HomeBiographyထူးခြားတဲ့စတိုင်လ်နဲ့ ဂီတလောကထဲကို ထိုးဖောက်လာခဲ့တဲ့ Billie Eilish ရဲ့ဘဝပုံရိပ်လွှာ

ထူးခြားတဲ့စတိုင်လ်နဲ့ ဂီတလောကထဲကို ထိုးဖောက်လာခဲ့တဲ့ Billie Eilish ရဲ့ဘဝပုံရိပ်လွှာ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Billie Eilish ဟာ အသက်ငယ်ငယ်လေးနဲ့ ပရိသတ်အမြောက်အများ ပိုင်ဆိုင်ထားတဲ့ ကမ္ဘာကျော် အဆိုတော်တစ်ယောက် ဖြစ်ပါတယ်။ သူမရဲ့ထူးခြားတဲ့ တေးဆိုဟန်၊ အများတကာနဲ့ မတူကွဲပြားတဲ့ ဖက်ရှင်တွေကြောင့်လည်း ပရိသတ်တွေကြားထဲမှာ ပိုပြီးထင်ပေါ်ကျော်ကြားသူ ဖြစ်ပါတယ်။ မကြာသေးခင်ကမှ အသက်(၁၈)နှစ်ပြည့်ထားတဲ့ အဆိုတော်မလေး Billie Eilish ရဲ့ ဘဝအစိတ်အပိုင်းအချို့ကို ဖော်ပြပေးရမယ်ဆိုရင်တော့ …

Billie ဟာ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်မြို့မှာ ဒီဇင်ဘာလ(၁၈) ရက် ၂၀၀၁ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ နာမည်အရင်းကတော့ Billie Eilish Pirate Baird O’Connell ဖြစ်ပါတယ်။ သူမဟာ အနုပညာရှင်မိသားစုက မွေးဖွားလာသူမို့ ငယ်စဉ်ကတည်းက အနုပညာနဲ့ လက်ပွန်းတတီး ရှိနေခဲ့သူ ဖြစ်ပါတယ်။

Photo: billieeilish/ Instagram

သူမရဲ့မိခင် Maggie Baird ဟာ သရုပ်ဆောင်တစ်ယောက်လည်း ဖြစ်သလို ဇာတ်ညွှန်းရေးသူလည်းဖြစ်ပါတယ်။ ဒါ့အပြင် တေးရေး၊ တေးဆိုတစ်ယောက်လည်း ဖြစ်ပါသေးတယ်။ ဖခင်ကတော့ Patrick O’ Connell ဖြစ်ပြီး အမေရိကန်သရုပ်ဆောင်တစ်ယောက်ပါ။ အစ်ကိုဖြစ်သူ Finneas ကလည်း တေးရေး၊တေးဆို၊ သရုပ်ဆောင်စတာတွေကို ပရော်ဖက်ရှင်နယ်လ် လုပ်ကိုင်နေတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်ပါတယ်။

Billie ဟာ နာမည်ကျော် The Beatles အဖွဲ့ရဲ့သီချင်းတွေနဲ့ Avril Lavigne ရဲ့ သီချင်းတွေကို နားထောင်ပြီး ကြီးပြင်းလာခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် အဆိုတော် Justin Bieber ရဲ့ အမာခံပရိသတ်တစ်ယောက်လည်း ဖြစ်ပါတယ်။

Photo: billieeilish/ Instagram

သူမဟာ အများသူငါလို ကျောင်းတက်ပြီး ပညာသင်ယူခဲ့တာ မဟုတ်ဘဲ အစ်ကိုဖြစ်သူ Finneas နဲ့အတူ အိမ်မှာ ဆရာခေါ်သင်ခဲ့တာပါ။ သို့ပေမယ့် ကျောင်းတက်နေတဲ့ ကလေးတွေလိုပဲ ပြင်ပလှုပ်ရှား သင်ယူမှုတွေကိုတော့ အခါမလပ် လုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။ ဂီတမျိုးရိုးရှိနေတဲ့ မိသားစုက ဆင်းသက်လာသူမို့ သူမရဲ့သွေးထဲမှာ ဂီတနဲ့ အကကို ရူးသွပ်တဲ့ ဗီဇတွေက ပါလာခဲ့ပါတယ်။

