲ့ The Weeknd ၊ Lil Baby တို့ Featuring ပါဝင်သီဆိုထားတဲ့ Hurricane သီချင်းက ရရှိသွားပါတယ်။

Photo: recordingacademy/ Instagram

Best Rap Song – အကောင်းဆုံး rap သီချင်းဆုကိုတော့ Kanye West နဲ့ Jay Z တို့ သီဆိုထားတဲ့ Jail သီချင်းက ရရှိသွားပါတယ်။

Best Rap Album – အကောင်းဆုံး rap တေးအယ်လ်ဘမ်ဆုကိုတော့ Tyler, The Creator ရဲ့ Call Me If You Get Lost အယ်လ်ဘမ်က ရရှိသွားပါတယ်။

COUNTRY

Best Country Solo Performance – country တေးဂီတရဲ့ အကောင်းဆုံး တစ်ကိုယ်တော် ဖျော်ဖြေမှုဆုကိုတော့ Chris Stapleton ရဲ့ You Should Probably Leave သီချင်းက ရရှိသွားပါတယ်။

Best Country Duo/Group Performance – country တေးဂီတရဲ့ အဖွဲ့လိုက် (သို့မဟုတ်) နှစ်ယောက်တွဲ ဖျော်ဖြေမှု ဆုကိုတော့ Brothers Osborne ရဲ့ Younger Me က ရရှိသွားပါတယ်။

Photo: recordingacademy/ Instagram

Best Country Song – အကောင်းဆုံး country တေးသီချင်းဆုကိုလည်း Chris Stapleton ရဲ့ Cold သီချင်းက ရရှိသွားပါတယ်။

Best Country Album – အကောင်းဆုံး country တေးအယ်လ်ဘမ်ဆုကိုလည်း Chris Stapleton ရဲ့ Starting Over က ရရှိသွားပါတယ်။ Chris Stapleton ဟာ ယခုနှစ်ရဲ့ ဂရမ်မီဆုပေးပွဲမှာ စုစုပေါင်း ဆုသုံးဆုကို ဆွတ်ခူးသွားတာ ဖြစ်ပါတယ်။

ဒါကတော့ ၂၀၂၂ ခုနှစ်ရဲ့ ဂရမ်မီဆုပေးပွဲရဲ့ နာမည်ကြီး category တွေမှာ ဆွတ်ခူးသွားကြတဲ့ artist တွေပဲ ဖြစ်ပါတယ်။ ယခုနှစ်ရဲ့ ဆုရသူစာရင်းဟာ စာဖတ်သူတို့ မျှော်မှန်းထားတာနဲ့ ဘယ်လောက်ထိ နီးစပ်မှုရှိလည်းဆိုတာ ကောမန့်မှာ ဆွေးနွေးခဲ့ပါဦး။

Vancouver
RELATED ARTICLES

Most Popular