HomeBiographyမင်းသားချော Hyun Binအကြောင်း စိတ်ဝင်စားစရာအချက်(၅)ချက်

မင်းသားချော Hyun Binအကြောင်း စိတ်ဝင်စားစရာအချက်(၅)ချက်

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

စစ်ယူနီဖောင်းနဲ့ လိုက်ဖက်လွန်းပြီး ဗိုလ်ကြီးလို့ ချစ်စနိုးခေါ်ကြတဲ့ မင်းသားချော Hyun Bin ဟာ ကေဒရာမာ ပရိသတ်များစွာရဲ့ အားပေးမှုနဲ့ ချစ်ခြင်းကို ရယူထားနိုင်တဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်ပါတယ်။ ဒါကြောင့် တည်ငြိမ်ရင့်ကျက်တဲ့ ဟန်အပြည့်နဲ့ မိန်းကလေးထုရဲ့ အသည်းကို ခြွေချနိုင်တဲ့ ဗိုလ်ကြီး(ခေါ်) Hyun Bin ရဲ့အကြောင်း စိတ်ဝင်စားစရာ အချက်ငါးချက်ကို ဖော်ပြပေးလိုက်ပါတယ်။

Hyun Bin ဟာ သီးသန့်နေထိုင်တတ်သူ ဖြစ်ပါတယ်။
photo via withhyunbin/instagram

မင်းသား Hyun Bin ဟာ စကားနည်းတဲ့ သရုပ်ဆောင်တစ်ယောက်ပါဆိုပြီး The Korea Times သတင်းဌာနက ဖော်ပြခဲ့ဖူးပါတယ်။ Hyun Bin ဟာ introvert တစ်ယောက် ဖြစ်တာမို့ စကားနည်းရုံတင်မက ရှက်တတ်ပြီး ကင်မရာမီးရောင်တွေနဲ့ အဝေးမှာ နေချင်သူတစ်ယောက် ဖြစ်ပါတယ်။ သူ့ရဲ့ တကယ့်နေထိုင်မှုပုံစံဟာ သူသရုပ်ဆောင်ခဲ့တဲ့ Secret Garden ဇာတ်လမ်းထဲက ဇာတ်ကောင် Joo-won လိုမျိုး မဟုတ်ဘဲ The Late Autumn ထဲက ဇာတ်ကောင် Hoon လိုပုံစံပါလို့ KBS World ကို ပြောပြခဲ့ပါသေးတယ်။ “ကျွန်တော်က Hoon ဇာတ်ကောင်နဲ့ ပိုတူပါတယ်။ သူက သူ့အတွေးတွေကို ရင်ထဲမှာပဲ သိမ်းထားတတ်တယ်။ ပြီးတော့မှ သူ့ခံစားချက်တွေကို တစ်ခြားနည်းလမ်းနဲ့ ထုတ်ဖော်ပြသတတ်တယ်…” လို့ ပြောထားဖူးပါတယ်။

Rock band တစ်ခုထဲကို ဝင်လုနီးနီး ဖြစ်ခဲ့ဖူးပါတယ်။
photo via withhyunbin/instagram

Buzz ဆိုတဲ့ ရော့ခ်ဂီတဝိုင်းက Hyun Bin ဟာ သူတို့အဖွဲ့ထဲမှာ ပါဝင်ပြီး lead vocals ဖြစ်လာဖို့ နီးစပ်ခဲ့ပါသေးတယ်လို့ ပြောပြခဲ့ပါတယ်။ တကယ်တမ်း ဒီအဖွဲ့မှာ lead vocalist ဖြစ်သွားတဲ့ Min Kyung-hoon က Hyun Bin အဖွဲ့ထဲကို မဝင်ဖြစ်တဲ့အကြောင်းကို SBS PowerFM မှာ စနောက်ပြီး ပြောခဲ့ဖူးပါသေးတယ်။ Hyun Bin ထက် သူ့အသံနဲ့ သီဆိုဟန်က အဖွဲ့ရဲ့သီချင်းတွေနဲ့ ပိုပြီးလိုက်ဖက်လို့ပါဆိုပြီး Min Kyung-hoon က စနောက်ပြီး ပြောပြခဲ့ပါတယ်။

စစ်မှုထမ်းရင်း စိတ်ကိုအနားပေးခဲ့တဲ့ Hyun Bin
photo via withhyunbin/instagram

Hyun Bin ဟာ သရုပ်ဆောင်တစ်ယောက်အနေနဲ့ အထွဋ်အထိပ်‌ ရောက်နေတဲ့အချိန်မှာ စစ်မှုထမ်းဖို့ စာရင်းပေးခဲ့ပြီး ရေတပ်မှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ စစ်မှုထမ်းမဝင်ခင် တစ်လလောက်အလိုမှာ KBS World နဲ့ အင်တာဗျူးလုပ်ပြီး သူ့ခံစားချက်တွေကို ပြောပြခဲ့ပါတယ်။ “ကျွန်တော့်အသက် နှစ်ဆယ်ကျော်အရွယ်မှာ အချိန်အများစုကို ကျွန်တော်သရုပ်ဆောင်ရမယ့် ကာရိုက်တာအကြောင်း ခွဲခြမ်းစိတ်ဖြာပြီး လေ့လာရတာ၊ လေ့ကျင့်ရတာတွေနဲ့ အချိန်ကုန်ခဲ့ပါတယ်။ ဒါပေမယ့် အခုလာမယ့်နှစ်နှစ်ကိုတော့ ကျွန်တော့်ကိုယ်ကျွန်တော် အာရုံစိုက်ချင်ပါတယ်။ Kim Tae-pyung ဆိုတဲ့ လူတစ်ယောက်ရဲ့ ကိုယ်ပိုင်ကမ္ဘာတစ်ခုအကြောင်း ကျွန်တော် ရှာဖွေချင်ပါသေးတယ် …” လို့ သူ့ရဲ့အမည်အရင်းကိုပါ ရည်ညွှန်းပြီး ဖွင့်ဟခဲ့ပါတယ်။

စစ်မှုထမ်းက ပြန်လာပြီး နှစ်အနည်းငယ် အကြာမှာတော့ Leaving Work with the Stars ဆိုတဲ့ ရှိုးရဲ့ အပိုင်းတစ်ခုမှာ စစ်မှုထမ်းရတဲ့အချိန်တွေဟာ သူ့အတွက် စိတ်ကိုအနားပေးပြီး အားပြန်မွေးလို့ရခဲ့တယ်လို့ ပြောပြခဲ့ပါတယ်။ “အဲ့ဒီ့အချိန်က ကျွန်တော့်အလုပ်တွေကနေ အနားယူပြီး ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်သုံးသပ်လို့ ရခဲ့ပါတယ်… ” လို့ Hyun Bin က ဆိုခဲ့ပါတယ်။

အရက်အများကြီး မသောက်နိုင်တဲ့ Hyun Bin
photo via withhyunbin/instagram

Hyun Bin ဟာ အရက်နဲ့ ပတ်သက်လာရင် အများကြီးသောက်နိုင်တဲ့သူမျိုး မဟုတ်ပါဘူးလို့ ကိုယ်တိုင် ဝန်ခံခဲ့ဖူးပါတယ်။ ဆိုဂျူး တစ်ပုလင်း၊ ဒါမှမဟုတ် တစ်ပုလင်းနဲ့တစ်ဝက်လောက်ပဲ သောက်လိုက်တယ်ဆိုရင်တောင် မျက်နှာတစ်ခုလုံးရော ခန္ဓာကိုယ်တစ်ခုလုံးပါ နီရဲလာတတ်တယ်လို့ ဆိုပါတယ်။

ဆယ်လီတစ်ယောက် ဖြစ်ရတဲ့အဓိပ္ပာယ်အပေါ် သူ့အမြင်
photo via withhyunbin/instagram

Hyun Bin ဟာ ဆယ်လီတစ်ယောက် ဖြစ်တာကြောင့် ကြီးကျယ်တာတွေပဲ လုပ်ရမယ်ဆိုပြီး ခံယူထားတဲ့သူမျိုး မဟုတ်ဘဲ သူ့စိတ်ထဲမှာ ရှိတာကိုပဲ လုပ်လေ့ရှိသူ ဖြစ်ပါတယ်။ “တစ်ခြားသူတွေရဲ့အမြင်ကို ဂရုစိုက်နေစရာမလိုဘဲ ကျွန်တော်လုပ်ချင်တာလေးတွေကိုပဲ လုပ်ချင်မိတဲ့အချိန်တွေ ရှိတယ်။ သေးသေးမွှားမွှားလေးတွေ၊ ဘာမှအရေးမပါတာလေးတွေ ဖြစ်ချင်လည်း ဖြစ်မယ်ဗျာ… ” ဆိုပြီး Soompi နဲ့ အင်တာဗျူးတစ်ခုမှာ ပြောပြဖူးပါတယ်။

ဒါကတော့ ကိုရီးယားဒရာမာတွေရဲ့ အထင်ကရ သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး မိန်းကလေးထုရဲ့ အသည်းစွဲ မင်းသား Hyun Bin နဲ့ ပတ်သက်ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ ကိုယ်ရေးကိုယ်တာအချက်ငါးချက်ပဲ ဖြစ်ပါတယ်။ ဖတ်ပြီးလို့ နှစ်သက်တယ်ဆို မိတ်ဆွေတွေလည်း ဖတ်နိုင်အောင် ရှဲသွားပေးပါဦး။

Lego Les

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

စစ္ယူနီေဖာင္းနဲ႔ လိုက္ဖက္လြန္းၿပီး ဗိုလ္ႀကီးလို႔ ခ်စ္စႏိုးေခၚၾကတဲ့ မင္းသားေခ်ာ Hyun Bin ဟာ ေကဒရာမာ ပရိသတ္မ်ားစြာရဲ႕ အားေပးမႈနဲ႔ ခ်စ္ျခင္းကို ရယူထားႏိုင္တဲ့ သ႐ုပ္ေဆာင္တစ္ေယာက္ ျဖစ္ပါတယ္။ ဒါေၾကာင့္ တည္ၿငိမ္ရင့္က်က္တဲ့ ဟန္အျပည့္နဲ႔ မိန္းကေလးထုရဲ႕ အသည္းကို ေႁခြခ်ႏိုင္တဲ့ ဗိုလ္ႀကီး(ေခၚ) Hyun Bin ရဲ႕အေၾကာင္း စိတ္ဝင္စားစရာ အခ်က္ငါးခ်က္ကို ေဖာ္ျပေပးလိုက္ပါတယ္။

Hyun Bin ဟာ သီးသန႔္ေနထိုင္တတ္သူ ျဖစ္ပါတယ္။
photo via withhyunbin/instagram

မင္းသား Hyun Bin ဟာ စကားနည္းတဲ့ သ႐ုပ္ေဆာင္တစ္ေယာက္ပါဆိုၿပီး The Korea Times သတင္းဌာနက ေဖာ္ျပခဲ့ဖူးပါတယ္။ Hyun Bin ဟာ introvert တစ္ေယာက္ ျဖစ္တာမို႔ စကားနည္း႐ုံတင္မက ရွက္တတ္ၿပီး ကင္မရာမီးေရာင္ေတြနဲ႔ အေဝးမွာ ေနခ်င္သူတစ္ေယာက္ ျဖစ္ပါတယ္။ သူ႔ရဲ႕ တကယ့္ေနထိုင္မႈပုံစံဟာ သူသ႐ုပ္ေဆာင္ခဲ့တဲ့ Secret Garden ဇာတ္လမ္းထဲက ဇာတ္ေကာင္ Joo-won လိုမ်ိဳး မဟုတ္ဘဲ The Late Autumn ထဲက ဇာတ္ေကာင္ Hoon လိုပုံစံပါလို႔ KBS World ကို ေျပာျပခဲ့ပါေသးတယ္။ “ကြၽန္ေတာ္က Hoon ဇာတ္ေကာင္နဲ႔ ပိုတူပါတယ္။ သူက သူ႔အေတြးေတြကို ရင္ထဲမွာပဲ သိမ္းထားတတ္တယ္။ ၿပီးေတာ့မွ သူ႔ခံစားခ်က္ေတြကို တစ္ျခားနည္းလမ္းနဲ႔ ထုတ္ေဖာ္ျပသတတ္တယ္…” လို႔ ေျပာထားဖူးပါတယ္။

Rock band တစ္ခုထဲကို ဝင္လုနီးနီး ျဖစ္ခဲ့ဖူးပါတယ္။
photo via withhyunbin/instagram

Buzz ဆိုတဲ့ ေရာ့ခ္ဂီတဝိုင္းက Hyun Bin ဟာ သူတို႔အဖြဲ႕ထဲမွာ ပါဝင္ၿပီး lead vocals ျဖစ္လာဖို႔ နီးစပ္ခဲ့ပါေသးတယ္လို႔ ေျပာျပခဲ့ပါတယ္။ တကယ္တမ္း ဒီအဖြဲ႕မွာ lead vocalist ျဖစ္သြားတဲ့ Min Kyung-hoon က Hyun Bin အဖြဲ႕ထဲကို မဝင္ျဖစ္တဲ့အေၾကာင္းကို SBS PowerFM မွာ စေနာက္ၿပီး ေျပာခဲ့ဖူးပါေသးတယ္။ Hyun Bin ထက္ သူ႔အသံနဲ႔ သီဆိုဟန္က အဖြဲ႕ရဲ႕သီခ်င္းေတြနဲ႔ ပိုၿပီးလိုက္ဖက္လို႔ပါဆိုၿပီး Min Kyung-hoon က စေနာက္ၿပီး ေျပာျပခဲ့ပါတယ္။

စစ္မႈထမ္းရင္း စိတ္ကိုအနားေပးခဲ့တဲ့ Hyun Bin
photo via withhyunbin/instagram

Hyun Bin ဟာ သ႐ုပ္ေဆာင္တစ္ေယာက္အေနနဲ႔ အထြဋ္အထိပ္‌ ေရာက္ေနတဲ့အခ်ိန္မွာ စစ္မႈထမ္းဖို႔ စာရင္းေပးခဲ့ၿပီး ေရတပ္မွာ တာဝန္ထမ္းေဆာင္ခဲ့ပါတယ္။ ဒီအေၾကာင္းနဲ႔ ပတ္သက္လို႔ စစ္မႈထမ္းမဝင္ခင္ တစ္လေလာက္အလိုမွာ KBS World နဲ႔ အင္တာဗ်ဴးလုပ္ၿပီး သူ႔ခံစားခ်က္ေတြကို ေျပာျပခဲ့ပါတယ္။ “ကြၽန္ေတာ့္အသက္ ႏွစ္ဆယ္ေက်ာ္အ႐ြယ္မွာ အခ်ိန္အမ်ားစုကို ကြၽန္ေတာ္သ႐ုပ္ေဆာင္ရမယ့္ ကာ႐ိုက္တာအေၾကာင္း ခြဲျခမ္းစိတ္ျဖာၿပီး ေလ့လာရတာ၊ ေလ့က်င့္ရတာေတြနဲ႔ အခ်ိန္ကုန္ခဲ့ပါတယ္။ ဒါေပမယ့္ အခုလာမယ့္ႏွစ္ႏွစ္ကိုေတာ့ ကြၽန္ေတာ့္ကိုယ္ကြၽန္ေတာ္ အာ႐ုံစိုက္ခ်င္ပါတယ္။ Kim Tae-pyung ဆိုတဲ့ လူတစ္ေယာက္ရဲ႕ ကိုယ္ပိုင္ကမာၻတစ္ခုအေၾကာင္း ကြၽန္ေတာ္ ရွာေဖြခ်င္ပါေသးတယ္ …” လို႔ သူ႔ရဲ႕အမည္အရင္းကိုပါ ရည္ၫႊန္းၿပီး ဖြင့္ဟခဲ့ပါတယ္။

စစ္မႈထမ္းက ျပန္လာၿပီး ႏွစ္အနည္းငယ္ အၾကာမွာေတာ့ Leaving Work with the Stars ဆိုတဲ့ ရႈိးရဲ႕ အပိုင္းတစ္ခုမွာ စစ္မႈထမ္းရတဲ့အခ်ိန္ေတြဟာ သူ႔အတြက္ စိတ္ကိုအနားေပးၿပီး အားျပန္ေမြးလို႔ရခဲ့တယ္လို႔ ေျပာျပခဲ့ပါတယ္။ “အဲ့ဒီ့အခ်ိန္က ကြၽန္ေတာ့္အလုပ္ေတြကေန အနားယူၿပီး ကိုယ့္ကိုယ္ကို ျပန္ဆင္ျခင္သုံးသပ္လို႔ ရခဲ့ပါတယ္… ” လို႔ Hyun Bin က ဆိုခဲ့ပါတယ္။

အရက္အမ်ားႀကီး မေသာက္ႏိုင္တဲ့ Hyun Bin
photo via withhyunbin/instagram

Hyun Bin ဟာ အရက္နဲ႔ ပတ္သက္လာရင္ အမ်ားႀကီးေသာက္ႏိုင္တဲ့သူမ်ိဳး မဟုတ္ပါဘူးလို႔ ကိုယ္တိုင္ ဝန္ခံခဲ့ဖူးပါတယ္။ ဆိုဂ်ဴး တစ္ပုလင္း၊ ဒါမွမဟုတ္ တစ္ပုလင္းနဲ႔တစ္ဝက္ေလာက္ပဲ ေသာက္လိုက္တယ္ဆိုရင္ေတာင္ မ်က္ႏွာတစ္ခုလုံးေရာ ခႏၶာကိုယ္တစ္ခုလုံးပါ နီရဲလာတတ္တယ္လို႔ ဆိုပါတယ္။

ဆယ္လီတစ္ေယာက္ ျဖစ္ရတဲ့အဓိပၸာယ္အေပၚ သူ႔အျမင္
photo via withhyunbin/instagram

Hyun Bin ဟာ ဆယ္လီတစ္ေယာက္ ျဖစ္တာေၾကာင့္ ႀကီးက်ယ္တာေတြပဲ လုပ္ရမယ္ဆိုၿပီး ခံယူထားတဲ့သူမ်ိဳး မဟုတ္ဘဲ သူ႔စိတ္ထဲမွာ ရွိတာကိုပဲ လုပ္ေလ့ရွိသူ ျဖစ္ပါတယ္။ “တစ္ျခားသူေတြရဲ႕အျမင္ကို ဂ႐ုစိုက္ေနစရာမလိုဘဲ ကြၽန္ေတာ္လုပ္ခ်င္တာေလးေတြကိုပဲ လုပ္ခ်င္မိတဲ့အခ်ိန္ေတြ ရွိတယ္။ ေသးေသးမႊားမႊားေလးေတြ၊ ဘာမွအေရးမပါတာေလးေတြ ျဖစ္ခ်င္လည္း ျဖစ္မယ္ဗ်ာ… ” ဆိုၿပီး Soompi နဲ႔ အင္တာဗ်ဴးတစ္ခုမွာ ေျပာျပဖူးပါတယ္။

ဒါကေတာ့ ကိုရီးယားဒရာမာေတြရဲ႕ အထင္ကရ သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္ၿပီး မိန္းကေလးထုရဲ႕ အသည္းစြဲ မင္းသား Hyun Bin နဲ႔ ပတ္သက္ၿပီး စိတ္ဝင္စားဖို႔ေကာင္းတဲ့ ကိုယ္ေရးကိုယ္တာအခ်က္ငါးခ်က္ပဲ ျဖစ္ပါတယ္။ ဖတ္ၿပီးလို႔ ႏွစ္သက္တယ္ဆို မိတ္ေဆြေတြလည္း ဖတ္ႏိုင္ေအာင္ ရွဲသြားေပးပါဦး။

Lego Les

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular