HomeEntertainmentMusicယနေ့မှာ ထွက်ရှိလာပြီဖြစ်တဲ့ Adele ရဲ့ အယ်လ်ဘမ်သစ် "30"

ယနေ့မှာ ထွက်ရှိလာပြီဖြစ်တဲ့ Adele ရဲ့ အယ်လ်ဘမ်သစ် “30”

ပရိသတ်တွေ မျှော်လင့်စောင့်စားနေကြတဲ့ Adele ရဲ့ အယ်လ်ဘမ်သစ် “30” ကတော့ ယနေ့ နိုဝင်ဘာလ(၁၉)ရက်နေ့မှာပဲ ထွက်ရှိလာပါပြီ။

30 ဟာ ခြောက်နှစ်အတွင်း ပထမဆုံး ထွက်ရှိလာတဲ့ Adele ရဲ့ အယ်လ်ဘမ်အသစ် ဖြစ်ပြီး သူမရဲ့ စတုတ္ထမြောက် စတူဒီယိုအယ်လ်ဘမ်လည်း ဖြစ်ပါတယ်။ ဒီအယ်လ်ဘမ်ထဲမှာတော့ စုစုပေါင်း သီချင်း(၁၂)ပုဒ် ပါဝင်ပါတယ်။ ဒါ့အပြင် အယ်လ်ဘမ်ရဲ့ deluxe version မှာတော့ bonus track အနေနဲ့ သီချင်းသုံးပုဒ် ထပ်မံပါဝင်ပါသေးတယ်။

အယ်လ်ဘမ် ထွက်လာတဲ့ ခဏချင်းအချိန်လေးအတွင်းမှာပဲ ဂီတဝေဖန်ရေးသမားတွေရဲ့ ချီးမွမ်းမှုကို ရရှိထားပြီး Adele ရဲ့ ကိုယ်ပိုင်ခံစားမှု၊ အကျပ်အတည်း၊ စိတ်သောက စတဲ့ သူမဘဝရဲ့ အကြမ်းတမ်း၊ အခက်ခဲဆုံးအချိန်က အခိုက်အတန့်တွေကို လှပသေသပ်စွာ ဖွဲ့ဆိုထားတဲ့ အယ်လ်ဘမ်တစ်ချပ်အဖြစ် ချီးမွမ်းခံနေရပါတယ်။ ဒါ့အပြင် နာမည်ကျော် Rolling Stone ဂီတမဂ္ဂဇင်းကြီးကလည်း 30 အယ်လ်ဘမ်ကို 5 stars ပေးထားပါတယ်။

အခြားသော ဂီတဝေဖန်ရေးဆရာတွေကလည်း တေးဂီတအပိုင်းမှာရော၊ စာသား ရေးဖွဲ့သီကုံးမှု အပိုင်းမှာပါ 30 ဟာ လှပသေသပ်ပြီး အထင်ကြီးစရာကောင်းတယ်လို့ မှတ်ချက်ပေးထားကြပါတယ်။

လွန်ခဲ့တဲ့ နာရီပိုင်းအတွင်းကမှ ထွက်ရှိလာတဲ့ သူမရဲ့ အယ်လ်ဘမ်သစ်ကိုတော့ အောက်မှာ တစ်ပုဒ်ချင်း နားဆင်နိုင်ပါတယ်။

(1) Strangers By Nature

(2) Easy On Me

(3) My Little Love

(4) Cry Your Heart Out

(5) Oh My God

(6) Can I Get It

(7) I Drink Wine

(8) All Night Parking (Ft. Erroll Garner)

(9) Woman Like Me

(10) Hold On

(11) To Be Loved

(12) Love Is A Game

ဒီအယ်လ်ဘမ်အပေါ် စာဖတ်သူတို့ရဲ့ ခံစားချက်ကိုလည်း ပြန်လည်ဆွေးနွေးခဲ့ပါဦး။

Glasgow

 

RELATED ARTICLES

Most Popular