ဒါကြောင့်ပဲ အသက်ရှစ်နှစ်အရွယ်တည်းက Choir အဖွဲ့ထဲကို ဝင်ပြီး သုံးနှစ်လောက် ဓမ္မတေးတွေ သီဆိုခဲ့တာ ဖြစ်ပါတယ်။ အသက်ဆယ့်တစ်နှစ်အရွယ် ရောက်တဲ့အခါမှာတော့ သူမကိုယ်တိုင် သီချင်းတွေကို ရေးသားစပ်ဆိုနေနိုင်တဲ့ အနေအထားကို ရောက်နေပါပြီ။ Billie ဟာ သူမရဲ့ဖခင်လိုပဲ ဗွီဒီယိုလေးတွေ ရိုက်ကူးဖန်တီးရတာကို သဘောကျတာမို့ ဇာတ်လမ်းတိုပေါင်းများစွာကို ကိုယ်တိုင်ဖန်တီး၊ ရိုက်ကူးခဲ့ဖူးပါတယ်။

Photo: billieeilish/ Instagram

သရုပ်ဆောင်တာ၊ သီချင်းရေးတာ၊ဆိုတာတွေအပြင် အကမှာလည်း ဝါသနာထုံသူ ဖြစ်ပါတယ်။ ဆယ်ကျော်သက်အရွယ် အစောပိုင်းမှာတည်းက အကသင်တန်းတွေကို တက်ရောက်သင်ယူထားသူလည်း ဖြစ်ပါတယ်။ ဒီလိုကျယ်ပြန့်တဲ့ အနုပညာရပ်တွေမှာ ထူးချွန်ထားသူဖြစ်လို့ Billie ဟာ ဖျော်ဖြေရေးလောကထဲမှာ တကယ့် အောင်မြင်တဲ့နေရာတစ်ခု ရရှိဖို့ ငယ်စဉ်တည်းက အိပ်မက်မက်ထားသူ ဖြစ်ပါတယ်။

သူမရဲ့ ဂီတခရီးလမ်းအစကတော့ အစ်ကိုဖြစ်သူရဲ့ ကောင်းမှုကြောင့် ဖြစ်ပါတယ်။ သူမရဲ့အစ်ကို Finneas ဟာ ကိုယ်ပိုင်တီးဝိုင်းအဖွဲ့ရှိပြီး တစ်ရက်မှာတော့ သူရေးသားထားတဲ့ Ocean Eyes ဆိုတဲ့သီချင်းကို Billie ရဲ့အသံနဲ့ သီဆိုပေးဖို့ တောင်းဆိုလာခဲ့ပါတယ်။ မူလက အဲ့ဒီ့သီချင်းဟာ Billie ရဲ့ အကသင်တန်းအတွက်ပဲ ရည်ရွယ်ထားခဲ့တာပါ။ Billie သီဆိုထားတဲ့ အဲ့ဒီ့သီချင်းလေးကို အကသင်တန်းက ဆရာမကို ပေးလိုက်တဲ့အခါ အကုန်လုံးက နားထောင်ကြည့်ပြီး SoundCloud မှာ တင်ဖို့ အကြံဝိုင်းပြုကြပါတယ်။

Photo: billieeilish/ Instagram

ဒီလိုနဲ့ Ocean Eyes ကို ၂၀၁၆ခုနှစ်အစောပိုင်းလောက်မှာ SoundCloud မှာ တင်လိုက်ပြီး ဘယ်လောက်မှ မကြာသေးတဲ့အချိန်မှာပဲ ဆယ်သန်းကျော် နားထောင်ထားတဲ့ ဟစ်သီချင်း ဖြစ်သွားပါတယ်။ ဓာတ်ပြားတိုက် အများအပြားဟာ ဒီသီချင်းရဲ့ မူပိုင်ခွင့်ကို ဝယ်ယူဖို့ ကမ်းလှမ်းခဲ့ကြပြီး ဒါဟာ Billie အတွက် မမျှော်လင့်ထားတဲ့ အချိုးအကွေ့ဖြစ်ကာ အောင်မြင်မှုတွေနဲ့ ဂီတခရီးကို စတင်ဖွင့်လှစ်ခွင့် ရခဲ့ပါတယ်။

အခုဆိုရင်တော့ သူမရဲ့ ပထမဆုံး ထွက်ရှိထားတဲ့ စတူဒီယိုအယ်လ်ဘမ် When We All Fall Asleep, Where Do We Go နဲ့ ဂရမ်မီဆုငါးဆုကို ပိုင်ဆိုင်ထားတဲ့ ကမ္ဘာကျော်အဆိုတော်တစ်ယောက် ဖြစ်နေပါပြီ။ ၂၀၂၀ခုနှစ်အထိ သူမရဲ့ခန့်မှန်းချေ ကြွယ်ဝမှုကတော့ ဒေါ်လာ(၃၁)သန်း ရှိနေပါတယ်။

Photo: billieeilish/ Instagram

အောင်မြင်လာပြီးနောက်ပိုင်းမှာတော့ အားပေးတဲ့သူတွေလည်း များခဲ့သလို ဝေဖန်တဲ့သူတွေလည်း များခဲ့ပါတယ်။ အချို့လူတွေကတော့ သူမဟာ ဓာတ်ပုံရိုက်တဲ့အခါမှာ တစ်ခါမှ မပြုံးလို့ဆိုပြီး ဝေဖန်ကြပါတယ်။ သူမကတော့ ပြုံးလိုက်ရင် ကိုယ့်ကိုယ်ကို အားနည်းတယ်လို့ ခံစားရတာကြောင့် ပြုံးရတာကို မကြိုက်ဘူးလို့ ဝေဖန်မှုတွေကို ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ ဒါ့အပြင် သူမရဲ့ အများနဲ့မတူဘဲ ဆန်းပြားတဲ့ ဖက်ရှင်တွေကြောင့်လည်း အဝေဖန်ခံရပေမယ့် သူမကတော့ ဝေဖန်မှုတွေကို ဂရုမစိုက်ဘဲ သူမ အိပ်မက်ထားတဲ့ ဂီတခရီးလမ်းကို ဆက်လက်လျှောက်လှမ်းနေပါတယ်လို့ ဆိုရင်း … ။

Lego Les

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi version)

Billie Eilish ဟာ အသက္ငယ္ငယ္ေလးနဲ႔ ပရိသတ္အေျမာက္အမ်ား ပိုင္ဆိုင္ထားတဲ့ ကမာၻေက်ာ္ အဆိုေတာ္တစ္ေယာက္ ျဖစ္ပါတယ္။ သူမရဲ႕ထူးျခားတဲ့ ေတးဆိုဟန္၊ အမ်ားတကာနဲ႔ မတူကြဲျပားတဲ့ ဖက္ရွင္ေတြေၾကာင့္လည္း ပရိသတ္ေတြၾကားထဲမွာ ပိုၿပီးထင္ေပၚေက်ာ္ၾကားသူ ျဖစ္ပါတယ္။ မၾကာေသးခင္ကမွ အသက္(၁၈)ႏွစ္ျပည့္ထားတဲ့ အဆိုေတာ္မေလး Billie Eilish ရဲ႕ ဘဝအစိတ္အပိုင္းအခ်ိဳ႕ကို ေဖာ္ျပေပးရမယ္ဆိုရင္ေတာ့ …

Billie ဟာ အေမရိကန္ႏိုင္ငံ၊ ကယ္လီဖိုးနီးယားျပည္နယ္ ေလာ့စ္အိန္ဂ်လိစ္ၿမိဳ႕မွာ ဒီဇင္ဘာလ(၁၈) ရက္ ၂၀၀၁ခုႏွစ္မွာ ေမြးဖြားခဲ့ပါတယ္။ နာမည္အရင္းကေတာ့ Billie Eilish Pirate Baird O’Connell ျဖစ္ပါတယ္။ သူမဟာ အႏုပညာရွင္မိသားစုက ေမြးဖြားလာသူမို႔ ငယ္စဥ္ကတည္းက အႏုပညာနဲ႔ လက္ပြန္းတတီး ရွိေနခဲ့သူ ျဖစ္ပါတယ္။

Photo: billieeilish/ Instagram

သူမရဲ႕မိခင္ Maggie Baird ဟာ သ႐ုပ္ေဆာင္တစ္ေယာက္လည္း ျဖစ္သလို ဇာတ္ၫႊန္းေရးသူလည္းျဖစ္ပါတယ္။ ဒါ့အျပင္ ေတးေရး၊ ေတးဆိုတစ္ေယာက္လည္း ျဖစ္ပါေသးတယ္။ ဖခင္ကေတာ့ Patrick O’ Connell ျဖစ္ၿပီး အေမရိကန္သ႐ုပ္ေဆာင္တစ္ေယာက္ပါ။ အစ္ကိုျဖစ္သူ Finneas ကလည္း ေတးေရး၊ေတးဆို၊ သ႐ုပ္ေဆာင္စတာေတြကို ပေရာ္ဖက္ရွင္နယ္လ္ လုပ္ကိုင္ေနတဲ့ အႏုပညာရွင္တစ္ေယာက္ ျဖစ္ပါတယ္။

Billie ဟာ နာမည္ေက်ာ္ The Beatles အဖြဲ႕ရဲ႕သီခ်င္းေတြနဲ႔ Avril Lavigne ရဲ႕ သီခ်င္းေတြကို နားေထာင္ၿပီး ႀကီးျပင္းလာခဲ့သူ ျဖစ္ပါတယ္။ ဒါ့အျပင္ အဆိုေတာ္ Justin Bieber ရဲ႕ အမာခံပရိသတ္တစ္ေယာက္လည္း ျဖစ္ပါတယ္။

Photo: billieeilish/ Instagram

သူမဟာ အမ်ားသူငါလို ေက်ာင္းတက္ၿပီး ပညာသင္ယူခဲ့တာ မဟုတ္ဘဲ အစ္ကိုျဖစ္သူ Finneas နဲ႔အတူ အိမ္မွာ ဆရာေခၚသင္ခဲ့တာပါ။ သို႔ေပမယ့္ ေက်ာင္းတက္ေနတဲ့ ကေလးေတြလိုပဲ ျပင္ပလႈပ္ရွား သင္ယူမႈေတြကိုေတာ့ အခါမလပ္ လုပ္ေဆာင္ခဲ့သူ ျဖစ္ပါတယ္။ ဂီတမ်ိဳး႐ိုးရွိေနတဲ့ မိသားစုက ဆင္းသက္လာသူမို႔ သူမရဲ႕ေသြးထဲမွာ ဂီတနဲ႔ အကကို ႐ူးသြပ္တဲ့ ဗီဇေတြက ပါလာခဲ့ပါတယ္။

ဒါေၾကာင့္ပဲ အသက္ရွစ္ႏွစ္အ႐ြယ္တည္းက Choir အဖြဲ႕ထဲကို ဝင္ၿပီး သုံးႏွစ္ေလာက္ ဓမၼေတးေတြ သီဆိုခဲ့တာ ျဖစ္ပါတယ္။ အသက္ဆယ့္တစ္ႏွစ္အ႐ြယ္ ေရာက္တဲ့အခါမွာေတာ့ သူမကိုယ္တိုင္ သီခ်င္းေတြကို ေရးသားစပ္ဆိုေနႏိုင္တဲ့ အေနအထားကို ေရာက္ေနပါၿပီ။ Billie ဟာ သူမရဲ႕ဖခင္လိုပဲ ဗြီဒီယိုေလးေတြ ႐ိုက္ကူးဖန္တီးရတာကို သေဘာက်တာမို႔ ဇာတ္လမ္းတိုေပါင္းမ်ားစြာကို ကိုယ္တိုင္ဖန္တီး၊ ႐ိုက္ကူးခဲ့ဖူးပါတယ္။

Photo: billieeilish/ Instagram

သ႐ုပ္ေဆာင္တာ၊ သီခ်င္းေရးတာ၊ဆိုတာေတြအျပင္ အကမွာလည္း ဝါသနာထုံသူ ျဖစ္ပါတယ္။ ဆယ္ေက်ာ္သက္အ႐ြယ္ အေစာပိုင္းမွာတည္းက အကသင္တန္းေတြကို တက္ေရာက္သင္ယူထားသူလည္း ျဖစ္ပါတယ္။ ဒီလိုက်ယ္ျပန႔္တဲ့ အႏုပညာရပ္ေတြမွာ ထူးခြၽန္ထားသူျဖစ္လို႔ Billie ဟာ ေဖ်ာ္ေျဖေရးေလာကထဲမွာ တကယ့္ ေအာင္ျမင္တဲ့ေနရာတစ္ခု ရရွိဖို႔ ငယ္စဥ္တည္းက အိပ္မက္မက္ထားသူ ျဖစ္ပါတယ္။

သူမရဲ႕ ဂီတခရီးလမ္းအစကေတာ့ အစ္ကိုျဖစ္သူရဲ႕ ေကာင္းမႈေၾကာင့္ ျဖစ္ပါတယ္။ သူမရဲ႕အစ္ကို Finneas ဟာ ကိုယ္ပိုင္တီးဝိုင္းအဖြဲ႕ရွိၿပီး တစ္ရက္မွာေတာ့ သူေရးသားထားတဲ့ Ocean Eyes ဆိုတဲ့သီခ်င္းကို Billie ရဲ႕အသံနဲ႔ သီဆိုေပးဖို႔ ေတာင္းဆိုလာခဲ့ပါတယ္။ မူလက အဲ့ဒီ့သီခ်င္းဟာ Billie ရဲ႕ အကသင္တန္းအတြက္ပဲ ရည္႐ြယ္ထားခဲ့တာပါ။ Billie သီဆိုထားတဲ့ အဲ့ဒီ့သီခ်င္းေလးကို အကသင္တန္းက ဆရာမကို ေပးလိုက္တဲ့အခါ အကုန္လုံးက နားေထာင္ၾကည့္ၿပီး SoundCloud မွာ တင္ဖို႔ အႀကံဝိုင္းျပဳၾကပါတယ္။

Photo: billieeilish/ Instagram

ဒီလိုနဲ႔ Ocean Eyes ကို ၂၀၁၆ခုႏွစ္အေစာပိုင္းေလာက္မွာ SoundCloud မွာ တင္လိုက္ၿပီး ဘယ္ေလာက္မွ မၾကာေသးတဲ့အခ်ိန္မွာပဲ ဆယ္သန္းေက်ာ္ နားေထာင္ထားတဲ့ ဟစ္သီခ်င္း ျဖစ္သြားပါတယ္။ ဓာတ္ျပားတိုက္ အမ်ားအျပားဟာ ဒီသီခ်င္းရဲ႕ မူပိုင္ခြင့္ကို ဝယ္ယူဖို႔ ကမ္းလွမ္းခဲ့ၾကၿပီး ဒါဟာ Billie အတြက္ မေမွ်ာ္လင့္ထားတဲ့ အခ်ိဳးအေကြ႕ျဖစ္ကာ ေအာင္ျမင္မႈေတြနဲ႔ ဂီတခရီးကို စတင္ဖြင့္လွစ္ခြင့္ ရခဲ့ပါတယ္။

အခုဆိုရင္ေတာ့ သူမရဲ႕ ပထမဆုံး ထြက္ရွိထားတဲ့ စတူဒီယိုအယ္လ္ဘမ္ When We All Fall Asleep, Where Do We Go နဲ႔ ဂရမ္မီဆုငါးဆုကို ပိုင္ဆိုင္ထားတဲ့ ကမာၻေက်ာ္အဆိုေတာ္တစ္ေယာက္ ျဖစ္ေနပါၿပီ။ ၂၀၂၀ခုႏွစ္အထိ သူမရဲ႕ခန႔္မွန္းေခ် ႂကြယ္ဝမႈကေတာ့ ေဒၚလာ(၃၁)သန္း ရွိေနပါတယ္။

Photo: billieeilish/ Instagram

ေအာင္ျမင္လာၿပီးေနာက္ပိုင္းမွာေတာ့ အားေပးတဲ့သူေတြလည္း မ်ားခဲ့သလို ေဝဖန္တဲ့သူေတြလည္း မ်ားခဲ့ပါတယ္။ အခ်ိဳ႕လူေတြကေတာ့ သူမဟာ ဓာတ္ပုံ႐ိုက္တဲ့အခါမွာ တစ္ခါမွ မၿပဳံးလို႔ဆိုၿပီး ေဝဖန္ၾကပါတယ္။ သူမကေတာ့ ၿပဳံးလိုက္ရင္ ကိုယ့္ကိုယ္ကို အားနည္းတယ္လို႔ ခံစားရတာေၾကာင့္ ၿပဳံးရတာကို မႀကိဳက္ဘူးလို႔ ေဝဖန္မႈေတြကို ျပန္လည္တုံ႔ျပန္ခဲ့ပါတယ္။ ဒါ့အျပင္ သူမရဲ႕ အမ်ားနဲ႔မတူဘဲ ဆန္းျပားတဲ့ ဖက္ရွင္ေတြေၾကာင့္လည္း အေဝဖန္ခံရေပမယ့္ သူမကေတာ့ ေဝဖန္မႈေတြကို ဂ႐ုမစိုက္ဘဲ သူမ အိပ္မက္ထားတဲ့ ဂီတခရီးလမ္းကို ဆက္လက္ေလွ်ာက္လွမ္းေနပါတယ္လို႔ ဆိုရင္း … ။

Lego Les

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular